
ကဗျာလက်ဆောင်.. စာလက်ဆောင်..

လျှပ်စစ်ဓါတ်နဲ့ပဲလွှတ်လွှတ်
မေတ္တာဟာ. မေတ္တာပီသစွာ
နွေးလို့မွှေးလို့ပေါ့..သမီး..။
စိတ်ကို စိတ်နဲ့ချစ်ခင်တာ
စိတ်ကိုစိတ်နဲ့ကြင်နာတာ
စိတ်ကိုစိတ်နဲ့ကြောင့်ကျတာ..
ဘယ်လောက်လှပလိုက်သလဲကွယ်..
အခုဆို သမီးဆီမှာ
သမီးအပိုင်သိမ်းထားနိုင်တဲ့
မေတ္တာစိတ်တွေကအများကြီးပေါ့..။
ကိုယ့်စိတ်ဓါတ်က
ကိုယ့်ခံတပ်ပဲ..သမီးရေ...
ဘ၀ဆိုတာ တောင်တက်ခရီးလဲဖြစ်သေးတော့
အခုသမီးရောက်လာပြန်တဲ့ တောင်ထွဋ်တောင်ထိပ်မှာ
တဖျတ်ဖျတ်...ခါ....နေမယ့်
သမီး..ဆံနွယ်လေးကအစ
နာကျဉ်ကျိမ်းစပ်နေရှာမယ့်
သမီးခြေဖ၀ါးအစုံအဆုံး...
အားလုံးဟာ..
အဖိုးအနဂ္ဂ...
သမီးရထားတဲ့ ဆုလာဘ်တွေပေါ့...ကွယ်...။ ။
အိန္ဒြာ (၇.၃.၂၀၀၉)
ကုမုဒြာကို အသက်ဝင်စေတဲ့လ
ညကို တောက်ပစေတဲ့ကြယ်နဲ့
မေတ္တာမျက်နှာကြက်တို့ မိုးတဲ့ကမ္ဘာအောက်
မဉ္ဇူသကတစ်ပွင့် လှပစွာပွင့်ခဲ့ ။
ဂယက်လှိုင်းထန် ဘ၀မြေပြင်
ရဲရင့်စွာ ထိုးဖောက်ထွက်တဲ့နွယ်
မြဲမြံခိုင်ကျည်လွန်းတဲ့ ၀ါးရုံတို့ရဲ့စိတ်နဲ့
ကျကျနန မွေးမြူတတ်ခဲ့ရင်း
လောကဓံအလယ်မှာ မားမားရပ်
အပြုံးကို ချယ်သတတ်ခဲ့ရင်
ကလေးလေးရေ......
ဒီမွေးနေ့မှစ မင်းဘဝ
ရွှေ..ရောင်..လွှမ်း..စေ ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကလေးလေးမျက်နှာဟာ
ပန်းတွေပိုပွင့်မယ့် ဥယျာဉ်လေး တစ်ခုဖြစ်ပါစေ။
ဒီမွေးနေ့ လေးမှာ
မိုင်ပေါင်းများစွာ အဝေးက
ကလေးလေးကို ချစ်တဲ့သူတွေ
နှလုံးသားတွေကိုသွေး
အစွမ်းထက်ဆုံး အားဆေးတွေ ကလေးလေးကို ကျွေးဖို့ 
အသည်းတွေဖြည်ပြီး
ပုလဲတွေသီ နေကြပြီ ကလေးလေး။
ဒီမွေးနေ့ ကစပြီး
ကလေးလေးရဲ့ ဒုက္ခတွေကို အဝေးမျှောပစ်ဖို့ 
ကမ္ဘာအရပ်ရပ်က ပို့ သတဲ့ မေတ္တာတွေစုပေါင်း
ချောင်းလေးတစ်ခုဖြစ်ပါစေ။
ကောင်းကင်ကို
နှင်းသည်းချိန်မှာရော နွေးနွေးထွေးထွေးခိုလှုံရာပဲပေါ့...
အလွမ်းတွေ သည်းနေချိန်မှာရော...?
အနွမ်းတွေ ဝေနေချိန်မှရော...?
ဘ၀ဆိုတာ...
ကြည်နူးချိန်ထက်
လွမ်းဆွတ်ချိန်က ပိုများနေသလိုပဲ...
ရွှင်လန်းချိန်ထက်
နွမ်းလျချိန်တွေ ကဲနေသလိုပဲ...
ဘာဖြစ်ဖြစ် စိတ်ဓါတ်တင်းပြီး...
ခြေလှမ်းတွေ ခပ်စိတ်စိတ်နဲ့
ဘ၀ဆိုတာကို...
တိုးတိုးတိတ်တိတ်လေး ဖြတ်သန်းနေကြတာလေ...
အဲဒီတော့ ပျော်စရာဆိုတာထက်...
စိတ်ပြေရာ...
စိတ်ဖြေရာတွေသာ...
နှလုံးသားမှာ လွယ်ပိုးရင်း....
ခရီးရှည်ကိုဆက်နေဦးမယ်...
ငါ အသက်ရှင်နေသမျှပေါ့...
အဲဒါကိုသာ...
မကျေနပ်ခဲ့ရင်
ဘ၀မှာ ငါနေခဲ့တယ်ဆိုတာ
ပြစရာရှိတော့မှာ မဟုတ်ဘူး...
ခြေရာတွေပြန်ကြည့်ပြီး
ရွှင်လန်းချိန်တွေ...
ပင်ပန်းချိန်တွေ...
နွမ်းသမျှအချိန်တွေ...
တမ်းတတဲ့ အချိန်တွေ...
လိုချင်တဲ့ဆန္ဒတွေ...
လိုအပ်တဲ့ဆန္ဒတွေ...
ရှိခဲ့တဲ့အရာတွေ...
မရှိခဲ့တဲ့အရာတွေ....
အားလုံး... အားလုံးသော
အရာတွေအရာတွေ အတွက်
ငါကျေနပ်နေတယ်...
အဲဒါကိုပဲ...
အသက်ရှုသံ
ငါ့အသက်ရှုသံမရပ်သမျှ
ရင်ခုံကြည်နူးနေရတယ်...
တကယ်ပါ....
မျှော်လင့်ချက်ဆိုတာ..
မီးတောင်ပေါက်ကွဲသလို...
ဝုန်းကနဲ ပေါက်ကွဲမှ ရမယ်ဆိုရင်...
ငါ့ဘ၀ကို
မီးငြိမ်းတောင် အဖြစ်သာ
ထာဝရနေထိုင်ခွင့်ပေးပါ...
ငါ့ရဲ့ ရင်ထဲမှာ...
ငြိမ်းချမ်းခြင်း..
ငြိမ်သက်ခြင်း...
အေးဆေးခြင်း...
ပျော့ပျောင်းခြင်း တွေသာ
အစဉ် ကိန်းအောင်းနေထိုင်ခွင့်ပေးပါ...
အဲလိုနေထိုင်ခွင့်ရခြင်းကပဲ....
အရာအားလုံးကိုပိုင်ဆိုင်ရခြင်းထက်
ငါ အမြတ်နိုးဆုံးဆန္ဒမွန်တစ်ခုပါ...
နေခြင်းနှင့်သေခြင်းကိုလည်း
မေ့လျော့နိုင်ပါပြီ...
ဝမ်းသာခြင်းတွေ ၀မ်းနည်းခြင်းတွေကိုလည်း
တည်ငြိမ်စွာခံယူနိုင်ပါပြီ....
အဲဒါကိုရရှိတဲ့နေ့မှာပေါ့...
တကယ်ပါ...
အဲဒီ ခံယူချက်ကလေးနှင့်သာ....
ခုချိန်လေးကို နေထိုင်ခွင့်ပေးပါတော့...
အဲဒါပဲ...
ငါလိုအပ်တာပါ...
ဖိုးမောင် (Happy Cloud)
အာရုဏ်ဦးသမ်းတဲ့ မိုးသောက်မှာ
နေခြည်တွေ ဖြာလို့ ... လင်းလို့
လေပြေ အသွေးမှာ နွဲ့ရမ်း ...
ပွင့်လန်းဝေဖြာ ...
အလှများစွာနဲ့ တင့်ဆန်းဝေဆာခဲ့
အို ...
မာလာပန်းဥယျာဉ် ... ။
အဖြူ အနီ ...
အညို အ၀ါနဲ့ အပြာစွက်
ရောင်စုံတွေ ပုံလို့ ထပ်ခဲ့ ...
အပွင့် အခက် ...
အဖူး အငုံ
အကိုင်း အဖျား
နှိုင်းထားသလား မှတ်ရအောင်
အလှချင်း ပြိုင်နေပုံများ ... ။
ကဲ ...
ဒီဥယျာဉ်ကြီးထဲ
အလှချင်း သူတင်ကိုယ်တင်ကြဲဖို့
မာန်ဝင့် ဟန်စွင့်
မွှေးရနံ့တင့်နေဆဲ
ဟော ဟိုက
ပန်းတစ်ပွင့်လည်း ရှိနေတယ် ... ။
အဲ့ပန်းတစ်ပွင့်မှာ
ပွင့်ချပ်လေးတွေ မာန်ချီဦးကြွဖို့
ငုံဖူးရတဲ့ ဘ၀ရှိတယ် ...
အဲ့ပန်းတစ်ပွင့်မှာ
ခက်ရွက်လေးတွေ စိမ်းလန်းတောက်ပဖို့
ရေစင်ဆမ်းတဲ့ ဘ၀ရှိတယ် ...
အဲ့ပန်းတစ်ပွင့်မှာ
ပိုးမွှားပေါင်းမြက်တွေ ကင်းပြတ်လှပဖို့
ရှင်းသက်သုတ်သင်ရတဲ့ ဘ၀ရှိတယ် ...
နောက်ဆုံး သူက
လိုအပ်ချက် ရှာမရအောင် လှဖို့
ပွင့်ချပ်တွေ တစ်ဖတ်ပြီး တစ်ဖတ်
တစ်လွှာပေါ် တစ်လွှာအပ်လို့
အသာအယာပဲ လှစ်ဟကာ ကြွခဲ့ ...
သိမ်မွေ့နုညံ့စွာလည်း လှခဲ့ ... ။
ပန်းပွင့်လေးရဲ့ အဆင်းက ...
ပသာာဒကြွဖို့ထက်
မြင်သူ ကြည်နူးစေဖို့ ...
ပန်းပွင့်လေးရဲ့ ရနံ့က
ချိုအီသင်းပျံ့ဖို့ထက်
မြင်သူ လန်းဆန်းစေဖို့ ...
ပန်းပွင့်လေးရဲ့ အခက်အလက်က
စိမ်းလန်း...
နုနယ် ...
မြင်မိသူရဲ့ နှလုံးသား
နုညံ့သွားအောင် ဖမ်းစားလို့ ... ။
ဒီလိုနဲ့
ပန်းပွင့်ငယ်
တစ်လွှာပေါ် တစ်လွှာအပ်လို့
အဆင့်ဆင့်တက်လာ ...
တစ်ချပ်ပြီး တစ်ချပ်
တစ်ထပ်ပြီး တစ်ထပ်ပွင့်အာ
ဟော ...
နုညံ့ပြီး ရင့်ကျက်လာလိုက်တာ
နံပါတ် ၂၃ ပွင့်ချပ်အကြွ
အစွမ်းကုန် ပြည့်ဝ
မာန်တင့်ကာ လှနေဖို့ အသင့် ... ။ ။
အိပ်မက်ရှင်
အဆောင်အယောင် မခင်တွယ်တဲ့
ပကတိအဖြူရောင်
အသက်ပြင်းပြင်းငိုကြွေးမှုတစ်ခုပွေ့ပိုက်
သိမ်ငယ်ခြင်းရနံ့တွေ ရှူရှိုက်နေရတယ်
မဆိုသာ ဒီဝဋ်ကြွေးနယ်ကို လွန်မြောက်ရင်
အမှောင်ခွင်းဖောက် အလင်းရောက်မှာမို့
မလျှော့တမ်းမေတ္တာဇွဲတွေနဲ့
ခပ်ရဲရဲလှမ်းလိုက်ပါယုန်ငယ်...။
Craton
မှ..
သားငယ်လေး
၂၃ဆိုတာ ဘာကြာသေးတာမှတ်လို့လဲ ကလေးရေ...
စိတ်တို့ရဲ့ ခွန်အားကို စားသုံး
အပြုံးချိုချိုလေးတွေနဲ့ ဆက်လျှောက်
ပန်းတိုင်မပျောက်စေဖို့အတွက်
ရဲရင့် ရင်ဘတ်ထဲက နှလုံးကိုဓားလိုသွေး
တရားဆိုတဲ့ အသိကို အားတခုအဖြစ် မွေးနိုင်စေပြီး
ဆက်လျှောက်ရမယ့် ခရီးနဲ့
ဘဝရဲ့ တိုက်ပွဲတိုင်းမှာ
အောင်မြင်ခြင်းရဲ့ မြှားတွေ ပစ်ခွင်းနိုင်ပါစေ ကလေးရေ...
ဆောင်းယွန်းလ
ကောင်းကင်ပြာအောက်
ပျော်ရွှင်ခြင်းတွေဖိတ်စင်ကျလို့
ထပ်တိုးပြီးပျော်ကြစို့..
ဘ၀လမ်းတိုင်း
လေခါးထစ်တွေရှေ့ရောက်
ထပ်တိုးပြီးသာလျှောက်နိုင်စေ..
ကောင်းကင်ပြာအောက်က
နေ့စွဲတွေအကြောင်း
ထပ်လောင်းပြောလို့
ပျော်ကြရအောင်ပေါ့...
ပျော်ရွှင်စရာမွေးနေ့မှသည်နှစ်ပေါင်းများစွာတိုင်...
မိုးကြယ်
ဖြူနီပြာဝါ ရောင်စုံပန်းတွေကြား
ခလေးလေးက အဖြူရောင်စံပယ်ပန်းလေးပေါ့ ။
မွှေးရနံ့သင်းထုံထုံလေးတွေနဲ့ ၀န်းကျင်ကို အပျော်တွေကူးစက်စေတယ်
ညီမလေးရေ့
မင်းက ကောင်းကင်က ကြယ်ကလေးတစ်လုံးဆိုရင်
တို့တွေက ကြယ်တာရာအစုလေးပါ
အတူတူ လင်းလက်ခဲ့တယ်
မင်းက ပျံသန်းတဲ့ငှက်ငယ်လေးဆို
အဖြူရောင် မေတ္တာ အကိုင်းခက်တွေနဲ့ လေလှိုင်းဘလော့သစ်ပင်လေးမှာခိုးနားပါ
အကြင်နာတရားတွေရှိတယ် ဖေးမမယ့် လက်တွေရှိတယ်
ခလေးလေး ချစ်တဲ့ ဦးနော် နဲ့ မေမေခင် ရှိတယ်
ဘာမှမတော်တဲ့ အစ်ကိုတွေ အစ်မတွေရှိတယ်
အားငယ်တဲ့ အခါ စကားတွေအများကြီးပြောပစ်လိုက်ပါ
ပျော်နေတဲ့ အခါ ဝေမျှလိုက်
လောကမှ ငါတစ်ယောက်တည်းဆိုတဲ့ အတွေးမ၀င်မိစေလိုက်နဲ့နော့်
ဒီလိုနေ့မျိုးမှာ ပျော်စရာတွေနဲ့ အပြည့်ဖြစ်ပါစေ ညီမလေးရေ့
မွေးနေ့အမှတ်တရမှာ ကဗျာလည်းမဟုတ်
စာလည်းမဟုတ်တဲ့ စကားလက်ဆောင်လေးပါ။
မွေးနေ့မှစ ရှေ့ဆက်နေရက်တွေ ကျန်းမာရွှင်လန်းပါစေ ညီမလေးရေ့
Happy Birthday ဗျ ။
မောင်မျိုး
ဝလုံး ၀ိုင်းဝိုင်းရေး။
ဘ၀ အမော အတွေးတွေနဲ့
မှိုင်တွေ မငေးနဲ့ က-ကလေးလေး။
ပျော်ရွှင်မှု၊ အားမာန် နဲ့ ဘ၀ပင်လယ်ကို
ကူးခတ်လို့ပြေး က-ကလေးလေး။
ချစ်စရာ စကား မပီကလာနဲ့
အမြဲ ကျန်းမာပျော်ရွှင်စွာ ဆော့ ကစားနေနိုင်ပါစေ က-ကလေးလေး။
မွေးနေ့မှ စလို့ နောက်နှစ်ပေါင်းများစွာ
မေမေခင် ဦးနော်နဲ့ ပျော်ရွှင်စွာ အတူနေနိုင်ပါစေ က-ကလေးလေး။
ခေးရော့စ်
လမ်းဆိုတာ..
ပန်းခင်းထားတာလဲ ရှိမယ်
ဆူးနင်းရတာလဲ ရှိမယ်..
ပန်း ခင်း ချင် ခင်း..
ဆူးနင်း ချင်နင်း...
တလှမ်းချင်း ဆက်လျှောက် ရမှာ .. ဘ၀ ဆို တာပါ...
ညီမလေးရေ...
ဘ၀ စစ်မြေတလင်းမှာ..
သီချင်းလေးတွေ ဆို ခါဆို..
ငိုတဲ့ အခါ ငို လိုက်...
ရေစီးသာတဲ့ အခိုက် ..ပျော်..
ရေဆန်ကို လဲ ရဲ ရဲ ကူး..
ကျူးကျော်လာတဲ့ .. မွေးနေ့တွေ မှာ
ပျော်ရွှင်ခြင်း အဖြာဖြာ နဲ့
ချမ်းမြေ့ ခြင်း မင်္ဂလာများ...
ညီမလေး အနား...
ခ စားနိုင်ကြပါစေ...
ချစ်သော .. ညီမလေး ရေ......။
မမသီရိ
အလင်းလေးက ပြေးပြီး ပွေ့ဖက်ချင်လွန်းလို့ပေါ့....
သမီးဝင်သက်လေငွေ့ငွေ့လေး တစ်မျှင်ဟာ နေ့သစ်ကိုကြိုဖို့
ခွန်အားများစွာကို ပေးချင်လို့တဲ့လေ...
သမီးထွက်သက်လေးကို မှုတ်အထုတ်မှာ ခြေလှမ်းသစ်အတွက်
နေ့အဟောင်းလေးက လည်တွေတောင် စင်းပေးလို့နေပြီ...
သမီးမျက်ဝန်းက မျက်တောင်လေးအခတ်ဟာ ပန်းလေးတွေကို
ငေးလို့.. ငှက်လေးတွေကို မော့ကြည့်ဖို့လေ သမီးရယ်...
သမီးဆံနွယ်လေးတွေ သပ်အတင်မှာ သမီးဆီ သယ်ဆောင်
ယူလာမဲ့အရာဟာ လတ်ဆတ်ခြင်းတွေပေါ့...
သမီးလက်ကလေး အလွှဲမှာ ပန်းလေးတွေက အလုအယက်
ပြုံးပြကြဖို့ ကြိုပြီးမြူးနေကြပြီလေ...
သမီးခေါင်းလေး အဆတ်မှာ ငှက်ကလေးတွေက တေးဆိုချင်လွန်းလို့
စောင့်နေရင်း ငိုမဲ့မဲ့လေးတွေတောင် ဖြစ်နေကြပြီ...
သမီးခြေလှမ်းလေး ဖွဖွအချမှာ စမ်းချောင်းလေးက ရေအေးလေးတွေ
ပြေးစီးလာဖို့ အရှိန်တွေတောင်ယူလို့...
သမီးရယ်သံလေးတစ်စမှာ ကဗျာလှလှလေးတွေက ခုန်ပေါက်ပြီး
ကောင်းချီးသံတွေ ညံချင်လွန်းနေပြီ...
ကြိုလင့်နေတဲ့ နွေးထွေးတဲ့ လောကအိမ်ထဲမှာ သမီးကိုချစ်တဲ့
သူတွေအများကြီး စောင့်လို့နေကြရောပေါ့...
ဟော... ကြည့်စမ်း..!! နေ့သစ်ရဲ့ ရောင်ချည်လေးတွေတောင်
သမီးပါးလေးတွေပေါ်မှာ ဝဲဖြာကျလို့....
ကဲ... ချစ်စရာ မေ့ သမီး အိတ်ပုတ်မလေးရယ် မေ Birthday kiss လေး
ပေးမလို့ မြန်မြန် ထ... ပါတော့...!!
သမီးကိုချစ်တဲ့
မေမေခင်
မမကလေးလေးအတွက် မွေးနေ့လက်ဆောင်ပို့စ်လေး သမီးရဲ့ဘလော့ မှာ တင်ထားပါတယ်ရှင်..

ဒီနေရာမှာ ၀ါဒတွေမရှိဘူး..
ပုဂ္ဂိုလ်စွဲတွေ မရှိဘူး..
လိုချင်တပ်မက်စိတ်တွေ မဖြစ်ပေါ်ဘူး..
ကျွန်နဲ့ သခင်ဝါဒဆန်တဲ့ ယုံကြည်မှုတွေ မထွန်းကားဘူး..
ငါဆိုတဲ့ စိတ်တွေကတော့ရှိတယ် ဒါပေမယ့် သင့်တင့်မျှတရုံထက် မပိုကြဘူး..
.......................
......................
(((အလို)))
ဒီဒေသမှာရှိတဲ့ လူသားအားလုံးဟာ အဖြူရောင်ချည်ထည်တွေ ၀တ်ဆင်ထားကြတဲ့ ကလေးငယ်တွေပါ့လား...
သူတို့တတွေ ပျော်ပျော်ပါးပါး ကစားနေကြရင်း အော်ဟစ်နေကြပုံက ဘေးကလူ ကြည့်ရင်တောင် အပျော်တွေကူးစက်ပြီး အော်ဟစ်ချင်စိတ် ပေါက်လာစေတယ်။ ကလေးငယ်လေးတွေရဲ့ မျက်လုံးလေးတွေဟာဆိုရင် တကယ့်ကို ကြည်စင်ပြီး အရည်လဲ့နေတဲ့ စိန်တုံးလေးတွေလိုပဲ။ အသားကလေးတွေဟာဆိုရင်လည်း ၀င်းဖန့်ပြီး စိုလက်နေတဲ့ အသွင်နဲ့ နုနုနယ်နယ် ချစ်စဖွယ်လေးတွေ..။
သူတို့ကို ဘယ်သူစုစည်းပြီး ဒီနေရာကို ပို့ထားတာပါလိမ့်....
အားလုံးဟာ အရွယ်မတိမ်းမယိမ်းနဲ့ ခန္ဓာကိုယ် ပြည့်ပြည့်ဖြိုးဖြိုးလေးတွေ..။ ချစ်စရာကောင်းလိုက်တာ... ကြည့်ရတာ မျက်စိထဲရော နှလုံးသားထဲမှာပါ ငြိမ်းချမ်းလွန်းလို့.. သူတို့လေးတွေ ကစားနေတဲ့နေရာရဲ့ မလှမ်းမကမ်း ခုံတန်းလေးက ထိုင်ကြည့်နေမိတယ်။
ထိုအခိုက်... ကစားကွင်းရဲ့ ထောင့်တနေရာက စကားပြောသံ သဲ့သဲ့ ကြားရတယ်...
“ကျုပ်တို့ ဖြူစင်ခြင်းဂေဟာဆောက်ဖို့ လိုအပ်နေတဲ့ အခြေခံဆောက်လုပ်ရေး ပစ္စည်းတွေ အတော်လေးစုံလင်နေပြီဗျ”
“အင်း... ဒါဆို ကလေးတွေအတွက် ကျုပ်တို့ မနက်ဖြန်ပဲ စပြီးဆောက်လိုက်ကြရအောင်ဗျာ”...
အဖြူရောင် ၀တ်ရုံကိုယ်စီနဲ့ အဖိုးအိုနှစ်ယောက်..
သူတို့ဟာ အိုမင်းနေကြပေမယ့် မျက်လုံးမျက်ဖန်တွေဟာ ထက်မြက်ပြီး ငြိမ်းအေးတဲ့ အသွင် ဆောင်နေကြတယ်။ သူတို့ရဲ့ စကားကြောင့် နဂိုကမှ ကလေးတွေအပေါ် ကြည်နူးပီတိ ဖြစ်နေတဲ့ စိတ်အခံနဲ့ ဖြူစင်ခြင်းဂေဟာ ဆောက်လုပ်ရာမှာ ၀ိုင်းဝန်းကူညီချင်နေမိတယ်။ ဒါနဲ့...
“ဦးရီးတို့ခင်ဗျာ... ဖြူစင်ခြင်းဂေဟာ ဆောက်လုပ်ရာမှာ.. ကျနော်လည်း ပါဝင်ကူညီပါရစေလား ခင်ဗျာ” လို့ ခွင့်ပန်လိုက်တယ်။
ပထမအဖိုးအိုက..
“ဟေ.. မင်းက ကူညီချင်တာလား”
“ဟုတ်ပါတယ်..ခင်ဗျာ”
“ကျနော့် အနေနဲ့ ဉာဏ်အားမကူနိုင်တောင် လက်ရုံးအားနဲ့ဖြစ်ဖြစ် ကူညီပါရစေဗျာ”
“အေး..ရပါတယ်”
“ဒါထက်.. တို့နှစ်ယောက်ရဲ့ ရည်ရွယ်ချက်တွေကို အရင်ပြောပြရအုံးမယ်”
“အဲဒါက...တကယ့်ကို ဖြူစင်လွန်းတဲ့ ကလေးငယ်တွေရဲ့ဘ၀တသက်တာအတွက်.. စစ်မှန်ပြီး ငြိမ်းချမ်းတဲ့ လောကဓမ္မတွေကို တို့တတွေ ချမှတ်လမ်းပြ ပေးဖို့ပါပဲ”
“ဒီတော့.. တို့နှစ်ယောက်က ဒီလိုစီစဉ်တယ်၊ သူတို့လေးတွေရဲ့ အိပ်စက်ချိန်မှာ အိပ်မက်တွေ အဖြစ်နဲ့ ညစဉ် လောကဓမ္မတွေကို ပို့ချသင်ကြားပေးမယ်.. အဲဒီအချိန်တွေမှာ သူတို့တွေရဲ့ ဦးနှောက်ဟာ လူကြီးတွေနဲ့တန်းတူ လေ့လာမှတ်သားနိုင်တဲ့ အသိဉာဏ်မျိုး ဖြစ်နေစေဖို့.. ဟောဒီက ငါ့သူငယ်ချင်းကြီး ကိုယ်တိုင် သူတတ်စွမ်းတဲ့ ပညာရပ်နဲ့ အကျိုးပြုစီစဉ်ထားတယ်”
ထိုအခါ ဒုတိယအဖိုးအိုက...
“အခုလည်း သူတို့တွေရဲ့ အိပ်စက်ချိန်လေ.. သူတို့ရဲ့အိပ်စက်ချိန်မှာ အိပ်မက်အဖြစ်နဲ့ ဒီနေရာကို ညစဉ်ညတိုင်း ခေါ်ထားတာပေါ့”
“ဖြူစစ်ခြင်းဂေဟာဆောက်ဖို့ တတ်ကျွမ်းရမယ့်ပညာထက်.. အဓိကရည်ရွယ်ချက်တွေကသာ အရေးကြီးတာပါ..”
ဒါတွေကတော့..
(၁) လောကရဲ့ရိုးသားခြင်းတွေ ဖော်ထုတ်ပြီး အကျင့်သီလကို ဖြူစင်ဖို့..
(၂) နုနယ်တဲ့ ကလေးတွေရဲ့စိတ်မှာ အကြောက်တရားကို ဖယ်ထုတ်နိုင်ပြီး လောကရဲ့မမြဲတဲ့ အနိစ္စသဘောကို ရဲရင့်စွာ လက်ခံရဲဖို့..
(၃) မိဘတို့အပေါ် ထာဝရရိုသေကိုင်းရှိုင်းပြီး သတ္တ၀ါတိုင်းအပေါ် မေတ္တာတရားနှင့် ယှဉ်သော ကိုယ်ချင်းစာတရား ပွားများတတ်စေဖို့..
(၄) အရွယ်ရောက်လာတဲ့အခါ စိတ်အလျဉ်တွေရဲ့ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို တဖြည်းဖြည်း သတိကပ် ဆင်ခြင်လာနိုင်စေဖို့..
(၅) အကျင့်သီလပိုင်း အနေနဲ့က လောကမှာ ထွန်းကားနေတဲ့ ဘာသာတရားကြီး တွေထဲက တူညီတဲ့ အကျင့်သီလ စောင့်ထိန်းမှုတွေကို အရင်သင်ကြား ပေးရမှာပေါ့။
“အဲဒီအခါ သူတို့တွေဟာ ကိုယ်အမူအရာ နှုတ်အမူအရာ အားလုံးရဲ့ လှုပ်ရှားပြုမူမှုတွေကို အကျင့်သီလနဲ့ယှဉ်ကာ ဆင်ခြင်မိလာပြီး လောကကျင့်ဝတ်တွေကို စောင့်စည်းနိုင်တဲ့ လူသားတွေ ဖြစ်လာမယ်။ ရှင်းရှင်းပြောရရင် ဖြူစင်ခြင်းဂေဟာရဲ့ အခြေခံအုတ်မြစ်ဟာ သီလဆိုတဲ့ အခြေခံဆောက်လုပ်ရေး အတတ်ပေါ့။ သီလကို အခြေပြုထားတဲ့ ဆောက်လုပ်ရေးအတတ်နဲ့ ကလေးငယ်တွေရဲ့ ဖြူစင်မှုကို လူကြီးဖြစ်တဲ့အထိ ထိန်းသိမ်း သွားနိုင်ရမယ်။ ဒါမှ ကမ္ဘာလောကကြီးဟာ မကောင်းမှုတွေ လျော့ပါးလာမှာပေါ့”
အဖိုးအိုနှစ်ယောက်ရဲ့ ရည်ရွယ်ချက်တွေကို နားထောင်ရင်း ကလေးငယ်လေးတွေ အတွက် ကြည်နူးဝမ်းမြောက် မှုနဲ့အတူ ကြက်သီးမွှေးညင်းများပင် ထမိတယ်။ ကျနော်လည်း ဒီိလိုနေရာမျိုးမှာ ကလေးငယ်တစ်ဦးအဖြစ် ရှင်သန်ခွင့်ရခဲ့ ချင်လိုက်တာ။ အခုတော့ လောဘ၊ ဒေါသ၊ မောဟတွေ အတိပြီးတဲ့ စိတ်ကို မောင်းနှင်လို့ လူ့လောကကြီးမှာ အမှိုက်အဖြစ်နဲ့ ရပ်တည်ခဲ့တာ ဆယ်စုနှစ်တွေ အတော်ကျော်လာခဲ့ရပြီ။
ထိုသို့ တွေးမိနေစဉ် အခိုက်... ဒုတိယအဖိုးအိုက ပြုံးရွှင်သောမျက်နှာဖြင့်...
“ကုန်လွန်ခဲ့တဲ့ ကိစ္စတွေအတွက် တွေးတော ပူပန်မနေပါနဲ့ ကွာ”
“ဗျာ.. အဖိုးက ကျနော်တွေးနေတာကို သိတယ်ပေါ့”
“ဟား.ဟား. ဒါကထားပါကွာ.. အခု အနာဂတ်ရဲ့ မျိုးဆက်သစ်တွေအတွက် အကောင်းဆုံး လုပ်ပေးကြဖို့ပဲ စဉ်းစားပါတော့”
“အေး.. တခါတည်းလည်း မင်းကိုပြောရအုံးမယ်.. တို့အခု ဖြူစင်ခြင်းဂေဟာ ဆောက်လုပ်ဖို့ ပထမဆုံးလုပ်သား အဖြစ် မင်းကိုရွေးချယ်လို့ အိပ်မက်လူသား အဖြစ်နဲ့ ဒီနေရာကို ခေါ်လိုက်တာပါ”
“ဗျာ... ဟုတ်လား ၀မ်းသာလိုက်တာ”
“နောက်နေ့တွေကစပြီး တို့နဲ့အတူ လုပ်အားပေးပေါ့ကွာ..နော်”
“စိတ်ချပါ အဖိုးတို့ရယ် ကျနော့်ကိုသာ ခေါ်ဖို့မမေ့ပါနဲ့”
အဖိုးအိုနှစ်ယောက်က ကျနော့်ကို ကြည်လင်သောအပြုံးနဲ့ ကြည့်ပြီး..
“အေးအခုတော့ မင်းအိမ်ပြန်လိုက်ပါအုံး၊ နောက်ရက်တွေကစပြီး တစ်လှေတည်းစီးပြီး တစ်ခရီးတည်း သွားကြအုံးစို့ မောင်ရင်ရေ”
ပထမအဖိုးအိုက ကျနော်ပုခုံးကို အသာအယာ လှမ်းပုတ်လိုက်တယ် ဆိုရင်ပဲ.. အေးမြတဲ့ ဓာတ်လှိုင်းတစ်ခု ခန္ဓာကိုယ်ထဲကို စီးဝင်လာသလို ခံစားမိလိုက်တယ်။ နောက်တော့.. အဖိုးအိုတို့၏ နွေးထွေးတဲ့ နှုတ်ဆက်အပြုံး... ကလေးငယ်လေးတွေရဲ့ ပျော်ရွှင်စွာရယ်မော မြူးထူးနေတဲ့ အသံလေးတွေ.. အဖြူရောင်ငှက်ကလေးတွေရဲ့ တေးသီနေတဲ့ အသံတွေ.. အို... ပြောနေရင်း.. အဖြူရောင် ယုန်ကလေးတွေ ကျနော့်ရှေ့က ဖြတ်ပြေးသွားကြတယ်ဗျာ...
ကျနော်ကိုယ်တိုင်လဲ အားလုံးကို ပျော်ရွှင်စွာနဲ့ အားလုံးကိုနှုတ်ဆက်နေမိတယ်။
ဒီနေ့ကစပြီး ကျနော်ဟာ ကမ္ဘာလောကကြီးအတွက် အကျိုးပြုဖို့ ပြင်ဆင်နေပြီလေ... ကျနော့်ရဲ့ အိမ်အပြန်ခရီးက ပျော်ရွှင်မှုတွေအပြင် ၀မ်းမြောက်ပီတိ တွေ တပွေ့တပိုက်နဲ့ပေါ့ဗျာ။ ကျနော်ချစ်ခင်ရတဲ့ အပေါင်းအသင်းတွေနဲ့ ကျနော့်အရင်းနှီးဆုံးသူရဲ့ လက်တွေကို တပေါင်းတည်း ဆုပ်ကိုင်လို့ သာယာတဲ့ နေ့သစ်ပေါင်း မြောက်များစွာကို ဖန်ဆင်းခွင့် ရအုံးမယ်လေ....
........................
........................
((((((ကလင်..လင်...လင်...လင်))))))
(((ကလင်.....လင်...လင်..လင်)))
“ဟေ့ရောင်... နေဖင်ထိုးနေပြီ ထတော့ဟ”
“နှိုးစက်က ဒီလောက်အော်နေတာတောင် မထနိုင်ဘူးး.. ပြီးတော့ မျက်နှာကြီးကလည်း အိပ်ယာနိုးတာတောင် ပြုံးရွှင်လို့.. အရင်နေ့တွေကဆို စူပုတ်ပြီး အိပ်ယာထတဲ့ကောင်... ဘယ်ကောင်မလေးနဲ့ အိပ်မက်နေလဲ မသိဘူး”
အခန်းဖော် သူငယ်ချင်းရဲ့ အသံကို ကြားတော့မှ...
((ဟိုက်)) အလုပ်နောက်ကျပြန်ပြီ... “အေးဟေ့... ထပြီဟ.. ထပြီ”
အိပ်ယာကို အသည်းအသန် သိမ်းရင်း နောက်နေ့ညတွေတော့ အစောကြီးအိပ်တော့မည်ဟု တွေးလို့သာ ပျော်ရွှင်နေတော့လေသည်။
ပကတိဖြူစင်ခြင်းတွေ...
လောကရဲ့ အနားသတ်မျဉ်းတွေဖြစ်တဲ့ အကျင့်သီလတွေ..
ရိုးသားပြီး ပုဂ္ဂိုလ်ရေးကင်းတဲ့ လောကပါလတရားတွေ..
တနေ့တော့ လူ့ကမ္ဘာကြီးမှာ ထွန်းကားလာအုံးမယ်လို့ မျှော်လင့် စိတ်ကူးရင်း......
ရွှင်လန်းချမ်းမြေ့ပါစေ
မိုးမောင်


ဒီအရုပ်ကလေးက ဦးဦးညိုး (မောင်မျိုး) ရဲ့ လက်ဆောင်
အပေါ်ဆုံးက “ပြူးပြူးကြီး ကြိုဆိုနေမှာပါ” ဆိုတဲ့ ပုံလေးက ချစ်မိတ်ဆွေကြီး ကိုပါဂနာ ပို့ပေးတဲ့ လက်ဆောင်ပါ..း)
84 comments:
ဂလို ဧည့်သည်တွေမျှော်နေမှာသိလို့...
လိုလိုမယ်မယ် မွေးနေ့ကိတ် လေးလာပို့ပါတယ်..
ပေါ့ပေါ့ ပါးပါးလက်ဆောင်လေး
ဆုတောင်း.
ကိုယ် ကတော့ မွေးနေ့တစ်ခါ ရောက်တိုင်း
ဒီလို ထင်တာဘဲ.
{ကလေးလေး တစ်ယောက်
ကျမ်းကျမ်း မာမာနဲ့ နွေးထွေးတဲ့
ဒီအိမ်လေးမှာ ပျော်ရွှင်စွာတွေ့ရပါလို၏...
ကိုယ်ချစ်သော သူနဲ့လည်း
သား “တစ်ရာ” မြေး “တစ်ကျိတ်” နဲ့
အိုမင်းကုန်းကွ ရွတ်တွတဲ့ အထိ ရိုးမြေကျ
ပေါင်းသင်းနိုင်ပါစေဗျာ.}
(ကိုင်း...မှတ်ထား.ကွ)
Ps...စိတ်ပူစေမိတဲ့ အတွက်တောင်းပန်ပါတယ်...
(ကိုရင်.ခင်လေး နဲ့ ကလေးလေး)
သတိရလျှက်
ပါဂနာ
ဟေးးးးးးးးးးး.... ငါနောက်ကျတယ်.....
ဘာပဲ ဖြစ်ဖြစ်.. ဟတ်ပီး ဘတ်ဒေး.. ကလေးလေးရေ...
ဦးတော့ ပျော်တယ်ကွ... ဟား..ဟားးး
ကလေးလေးကျန်းမာပျော်ရွှင်လို့.. ဖြူစင်သူလေး အဖြစ်.. ဘ၀လမ်းကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပါတယ်ကွယ်... :)
ဟေးးးးးးးးးးးးးးးး တူမလေးရေးးးးးးးးး
ဟက်ပီဘတ်ဒေးကွ ....
မွေးနေ့မှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနဲ့ တစ်လုံးတစ်ဝတည်း ပြည့်စုံပြီး ပျော်ရွှင်မှုတွေ ထာဝရ ပိုင်ဆိုင်ရစေကြောင်း မွေးနေ့ဆန္ဒမွန် ပြုလိုက်တယ်နော် ....
စားစရာတွေလည်း အားပါးတရစားပြီးသကာလ ပါဆယ်လည်း အားမနာတမ်း ထုပ်သွားနော့ ....
ခင်မင်တဲ့
ဦးငယ်
အိပ်မက်ရှင်
ကလေးလေးရဲ့ မွေးနေ့မှာဘာ လက်ဆောင်၊ဘာကဗျာ၊ဘာစာမှ မပေးနိုင်ပေမဲ့ မွေးနေ့လေးမှာ ပျော်ရွှင်၊ကျန်းမာပြီး၊ အသက်ရာကျော် နေရပါစေလို့ ဆုတောင်းပေးသွားတယ်နော်
happy birthday to you...........
happy birthday to you...
happy birthday....... kalaylay yae
happy birthday to............ you.........
Happy Birthday...
မွေးနေ့မှာပျော်ရွှင်မှုအပေါင်းနှင့်ပြည့်စုံပါစေကလေးလေးရေ..
မိုးကြယ်
သူလေးရောက်လာတယ်
ကောင်းကင်ပြာအောက်
ပျော်ရွှင်ခြင်းတွေဖိတ်စင်ကျလို့
ထပ်တိုးပြီးပျော်ကြစို့..
ဘ၀လမ်းတိုင်း
လေခါးထစ်တွေရှေ့ရောက်
ထပ်တိုးပြီးသာလျှောက်နိုင်စေ..
ကောင်းကင်ပြာအောက်က
နေ့စွဲတွေအကြောင်း
ထပ်လောင်းပြောလို့
ပျော်ကြရအောင်ပေါ့...
ပျော်ရွှင်စရာမွေးနေ့မှသည်နှစ်ပေါင်းများစွာတိုင်...
မိုးကြယ်
happy birthday
happy birthday
happy birthday
happy birthday
happy birthday
happy birthday
happy birthday
happy birthday
happy birthday
happy birthday
happy birthday
့HAPPY BIRTHDAY ပါ
ကလေးလေးရေ ...
မွေးနေ့မှသည် နှစ်ပေါင်းများစွာဆီသို့ ...........
ကိုယ့်စိတ်ဓါတ်က..
ကိုယ့်ခံတပ်ပဲ...သမီးရေ...
တူမလေးရေ
နှစ်ဆယ့်သုံးနှစ်မြောက်မှသည် နောင်နှစ်ပေါင်းများစွာ စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံလို့ ဘ၀နေ့ရက်တွေမှာ နေခြည်ဖြာ ရွှေရောင်လွှမ်း ကံကောင်းခြင်းနဲ့ အလိုပြည့်လို့ ချစ်သောတူမလေး မွေးနေ့မှာ ပျော်ရွှင်ပါစေကွယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ဘာပြောရမလဲ .. ဘာမှမပြောတတ်ဘူး ..
အားလုံး အဆင်ပြေပျော်ရွှင်ချမ်းမြေ့ပါစေဗျာ ...
ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ..
ကိုရင် နဲ့ မခင်လေး လည်း အဆင်ပြေပျော်ရွှင်ချမ်းမြေ့ပါစေဗျာ ..
ကျုပ်က ဆုမပေးတတ်ဘူးဗျ ..
သူများပေးတဲ့ ဆုပဲယူတတ်တာ :D
ကဲ .. ကလေးလေး ..
ချစ်သူ ခင်သူ အားလုံးကပေးတဲ့ ဆုတွေ
တစ်ထွေး တစ်ပွေ့ကြီး
မနိုင်မနင်း တနင့်တပိုး
အပြည့်အ၀ အမောက်အလျှံ
လန်ထွက်နေအောင် ရပါစေဗျာ
ခင်မင်လေးစားလျက်
ကိုရင်ညိန်း
မွေးနေ့အမှီပြေးလာတာ။ ၀ါးး စားစရာတွေ စုံလင်နေတာပဲ။ တထိုင်ထဲနဲ့ စားလိုက်တာ ဗိုက်လေးသွားပီ.. အဟဲ
HAPPY BIRTHDAY HAPPY BIRTHDAY HAPPY BIRTHDAY
ထရေးရေးရေ... မွေးနေ့ယက်ချောင် ယူရာဒယ်နော်... ရော့...
အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဟိဟိ
ညကျရင်ပြန်လာစားဦးမယ်နော်... :P
ကလေးလေးရေ
ပျော်စရာကောင်းတဲ့မွေးနေ့ ဖြစ်ပါစေ။
လှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေ။
အမြဲတမ်း စိတ်ချမ်းသာနိုင်ပါစေ လို့ ဆုတောင်းပါတယ်။
ခင်မင်လျှက်
ZT
ဟိုက်...... စောသေးတယ်မှတ်လို့ အေးအေးဆေးဆေး လုပ်နေတာ..... ပွဲက ဘယ်အချိန်ကတည်းက စနေတယ်မသိ........ တော်တော်တောင် နောက်ကျနေပြီ။
ကလေးလေးရေ........
ပျော်ရွှင်စရာ မွေးနေ့ပေါင်းများစွာကို သူငယ်ချင်းပေါင်းများစွာနဲ့ ဖြတ်သန်းပြီး အေးချမ်းတဲ့ဘ၀ ငြိမ်းချမ်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းရင်း မုန့်တွေကို စားရုံနဲ့ အားမရလို့ ဂျိုင့်ဆွဲသွား၏။ မွေးနေ့လက်ဆောင်ကတော့.... ဟီ..ဟိ...... ဘိုင်ပြတ်နေလို့......နောင်များမှပဲ......
ပွဲစတာ အစောကြီးပါလား....
Happy Birthday Little One!!!!!
And many happy returns!!!!
ကလေးလေးရေ..
ကလေးလေးရဲ့ မွေးနေ့ မှသည် နောင်နှစ်တရာတိုင်အောင်
ဦးနော် မေခင်တို့ နဲ့ တူတူ
စိတ်၏်ကျမ်းမာခြင်း ကိုယ်၏ ချမ်းသာခြင်းတို့ နဲ့ အတူ
ဘဝခရီးကိုပျော်ရွှင်စွာ ငြိမ်းချမ်းစွာ အပူအပင်ကင်းစွာနဲ့ 
ဖြတ်သန်းကျော်လွှားနိုင်ပါစေလို့ ...
နောင်နှစ်တွေမှာ လဲ ဒီလိုပဲ ဆထက်တပိုးမွေးနေ့ လေးကို ကျင်းပနိုင်ပါစေ..
မုန့် တွေကိုလဲ အများကြီးကူးထားပေးနိုင် (အဲ) ချကျွေးနိုင်ပါစေလို့ ...
ဒီအိမ်လေးကိုလာရတာလဲပျော်ပါတယ်..
မွေးနေ့မှာ ပျော်ရွှင်ပါစေ ကလေးလေး ရေ၊၊ ဟက်ပီးဘဒ်ဒေးပါ ၊၊
လက်ဆောင်တွေ အများကြီး ရစေဗျား ၊၊ ဟုတ်ပီလား ၊၊
ကလေးလေးမှသည်.....
ကလေးလတ် မှသည်......
ကလေးကြီး မှသည်.....
မှသည်......... များစွာတို့ကို
တတ်သိလိမ္မာသော .......
ကလေးလေးဖြစ်ပါစေ။
mgnge said...
တိုက်တိုက်ဆိုင် ဆိုင် မွေး နေ့ ကျမှဒီ ကိုရောက်ဖူး ပါတယ်..။
HAPPY BIRTHDAY! ပါ..။
March 15, 2009 6:50 AM
MANORHARY said...
Nice Birthday Ceremony !!
We all can feel the love of family and friends!!
isn't it ?? Wishing you to
get healthy and wonderful life till the end
of ur life !!
March 15, 2009 8:43 AM
ကလေးလေးဆို.... အခုတော့ ၂၃ နှစ် ဆိုပါလား။ အဲဒါဆို ကလေးကြီးဗျ။ ကလေးလေး မဟုတ်တော့ဘူး။ အဟား...
ပျော်ရွှင်ဖွယ် မွေးနေ့မင်္ဂလာရက်မြတ်လေး ဖြစ်ပါစေဗျာ။
အသက်ကလေး နှစ်ဆယ့်သုံး
ချစ်ဘို့အကောင်းဆုံး
ကျန်းမာစေရန်ဆုတောင်းပေး
ချမ်းသာဘို့လည်း ပါပါသေး.
မွေးနေ့ပွဲ တက်ရောက်ပါကြောင်း
ပျော်စရာမွေးနေ့ဖြစ်ပါစေ... ယနေ့မှစ၍ ကလေးလေး ပျော်ရွှင်မှု နေ့ရက်တွေပဲ ပိုင်ဆိုင်နိုင်ပါစေ :)
ကျေးဇူး တင် ပါတယ် ဗျာ မဖိတ် လဲ လာရမှာ ပါ ခလေးလေး မွေးနေ့ အတွက် စကား လက် ဆောင်က ဘ၀တလျှောက်လုံး ငြိမ်းအေး ချမ်းသာတဲ့ ဘ၀ကို ပိုင်ဆိုင်တဲ့ သူဖြစ်ပါစေ။။
အင်းးးးးးးးးကလေးလေးရဲ့ ၂၃ နှစ်မြောက်မွေးနေ့မှသည်.....
အင်းးးးးးး နှစ်ပေါင်း ၁၂၀ တိုင်အောင်... အင်းးးးးး ကလေးလေးချစ်တဲ့သူတွေနဲ့..... အင်းးးးးးးးးး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့......... အင်းးးးးး အမြဲတူတူနေရပါစေ..... အင်းးးးးး မုန့်တွေလည်းစားသွားပါတယ်.... (ကလေးလေး၏အသံဖြင့်ဖတ်ပါ။)
hApPy BiRtHdAy!
hApPy BiRtHdAy!
hApPy BiRtHdAy!
နှစ်ဆယ့်သုံးမှသည် တစ်သက်လုံး အရက်ပုံး... အဲ... ဆက်ပြုံးနိုင်ပါစေလို့ ဆုတောင်း တောင်းဆု ပြုပါတယ်ဗျို့။
ကလေးလေးရေ
အသက်တစ်နှစ်ကြီးလာပြီ
အသက်ကြီးတယ်ဆိုတာ
စိတ်ထားရင့်ကျက်ဖို့ပါပဲ
သဘောထားပြည့်ဝ
ရင့်ကျက်လာမယ့်စိတ်ဓါတ်နဲ့အတူ
ဖြူစင်သန့်ရှင်းတဲ့
ဘယ်သူကိုမှယုတ်မာစိတ်မမွေးတဲ့
ကလေးရဲ့စိတ်ဓါတ်မျိုးကိုလည်း
ဆက်လက်ထိန်းသိမ်းထားနိုင်ပါစေလို့
မမေကဆုတောင်းပေးလိုက်ပါတယ်နော်။
ခင်တဲ့
မွေးနေ့ပွဲလေးက စည်ကားသိုက်မြိုက်လိုက်တာ...ပျော်စရာကြီး...
စိတ်နဲ့ကျင်းပလိုက်တဲ့ ကလေးလေးရဲ့၂၃နှစ်ပြည့်မွေးနေ့ကို စိတ်ရော
ကိုယ်ပါတက်ရောက်ပြီး ဆုတောင်းပေးသွားပါတယ် ကလေးလေးရေ. ၂၃နှစ်မြောက်မွေးနေ့မှသည် နှစ်ပေါင်းများစွာထိတိုင်
သာယာဖြောင့်ဖြူးသော ဘဝခရီးကို ချမ်းမြေ့ပျော်ရွှင်စွာ လျှောက်လှမ်း
နိုင်ပါစေ ကလေးလေးရေ..
ကဗျာလက်ဆောင်မပေးနိုင်ပေမယ့် စိတ်ရဲ့လက်ဆောင်ကို ကလေးလေးရဲ့အနားမှာ
အမှတ်တရထားပေးခဲ့ပါတယ်….
ဘဝခရီးကို လျှောက်လှမ်းတဲ့နေရာမှာ
၂၃ဆိုတာ ဘာကြာသေးတာမှတ်လို့လဲ ကလေးရေ...
စိတ်တို့ရဲ့ ခွန်အားကို စားသုံး
အပြုံးချိုချိုလေးတွေနဲ့ ဆက်လျှောက်
ပန်းတိုင်မပျောက်စေဖို့အတွက်
ရဲရင့် ရင်ဘတ်ထဲက နှလုံးကိုဓားလိုသွေး
တရားဆိုတဲ့ အသိကို အားတခုအဖြစ် မွေးနိုင်စေပြီး
ဆက်လျှောက်ရမယ့် ခရီးနဲ့
ဘဝရဲ့ တိုက်ပွဲတိုင်းမှာ
အောင်မြင်ခြင်းရဲ့ မြှားတွေ ပစ်ခွင်းနိုင်ပါစေ ကလေးရေ...
ဧရာ သီတာ ရေချမ်း ရေစင် တို့ မွေးနေ့ပွဲလာပါသည်။
မသီတာတို့ကတော့ မီးခိုးတိတ်လုပ်လာတာ ဟုတ်ရပါဘူးနော်...ကလေးတွေပါ ခေါ်လာတာ.. ကလေးလေး ပိုပျော်အောင်လို့ပါနော်
Happy Birthday ပါ ကလေးလေးရေ
အိပ်မက်တွေ အသက်သွင်း
စိတ်ဓါတ်တွေ တောင်ပံဖွင့်လို့
ပန်းတိုင်ကို ရောက်အောင် အမြဲလျှောက်လှမ်းနိုင်ပါစေ။
ဘူဖေးစား မုန့်တွေစား ဖျော်ရည်သောက်ပြီး ပြန်သွားပါပြီ။
ကိုရင်နော်နှင့် မခင်လေး တို့ကို လည်း မွေးနေ့ပွဲဖိတ်တဲ့ အတွက် ကျေးဇူးပါ။
အိပ်ရာထနောက်ကျလို့ လာတာနောက်ကျသွားတယ်... :P
Happy Birthday...
ချစ်စရာကောင်းတဲ့ ညီမလေး ကလေးလေးရေ
၂၃ နှစ်မြောက် မွေးနေ့ကစလို့ ညီမလေးရဲ့ နေ့သစ်တိုင်း ပျော်ရွှင်လှပနေပါစေနော်...
မမ
GreenGirl
ဒီဘလော့ဂ်ကို အမှတ်တမဲ့ ရောက်လာတဲ့အချိန်မှာ ကလေးလေးရဲ့ မွေးနေ့နဲ့ကြုံဆုံလိုက်ရတယ်။ မဖိတ်ထားပေမယ့် အများနဲ့နည်းတူ ၀င်ရောက်ပျော်ရွှင်သွားပါတယ်နော်.... ကလေးလေးရဲ့ နေ့ရက်တွေတိုင်း ပျော်ရွှင်နိုင်ပါစေ။ မွေးနေ့ရှင်လေး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့လို့ လိုအင်ဆန္ဒ တစ်လုံးတစ်ဝ ပြည့်စုံပါစေနော်..
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေဗျားးးး
ကလေးလေး အမြဲပျော်ပါစေ.. ဒါနဲ့  ဘာလူမျိုးလဲမသိ.. အသံ ၀ဲသလိုပဲ... မုန့် တွေကို စိတ်နဲ့ စားလိုက်တယ်.။
happy birthday ကလေးလေး.............
စိတ်ကူးလေးကောင်းလိုက်တာ...
ချစ်စရာမွေးနေ့ပွဲလေးကို တက်ရောက်သွားပါတယ်....
အခြားလူများအားလုံး ပို့သတဲ့မေတ္တာများ သိမ်းထားနိုင်ပါစေဗျာ။
အချိန်တွေ ဘယ်လောက်မြန်မြန် တနှစ်ထက်တနှစ် ကျမ်းမာစွာ ကြီးပြင်နေဖို့... စိတ်ထဲက ပြောမိ အင်း...ဆုတေင်းပေးမိပါသည်။
ကလေးလေးရေ happy birthday နော်..နည်းနည်းတောင် နောက်ကျသွားတယ်။ ခုမှနိုးလို့..နိုးနိုးချင်း လာတာ။ အ၀စားသွားတယ် ဟဲဟဲ။ ကလေးလေးရဲ့ ၂၃နှစ်ပြည့် မွေးနေ့မှ နောက် နှစ်ပေါင်း ၁၀၀တိုင်အောင် ချစ်သူခင်သူတို့နှင့် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေရှင်။
အရမ်းခမ်းနားပြီး အရမ်းလှတာပဲ.. ဦးနော်နဲ့ တီငယ် အလွန်တော်၏... နာလိုတောင်ဖစ်ချင်လာဘီ... မမရေ.. ပျော်ရွှင်ပါစေဗျို့..
အချိုတွေများပြီး ဆီးချိုဖစ်မှာတောင်ကြောက်ရရဲ့... :P
မမမွေးနေ့ဆိုတော့ ပရိုမိုးရှင်းကာလအနေနဲ့ တားငယ်လေး အော်ချင်သလောက်အော်.. ရေးချင်သလောက်ရေးမယ်ဗျို့.. :D
ပျော်၏ ပျော်၏ မမလည်းပျော်ပါစေ..
haPpY biRtHdaY ပါ ကလေးလေးရေ
မွေးနေ့ပွဲက စည်စည်ကားကားနဲ့ ပျော်စရာပဲ
ကလေးလေးလဲ မွေးနေ့မှစ၍ နောက်နှစ်ပေါင်းများစွာ
ကျန်းမာပျော်ရွှင်ရင်းနဲ့ စာတွေ ဆက်လက်ရေးသားနိုင်ပါစေဗျာ
တော်တီးတီးတော် .. ဦးနော်! ^_^
အသက်ရာကျော် ရှည်ပါစေဗျာ။
happy birthday ကလေးလေး :D
ကလေးလေး ရေ ၂၃နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပါစေနော်။
ကလေးလေးရဲ့ ၂၃နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်များစွာ စိတ်ချမ်းသာကိုယ်ကျန်းမာစွာနေနိုင်ပါစေနော်။ မုန့်တွေလည်းအများကြီးစားသွားတယ်နော်။
လရိပ်ချို
ဒီမှာ အခုမှ ၁၅ရက်နေ့ ရောက်တာ။ လာတော့ တော်တော်တောင် နောက်ကျနေပြီ။ သမီး ကလေးလေးရေ စိတ်ရော ကိုယ်ရော ကျန်းမာပြီး ပျော်ရွှင်သော မွေးနေ့ နှစ် ၁၀၀ တိုင်ပါစေနော်။
မုန့်တွေလဲ စုံလို့။ အပြတ်တီး သွားပြီ။
တ၀ကြီးစားသွားပါတယ် .. ပျော်၇ွှင်စရာမွေးနေ့ပွဲလေးဖြစ်ပါစေ .. ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေနော် ..း) ချစ်ခင်စွာဖြင့်း)
ပထမဆုံးရောက်ဖူးတဲ့အချိန်မှာ မွေးနေ့ပွဲနဲ့ ကြုံနေတယ်... ပျော်ရွှင်စရာမွေးနေ့ ဖြစ်ပါစေ... နောက်ကျမှ မွေးနေ့ ဆုတောင်းပေးလို့ရပါတယ်နော... :D
ပျော်ရွှင်ဖွယ်မွေးနေ့ကို ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးပါ။
မုန့်ချိုချို လှလှ ၀၀ မ၀၀ စားသွားတယ်... ^-^
နောင် နှစ်များမှာလည်း ဤကဲ့သို့ မွေးနေ့ပွဲလေး ဆက်လက် ကျင်းပနိုင်ပါစေလို့....ဆုတောင်းပါတယ်။
happy birthday ပါဗျာ...
မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ :)
မမရေ.. သမီးလာစားသွားတယ်နော်..
မွေးနေ့ မှာ ပျော်ရွှင်ပါစေရှင်..
နောက်လည်း များများကျွေးနိုင်ပါစေလို့ .. :P
မွေးနေ့မှာ ပျော်ရွှင်ပါစေ... ဘဝမှာ အောင်မြင်ပါစေ...
Happy Birth Day par ကလေး လေးရေ... :)
ဒီမွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင် မိသားစု သိုက်သိုက်ဝန်းဝန်းလေးနဲ့အတူ ထာဝရပျော်ရွှင်ငြိမ်းအေးပါစေဗျာ လိုရာဆန္ဒတွေပြည့်ဝပါစေ မုန့်တွေလည်း စားသွားပါတယ်
ကိုရင်နော်ခင်လေးငယ်ရေ ခုလိုစည်စည်ကားကားလေးနဲ့
မြင်ရတာ ထပ်တူပါပဲ စိတ်ချမ်းမြေ့ရပါတယ် ဒီမိသားစုလေး
ထာဝရပျော်ရွှင်နိုင်ပါစေဗျာ ဆုမွန်ကောင်းတောင်းပေးပါတယ် ကောင်းသောနေ့ပါဗျာ :)
အလုပ်တွေ များနေတာနဲ့ အလည်လာ နောက်ကျသွားတယ် ကလေးလေး ရေ တောင်းပန်ပါတယ်နော့် ကလေးလေး မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ စိတ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ကိုယ်ချစ်တဲ့သူတွေနဲ့ တူတူ အသက်ထက်ဆုံး နေနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်ဗျ
လေးစားလျက်
တောင်ပေါ်သား
၂၃နှစ်မှ....၂၃၀နှစ်တိုင်အောင်............
ကလေးလေးရေ happy birthday နော်..နည်းနည်းတောင် နောက်ကျသွားတယ်။
စားစရာတွေ စုံလင်နေတာပဲ။ တထိုင်ထဲနဲ့ စားလိုက်တာ ဗိုက်လေးသွားပီ.. အဟဲ
HAPPY BIRTHDAY HAPPY BIRTHDAY HAPPY BIRTHDAY
ထရေးရေးရေ... မွေးနေ့ယက်ချောင် ယူရာဒယ်နော်... ရော့...
ကျားကျား
ဟား....... ဒီနေ့ ကလေးလေးမွေးနေ့လား...... မသိလိုက်ဘူး။ မရောက်တာကြာလို့လာလည်တာ..... :)
Happy Birthday ပါနော်
မွေးနေ့မှစ နှစ်ပေါင်းများစွာ ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံနိုင်ပါစေ..... မွေးနေ့ပွဲကခမ်းနားလိုက်တာ မသိလိုက်လို့ လက်ဆောင်လည်းမပါလာရဘူး။ အားနာနာနဲ့ မုန့်တွေပဲ စားသွားတော့တယ်.... အဟီးး...
ကလေးလေးရေ ...
ခုမှ သိလို့ နောက်ကျသွားတယ်။
ဧည့်သည်တွေတောင် ပြန်ကုန်ကြပြီထင်ပါရဲ့ ...
မုန့်တွေလည်း သိပ် မကျန်တော့ဘူး ...
ကလေးလေးအတွက် ဆုတောင်းတွေပဲ ထားခဲ့တော့မယ်နော် ... ။
ချစ်စရာ့ကလေးလေး ...
၂၃ နှစ်ပြည့် မွေးနေ့မှသည် ...
နေ့ရက်တိုင်းမှာ
ပျော်ရွှင်ကျန်းမာစွာနဲ့
ကောင်းမှု မင်္ဂလာအဖြာဖြာ ပြည့်စုံပါစေကြောင်း
ဆုတောင်းလိုက်ပါတယ် နော် ... ။
ချစ်တဲ့
ဗေဒါရီ
ဒီနာမည်တွဲကြီးကို တွေ့ဖူးတာကြာပြီ။ အခုပထမဆုံးလာလည်သလို ၊ ကလေးလေးအတွက်လည်း ဆုမွန်ကောင်းတောင်းပေးပါတယ်။ လောကဓံကို လန်ကဒေါဟေ့ ဆိုပြီး လှောင်နိုင်တဲ့ ၊ ဘာမထီ အာဇာနည် လူသားတစ်ဦး ဖြစ်ပါစေဗျာ။ ဖြစ်အောင်လဲ ကြိုးစားပေါ့နော။ မွေးရက် ၁၅ ဆိုတော့ကာ လူချစ်လူခင်လဲများသကိုးဗျ။
ကလေးလေး... Happy Birthday! ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး မိသားစုနဲ့ ပျော်ရွှင်စွာ ဘ၀ကို ဖြတ်သန်းနိုင်ပါစေ... အောင်မြင်မှုတွေ အများကြီး ရပါစေလို့ ဆုတောင်းပေးပါတယ်။
အရမ်းခမ်းနားတဲ့ ကလေးလေး ရဲ့မွေးနေ့ ပွဲလေးပဲဗျာ....
လက်ဆောင်မပဲ လာရောက်စား သောက်သွားပါတယ်....:P
ကလေးလေး ပျော်ရွှင်ကျန်းမာ လိုသောဆု တောင်းတိုင်း ပြည့်စုံပါစေ ဗျာ။
(ဟိန်းဇော်မောင်)
ပျော်ရွှင်စရာမွေးနေလေး ဖြစ်ပါစေ ။ နောင်နှစ်ပေါင်းများစွာ တိုင်အောင် ပျော်ရွှင်ချမ်းမြေ့စွာ မွေးနေ့ ပွဲလေး ကျင်းပနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ။း)
ွှအရမ်း ကြည်နူးစရာကောင်းတဲ့ မွေးနေ့လေးပဲနော်
ပျော်ရွှင်ပါစေ ညီမလေးရေ...
(အားကျလိုက်တာ ဆိုတဲ့ စကားလေးတော့ မပြောပါဘူး)
ချစ်တဲ့
မမသီရိ
တော်တော်တောင်နောက်ကျနေပြီးး)
ဟက်ပီးဘက်ဒေး ညီမလေးရေ့ လူတွေအများကြီးပဲ ပျော်စရာကြီး ။
ဖိတ်စာရလို့ လာခဲ့ပါတယ်နော်...
ခမ်းနားပြီး ပျော်စရာအတိနဲ့ မွေးနေ့
အစာစားဖို့ မပြောနဲ့ ကော်မန့်ရေးဖို့တောင်
မနဲ တန်းစီခဲ့ရတယ်...း)
ပျော်ရွှင်စရာ မွေးနေ့လေးပါ.. နောင်နှစ်ပေါင်းများစွာထိ
၂၃ နှစ်အရွယ်အတိုင်း နုပျိုတက်ကြွနေပါစေ....
နိုင်းနိုင်းစနေ
Happy birthday ကလေးလေး ....Be Happy .. Healthy... & Peaceful ... Forever!!!
အမ နိုဝင်ဘာ
ပျော်ရွှင်တဲ့ မွေးနေ့ပွဲလေးဖြစ်ပါစေ ..
အရောက်နောက်ကျပေမယ့်
အကောင်းဆုံး ဆုတောင်းပေးလိုက်ပါတယ်
မွေးနေ့လေးမှ စလို့ ညီမငယ်ရဲ့ဘ၀တစ်လျှောက်လုံး
ဘ၀နဲ့ဆန္ဒ ထာဝရထပ်တူ ကျနိုင်ပါစေလို့ ..
ခင်မင်လျက်နဲ့
မုန့်တွေလဲစားသွာပါတယ်...ဖိတ်တဲ့ အတွက်လဲကျေးဂျုးပါနော်... ပျော်ရွှင်ချမ်းမြေ့၍ စာတွေ များကြီး ရေးနိုင်ပါစေ... :)
Happy Birthday!!!
ညီမလေးရေ
ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ..
ဘဝတလျှောက်လုံး ဖြစ်ချင်သော လိုချင်သော တောင့်တသော အရာအားလုံးကို စိတ်ထဲမှာ ပေါ်လာတာနှင့်အမျှ ပြည့်ဝနိုင်ပါစေ..
ဗိုက်အင့်အောင် စားသွားပါတယ်နော်..
မွေးနေ့မှစ၍ ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ပါစေ။
မွေးနေ့ပွဲလာတာများ နောက်ကျသွားသလားမသိဘူး... နက်ပိတ်နေတော့ ဘယ်မှ မရောက်ဖြစ်နေဘူး...။ မုန့်တွေအများကြီးလာစားသွားတယ်...။
မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင် လိုအင်ဆန္ဒပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...
ကလေးလေးရေ့ 
တီတီလု သမီးလေးဆီ မနေ့ကတည်းက ကြိုးစားပြီး လာနေတာ။
ကွန်နက်က သိပ်မကောင်းလို့ နောက်ကျသွားတယ်နော်။
ဒါပေမယ့် အကြောင်းမဟုတ်ပါဘူးနော်
နောက်ဆုံးဘိတ် အိတ်နဲ့လွယ်သွားတယ်နော်။
မွေးနေ့မှသည် နှစ်ပေါင်း ၁၂၀ တိုင် ပျော်ရွှင်ချမ်းမြေ့မှုအပေါင်းနဲ့ ပြည့်စုံပါနော်
မွစ်နော် ချစ်သမီးလေးရေ
အကုန်ပြန်သွားပီထင်ပါ့... နောက်ဆုံးမှရောက်လာတယ် ကလေးလေးရေ...
ဖိုးမောင်
ကလေးလေးရေ။ ခုမှ ကော်နတ်ရှင်ကောင်းလို့ ။ နောက်ဆုံးပိတ် ဆုတောင်းတွေကို အိတ်နဲ့လွယ်လာတယ်နော်။ ;-)
ဟင်..... ကလေးဆို ဘယ်လိုလုပ် ၂၃ဖြစ်နေတာတုန်း ၁၃ဟုတ်ဖူးလာ ပြင်လိုက်ဦးလေမှားရေးထားတာကို...ဟိဟိ
Happy Birthday ပါကလေးလေးရေ
အသက်ရာကျော်ရှည်ပါစေနော် မုန့်တွေစားသွားတယ်ဗျို့
HAPPY BIRTHDAY ပါ ကလေးလေးရေ..
တီတီဝါ စောစောလာရက်နဲ့ နက်မကောင်းလို့ နောက်ဆုံး
မှဆုတောင်းရတယ်.. နိုပြီးပြန်သွားပြီ.း(
ကလေးလေးမွေးနေ့က အရမ်းပျော်စရာကောင်းတာပဲ.
ဦးဦး ၊ဒေါ်ဒေါ် ၊ကိုကို ၊မမတွေ အများကြီးပဲ..
ကျန်းမာပျော်ရွှင်ပါစေ ကလေးလေးရေ..
တီတီဝါကို စိတ်မဆိုးနဲ့နော်.. တွေ့ပုချိ
ရောက်တယ်။
နောက်ကျတယ်။ ဒါပေမဲ့ နောက်ကျတယ်ဆိုတာ ဘာနဲ့တိုင်းမလဲနော..
ကိုရင်နဲ့မခင်လေးတို့ရဲ့ ကလေးလေး ၂၃နှစ်တဲ့။ ပျော်ရွှင်ဖွယ် ၂၄ကို ဆက်လက်ဖြတ်သန်းနိုင်စေသားပေါ့ဗျာ။
သုခမိန်(E-Journal)
မွေးနေ့ကိုရောက်တာ အရမ်းနောက်ကျသွားတာ ခွင့်လွှတ်ပါနော်... နောက်ဆုံးရောက်တဲ့သူတောင် ဖြစ်တော့မယ် ထင်ပါတယ်...း) ကိုရင်နော်နဲ့ ခင်လေးငယ်တို့ရဲ့ ကလေးလေး မွေးနေ့ကနေ နောင်နှစ်ပေါင်းများစွာတိုင် ဘ၀ကို အောင်မြင်ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ...
i am too late, so sorry
ကလေးလေးရေ
အခုလို ၀ိုင်းချစ်ခံရ မွေးနေ့ဆုတောင်းတွေအများကြီးရနဲ့
ကလေးလေးရဲ့ မွေးနေ့ တအားစည်ခဲ့ပါလားနော် :)
ပျော်ရွှင်သောမွေးနေ့ပေါင်းများစွာ ဖြတ်သန်းနိုင်ပါစေသော်ဝ်
Post a Comment