Friday, July 11, 2008

“ဆုတောင်း” နှင့် “ဝက်ခေါင်းသုပ်”

ခင်လေးငယ်၏ ကြိုးစားပမ်းစားရေးထားသော Post လေးများအား သရော်ရန် အမြဲချောင်းနေသည့် စိတ်အလွန်ပုတ်သော စိတ်ပုတ်ကြီး “ကိုရင်နော်” ကို ရည်ရွယ်ကာ ရေးလိုက်သော ကြားဖြတ် Post လေးပါ...။

“ဆုတောင်း”
အပုတ်ကောင်
အရုပ်ဆောင်၍
ကိုရင်နော်
လူဖြစ်လာတဲ့ ဘဝ
စိတ်ပုတ်လို့ပွ
သြော်.........
ခင်လေးငယ်မှာ
ဒုက္ခရယ်တ...။

သူမရှိပါမှ
ရွှေရင်ရယ် အေးမယ်ထင်ပါ့
တောင်းဆုရယ်တ...။

ဖဲရိုက်တိုင်းအရှုံးနှင့်ညား
မြွေပွေးရယ် လိုက်ကာ
ကိုက်ပါစေသား...။


(ခင်လေးငယ်)Blume

........ အော်.. ဒင်းက ကျုပ်ကို ဖဲ့ထားတာကိုး.. ဟွန်း.. တွေ့မယ် ........
ခင်လေးငယ် တောင်းသောဆုအား.. မကျေနပ်၍ အသုပ် သုပ်စားခြင်း.....။

“ဝက်ခေါင်းသုပ်”
ကျုပ်အတင်းကို ဒင်းကတုတ်
ဆုတောင်းတာက မဟုတ်တရုတ်
သူထင်တာက အဟုတ်
ကျုပ်မြင်တာက မဟုတ်
စိတ်ထင်ရာလုပ်..
ဒင်းလက်ကို ကြိုးနဲ့တုပ်
ဓါးမကိုထုတ်..
ဆံပင်ညို လက်နဲ့ဆုပ်
ဆွဲကိုင်ကာ အမြစ်ပြုတ်
နားရွက်ကိုဖြုတ် ညီနေအောင်ခုတ်
မျက်လုံးကိုထုတ် ရေနွေးနဲ့ပြုတ်
သူ့မျက်နှာ ပေစုတ်စုတ်
ခုတ်လိုက်မယ် တဒုတ်ဒုတ်..!!!
အဟုတ်.. အဟုတ်..
ခင်လေးငယ် အစုတ်ပလုပ်တုတ်
လုပ်လိုက်မယ် ဝက်ခေါင်းသုပ်..။

(ကိုရင်နော်)

15 comments:

စူး said...

မိုက်တယ်.. အမြဲလာဖတ်ဖြစ်တယ်နော်.. ရီရလို့

တားမြစ် ထားသော... said...

လုပ်ကုန်ကြပါပြီ၊ ဟား..ဟား။
တယောက်ကလည်း မြွေပွေးကိုက်စေတဲ့၊
တကောက်ကလည်း ဝက်ခေါင်းသုပ် လုပ်ပလိုက်မတဲ့။
အောင်မလေး ကြောက်စရာ။ ချစ်ချစ်ခင်ခင်နဲ့ - ကိုရင်နော်ကလည်း အလံဖြူပြတဲ့အနေနဲ့ ခင်လေးကို ဝက်ခေါင်းသုပ် လုပ်ကျွေးလိုက်၊ ခင်လေးကလည်း အလံဖြူပြတဲ့အနေနဲ့ ကိုရင့်ကို မြွေပွေးနဲ့ ကစားပြလိုက်။
(အကြံပြုတာနော် ကြိုက်မှသုံး)

Tea said...

ရယ်စရာ ဟာသလေးတွေ နှောလို့ ..
ပျော်ရွှင်စွာ အားပေးသွားပါ၏.. :D

PP said...

အဲဒီလောက်တောင် ချစ်ကြတာကိုး။ ;P

Anonymous said...

ကိုရင်..
နင့်ကဗျာက ငါ့နံမည် ကိုဖြုတ်ပြီး
အသံထွက်ဖတ်ကြည့်တာ...
Hip Hop သီချင်းလို ဘာလိုလိုနဲ့ဟဲ့
တော်ကြာ “ပြိုင်းပြိုင်းပန်းလှိုင်” အဲ...
“စိုင်းစိုင်းခမ်းလှိုင်” လာ ဝယ်နေဦးမယ်...။

Dream said...

ဟားဟားး ရီရတယ်ကဗျာလေးက..
..ဖတ်ရင်းနဲ့တောင်ဝက်ခေါင်းသုတ်
စားချင်လာပြီကိုရင်ရေ....

မငယ်ရေ... မြွေသားကစားကောင်းတယ်လို့ကြား
ဖူးသားပဲ..ကိုရင်အတွက်မြွေလိုချင်ပြော။ဖမ်းပေးမယ်။

မြရွက်ဝေ said...

ဟယ်.... ရန်မဖြစ်ကြပါနဲ့။ နောင်ဂျိန် နောင်ဂျိန် အဲ ဘေးတီးပေးမိပြီ။ :D

အိတာ said...

လုပ်ပြီ.....ကိုရင်နော်နဲ့ ခင်လေးငယ်ကတော့...

သိပ်ချစ်ုကြတဲ့ သူငယ်ချင်းတွေရှိတာ.......

ကိုရင်ညိန်း said...

မခင်လေးငယ်ရေ >ကျွန်တော် ဖဲနိုင်ရင်

ကိုရင်နော်ရေ> ၀က်ခေါင်းသုပ်လာဝယ်စားမယ်ဗျ

အဟေးဟေး ။ မေးလိုက်ဦးမယ် ဘယ်သူက Tom ဘယ်သူက Jerry လဲ ။ ဘယ်သူက ဦးစိတ်တို ဘယ်သူက မျောက်ညိုလဲ ။ ဘယ်သူက ရေမြင်းလေး ဘယ်သူက နှင်းနှင်းလေး လဲ ။ အဟေးဟေး

Anonymous said...

ဂွတ်ရှယ်၊ ဂျွတ်တယ်၊ ထိတယ်ဗျို့...။

သိပ်လည်းမြှောက်မပြောရဲဘူး။ တော်ကြာ မခင်လေး စိတ်ဆိုးနေမှဖြင့်။ (ကျုပ်ကို ငြိမ်းချမ်းရေးကျောက်တိုင်ကြီး အဖြစ်သတ်မှတ်ထားတာဆိုတော့)

mgthonnya said...

ဟဟ...ဒီနှစ်ယောက်တားလဲရမှာဟုတ်ဖူး..နောင်ဗိန်၊နောင်ဗိန်
နောင်ဗိန် :P

Anonymous said...

အယ်...ဒီနှစ်ယောက် အမြဲရန်ဖစ်နေကြတယ် ဒါပေမယ့် ဖတ်လို့  ကောင်းတယ်ဗျ တစ်ယောက်က သုပ်လိုက် နောက်တစ်ယောက်က နယ်လိုက်နဲ့ ဟုတ်နေတာပဲ ;P

နှင်းပွင့်ဖြူ said...

အီး.... သူလုပ်မှပဲ ၀က်ခေါင်းသုပ် စားရမှာ တွန့်နှေးတွန့်နှေးဖြစ်နေပြီ.. ကိုရင်နော်နော်.. ခင်လေးငယ်ကို သိပ်အနိုင်မကျင့်နဲံ :P

မခင်လေးငယ်.. အနိုင်ကျင့်မခံနဲ့ သိလား.. ပြန်သာချ :P
အားပေးတယ်.. မနိုင်ရင် လာခဲ့ သိုင်းသင်ပေးမယ် ဟိဟိ

ဆောင်း said...
This comment has been removed by the author.
Anonymous said...

အဲ ကောင်းရော ......
မမခင်လေးကလည်း မြွေပွေးကိုက်ပါစေသားတဲ့။
ဦးနော်ကတော့ တခါတည်းကို အသုတ်လုပ်စားလိုက်တယ်။း)

လေးစားလျှက်
ရောင်