Wednesday, June 11, 2008

ကိုရင်နော်ခင်လေးငယ် ဆိုတာ...

ကိုရင်နော်ခင်လေးငယ် ဆိုပြီး နာမည်ပေးဖြစ်သွားပုံလေး ပြောပြဦးမယ်ဗျ..။ မေးတဲ့သူတွေလည်း လာလာမေးတယ် ဘယ်လိုနာမည်ကြီးလဲပေါ့..။ ဟုတ်ပ..။ တကယ်တော့ ဒီနာမည်ကို ကျနော်မကြိုက်ပဲ ပေးလိုက်ရတာဗျ..။ ဒီလိုလေ.. ကျနော်နဲ့ခင်လေးက ငယ်သူငယ်ချင်း..၊ ပြောမနာဆိုမနာ.. ရန်ဖြစ်ဖက်တွေဆိုတာ အထူးပြောမနေတာ့ဘူး ငယ်ငယ်ထဲက စာတိုပေစလေးတွေ ရေးတတ်တဲ့ ဝါသနာလေးကတော့ တူတယ်လေ..။

အခုဗျာ ဒီ Blog လေးကိုစလုပ်ကြတော့ ကျနော်က ကိုရင်နော် ဆိုပြီး ကျနော့် နာမည်ပေးမယ်ပေါ့.. သူလည်းရေးချင်တာရေး ပြီးရင်တင်ပေါ့ Post အောက်မှာ သူ့နာမည်ထိုးပေါ့.. အဲဒါကို မဟုတ်ဘူးတဲ့ ခင်လေးငယ် ဆိုတဲ့ သူ့နာမည်နဲ့ လုပ်မယ်တဲ့ ပြီးရင် သူ့ Blog မှာ ကျနော်က စားရေးပေါ့..။ အဲ့လိုတော့ ကျနော်လည်း ဘယ်လုပ်ချင်မလဲနော်.. ဒါနဲ့ ဒါဆို တခြားနာမည်တစ်ခု ပေးမယ်ပေါ့ ဥပမာဗျာ “ငယ်သူငယ်ချင်း..” “ဆိုးဖော်ဆိုးဖက်..” “ရန်ဖြစ်ဖက်..” ဘာညာပေါ့ တစ်ခုခုပေါ့.. အဲဒါဆိုတော့လည်း သူ့နာမည်မပါလို့တဲ့.. ကြည့်... မခက်ပေဘူးလား..။

ကျနော်ကလည်း နာမည်တော့ ပါချင်သေးတာလေ.. ကယ်.. ဒါဆိုလည်းပြီးရော ကိုရင်နော်နှင့်ခင်လေးငယ် ဆိုပြီး ရိုးရိုးပဲပေးလိုက်မယ် ဆိုပြန်တော့လည်း နှင့် ပါတာကြီးက သူကပိုင်ရှင်မဟုတ်သလိုဘဲတဲ့.. ကယ်.. ဘယ်လိုလုပ်မလဲ ကိုရင်နော်နှင့် မချောလေးယောက်.. ဆားပုလင်းနှင်းမောင်နှင့် ခင်လေးငယ် အဲ့လိုများ ထင်နေလား မသိဘူး..။ ဒါနဲ့ ကျနော်လည်း စိတ်တိုလာတာနဲ့ ကယ်.. ဒါဆိုလည်းပြီးရော နှင့် ကိုဖြုတ် ကိုရင်နော်ခင်လေးငယ် ကယ်.. သဘောတူလား ဆိုတော့မှ အိုကေ တဲ့..။ ဒါတောင်လုပ်သေးတယ် သူ့နာမည် အရှေ့ကထားမယ်တဲ့ ခင်လေးငယ်ကိုရင်နော် ပေါ့.. ကြည့်လုပ်ပုံကိုက..။ ကျနော်လည်း ဒေါကန်ကန်နဲ့ ရှုးရှုးရှဲရှဲ ဗြူးဗြူးဗြဲဗြဲ လုပ်လိုက်မှ ငြိမ်သွားတယ်.. ဒါတောင် မျက်စောင်းက လှမ်းထိုးလိုက်သေးတယ်.. တကယ်တကယ် မပြောလိုက်ချင်ဘူး.. ကယ်.. ထားပါ.. ဒီလိုနဲ့ ကိုရင်နော်ခင်လေးငယ် ဆိုပြီး အမည်ပေးဖြစ်သွားတယ်ဗျို့...။

ဒီလိုနဲ့ တစ်နေ့က ကိုတီး က သူ့အိမ်မှာ ကျနော်တို့ Blog လေးကို Link မယ်တဲ့. အိုကေပေါ့.. ကျနော်ကလည်း တောသားမလား တီးချိုချိုလေးဆို ကြိုက်မှကြိုက်.. ပျင်းပျင်းရှိ ကိုတီးအိမ်ဘက်ပဲ ရောက်ရောက်နေတာ ဒေါင့်တစ်နေရာမှာထိုင် စာစာင်လေးဖတ်.. သီချင်းလေးနားထောင်.. အဖွာလေးခဲပြီး ဇိမ်ကျနေတာပေါ့.. ကိုတီးအိမ်မှာ တောင်ကြည့်မြောက်ကြည့်နဲ့ သတိရပြီး သူ့ ဘော်ဘော် Link List ထဲက ကျနော်တို့နာမည်လေးကို လိုက်ရှာမယ်ပေါ့.. မတွေ့ဘူးဗျ.. ခေါင်းတောင်မူးတယ်.. သူ့ ဘော်ဘော် List ကလည်း သိတဲ့အတိုင်း အများသားလေ.. Friend Search တဲ့ Engine လေး လုပ်ထားပေးရင် ကောင်းမှာလို့တောင် တွေးမိသေးတယ်..။

အဲဗျာ.. တွေ့ပါပြီဗျာ ကျနော်လေ ဝမ်းသာလွန်းလို့ ထတောင်ခုန်မိတော့မလို့ ကိုတီးက ကိုရင်နော် ဆိုပြီး ကျနော့်နာမည် တစ်ခုထဲ Link လုပ်ထားတာကိုး ကျနော်လည်းဝမ်းသာပြီး ကိုတီးကို ကြိတ်ပြီး ကျေးဇူးတင်နေတာ.. ကိုယ်လိုချင်တဲ့ နာမည်လေ.. စိတ်ထဲမှာက ဟို.. စပ်စလူးမ နာမည်ကို ထည့်ချင်တာမဟုတ်ဘူး.. ခုတော့ ကျနော့်နာမည်တစ်ခုတည်း တွေ့ရပြီ..။ ဒီကိစ္စ ဟို.. ခင်စလူးစိန်ကို ဘယ်ပြောမလဲ ငြိမ်နေတာပေါ့..။

မကြာပါဘူးဗျာ.. ကျနော့်ကို ရန်လာတွေ့ပါလေရော.. ကိုတီးကို ကျနော့်နာမည်ပဲ Link ခိုင်းတာမလား ဘာညာပေါ့.. ကျနော်လည်း ရှင်းမနေတော့ဘူး.. သိတယ်မလား အရူးနဲ့အကောင်းဆို ရှောင်တာကောင်းတယ်လေ.. ဒီစပ်စလူးမက ငယ်ထဲက ဒီလိုဘဲ အိမ်တကာသွား ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ်နဲ့ ခုလည်းကိုတီးအိမ်ကို သွားစပ်စုရင်း တွေ့သွားတာနေမှာပေါ့.. ကိုတီးကို ရန်သွားတွေ့သေးတယ် သူ့နာမည်မပါလို့တဲ့ ကိုတီးလည်း မပြောင်းချင်ပြောင်းချင်နဲ့ Link List ကို ပြောင်းပေးလိုက်ရတယ် ထင်ပါတယ် ကြည့် ဖြစ်ပုံ.. လုပ်ပုံ..။

ကျနော်နဲ့ ဒီခင်စလူး ကတော့ ဘယ်လိုရေစက်မှန်း မသိဘူး တွေ့တာနဲ့တဂျက်ဂျက်.. ရှိသေးတယ် ပြောရင် ကုန်မှာမဟုတ်ဘူး.. တွေ့တယ်မလား သူတင်ထားတဲ့ Post မှာ သူရွာရိုးကိုးပေါက် အိမ်တကာသွား စပ်စပ်စုစု လုပ်မယ့်ကိစ္စမှာ ကျနော့်ကိုများ သူ့ Driver လုပ်ခိုင်းထားတတ်သေးတယ်...။ ကျနော့်ကိုဆို နှက်မယ်ဆိုတာကြီးပဲ..။

အင်း.. ဘာဘဲဖြစ်ဖြစ်ပေါ့လေ... ကျနော်နဲ့ခင်လေး.. (၃ နဲ့ ၄) လို ကျောကပ်ပြီး သူလည်း လက်သီးဆုပ်ရင်း.. ကျနော်လည်း လက်သီးဆုပ်ထားရင်း ကိုယ့်ဦးတည်ရာကိုယ် ကြည့်နေကြပေမယ့် ထူးထူးခြားခြား သူနဲ့ကျနော် အမြင် သွားတူနေတာလေး တစ်ခုတော့ရှိတယ်ဗျ.. အတွေးတွေလည်း တူနေကြတယ်.. ယုံကြည်ချက်တွေလည်း ထပ်တူညီနေကြတယ် .. သူလည်း ကျနော့်လိုပဲ လွတ်လပ်မှု.. တရားမျှတမှုနဲ့ လူသာချင်းစာနာထောက်ထားမှု တွေကို လိုလားတယ် မြတ်နိုးတယ်..။ ဘာဘဲဖြစ်ဖြစ်ပေါ့လေ ဒီစိတ်ဓါတ်လေး တူတာတစ်ခုနဲ့တင် သူနဲ့ကျနော် ဘော်ဒါရင်းတွေအဖြစ် လက်တွဲဖြစ်နေတယ် ဆိုပါတော့...။

(ကိုရင်နော်)

12 comments:

PP said...

ကိုရင်နော်ခင်လေးငယ်က တော်ပါသေးတယ်။
ပေဖူးတို့ high school တုန်းက ကလေးလေးတစ်ယောက်ရှိတယ်။
အေးချမ်းအာကာကြည်စိုးသာ တဲ့။
ကောင်လေးက စာတော်တော့ ဆုစာရင်းမှာ သူ့နာမည်ကြီးက ခေါ်ရတဲ့လူ ငိုချင်တယ်. :P

Anonymous said...

ကိုရင်....နင်နော် ခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့ ဗလောင်းဗလဲ စိန်စိန် လာမလုပ်နဲ့...နင်ပဲ...“ခင်လေးရယ် နင်က ငါ့ထက် မြို့ကို အရင်ရောက်တာဆိုတော့ တော်ကလည်းတော် တတ်ကလည်းတတ်.. ဟိုရွာကြီးကို Go ရင် ငါ့ကို ခေါ်ပါဟာ ..” ဆို..။ “နင့်ကားလေးပဲ မောင်းရရ ဘီးလေးဘဲ ဖက်လိုက်ရလိုက်ရ...နော်..နော်..နော်...” ဆို။ ငါ့မှာ တော့သနားပြီး စဉ်းစားပေး လိုက်ရတာ...၁၆၄ ရက်၊၂၁နာရီ၊၁၉မိနစ် နဲ့၃၄စက္ကန့် တိတိတောင် ကြာတယ်...ခုတော့ မှားဘီ.........အရပ်ကတို့ရေ....
အီးးးးးးးးးးးးးးးးးးးး.........................
(ခင်လေး)

Tea said...

ခင်လေးရေ.. ခင်လေးပြောလို့ရောက်လာပြီ။

ကိုရင်နော်ရေ.. ကျွန်တော်က အစတုံးက အရှေ့ပိုင်းကိုပဲ ယူပြီး လုပ်လိုက်တာလေ. နောက်မှာ ခင်လေးပါရှိနေမှန်းသိတော့ ချက်ချင်း ထည့်လိုက်ပါတယ်။

ဟီးး.. ခင်လေးလည်း စိတ်မဆိုးနဲ့။
နှစ်ယောက်လုံး အားရင် အိမ်ကို တူတူလာလည်။ အမြဲတမ်း လာရင်တူတူမလာဘူး။ ဟီးး..

၂ယောက်တူတူလာရင် စပယ်ရှယ် တီးတိုက်မယ်။ :)

Anonymous said...

နာမည်လေး ဆန်းပါတယ်လို့ ထင်နေတာ အခုမှပဲ ရှင်းသွားတော့တယ်း) ကောင်းပါ့ဗျာ သူငယ်ချင်း ၂ယောက်စလုံးရဲ့ အရေးသားတွေက စိတ်ဝင်စားဖို့ ကောင်းတယ် အားပေးနေပါတယ် ။

အညာသား said...

အော်..ဟော်... ဂလိုဂိုး..........။
ပေါက်သွားပီ... :D

ကိုရင်ညိန်း said...

အဟေးဟေး ရန်တိုက်ပေးတာတော့မဟုတ်ဘူးနော်
ကျုပ်ကြားဖူးတာတော့ lady first တဲ့ ။
ကိုရင်နော် အနိုင်ကျင့်ပီထင်ပဗျာ။ ဘာပဲဖြစ်ဖြစ် အားပေးနေမယ်ဗျာ ကိုရင်နော်ခင်လေးငယ် ကိုရော ခင်လေးငယ်ကိုရင်နော် ကိုရောပေါ့ ။ အဆင်ပြေကြပါစေဗျာ .

Anonymous said...

ကိုရင်ညိန်းကြီး ကတော့ အဟေးဟေး ဆိုပြီး ကိုရင်နော်ခင်လေးငယ် ရော ခင်လေးငယ်ကိုရင်နော် ရော နှစ်ခုတောင် Link သဗျ.. ဟားဟ.. :)

ဆောင်း said...

အရာ၂ခုကို ဖော်ပြချင်ရင် ၊ သို့ ။ ထဲ့ရေးပြီး ခြားရတာဘဲ အင်္ဂလိပ်လိုဆိုရင်တောင် , ခြားရေးရတာ လေ။ ဒါ့ကြောင့် ဘယ်ဒေါင့်က ကြည့်ကြည့် နံမည်၂ခုကို ပုဒ်မ ပုဒ်ထီး မခြားဘဲရေးတာ တခုခုမှားနေတယ်လို့  ထင်တာပါဘဲ။

ဆောင်း said...

ဘာ့ကြောင့်လဲ ဆိုတော့ ပထမ ဖတ်မိတာက ကိုရင် နော် ခင်လေးငယ်လို့ ။ နောက်တခါ ပြောင်းဖတ်မိတာက ကိုရင်နော်ခင် လေးငယ်လို့ 
နောက်မှ သတိထားမိတော့ ကိုရင်နော် က တဦး ခင်လေးငယ်က တဦးပေါ့။

မြန်မာစာ သတ်ပုံကျမ်း မှာ မပါပေမဲ့ သဒ္ဒါနည်းအရ နာမ်၂ခုကို ရောပေါင်းပြီး တခုထဲ ရေးတာ မှန်ပါ့မလားဟင်။ နောက်တခါ နံမည်တွေကိုလည်း မှားခေါ်နိုင်တယ်။

ပြီးတော့ ဘယ်ဆန့် ကျင်ဘက်အရာတွေကမှ အတူတူ ပေါင်းမရေးဘူး။ ချစ်သူရည်းစားတွေသာ ဘလော့တခုထဲ ပေါင်းရေးတာ ဆိုတော့ သိပ်ခင်တဲ့ သူငယ်ချင်းထက် နဲနဲ ပိုတဲ့သူငယ်ချင်းများဖြစ်နေလေ သလား။

စိတ်မရှိပါနဲ့  ဆောင်းရဲ့ နဲနဲ ကပ်သီးကပ်သတ်ကြတဲ့ အတွေးကြောင့် စိတ်အနှောက်ယှက်ဖြစ်သွားလို့  နံမည်၂ခုကို ပုဒ်မ ပုဒ်ထီးခြားရေးရင် ပိုသဒ္ဒါမှန်သလို နံမည်မှာလဲ ပိုအဓိပ္ပါယ်ပြည့်တဲ့ နံမည်၂ခုပေါင်းစပ် (အဲ တခြားတော့ သိဘူးနော်)ထားတာ လူသိတာပေါ့။

နဲနဲ အမှားပါရင် ကော်မန့် ကို ဖျက်ပေးပါနော်။ တခါတလေ ကော်မန့် ပေးပြီးရင်ပြန်ဖျက်လို့ မရတတ်လို့ ပါ။

Anonymous said...

ကိုရင်နော်ခင်လေးငယ်ရဲ့ ဖြစ်တည်လာပုံလေး ဖတ်ပြီး ...
ဟာသလေးနဲ့ တကယ်ရန်ဖြစ်နေကြသလိုပဲ ..
haha
နေဒေးသစ်။

mgnge said...

အပြင်မှာလည်း ရန်ဖြစ်ပေမယ့် ပြန်ချစ်မယ့်သူငယ်ချင်းတွေပဲ...။

နာမည်က သိတာကြာပြီလေ.. ထူးဆန်းတော့ထူးဆန်း တယ်လို့ ထင်နေတာ
ခုတော့ပေါက်ပြီ

Anonymous said...

ဒီနာမည်လေးက ဒီလိုကိုးးးးးး)

လေးစားလျှက်
ရောင်