Friday, October 17, 2008

အတိတ် + ပစ္စုပ္ပန် + အနာဂတ် = အတိတ်

နားလည်တယ်ဆိုတဲ့ မင်းစကားတစ်ခွန်း နားမှာကြားနိုင်ဖို့ တစ်ခုတည်း အတွက်နဲ့ နားလည်ပေးပါလို့ ငါတောင်းပန်ခဲ့တာမှ မဟုတ်တာ...။ အတိတ်ဆိုတာ အတိတ်မှာဘဲ သူ့ဟာသူ နေနေတာပါ... အခုငါတို့တွေရဲ့ ပစ္စုပ္ပန်ဟာ တချိန်မှာ အတိတ်ဖြစ်သွားမှာလေ.. လာမယ့်အနာဂတ်ဆိုတဲ့ အရာဟာလည်း ငါတို့ရဲ့ ပစ္စုပ္ပန်ဖြစ်လာဦးမှာ... အချိန်တွေရွေ့လာတာနဲ့အမျှ အတိတ်တွေသာ ထပ်လာဦးမှာ....။ အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်ဆိုတာ တစ်ကယ်တမ်းတော့ အချိန်ရဲ့ လှည့်စားမှု တစ်ခုလား....!! ငါမဲ့ပြုံးမပြုံးတတ်ဖူး လွတ်လပ်စွာကြေကွဲတတ်သူ....။

“ငါ့ ကောင်းကင်မှာ ကြယ်တွေတောက်ဖူး သလို
ငါ့ မျက်နှာကျက်ဟာ ကြပ်ခိုးတွေနဲ့ မွန်းကြပ်ခဲ့ဖူးတာလေ..”

“ငါ့ နံရံမှာ ပန်းတစ်ခင်းချယ်သဖူး သလို
ငါ့ အသက်ရှူသံတွေလည်း ဘီလူးစီးခဲ့တာပဲ မဟုတ်လား..!!”

“မင်းရယ်သံတွေဟာ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ သလို
ငါ့ အလွမ်းတွေနဲ့ ငါ့ ဝိညာဉ်ဟာ ထွက်ပေါက်မဲ့ခဲ့ဖူးတယ်..”

မှော်အတတ်ကို ငါမတတ်ပေမယ့် ငါဟာ တကယ်တော့ ၁၂ ကြိုးအောင်တဲ့ ကဝေမ ဖြစ်ခဲ့ဖူးတယ်ထင်ရဲ့.. အနာဂတ်ကို မြင်နိုင်တဲ့ ပညာရှင်တွေကို မေးစရာမလိုပဲ ငါသိနေတယ်... အကောင်းနဲ့ အဆိုးတွေကြားမှာ ဒွန်တွဲနေတဲ့ ကြိုးတွေအကြောင်း မင်းတို့ တကယ်နားလည်နိုင်လို့လား..!! ငါ့ကိုယ်ငါ ရယ်ချင်တယ်.. ရင်ခုန်နေတယ်.. ကြေမွနေတယ်.. မျက်ရည်ဝိုင်းနေတယ်.. ငါပြုံးနေတယ်.. ကြေကွဲနေတယ်.. မကြာခင် ငါဟားတိုက်ရယ်ဖြစ်မလား..!

Self Control တဲ့..!! ဘာကိုပြောချင်တာလဲ.. ငါမသိ ငါ့မှာမရှိ... ချစ်ခြင်းမှာ ငါ့လိပ်ပြာငါ လုံခဲ့တယ်... တပ်မက်မှုတွေကင်းခဲ့တယ်.. လောဘကင်းစွာ ရူးသွပ်ဖူးတယ်... အတွေးတွေကို ထင်ရာစိုင်းနေတတ်တဲ့ မိန်းမဟာ ငါမဟုတ်ဖူး..။ သေချာတယ် ငါဟာတစ်စုံတစ်ရာကို ကျေနပ်စွာ အလိုက်သင့် စီးမျောတတ်သူလည်း မဟုတ်ပြန်ဘူး..။ ထပ်တူပြုမှုတွေမှာ တစ်သားတည်းကျရင်း ကပ်ပါးကောင်လေး တစ်ကောင်လို တွယ်ကပ်ဖူးသူ....။

ငါဘာကို ကုစားဖို့ ဒါတွေရေးနေတာလဲ...!! လိုလို့လား..!! ငါ့မှာ ဒဏ်ရာရှိနေတာလား..!! ငါဘယ်သူ့ကို မေးနေတာလည်း..!! ငါ့ကိုယ်ငါလား..!! ဒါမှမဟုတ် ငါ့လက်ထဲက ဖန်ခွက်မှာ ပုံရိပ်ပေါ်နေတဲ့ ငါ့မျက်နှာနဲ့ မိန်းမကိုလား..!! သွားစမ်းပါ.. အသက်မဲ့လိုက်တာ... အော်ဂလီဆန်လိုက်တာ... ပေါက်ကွဲလိုက်စမ်းပါ.. ဘာကိုထိန်းချုပ်နေတာလဲ.. ဘာကိုလဲ..!! အဲဒီမိန်းမပေါ့.. ငါ့ကိုပြန်ထောက်ပြနေတာ.. “မင်းဟာ ခမ်းနားတဲ့ စာလုံးတွေကိုသုံးပြီး ရူးသွပ်နေသူ” ဟုတ်လားးးးး...!! ဟာ...ဟ... မင်းငါ့ကို ခပ်ထွေထွေ မျက်လုံးတွေနဲ့ နားစွင့်နေတာ ငါသိတယ်.. အေး ငါပြောမယ် နားထောင်လိုက်....။

“အခုအချိန်မှာ ငါဟာရူးသွပ်နေတယ် ဆိုဦးတော့ ဒီပစ္စုပ္ပန်ဟာ တစ်ချိန်ချိန်မှာ အတိတ် ဖြစ်သွားဦးမယ် ဒီစာသားတွေ ကင်းသွားမဲ့ အနာဂတ်ဟာလည်း ငါ့ပစ္စုပ္ပန် ဖြစ်လာဦးမှာ ဆိုတာ...”

အတိတ်ဖြစ်လာတော့မယ့် အရာရာဟာ နှင်းမှုံတွေလို တဖွဲဖွဲနဲ့....
၁ ~~~~~~ ထပ်ကျ
၂ ~~~~~~~~ ထူထပ်
၃ ~~~~~~~~~~ သိပ်သည်း
၎ ~~~~~~~~~~~~~ ကျစ်လစ်
၅ ~~~~~~~~~~~~~~~~ ပုံသထက်ပုံလာဦးမှာပေါ့.....။
~~~~~~ အဲဒီနောက်မှာတော့ ~~~~~~
၆ ~~~~~~
၇ ~~~~~~~~~~
၈ ~~~~~~~~~~~~~~
၉ ~~~~~~~~~~~~~~~~~~~
####~~ ကိန်းဂဏန်းတွေ ဘယ်လောက်ပဲဖြစ်ဖြစ်~~ ငါမငိုဘူး~~ သိလား~! မျက်ရည်ဝဲရုံလေးပါ...။

(ခင်လေးငယ်)

20 comments:

mgngal said...

“အခုအချိန်မှာ ငါဟာရူးသွပ်နေတယ် ဆိုဦးတော့ ဒီပစ္စုပ္ပန်ဟာ တစ်ချိန်ချိန်မှာ အတိတ် ဖြစ်သွားဦးမယ် ဒီစာသားတွေ ကင်းသွားမဲ့ အနာဂတ်ဟာလည်း ငါ့ပစ္စုပ္ပန် ဖြစ်လာဦးမှာ ဆိုတာ...”

စာသားလေး ကြိုက်တယ်ဗျ ။ ရေးသားပုံ အသစ်တစ်မျိုးနဲ့ 
ပါလား ။ကောင်းတယ် ။ စကားလုံးတွေ လွန်ဆွဲနေတယ် ။
ခင်မင်လျက်
မောင်ငယ် ။

မိုးသောက်ယံ said...

“ငါ့ ကောင်းကင်မှာ ကြယ်တွေတောက်ဖူး သလို
ငါ့ မျက်နှာကျက်ဟာ ကြပ်ခိုးတွေနဲ့ မွန်းကြပ်ဖူးခဲ့တာလေ..” ဒီစာသားလေး ကြိုက်တယ် မခင်လေးရေ .. အမ အရေးအသားတွေ သိပ်လန်းနေတယ် သင်ယူရဦးမယ် :)

ဗေဒါရီ said...

မခင်လေးငယ်
ဒီစာဖတ်ရတာ ခံစားချက်တွေ ပြင်းထန်နေသလိုပဲ ... ။

အတိတ် + ပစ္စုပ္ပန် + အနာဂတ် = အတိတ် ဆိုတဲ့ ညီမျှခြင်းကို ကျွန်မ ရှင်းကြည့်တော့ ... ဒီလိုတွေ့တယ်။

အတိတ် - အတိတ် + ပစ္စုပ္ပန် + အနာဂတ် = ဝ
ထို့ကြောင့် ............ ပစ္စုပ္ပန် + အနာဂတ် = ဝ
တဲ့ ... ။ ကျွန်မတို့ရဲ့ ပစ္စုပ္ပန် နဲ့ အနာဂတ်တွေဟာ တကယ်ပဲ သုည ရလဒ် ဖြစ်နေမလား ... တွေးနေမိပါတယ် .... ။

Republic said...

ခံစားချက်ပြင်းပြင်း စကားလုံးပြင်းပြင်းတွေ ပေါက်ကွဲမှုတွေ နဲ့ပါလားဗျ ၊၊ ရော့ခ်သီချင်းတစ်ပုဒ် နားထောင်သလို ဖတ်ရတာ အားရလှတယ်ဗျာ ၊၊အတွေးတွေ ကောင်းလွန်းတယ် မခင်လေး ၊၊ ဘရာဗို !

အမြဲခင်မင်တဲ့
ကိုလစ်

မောင်မျိုး said...

ခင်လေးရေးတဲ့စာတွေ ဒီလိုပေါက်ကွဲတဲ့ ပုံစံမျိုးရေး သိပ်ဖတ်လို့ ကောင်းတာပဲ မာန်ပါတယ် မာနရိပ်တွေနဲ့ တော်တော်လှတယ် ဒါမျိုးလေးတွေ များများဖတ်ပါရစေး)

Dream said...

တီတီငယ်...ဘာတွေ ဒီလောက်ပေါက်ကွဲနေတာလဲ...
ခံစားချက်တွေ တော်တော်ပြင်းထန်တယ်.. ဟီးဟီး

:P :P

ကလေးလေး said...

မေမေခင်သမီးဖစ်ရတာဂုဏ်ယူတယ်..
စာရေးတော်တဲ့မေမေခင်နဲဦးနော်ကလေးလေးဖစ်ချင်ဒယ်

chaos said...

အခုအချိန်မှာ ငါဟာရူးသွပ်နေတယ် ဆိုဦးတော့ ဒီပစ္စုပ္ပန်ဟာ တစ်ချိန်ချိန်မှာ အတိတ် ဖြစ်သွားဦးမယ် ဒီစာသားတွေ ကင်းသွားမဲ့ အနာဂတ်ဟာလည်း ငါ့ပစ္စုပ္ပန် ဖြစ်လာဦးမှာ ဆိုတာ...”

အစ်မရေ အဲ့စာသားလေး မိုက်တယ်
တော်တော်လေး သဘောကျတယ်။

ကောင်းကင်ကို said...

Very good writing.

အဇ္ဈတ္တပြခန်း said...

ရေးချက်ကတယ်ပြင်းသကိုး။

အိမ် said...

ပေါက်ကွဲထားတာလေးတွေလှပါ့ဗျား
လန်ထွက်နေတာပဲ

အိန္ဒြာ said...

"ခင်လေး...."

ရေးထားတာလေးအရမ်းကောင်းတယ်..

တစ်ခါတစ်လေ..အဲဒီလိုချရေးလိုက်ရတာ..သိပ်အရသာရှိတာပဲ..နော်...။
အမကတော့..တစ်ခါတစ်လေ..စိတ်ထဲရှိတာတွေကို..ရေးချင်သလိုလျှောက်ရေးပစ်လိုက်တာပဲ..(အမြင်ကတ်တဲ့လူတွေကပ်ပေါ့..ကိုရင်နော်တောင်စိတ်ညစ်သွား..ထင်ပါ့..?)

"ဖန်ခွက်ပေါ်မှာ.ပုံရိပ်ပေါ်နေတဲ့..ငါ့မျက်နှာနဲ့မိန်းမကိုလား " ဆိုတဲ့..စာကြောင်းက..ခင်လေး..သယ်လာသမျှကို..အလှပဆုံး..ခင်းကျင်းပေးလိုက်တယ်လို့..အမထင်တယ်..။

ကိုယ့်ကိုကိုယ်..မကျေမချမ်း..၊မချင့်မရဲဖြစ်နေတာကို..ထင်းကနဲဖြစ်တယ်..။

အားပေးနေတယ်..ခင်လေးရေ..
အမက..စာရေးကောင်းတဲ့သူဆို..သိပ်ချစ်တာ.

အိန္ဒြာ(Happy Cloud)

ရွှန်းမီ said...

ကောင်းလိုက်တဲ့ equation.. ဟုတ်တယ်..
အားလုံးဟာ အတိတ် ဖြစ်ကုန်မှာ။

အိမ်မက်ရှင် (Dreammaker) said...

“နားလည်တယ်ဆိုတဲ့ မင်းစကားတစ်ခွန်း နားမှာကြားနိုင်ဖို့ တစ်ခုတည်း အတွက်နဲ့ နားလည်ပေးပါလို့ ငါတောင်းပန်ခဲ့တာမှ မဟုတ်တာ...။ အတိတ်ဆိုတာ အတိတ်မှာဘဲ သူ့ဟာသူ နေနေတာပါ... အခုငါတို့တွေရဲ့ ပစ္စုပ္ပန်ဟာ တချိန်မှာ အတိတ်ဖြစ်သွားမှာလေ.. လာမယ့်အနာဂတ်ဆိုတဲ့ အရာဟာလည်း ငါတို့ရဲ့ ပစ္စုပ္ပန်ဖြစ်လာဦးမှာ... အချိန်တွေရွေ့လာတာနဲ့အမျှ အတိတ်တွေသာ ထပ်လာဦးမှာ....။ အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်ဆိုတာ တစ်ကယ်တမ်းတော့ အချိန်ရဲ့ လှည့်စားမှု တစ်ခုလား....!! ငါမဲ့ပြုံးမပြုံးတတ်ဖူး လွတ်လပ်စွာကြေကွဲတတ်သူ....။”

အဲဒီ့စာပုဒ်လေးတစ်ပုဒ်လုံးက ရင်ထဲကို ဒိုင်းကနဲဆောင့်ပြီး ထိသွားတယ်ဗျာ ... သိပ်ကို လှပထိမိတဲ့စကားလုံးအသုံးအနှုံးနဲ့ အရေးအသားပါပဲဗျာ။

“မင်းဟာ ခမ်းနားတဲ့ စာလုံးတွေကိုသုံးပြီး ရူးသွပ်နေသူ”

လူတစ်ယောက်ကို စွပ်စွဲပုံကို သိပ်လှတဲ့စကားလုံးလေးနဲ့ တင်ပြသွားတာ သိပ်ကြိုက်ဗျာ။

“ငါ့လက်ထဲက ဖန်ခွက်မှာ ပုံရိပ်ပေါ်နေတဲ့ ငါ့မျက်နှာနဲ့ မိန်းမကိုလား..!! သွားစမ်းပါ.. အသက်မဲ့လိုက်တာ... ”

လှလိုက်တဲ့ စကားလုံးဖွဲ့နွဲ့မှုပါပဲဗျာ။

ဒီပိုစ့်လေးတစ်ပုဒ်လုံးကို သိပ်ကို သဘောကျနှစ်ခြိုက်နေမိပါတယ်။ လေးစားအားကျမိပါရဲ့ဗျာ ...။

ခင်မင်လေးစားစွာဖြင့်

ခင်လေးငယ် said...

ကိုမောင်ငယ်ရေ..
တစ်ခါတစ်လေ စကားလုံးတွေ လွန်ဆွဲလွန်ပြီး ပြတ်တော့မလားမသိ..ဗုဒ္ဓေါ..!!

ကိုမိုးသောက်ရေ...
လန်းတာဟုတ်ဖူး “ဘူ” နေတာ..ဟီးး

မဗေဒါရေ..
အနှုတ်တွေများလွန်းတော့ တစ်ခါတစ်ခါ “0” ကိုတောင် တောင့်တမိတယ်...

ကိုလစ်...
ဘရာဗို! ဆိုတာလေးနဲ့ အားတွေတက်သွားတယ်.. I Luv Rock..

ရွှေမျိုးမျိုး...
ခင်လေးဂေါက်ပြီးရေးထားတာ.. ရောဂါ ရောဂါ...!!

မက်မက်ရေ..
တီတီ ပေါက်ကွဲနေတာ ခင်လေးငယ် ဆိုတဲ့ မိန်းမကြောင့်ပေါ့.. ဒူ့မှ ပြောနဲ့နော်

သမီးလေး...
မေက သမီးမေပါ.. မေ့လို လိုက်မဂေါက်ရဘူးနော် ဒါဘဲ...!!

chaos ရေ..
တော်တော်လေး သဘောကျတယ် ဆိုတဲ့ အားပေးမှုလေးက ချိုလိုက်တာ ကျေးဇူး..

ကိုကောင်းကင်ကို...
ကဗျာမှော်အောင်ထားတဲ့ ဆရာတစ်ယောက်ရဲ့ အားပေးမှုကို ရသူလိုဘဲ အားတက်မိပါတယ်..


ကိုကြီးပြခန်း..
သိပ်ပြင်းသေးပါဘူးနော် ရောထားတယ်.. ကိုကာကိုလာနဲ့....

အိမ်...
ပေါက်ကွဲမှုကို အားပေးတယ်လား..!! ဖမ်းခံရလိမ့်မယ်နော်.. သတိ..!!

မအိန္ဒြာရေ...
ရင်ထဲမှာ မွန်းကြပ်လာတိုင်း အဲ့ဒီမိန်းမကိုဘဲ အပစ်တင်မိတော့တယ်.. ခင်.. လေး.. ငယ်.. ကိုမုန်းတယ်..

မီရေ..
အတိတ်မဖြစ်ခင်တော့ ခံရခက်လွန်းတယ်ကွာ.. အခန်းထဲမှာ ဖန်ကွဲစတွေ များနေပြီ သိလား..!!

အိပ်မက်ရှင်...
မခမ်းနားပေမဲ့ ခမ်းခမ်းနားနား ပိုပေါက်ကွဲတတ်ချင်သေးတယ်...
ဂေါက်နေဘီလေ.. မရတော့ဘူး...

ပန်းခရေ said...

ခင်လေးက စာရေးသိပ်ကောင်းပါလား ငါလောာက်နီးနီးပဲ ...း) အရမ်းသဘောကျတယ် ဒီက နှစ်ယောက်လုံးကို အားကျမနာလိုလိုက်တာနော်။

ဟန်သစ်ငြိမ် said...

ကောင်းတယ်ဗျို့... နောက်ဆုံးအပိုဒ် ဂဏန်းတွေတပ်ထားတဲ့ စိတ်ကူးလေးကလည်း မိုက်တယ်ဗျာ။

ဇင်ယော် said...

အဲ ပေါက်ကွဲသံစဉ်တွေ ပြင်းထန်နေပါလား မခင်လေးရေ။ ကိန်းဂဏန်းတွေနဲ့  ပုံဖော်ထားတဲ့  အတိတ်ဖြစ်လာတော့မယ့် အရာရာတွေက မိုက်တယ် ဗျာ။ ဒါပေမယ့် ထပ်ပေါက်ရင် အစ မှန်မှာကြောက်လို့  ပြေးပြီဗျို.။

ဝါ၀ါခိုင်မင်း said...

မခင်လေးရဲ့..ပေါက်ကွဲသံစဉ်လေးတွေက ရှယ်ပဲ။
ဖတ်လို့ ကောင်းလိုက်တာ။

ခင်တဲ့
မ၀ါး)

မေတ္တာရောင်ပြန် said...

မမခင်လေးရဲ့ ဒီပိုစ့်လေးက အရေးအသားလေးတွေကို ရောင် အရမ်းနှစ်သက်မိပါတယ်။ ဟုတ်တယ်နော် ... ဒါတွေဟာ အတိတ်တွေ ဖြစ်သွားမှာပါ။

လေးစားလျှက်
ရောင်