Monday, June 8, 2009

မပီတဲ့.. စစ်

စေစားရာဘဝမှာ ဖြစ်နိုင်ချေဆိုတာ
နှင်းတစ်ပွင့်ထက် သေးငယ်မှတော့
မိုးတစ်စက်ကို အားကျရင်း
အပေါင်းမဲ့ အနှုတ်မဲ့ ရင်မှာ
သုညသာ နေရာယူခဲ့တယ်...။

ရှုပ်ပွနေတဲ့ စာရွက်ထက်
ဗလာတစ်ရွက်ဟာ တန်ဖိုးရှိသတဲ့..!!

အမည်းရောင်စာရွက်ပေါ်မှာ
အနက်ရောင်မှင်နဲ့ ရေးတဲ့စာ
ဘယ်သူမှ မဖတ်နိုင်မှတော့
ဗလာထင်တာ မဆန်းဘူးပေါ့...။

တရားခြင်း.. မတရားခြင်းနဲ့
ငါ့စစ် ငါခင်း.....။

မြတ်နိုးခြင်း.. ကြေကွဲခြင်းနဲ့
ငါ့စစ် ငါခင်း.....။

ပေးဆပ်ခြင်း.. တပ်မက်ခြင်းနဲ့
ငါ့စစ် ငါခင်း.....။

သိမ်းထားခြင်း.. ဖောက်ခွဲခြင်းနဲ့
ငါ့စစ် ငါခင်း....။

ငါ့စစ်တလင်းမှာ ငါ့စစ်ငါရှုံးရင်း
အကြိမ်ကြိမ်ပြန်ထ အကြိမ်ကြိမ်ပြန်ကျ..။

ငါ့သွေးငါဖောက် ငါ့သွေးငါသောက်ရင်း
ငါ့သွေးငါရွံရှာ ငါ့သွေးငါပြန်ရှာပေါ့..။

နောက်ဆုံးတော့...
ငါ့စာတွေက ငါ့စိတ်ကိုထွင်း
ငါ့စစ် ငါပြန်ခင်းတော့

သတ်ကွင်းမှာ မာန်တင်းရင်း
မပီတဲ့ စစ်ကို ပီပြင်ဖို့အတွက်
မျက်ရည်ဇွဲနဲ့ ဖွဲ့သီတယ်....။

(ခင်လေးငယ်)

29 comments:

တောင်ပေါ်သား said...

ကျနော်လဲ ကျနော့်စစ်မြေပြင်မှာ အကြိမ်ကြိမ် ကျရှုံး ပြန်ထ ပြန်တိုက် နေတာပါပဲ တီငယ်ရေ.... တနေ့တော့ အောင်နိုင်သူ စစ်သူကြီးဖြစ်ရမယ် ဆိုတဲ့ အသိလေး ထည့်လို့ပေါ့...


လေးစားလျက်
တောင်ပေါ်သား

မယ်ကိုး said...

ကဗျာကောင်းလေးမှာ စာလုံးပေါင်းတစ်ခုကို မထင်မှတ်ဘဲ သွားတွေ့ မိပါတယ်။
သုံညကို သုည လို့ ပဲ ရေးလားလို့ ပါ။
မှားပြောမိရင်လည်း စိတ်မရှိပါနဲ့ နော်။

Moe Myint Tane said...

ဘ၀ဆိုတာ တိုက်ပွဲတစ်ခုပေါ့
ဖြစ်တည်မှုအစုစုတွေနဲ့ ရင်ထဲမှာလည်းတိုက်ခဲ့ကြတယ်
အမြင်မလွှဲသာလည်း ရှိုက်ခဲ့ကြတယ်
အကြောင်းအရာတိုက်ဆိုင်ရင် ငါတို့လက်နဲ့အောင်နိုင်တယ် ။ ။

တကယ်တော့
တိုးထွက်လာတဲ့ မနက်ခင်းနေရောင်ခြည်ကအစ
မှေးမှိန်တဲ့အလင်းနဲ့ ၀န်းရံခစားတဲ့ကြယ်တွေအဆုံး
တစ်နေ့တာလုံးဟာ တိုက်ပွဲတွေနဲ့ခြယ်မှုန်းလို့ ။ ။

နောက်ဆုံးမှာ
ဘယ်အရာမှ အရာမထင်ခဲ့ရင်တောင်
ငါတို့တွေကြိုးစားခဲ့ဖူးတယ်ဆိုတဲ့အသိတစ်ခု
တစ်ခုမှ ရှိမနေတာထက်
တစ်ခုခုရှိနေတာဟာ ပိုကောင်းပါတယ် ။ ။


မလေးရေ ကဗျာကို ကဗျာနဲ့ဘဲပြန်မန့်လိုက်တယ်။
နောက်ထပ်ကဗျာကောင်းလေးတွေ စောင့်မျှော်နေပါတယ်။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဝေလေး said...

ဟုတ်တယ် မမခင်လေးရေ..... ကိုယ့်စစ်ကိုယ်ခင်းရင်းနဲ့ပဲ ပြန်ပြန်ရှုံးနေရတယ်... နိုင်ပွဲတစ်နေ့တော့ပေါ်လာမှာပေါ့နော်......

ဇော် said...

ဒေါ်လေးငယ်ရယ် ..
ကောင်းလိုက်တာ။ ရေးတတ်လိုက်တာ။
အူးနော်နဲ့တော့ ကွာပါ့နော်။
အဟီး။

ဂျပန်ကောင်လေး said...

ရေလည်မိုက်တယ်.. တီငယ်ရေ... အရမ်းကိုမိုက်တယ်...

ဖိုးစိန် said...

ခရုငယ် တစ်ကောင်
ခြံစည်းရိုး ထိပ်ကို တက်နေချိန် နဲ့တူနေတယ်
အခါခါ လဲပြိုကျ
အခါခါတွယ်တက်
ဘဝဆိုတာလဲဒီလိုပဲတိုက်ပွဲဝင်ရတယ်နော်
တစ်ချိန်ချိန်တော့
ခြံစည်းရိုးထိပ်မှာ ရပ်နိုင်ပြီး
အဝေးကိုမျှော်ကြည့်နိုင်မှာပါ
ကဗျာလေးကောင်းတယ် မခင်လေးရေ.....

မျက်ရည်နဲ့ဖွဲ့သီပေမယ် အပြုံးပန်းလေး ပန်ရတော့မှာပါ...
ချစ်ခင်လေးစားစွာဖြင့်
မျောက်မျောက်
ဖိုးစိန်

ခမ်းကီး said...

ကောင်းမှကောင်း....။
အသစ်များစွာကို မျှော်နေမည်။

နွေးနွေးသဲမွန် said...

ရှုပ်ပွနေတဲ့ စာရွက်ထက်
ဗလာတစ်ရွက်ဟာ တန်ဖိုးရှိသတဲ့..!!

အမည်းရောင်စာရွက်ပေါ်မှာ
အနက်ရောင်မှင်နဲ့ ရေးတဲ့စာ
ဘယ်သူမှ မဖတ်နိုင်မှတော့
ဗလာထင်တာ မဆန်းဘူးပေါ့...။
<--- အဲ့စာသားတွေ ရင်ထဲထိတယ် မမခင်လေးရေ...

တားမြစ် ထားသော... said...

ဖတ်သွားတယ်ဗျ။

သုခမိန်(E-Journal)

ခင်လေးငယ် said...

မယ်ကိုးရေ.. ဟုတ်ပါတယ်.. သုည ဖြစ်ရမှာပါ.. ပြင်လိုက်ပြီနော်.. ကျေးဇူးပါ..း)

ကျောပိုးအိတ် said...

အကြိမ်ကြိမ်ရှုံးလဲ အကြိမ်ကြိမ်ပြန်ထ ဘ၀တိုက်ပွဲကို ဆက်လက်ချီတတ်ရင်းးးးးးးးးးးးးးးးး
း)

mgngal said...

ကဗျာ အဖွင့်မှာတင် လွင့်ပါသွားတယ် အဆုံးထိ ။

ဖိုးသင်္ကြန် said...

တခုခုလိုနေတယ်ခင်ဗျ။ ကိုရင်နော် လာမမန့်သေးဘူး။
မျှော်နေတယ်အကိုရေ။
:D

MANORHARY said...

မြတ်နိုးခြင်း.. ကြေကွဲခြင်းနဲ့
ငါ့စစ် ငါခင်း.....။

ပေးဆပ်ခြင်း.. တပ်မက်ခြင်းနဲ့
ငါ့စစ် ငါခင်း.....။

သိမ်းထားခြင်း.. ဖောက်ခွဲခြင်းနဲ့
ငါ့စစ် ငါခင်း....။

ငါ့စစ်တလင်းမှာ ငါ့စစ်ငါရှုံးရင်း
အကြိမ်ကြိမ်ပြန်ထ အကြိမ်ကြိမ်ပြန်ကျ..။
.............
တဲ့လားခင်လေးရေ..
မျက်ရည်ဇွဲနဲ့ဖွဲ့သီတဲ့ကဗျာလေးဖတ်သွားပါတယ်။
ချစ်ခင်စွာ

ကိုရင်နော် said...

ငါ့ပုလင်း ငါဖောက် ငါ့ပုလင်း ငါသောက်
ငါ့ပုလင်း ငါ ရွံရှာ ငါ့ပုလင်း ငါ သွန်တာ...
..

အီးးးဟီးးးဟီးးး သွန်မှာပေါ့.. အရက်ပျံပုလင်းနဲ့ အရက် ပုလင်း မှသောက်မိလို့. အဟို့ အဟို့.. ဟို့.. :D

မှတ်ချက်။ ။ မမန့်တော့ဘူးလို့ နေတာပါ ဖိုးသင်္ကြန် လာမြှောက်ပေးလို့.. ;)

မီယာ said...

ကဗျာဖတ် ကော်မန့်တွေဖတ်ပြီး ကိုရင်နော်တော့ ဒီတခါ သဘောကောင်းရှာသားပဲ မနောက်ဘူးလို့ တွေးနေတုန်း သူ့ ကော်မန့်ကြီး ပေါ်လာတယ်။
မခင်လေးရေ လက်စားချေခြင်း အကြောင်းများ ဘယ်တော့ ရေးမှာလဲ။ ဖတ်ချင်လို့ပါ။

ကဗျာဦး said...

ဟီးးးးးးးးးးးးးးဦးနော်နဲ့တီငယ်ဆီလည်းလာပါတယ်
တီငယ်ကဗျာလေးကကောင်းလိုက်တာ
ကလေး လေးကို လည်း နှုတ်ဆက်တယ်
အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မြရေလျဉ် said...

`ငါ့စစ်တလင်းမှာ ငါ့စစ်ငါရှုံးရင်း
အကြိမ်ကြိမ်ပြန်ထ အကြိမ်ကြိမ်ပြန်ကျ..။

ငါ့သွေးငါဖောက် ငါ့သွေးငါသောက်ရင်း
ငါ့သွေးငါရွံရှာ ငါ့သွေးငါပြန်ရှာပေါ့..။´
တဲ့ ....။

ဟားဟားဟား မိုက်တယ်။

မမသီရိ said...

ငါ့စစ်တလင်းမှာ ငါ့စစ်ငါရှုံးရင်း
အကြိမ်ကြိမ်ပြန်ထ အကြိမ်ကြိမ်ပြန်ကျ..။

ခင်လေးရေ.. ကဗျာလေးက လှတယ်
ဒါပေမဲ့ မမ ပြန်ပြင်ချင်လို့...း)

ငါ့စစ်တလင်းမှာ ငါ့စစ်ငါရှုံးရင်း
အကြိမ်ကြိမ်ပြန်ကျ အကြိမ်ကြိမ်ပြန်ထ..။

ပြန်ထ ရင်းနဲ့ပဲ ဘ၀ကိုဆက်လက်
ရှင်သန်ကြတာပေါ့ ညီမရေ....

ချစ်တဲ့ မမ

ူlittlebrook said...

အော် ရှုံးနေပြီးသားစစ်ကြီးကိုမှ ရွေးတိုက်မိတာကိုး အမရယ် ဒူးတော့မထောက်ဘူး သတ္တိရှိတယ်း)

Dream said...

မယ်မယ်...ခမ်းမ်...လက်စ်ဂိုး... စစ်တိုက်ထွက်မယ်...ခစ်ခစ်

း))

ဦးနော်ကြိး.. ပုလင်းချင်းမှားသောက်မိရင် ဂိ သွားမယ်နော်... အဟီးးး ... သတိထားဦး... :P

ကိုလူထွေး said...

မိုက်တယ် ခင်လေးရေ...

မခင်လေးငယ်က အေးဆေးသလောက် ကိုရင်နော်က အတော်မျက်နှာပြောင်တာပဲ...

ထိပ်ရောပြောင်နေပြီလား...ခဏခဏ ခေါင်းခေါက်ခံရလို့ ...

ဟီးဟီး....းဝ)

yanmyo said...

ကဗျာကိုခံစားပြီး စစ်ထွက်ဖို့ပြင်လိုက်ဦးမယ်

ဟန်သစ်ငြိမ် said...

C box ရှာမတွေ့လို့ ဒီမှာပဲ ရေးသွားတယ်။ Tag ထားတယ်ဗျို့...။

Mhu Darye said...

မျက်ရည်တွေ မခမ်းမချင်းပေါ့ မမခင်လေးငယ်...။
ကျနော်လည်း မပီတဲ့ စစ် ကို တိုက်နေဆဲပါပဲ။
း)

ဖန်ခါးမြေ said...

´ရှုပ်ပွနေတဲ့ စာရွက်ထက်ဗလာတစ်ရွက်ဟာ တန်ဖိုးရှိ သတဲ့´

သိပ်မှန်တဲ့ စကားလေးပဲဗျာ .. ဒါနဲ့ စကားမစပ် အစ်ကို အမတို့ ဆိုဒ်က loading time အရမ်းကြာတယ်နော် ..
ဘာတွေလုပ်ထားပါလိမ့် :D

DEMOWAIYEN said...

ကောင်းတယ်။
အမြဲတမ်း အားပေးနေပါတယ်။

Chan said...

မ ရေ

ဒီကဗျာလေး အရမ်းကြိုက်တယ် ...
ငြိမ်းတို့ လဲ မပီတဲ့ စစ်တွေ ခင်းရင်းနဲ့ အချိန်တွေကုန်
ရှုံးလိုက်တိုက်လိုက်ပါပဲ...။။

ညီမလေး