Wednesday, December 3, 2008

“ဝ”.. တဲ့လား..!!

မူကြိုစတက်တဲ့ ကလေးလေးအရွယ်..... “ဝ”= ဝလုံး
ဂဏန်းတွေ စသင်ကာစအရွယ်...... “၀” = သုည
အင်္ဂလိပ်စာ စသင်တဲ့ အရွယ်.... “၀” = ဇီးရိုး

ဒီလိုနဲ့..........
ပညာလေး မတောက်တခေါက်နဲ့ ရည်းစားလေး ဘာလေးထားတတ်လို့ လူလားမြောက်ခဲ့ပေါ့.... လက်ညှိုးလေးကိုကွေး လက်မလေးကိုဝိုက်ပြီး “၀” ပုံလေးလုပ်ပြတော့
“ဝ” = အိုကေ (အဆင်ပြေပါတယ်ဆိုဘဲ)

လူရည်လည်လို့ လူပါးလေးဝတတ်လာပြန်တော့ လက်ညှိုးအကွေးနဲ့ လက်မလေးကိုဝိုက်အပြ
“၀” = ပိုက်ဆံ(မန်းနီး).... တဲ့

အဲ့ဒီအရွယ် လူရည်လည်ကာစကတည်းက စလိုက်တာပေါ့..... ဝလုံးကိုမေ့... သုညကိုအာခံ... ဇီးရိုးဖြစ်ရမှာကိုကြောက်.... လက်ညှိုးအကွေးနဲ့ လက်မအဝိုက် “ဝ” တွေအားလုံးရဲ့ အဓိပ္ပါယ်က တစ်ခုတည်း....

မန်းနီး = “ဝ” = ပိုက်ဆံ “ဝ” = မန်နီး “ဝ” = ပိုက်ဆံ
“ဝ” = မန်နီး “ဝ” = ပိုက်ဆံ
“ဝ” = မန်နီး “ဝ” = ပိုက်ဆံ “ဝ” = မန်နီး

လုံးချာတွေလိုက်.... ပတ်ချာတွေလည်.... သပွတ်အူတွေရှုပ်.... စာရိတ္တတွေပျက်.... မိုးခါးရည်တွေသောက်.... ဘဝတွေစတေး.... မျက်ရည်တွေပြာချ.... သဲ့သဲ့လေးငြီးတွား.... ရှိုက်သံတွေနဲ့အမူပို.... ကျီးကန်းပါးစပ်ကို နှုတ်ခမ်းနီနဲ့ဖို့.... မျက်ချေးကို ကာချယ်ဆိုး.... ချွေးနံ့ကို ရေမွှေးအုပ်.... မျက်တွင်းဟောက်ပက် ဈေးတွေဖျက်.... သံတိုင်တွေနဲ့ ရင်းနှီး.... ငရဲကိုမကြောက်.... ဝါးရင်းတုတ်ဆွဲ.... ဝရုန်းသုန်းကားနဲ့... ပြောသမျှခေါင်းတွေညိမ့်....
နောက်ဆုံးတော့.......


မန်းနီး = “ဝ” = ပိုက်ဆံ “ဝ” = မန်နီး “ဝ” = ပိုက်ဆံ
“ဝ” = မန်နီး “ဝ” = ပိုက်ဆံ
“ဝ” = မန်နီး “ဝ” = ပိုက်ဆံ “ဝ” = မန်နီး
“ဝ” = ပိုက်ဆံ
မန်းနီး
“ဝ”
!!!!!
!!!
!
.
“ဝ”

(ခင်လေးငယ်)

15 comments:

Dream said...

လူတွေဟာ ငွေကြောင့် မောဟဖုံးတယ်.. မောဟကြောင့် မာန တွေတတ်ကြတယ်... သပွတ်အူတွေရှုပ်.... စာရိတ္တတွေပျက်.... မိုးခါးရည်တွေသောက်.... ဘဝတွေစတေး.... မျက်ရည်တွေပြာချ.... သဲ့သဲ့လေးငြီးတွား.... ရှိုက်သံတွေနဲ့အမူပို.... ကျီးကန်းပါးစပ်ကို နှုတ်ခမ်းနီနဲ့ဖို့.... မျက်ချေးကို ကာချယ်ဆိုး.... ချွေးနံ့ကို ရေမွှေးအုပ်.... မျက်တွင်းဟောက်ပက် ဈေးတွေဖျက်.... သံတိုင်တွေနဲ့ ရင်းနှီး.... ငရဲကိုမကြောက်.... ဝါးရင်းတုတ်ဆွဲ.... ဝရုန်းသုန်းကားနဲ့... ပြောသမျှခေါင်းတွေညိမ့်....
နောက်ဆုံးတော့......အပယ်ငရဲပေါ့ တီတီငယ်ရယ်

ပို့စ်ကောင်းလေးတစ်ခုပဲကွာ.. ကြိုက်တယ် တီတီရယ်... ရူးတိုးတိုးနော်... ဟီးဟီ.. မသိရင် ဦးနော်ကြီးကို ပဲ အရက်ဖိုးတောင်းလို့ စောင်းရေးထားသလားမှတ်ရတယ်.. ခစ်ခစ်.. ဦးနော်ကြားရင် လာရိုက်တော့မယ်. .. ဟိဟိ
ပြေးပြီ.. တာ့တာ...:P :P

ဖိုးဂျယ် said...

ကောင်းလိုက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေး
"၀" ပါစေ။

Moe Myint Tane said...

ဘ၀မှာ လူရယ်လို့ဖြစ်လာပြီး ငွေရဲ့ အရသာ သိလာပြီးတဲ့ နောက်ပိုင်းမှာ လူတွေဟာ ငွေနောက်ကို လိုက်လာကြတယ်..ဒီလိုနဲ့ဘဲ သည်းခြေကြိုက်ငွေနောက်ကို လိုက်ကြရင်း သန့်ရှင်းမှုတွေကို လွှတ်ပစ်ခဲ့ကြတယ်..လောဘတွေကို နှစ်နှစ်ခြိုက်ခြိုက် ထွေးပိုက်ခဲ့ကြတယ်..အကျင့်သီလဆိုတာ ဂျိုနဲ့လားလို့မေးရမလိုဖြစ်လာတယ်..ငွေနောက်ကို လိုက်ရင်း ငွေအောက်ရောက်တဲ့လူရှိတယ်..ငွေပုံပေါ်ရောက်
်တဲ့လူတွေလည်း ရှိခဲ့တယ်..ငွေအောက်ရောက်တဲ့သူက သနားစရာနေပြမယ်..ငွေပေါ်ရောက်တဲ့သူက မာန်မာနတွေ တက်ပြမယ်..ဒါဟာလည်း လူဖြစ်နေလို့ဘဲ..တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဆက်လက်ထွက်ခွာရမဲ့ ခရီးဘူတာကို ရောက်ရှိခဲ့ရင် အဲဒီ ငွေဆိုတဲ့ အရာဟာ ငါတို့တွေသယ်သွားနိုင်ရဲ့လား..????


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

ကြယ်စင်မင်း said...

“၀”ကို ဒီလိုဖတ်လိုက်ရတော့.. သြော်..ပေါ့.:P ကောင်းလိုက်တဲ့ပိုစ့်တွေဘဲ ကိုရင်နော်ခင်လေးငယ် .. အမြဲလာရောက်အားပေးနေတယ်..။ ဒါပေမယ့် ဒီကောင်ကို အားလုံးထက်ကြိုက်တယ်.. :)

khin oo may said...

kom: ဝ = ဘိုးဘိုးအောင် ပါ။

အိမ်မက်ရှင် said...

နောက်ဆုံး အီကွေရှင်းချလိုက်တော့ သုည၊ ဇီရိုး၊ အင်္ဂလိပ်အက္ခရာ အို ဆိုတဲ့ အဓိပ္ပါယ်တွေ ပျောက်ရှပြီး အဆုံးသတ်ကျန်ခဲ့တာက ပိုက်ဆံ (မန်းနီး) ... တဲ့ ... ။
အဲလူတွေ (ကျွန်တော်လည်းပါတယ်) မသိလို့လား၊ မသိချင်ယောင်ဆောင်နေတာလား ဒါမှမဟုတ် တကယ်မသိဘူးလား ... ?
တကယ်လို့ ဆာဟာရကန္တရကြီးထဲ လမ်းပျောက်နေပြီး ရေတစ်ပေါက်ရှာနေတဲ့လူတစ်ယောက်ကို မေးကြည့်ပါ ... ၀လုံးလေး သူလိုမလား...
တကယ်လို့ မိဘမေတ္တာငတ်မွတ်နေတဲ့ မိဘမဲ့ကလေးငယ်လေး တစ်ယောက်ကို မေးကြည့်ပါဦး ... လက်ညိုးလေးနဲ့ လက်မလေး ကွေးပြသလို ပိုက်ဆံ ကို သူလိုပါ့မလား ....
တကယ်လို့ ဆေးရုံအခန်းကျဉ်းတစ်ခုရဲ့ ထောင့်မှာ နာကျင်မှုများစွာနဲ့ သေမင်းခေါ်ငင်ရာကို မကြာခင်လိုက်ပါရမယ် လူနာတစ်ယောက်ကို မေးကြည့်တဲ့အခါ ... ဇီးရိုးလေးကို ... သူ လိုချင်မှာမဟုတ်ဘူး .... မဟုတ်ဘူးဗျာ... ။
ငွေဟာ ဒုတိယဘုရားသခင် ဆိုတာ မှန်ပေမယ့် ... တစ်ချို့တစ်ချို့သော အရာတွေအတွက်တော့ ပုံးတစ်ခုထဲ အမှိုက်တစ်စသာသာလောက်ပါပဲ ....
အဲဒါတွေကို ကျွန်တော်တို့ မသိလို့လား ... ကျွန်တော်တို့ မသိချင်ယောင်ဆောင်နေတာလား .... တကယ်ပဲ မသိတာလား ... ။
လောကမှာ ငွေထက်အရေးကြီးတဲ့အရာတွေ ရှိပေမယ့် ....
ကျွန်တော်တို့ မျက်စိတွေ ကြောင်တောင်ကွယ်နေခဲ့တယ်လေ ... ။

ခင်မင်လေးစားမှုများစွာဖြင့်

တောင်ပေါ်သား said...

ဝ လုံး ၀ လုံး လူတွေရဲ့ စိတ်ကို ပြောင်းလဲသွားစေတာလဲ ဒီဝလုံးလေးပါပဲ ၀လုံးကြောင့် လူတွေ ပျက်စီးကြတယ် ဒီဝလုံးကြောင့်ပဲ လူတွေ အတိဒုက္ခ ရောက်ကြတယ် ဘာတွေ ဘယ်လိုပြောပြော ဒီဝလုံး မရှိလို့လဲ မဖြစ်ဘူး တီငယ်ရေ.. လူတိုင်း ၀လုံးလေးကို ကောင်းမွန်စွာ သုံးတတ်ရင်တော့ အကောင်းဆုံးပေါ့နော့်

Anonymous said...

ဒေါ်ခင်လေးငယ်ဗျိုး

||ငရဲကိုမကြောက်.... ဝါးရင်းတုတ်ဆွဲ.... ဝရုန်းသုန်းကားနဲ့... ပြောသမျှခေါင်းတွေညိမ့်....
နောက်ဆုံးတော့.......||

ကောင်းတယ်ဗျာ ရေးထားတာ။
လောလောဆယ်တော့ ကောင်းစားနေကြသဗျ
ငရဲကနောက်မှတဲ့ ဟား ဟား

ဟန်လင်းထွန်း said...

ဒီကောင်ပေါ့။ ဒီကောင့်ပေါ့။ မရှိမဖြစ်လေး

မောင်မျိုး said...

ဒါမျိုးအတွေး တစ်ခါမှကိုမတွေးမိတာ ခုမှပဲသတိထားမိတော့တယ် “၀” အင်းး ကောက်တက်ရင် ဒါ ထီထိုးလို့ရတယ်း)

GreenGirl said...

မန်းနီဒ ဆိုတဲ့ "၀" နောက်ကိုလိုက်ရင်း နောက်ဆုံးတော့ စိတ်ဓါတ်တွေ "၀" ဖြစ်သွားတယ်ပေါ့နော်...
အတွေးကောင်းတယ် :)

ဗေဒါရီ said...

အတွေးလဲ ကောင်း၊ အရေးလဲကောင်း ... တင်ပြပုံလေးလဲ ကောင်းပါပေ့ မခင်လေးငယ်ရေ .. ။

မအားတာနဲ့ ဘလော့တွေနဲ့ အဆက်ပြတ်နေလို့ ခုမှပြန်လိုက်ဖတ်နေရတယ်။

ဒီပို့စ်လေးဖတ်ပြီး ... ၀-မရှိဘဲနဲ့ ၀ိလုပ်လို့မရဘူး ဆိုတဲ့စကားလေး အတွေးထဲ ရောက်လာသေးတယ်။
အဲဒီ "၀" က "ဘ၀" အတွက် မရှိမဖြစ်လား ... လို့ တွေးနေမိပါရဲ့။

အိမ် said...

ဟုတ်ပါ့ဗျား ကောင်းလိုက်တဲ့ရှင်းလင်းချက်လေး
ဟုတ်တယ်ဗျ အရင်က ငွေဆိုတာ လူတွေရဲ့အသုံးခံပစ္စည်းတခုပါ
အခုတော့ငွေက လူတွေကိုပြန်အသုံးချနေပြီဗျ

ကိုရင်နော် said...

“၀” တုတ်မကြီး.. ဟီးးဟီးးး..

Republic said...

ကိုရင်ကြီး အဲလို မနောက်ပါနဲ့ဗျာ ၊၊

မခင်လေးရယ် ကိုလစ်ကတော့ "၀လုံး" လေးပဲ ကွေးပြသွားတယ်ဗျာ ၊၊ မှန်နေလွန်းတော့ ၊၊