ကျောက်သားနဲ့လား
ဖယောင်းနဲ့လား
မသိပေမဲ့...
ပန်းပုသစ်ကို ထုဆစ်မိတယ်။
ပြေပြေလေးလား
မတ်စောက်နေလား
မသိပေမဲ့...
လှေကားမလို ခြေသံချိုတယ်။
လေပြေလာမလား
မိုးသည်းမှာလား
မသိပေမဲ့...
လက်ချင်းယှက်နွှယ် အပြုံးဖလှယ်တယ်။
ပန်းသီတာလား
ပုလဲစီတာလား
မသိပေမဲ့...
လည်မှာဝံ့ထည် ပွဲလည်တင့်တယ်။
ကာရံနဲ့လား
ကာရံမဲ့လား
မသိပေမဲ့...
ချစ်ခြင်းဖွဲ့သီ ကဗျာပီတယ်။။
(ခင်လေးငယ်)
ညီမျှခြင်းကဗျာအား စကားပြေပြန်ခြင်း (ကိုရင်နော်)
ဆရာမကြီးသည် ပုလဲလား၊ ပန်းလား၊ ပန်းသီးလောက်ရှိသော ပုလဲလုံးကြီးလား မသိသော လည်ဆွဲကြီးဖြင့် ပွဲလည်တင့်၍နေလေသည်။
လက်ချင်းယှက်နွယ် အပြုံးဖလှယ်နေသော ဆရာမကြီးသည် မိုးမမြင်လေမမြင်ဖြစ်နေခိုက် လေပြေလာမလား၊ မိုးသည်းမှာလား မသိခင်မှာပင် နာဂစ်(စ်)မုန်တိုင်း ဝင်လာခြင်းဖြစ်လေသည်။
ပြေပြေလေးလား၊ မတ်စောက်နေလား မသိလောက်အောင် မှုန်ဝါးဝါးပြေးလွှားနေသော ဆရာမကြီးသည် ပျားအုံကိုတက်နင်းမိရာ ပုရွက်ဆိတ်များ လှေကားမလိုဘဲ ခြေထောက်ပေါ် တက်ကုန်သည်။ ခြေသံများ လည်း ပျားရည်များဖြင့် ချိုသွားလေသည်။
နာဂစ်(စ်)ကတိုက်၊ ပုရွက်ဆိတ်ကိုက်၊ ပျားကလိုက်နှင့် ပြေးသံများလည်း ချိုကုန်လေ့သည်။
ကာရံနဲ့လား၊ ကာရံမဲ့လား မသိပေမဲ့ အကာအရံ မရှိသော ဟင်းလင်းပြင်မှာ ငုတ်တုတ်ကြီးထိုင်ကာ တကိုယ်တည်း ချစ်ခြင်းဖွဲ့သီ ကဗျာပီ နေလေတော့သည်..။
(ကိုရင်နော်)
ဟီးးး..

19 comments:
sis ရေ....နည်းနည်းစဉ်းစားပြီးဖတ်သွားတယ်.....:D
ကောင်းပ။
“ချစ်ခြင်းဖွဲ့သီ ကဗျာပီတယ်”
စာသားလေးကို အရမ်းကြိုက်တယ်။
မခင်လေးငယ်...
အဲဂလို..အဲဂလို..ရေးပြလိုက်တယ်ပေါ့လေ....
ကိုရင်နော်ကြီးရေ.. မညီမျှခြင်း ကဗျာ တစ်ပိုဒ်လောက်...ပြန်ရေးပေးလိုက်....
ဟီး..ရန်ထောင်ပေးတာ..ကိုယ့်ချင်းမို့ ၊၊
ညီမလေးကတော့ ငြိမ်းချမ်းရေး ကဗျာတွေ ရေးနေပီနော့။
ညီလေးရေ ဘယ့်နှယ့်လဲကွး)
စကားပြေမတင်ခင်လာဖတ်မိလို့ကွ။
လာသတိပေးလို့တော်သေး။
ကဗျာရေးနေတဲ့ ခင်လေးငယ်ပုံကို ကွင်းခနဲကိုပေါ်ရော။
ညီလေး- သူ့ကဗျာနဲ့သူ့ပြန်ချောက်တွန်းတာ ကောင်းကွာ :P
နောက်ဆုံးတော့ ငါ့ညီလေးပဲ နိုင်တာပဲ နော့
ညီမလေး - ညီမလေးကဗျာကို လာဖျက်တာ မခံနဲ့ကွ။
ခံစားချက်အမှန်အကန်တွေကို လာနောက်နေတယ်။
ခံနဲ့။ ပြန်ချ ပြန်ချ။
:D
ကိုရင်နော် အစုတ်ပလုတ်.. နင်တော့နော်..
သူများအကောင်းရေးထားတာကို.. အေ.. တွေ့မယ်.. နင်ရေးရင်လည်း ငါဖျက်မှာ.. ဟွန်း..
ဒီနှစ်ယောက်ကိုတော့ လက်လန်တယ်။
ခင်လေးရေ လှလှချည်လား ။ ကဗျာလေးက စားတယ်။
ဘာမှ မသိခဲ့ပဲ ချိုမြိန်စွာချစ်ခဲ့တယ်ပေါ့လေ
အရာအားလုံးကို ရဲရဲဝံ့ဝံ့ စွာပေါ့။ အချစ်ဆိုတာကို တန်ဖိုးထားခဲ့တာ အားကျတယ်။
တကယ်ကြိုက်တယ် ။
အဟီး . . .
သိုသော်ငြားလည်း
ချစ်ခြင်းအများ
ရှေ့မှာထား၍
စကား ဆုံးမ
မြွက်ဟလိုသည်
ဘာမှမသိပဲ ချစ်ခဲ့ရဲဝံ့
နောက်မတွန့်၍
ဤသို့ ဒီလို " ကောက်ခြင်း " ကြုံသည်
နောင်တွင် သတိပြု ရှေ့သို့ရှူ့လော့ ။
. . . မိခင်လေးရေးတယ်ဆိုတော့ ထုံးစံအတိုင်း နဲနဲ စချင်လို့ လာနောက်သွားတယ်။
ကဗျာက အပီခံစားလာပြီးမှ ကိုရင်နော် စကားပြေကိုဖတ်ပြီး ရယ်သွားတယ် ၂ ယောက်ကတော့ တော်တော်ကို ဟုတ်နေပြီဗျား)
ကြွေသွားပီဗျာ...။ (စာသားတွေကိုပြောတာနော်.. ကိုရင်နော်ကြီး အနော့်ကို ဆော်ပလော်တီးမှာစိုးလို့) :P
အရမ်းကောင်းတဲ့ကဗျာလေးပဲဗျာ။
ကဗျာလေးကရေရေလည်လည်လန်းတယ်။
ကိုရင်ငယ်တို့နှစ်ယောက်ကိုအားပေးနေတယ်။
ဟီးဟီး...
မခင်လေးရေ...
ကဗျာက မခင်လေးရဲ့ စာဖတ်အားနဲ့ အတွေး ဘယ်လောက်ကောင်းတယ် ဆိုတာကို လှစ်ဟပြသလိုပဲ။
လှလိုက်တဲ့ အဖွဲ့လေးတွေ ကောင်းလိုက်တာဗျာ။
ကိုရင်နော်ကြီးရဲ့ သရော်စာကလည်း ပြောင်မြောက် ပါပေတယ်ဗျာ။ တခြား သူငယ်ချင်းတွေရဲ့ စာတွေကိုပါ သရော်ရင် ပိုကောင်းပြီး လိုအပ်နေတဲ့ စာပေရှု့ထောင့်တခု ဖွင့်ပေးသလိုဖြစ်မယ်ထင်ပါတယ်။ သရော်စာ ကောင်းကောင်းလေးတွေ စောင့်ဖတ်မယ်ဗျာ။
ကဗျာလေးက ဖတ်လို့ကောင်းသလို၊ စကားပြေပြန်ထားတာလည်း ဖတ်လို့ကောင်းတယ်။
ခင်မင်စွာဖြင့်
CMS
ခင်လေးကဗျာက လန်းတယ်ဟေ့.. :)
ရင်တွင်းဖြစ်ပဲဖြစ်ဖြစ်
ဘယ်လိုပဲဖြစ်ဖြစ်
စာပေကိုမြတ်နိုးသူအားလုံးကို
လေးစားပါတယ် ကဗျာလေးဖတ်လို့ကောင်းတယ်ဗျာ
ဟားဟား။ ကဗျာလေးလည်း ကောင်းတယ်။ အဓိပါယ် ဖွင့်ဆိုထားတာလည်းကောင်းတယ်။ လာလည်သွားတယ်နော်။ ပျော်ရွှင်ပါစေ
ဘလော့ ဘက်ဂရောင်းလေးလည်း မိုက်တယ်။ လင့်ခ် လိုက်ပြီဗျာ။
အဟဲ......
မမခင်လေးကဗျာလေးခံစားသွားပြီး
ိုကိုရင်နော်ရေးထားတာဖတ်ပြီးရယ်သွားတယ်....
:P
ကဗျာလေးကကောင်းသလို စကားပြေလေးကလည်း ကောင်းတယ်။ ညီတူမျှတူပေါ့.. အဟိ
Post a Comment