Tuesday, July 22, 2008

အချိန်နှင့်မိဘ...

အဖေနဲ့အမေ သက်ရှိထင်ရှား ရှိနေပါသလား..!!!
အချို့ အဖေရှိ အမေမရှိ.. အချို့ အမေရှိ အဖေမရှိ.. အချို့နှစ်ပါးလုံးရှိ အချို့နှစ်ပါးလုံးမရှိ.. ရှိရှိမရှိရှိ.. ရှိသူဖြစ်ဖြစ် မရှိသူဖြစ်ဖြစ် မျက်လုံးလေးခဏလောက် မှိတ်ထားပါ.. ရင်ထဲမှာ မိဘနှစ်ပါး၏ ချစ်ခြင်းမေတ္တာတွေကို တမ်းတရင်း.. အတွေးထဲမှာ.. အာရုံထဲမှာ.. သူတို့ပုံရိပ်တွေ ပေါ်လာသည်အထိ အာရုံပြုထားပါ...

မိဘမရှိတော့သူတွေအတွက်...
အာရုံထဲတွင် ပုံရိပ်ပေါ်လာသော မိဘမျက်နှာအား မြင်ယောင်ရင်း ဟိုး.. ငယ်ငယ် ကလေးဘဝမှစ ပြုစုစောင့်ရှောက်ခဲ့တာတွေ.. ဆိုဆုံးမခဲ့တာတွေ.. ပျော်ရွှင်ကြည်နူးခဲ့တာတွေ.. ပြုံးနေတဲ့... ပီတိဖြစ်နေတဲ့... ဝေဒနာခံစားနေရတဲ့ သူတို့မျက်နှာတွေ.. သက်မဲ့ခန္ဓာအား နောက်ဆုံး မြင်တွေ့ဦးချခဲ့ပုံတွေ... တစ်ခုချင်းကို ပြန်စဉ်းစားပါ မြင်ယောင်ပါ..
ပြီးလျှင် မိမိကိုယ်မိမိမေးကြည့်ပါ.. မိဘရှိသောခံစားချက်နှင့် မိဘမရှိသောခံစားချက်..၊ မိဘအပေါ် တာဝန်ကျေခဲ့သလား.. ကျေခဲ့တယ်ဆိုရင်..၊ မကျေခဲ့ဘူးလား.. မကျေခဲ့ဘူးဆိုရင်...

မိဘရှိနေသေးသူတွေအတွက်...
မရှိတော့သူတွေ မြင်ယောင်ခံစားသလို အားလုံးထပ်တူ လိုက်ပါခံစားပါ.. တစ်ရက်တော့ ရောက်လာမည့်.. ရင်ဆိုင်ကြုံတွေ့ရမည့်.. နောက်ဆုံးခရီး.. အသက်မဲ့ခန္ဓာနှင့် ခွဲခွာသွားမည့် အချိန်ကိုလည်း ကြိုတင်မြင်ယောင် ခံစားကြည့်ပါ.. မိဘများမရှိပဲ တစ်ကိုယ်တည်း ဖြတ်သန်းရမည့် အနာဂတ်ကိုလည်း မျှော်တွေးကြည့်ပါ..
ပြီးလျှင် မိမိကိုယ်မိမိမေးကြည့်ပါ.. မိဘရှိသောခံစားချက်နှင့် မိဘမရှိသောခံစားချက်.. မိဘအပေါ်တာဝန်ကျေခဲ့လား.. ကျေခဲ့တယ်ဆိုရင်..၊ မကျေဘူးလား.. မကျေသေးဘူးဆိုရင်...

အချိန်တွေရှိနေသေးတယ်...
သူတို့ရှိနေသေးတယ်.. အချိန်တွေလည်းရှိနေသေးတယ်... အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးနေတယ်.. ရင်မဆိုင်ရဲတဲ့ ထိုနေ့ရက်ကို ကြုံတွေ့ရဦးမယ်.. ဘာလုပ်ရမလဲ.. သူတို့ပေးခဲ့တဲ့ အကြင်နာမေတ္တာတွေ.. ကျေးဇူးတရားတွေ.. သူတို့ပြန်မတောင်းသော်လည်း အချိန်မှီ ပြန်လည်ပေးဆပ်နိုင်ပါ့မလား.. သူတို့ စိတ်ချမ်းသာရလေအောင် ဘာတွေလုပ်ပေးနိုင်မလဲ.. ဘာတွေလုပ်ပေးကြမှာလဲ...!!!


(ကိုရင်နော်)

14 comments:

တားမြစ် ထားသော... said...

ကျွန်တော့်မှာ အမိ၊အဖ နှစ်ဦးစလုံးရှိနေတယ်။ ဒါပေမဲ့ဗျာ ကိုရင်ပြောလို့ စဉ်းစားကြည့်လိုက်တယ်၊ ကျွန်တော် ဘာမှလုပ်မပေးနိုင်သေးဘူး။ သူတို့ကပဲ အမြဲတမ်း ပေးဆပ်နေခဲ့တာ.....
စဉ်းစားစရာ အတွေးကောင်းလေးပေးတာ ကျေးဇူးပါ။

Welcome said...

မိဘနှစ်ပါးလုံးမရှိတော့တဲ့ ကျွန်တော့်အဖို့ ပြန်ပေးဆပ်ဖို့ အချိန်နှောင်းသွားခဲ့ပါပီ။
အမှတ်ရအောင် အသိပေးတဲ့အတွက် ကျေးဇူးပါ။
-
ဝင်းဇော်

RePublic said...

ကိုယ့် ကို ကိုယ်အမြဲ ပြန်မေးဖြစ်တဲ့ မေးခွန်းပါ ၊၊အမြဲလည်းကြိုးစားပါတယ် ၊၊ခုထိ ကျေနပ်လောက်အောင် ပြည့်စုံမပေးစွမ်းနိုင်ခဲ့ဘူးလို့ ခံစားနေရဆဲ ၊၊ မိဘ က သားသမီးတွေအပေါ်ထားခဲ့တဲ့ မေတ္တာ အတိမ်အနက်ကို ကျွန်တော် ခုထိ လိုက်လို့မမီခဲ့ပါဘူး.. ကိုရင်ရေ ၊၊

မသက်ဇင် said...

မိဘနှစ်ပါးလုံးမရှိတော့ဘူးလေ။ တာဝန်မကြေခဲ့ဘူးလို့ ထင်တယ်
မရှိတော့သည့်မိဘနှစ်ပါးကိုကန်တော့ပါ၏

မသက်ဇင်

Anonymous said...

ကိုရင်....
ဒီ Post လေးကို ခင်လေးသဘောကျတယ်...
အရမ်းလည်း ဝမ်းနည်းမိတယ်...
နင်သိပါတယ်...ငါဟာ ခေါင်းမာတဲ့
“သမီးဆိုး” ပါ..။

၀ဿန်ဦး said...

မိဘဆိုတာ အစားမရပါခင္ဗ်ာ
မိဘရှိစဉ်မှာ ရသမျှ ကျေးဇူးဆပ်သင့်သလို မရှိတော့ တဲ့ သူတွေ အနေနှင့်လည်း လှူမျှဝေ၍ ကျေးဇူးဆပ်နိုင်ကြပါတယ်

မိဘကျေးဇူး အထူးသိတတ်နားလည်သော သားကောင်း သမီးမြတ်များ ဖြစ်ကြပါစေ....

အိတာ said...

အင်းစဉ်းစားသွားတယ်ကိုရင်ရေ...
ဘာတွေလုပ်ပေးနိုင်မလဲလို့ :D

Anonymous said...

မိဘနှစ်ပါးရှိသေးသည့်တိုင် တာဝန်မကျေသေးပါဘူး ကျေဖို့ စက္ကန့်တွေမိနစ်တွေနဲ့အတူ ရုံးကန်လှုပ်ရှားနေမိတယ် ကိုရင်ရေ..

Anonymous said...

အစ်ကိုရေ..
မိဘနှစ်ပါးလုံးရှိပါသေးတယ်..
တာဝန်လဲမကျေသေးပါဘူး
ဆက်လက်ကြိုးစားသွားမှာပါ..

Anonymous said...

အကို ကိုရင်ရေ .....

တကယ့်ကို အကျိုးရှိတဲ့ ပိုစ်လေးပါဗျာ... ။

ပန်းခရမ်းပြာ said...

မိဘ နှစ်ပါးလုံးရှိ နေပါတယ်။
နောက်ဆုံးအပိုဒ် " အချိန်တွေ ရှိနေသေးတယ်" ကိုဖတ်ပြီး ရင်ထဲမှာ ဆို့နငိ့မိတယ်။ ခုချိန်မှာ သူတို့ကို လိုတရ ဘဝမှာ ထားတာမို့ နောင်တ ရစရာ မရှိပေမဲ့ သူတို့ ခွဲခွာသွားမဲ့ အချိန်ကို စိတ်ကူးထဲမှာတောင် ရင်မဆိုင်ရဲပါဘူး။

Tea said...

အချိန်နှင့်မိဘ..

:(

မကျေသေးဘူး.. လုံးဝ မကျေဘူး.. အဟင့်

ကိုစွမ်း said...

မှန်ပါတယ် ကိုရင်နော် ရေ..တစ်ခါတစ်လေ အဲလိုလေး
တွေ စဉ်းစားမိတဲ့အခါတိုင်း အချိန်လေးတွေ ကျန်နေသေးတာ မှန်ပေမယ့် အချိန်တွေကို ကိုယ်တိုင်
မပိုင်ဆိုင်ရတဲ့ဘဝမှာ ... ပေးဆပ်ခွင့်လေးတော့ ရချင်ပါ သေးတယ်ဗျာ။

Anonymous said...

မိဘနှစ်ပါးလုံး ရှိနေပါသေးတယ်။ အခုအချိန်မှာ ဘယ်လောက်ပဲ လုပ်ပေးရလုပ်ပေးရ တာဝန်ကျေတယ်လို့ မခံစားမိပါဘူး။ မိဘတွေက ပေးဆပ်နေရတာပဲလေ။ ဦးနော်ကို ဒီပိုစ့်လေးအတွက် ကျေးဇူးတင်ပါတယ်။ ကြိုးစားပါ့မယ်။

လေးစားလျှက်
ရောင်