Sunday, June 8, 2008

မိုးမိသွားခြင်း..

rain
ငါ ဘာလုပ်မလို့ပါလိမ့်..!!
အိပ်ပျော်သွားတာလား !
ငုတ်တုတ်ကြီးငိုက်နေတာလား !
အလင်းမဲ့အခန်းငယ်ထဲမှာ ငါ့ကိုယ်ငါကြည့်ရင်း အဖြေရှာမရ..
ကြာနေပြီ ဒီအလင်းကို စိုက်ကြည့်နေခဲ့တာ..
စိတ်နဲ့ကိုယ် မကပ်တာလား !
အဝေးတစ်နေရာကို ရောက်နေတာလား !
ဗိုက်ထဲကအော်သံတစ်ခုကြားမှ အပြေးအလွှား အသိနဲ့သတိဝင်လာတယ်..
 ငါ ပြူတင်းပေါက်ပိတ်မလို့ပါလား...! ဟား....!!
မထူးတော့ပါဘူး ဆက်သာထိုင်နေလိုက်ပါ
အိပ်ရာလေးမိုးမိနေပြီပဲ..။ :(

(ကိုရင်နော်)

1 comment:

Anonymous said...

အင်း .. တခါတလေ ဒီလိုပါပဲ။ လူနဲ့ စိတ်နဲ့ မကပ်ရင် လောကကြီး ဘာဖြစ်နေမှန်းတောင် မသိဘူးနော်။

လေးစားလျှက်
ရောင်