Saturday, June 14, 2008

ဇောက်ထိုးမိုးမျှော် Blog နှင့် ဆင်ဆာဖြတ်ခြင်း..

“ဟိုက်”
ကျုပ်လည်း မနက်အိပ်ရာနိုးလို့ Blog ထဲဝင်လိုက်တာနဲ့ “ဟိုက်” ခနဲဆို မျက်လုံးပြူး သွားပါလေရော.. ဇောက်ထိုးမိုးမျှော်ဖြစ်နေပါပြီဗျာ.. ကျုပ်တို့ Blog ကြီး ဇောက်ထိုးရယ်တဲ့ မိုးမျှော်လို့နေပါပြီ.. Side Bar လည်းရွဲ့ရွဲ့စောင်း စာတွေလည်း တိုးလိုးတွဲလောင်း စောင်းတဲ့ဟာကစောင်း ပြောင်းတဲ့ဟာကပြောင်း.. ကဗြောင်းတိ ကဗြောင်းဆန် ညက ကျုပ်တို့ Blog မုန်တိုင်းများမိသွားလေသလားမသိ...

ဒင်းလက်ချက်..!! ဒင်း..ကလိသွားတာနေမှာ ခေါင်းကိုတဗြင်းဗြင်းကုတ်ရင်း မျက်နာတောင် မသစ်အားတော့ဘူး Template ကို ပြန်လည်ပြင်ဆင်ရေးတွေ လုပ်ရတော့တာပေါ့.. နဂိုကမှ အလွဲလွဲအမှားမှား စမ်းတဝါးဝါး ကြိုးစားလုပ်ထား ရပါတယ်ဆိုမှ.. ခုတော့ ကိုးရိုးကားရားနဲ့ ပြင်ရခက်ပြီ.. အရေးပေါ် ကယ်ဆယ်ရေးလုပ်ဘို့ Template လေးကိုမှ Download လေး မချထားမိတာ ကျုပ်အပြစ်..

ဒင်းနဲ့တော့ခက်ပြီ.. ကျုပ်က ကျုပ်စိတ်ကြိုက်လေး ပြင်ထားရင် ဒင်းက ဒင်းစိတ်ကြိုက် ပြင်သွားပြန်ရော.. ကျုပ်ကတော့ ဒါလေးလှမယ်ထင်လို့ ဒီလိုလေးလုပ်ထားရင် ဒင်းက ဒါတော့မကောင်း ဒီလိုပြောင်းမယ်ဆိုပြီး ပြင်သွားပြန်ရော.. ဟုတ်မှာပေါ့ ဒင်းက အလုပ်မရှိ အကိုင်မရှိ အားအားရှိ ဒါဘဲကလိနေတာနေမှာ..ဒင်းတစ်မျိုးလုပ် ကျုပ်တစ်မျိုးလုပ်နဲ့ ကျုပ်တို့ Blog လည်း ခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ ဇောက်တိဇောက်ထိုး ဖြစ်လို့နေပါပြီဗျာ..

Post တင်ပြန်တော့လည်း ကျုပ်ကို အမျိုးမျိုးနှိပ်ကွပ် တိုက်ခိုက်သေးတယ် ကျုပ်ကသူ့ကို ပြန်ဆော်တော့လည်း မကျေမနပ်ဖြစ်ပြန်ရော.. ကျုပ်တင်မယ့် Post ကို သူ့ကို ဆင်ဆာအရင်တင်ရမတဲ့.. သူဖတ်ပြီး ကျေနပ်မှ Blog ပေါ်တင်မတဲ့.. ကယ်.. စဉ်းစားကြည့် ဖြစ်သင့်သလား.. လုပ်ပုံ. လုပ်ပုံ.. ကောင်းရော.. အမယ်.. သူပြောသလိုမလုပ်ရင် Blog ကို ပိတ်ပလိုက်မယ်လို့ ခြိမ်းခြောက်သေးသဗျ.. ဒါကြောင့် ကျုပ်ချစ်ချစ်ကပြောတာ ကိုကိုနော်တဲ့ သတိထားနော်တဲ့ ခင်လေးငယ် အရမ်းစိတ်ပုတ်တယ်တဲ့.. ဟုတ်ပ..

ဒင်းနဲ့ကျုပ် ဒီ Blog ရေးကြမယ်ဆိုပြီး စလုပ်ထဲက ဒင်းရေးချင်တာရေး ကျုပ်လည်း ရေးချင်တာ လွတ်လွတ်လပ်လပ် ရေးမှာဘဲလို့ သဘောတူထားတာကို.. ဘယ့်နယ်ဗျာ ခုမှ ဆင်ဆာတင်ရမတဲ့ ဒင်းကိုသာ ဆင်ဆာတင်ရရင်တော့ ဟို.. ဟိုလေ.. ဟို.. သတင်းစာလို သူရေးချင်တာတော့ ရေးပြီး ကျုပ်တို့ရေးချင်တာတော့ ရေးခွင့်မရတဲ့ဘဝ ဖြစ်သွားတော့မပေါ့.... မှားပါတယ်...။

(ကိုရင်နော်)

8 comments:

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုရင်နော်ရေ ထောက်ခံတယ်။ မတင်နဲ့ ဗျ။ တင်မယ့်အစား ကျနော်တို့ကို ဘီယာတိုက် ။

ခင်လေးငယ်ရေ ဆင်ဆာလုပ်ချင်ရင် ကျနော်တို့ကို ထမင်းကြွေးဗျာ များများကြီး ထောက်ခံမယ်။

မှတ်ချက်။ ။ ဦးရာလူ ၊ ဆိုင်ကောင်းကောင်းမှာ တည်ခင်းသူကို ထောက်ခံပါမည်။

ပါဂနာ said...

စိတ်လိုက်မာန်ပါတော့. မလုပ်ကြပါနဲ့ ဗျာ.

“နောင်ပိန့် .နောင်.ဟေ့.နောင်ပိန့် .နောင်” :)

ပျော်ရွှင်ပါစေဗျာ.

PP said...

လက်တွေတော့ မပါကြပါနဲ့
လက်မပါဘဲ တုတ်နဲ့ရိုက် ဓါးနဲ့ခုတ်။
ဒါက သက်သာတယ်. အဟဲ :P

ဒီဇင်ဘာနှင်း said...

တုတ်ယူမလား ဓါးယူမလား :P

mgthonnya said...

နောင်ပိန့် .နောင်.ဟေ့.နောင်ပိန့် .နောင် :P

Anonymous said...

တကယ် ရန်ဖြစ်နေကြသလိုပဲ ....
ဖတ်ပြီး ရီနေရတယ် ...
ခုရော ဆင်ဆာတင်နေကြရသေးလား ... haha
နေဒေးသစ်။

မယ့်ကိုး said...

မခင်လေး ရေ...နောက်မဆုတ်နဲ့ နော် ....ဗိန်းဗောင်းတီးပေးပါရစေ...:D
စတာနော် ကိုရင်နော် ရေ စိတ်မဆိုးပါနဲ့  ...

ချစ်ခင်လေးစားစွာဖြင့်
မယ်ကိုး

Anonymous said...

ဟီး ဟုတ်တယ်နော်။ ဦးနော်ကလည်း မမခင်လေးရေးတာဆို အမြဲလိုက်စနေတာကိုးးး။ ကောင်းတယ် ဦးနော်ပိုစ့်ကိုသာ ဆင်ဆာတင်ရရင်တော့ ရွကဂျာနယ်တွေလို အပိတ်ခံရနိုင်တယ်။း)

လေးစားလျှက်
ရောင်