Monday, August 11, 2008

စိတ်ညစ်စရာ ဗိုင်းရပ်(စ်)တစ်မျိုး...

လူတွေကပြောကြတယ်...“ဘဝဆိုတာ ဆိုးတစ်ခါ ကောင်းတစ်လှည့်ပါ” တဲ့..။

“စိတ်ညစ်စရာ တစ်ခုကိုကျော်ဖြတ်ပြီးတိုင်း စိတ်ချမ်းသာစရာ တစ်ခုက အမြဲစောင့်နေမှာပါ”... လို့လည်း ဖြေသိမ့်တတ်ကြသေးတယ်..။

ကျမသိတဲ့ စိတ်ညစ်စရာ ဆိုတဲ့အရာဟာ ဗိုင်းရပ်(စ်)နဲ့တူတယ်။ ခန္ဓာကိုယ် အနှံ့မှာ ပျံ့ပွားလွယ်လွန်းတဲ့ ဗိုင်းရပ်(စ်)ထက်ဆိုးတဲ့ ဗိုင်းရပ်(စ်)တစ်မျိုး...

အဆိုးတစ်ခုကို ဖြတ်ကျော်လိုက်တာဟာ ဗိုင်းရပ်(စ်) တစ်ကောင်ကို သတ်လိုက်နိုင်ခြင်းပါ..။ ဒါပေမဲ့ နောက်ထပ် အကောင်ပေါင်းများစွာက အသတ်ခံဖို့ အဆင်သင့် စောင့်နေကြတယ်။

ချောက်နက်နက်ထဲကို ထိုးကျလိုက် အားကုန်သုံးပြီး ပြန်တက်လိုက်.. အပေါ်ရောက်လို့ သက်ပြင်းတစ်ချက် မှုတ်အထုတ် အမောတောင် မဖြေရသေးခင် ပြန်ဆွဲချခံလိုက်ရနဲ့ပေါ့...။

ဖေဖေနဲ့ မေမေ ပေးတဲ့ အသက်လေးနဲ့ ဘဝတစ်ခုဆိုတာ တည်မြဲနေရသော်လည်း ဗိုင်းရပ်(စ်)ပေါင်းများစွာကို လက်တွေ့မှာ သတ်နေရဦးမှာပါ....။

တစ်ကောင်ကို သတ်ပြီးချိန်မှာ ကိုယ်နောက်ထပ်သတ်ရမဲ့ အကောင်ဟာ သေးမလား..!! ကြီးမလား..!! ဘယ်လိုပုံစံနဲ့ ကျမကို စောင့်နေမှာလည်း..!!

သူ့ကို ယှဉ်ပြိုင် အနိုင်ယူ တိုက်ခိုက်ဖို့ အားအင်တွေ ဘယ်လောက် အသုံးချရဦးမှာလည်း..!! အသုံးချရမဲ့ ပမာဏက ကြီးမလား..!! သေးမလား..!! ဘာဆိုဘာမှ ကြိုသိခွင့်မရှိ။

တစ်ခါတစ်ခါ ပါးနှစ်ဖက်ပေါ်က မျက်ရည်တွေဟာ သူ့ကိုသတ်ဖို့ အားယူလိုက်ခြင်း ဖြစ်ချင်ဖြစ်မယ်..။ “တောက်” တစ်ချက်ခေါက်ပြီး ကိုက်ထားမိတဲ့ အောက်နှုတ်ခမ်းထောင့်က စီးကျလာတဲ့ သွေးတစ်ကြောင်းဟာလည်း ခုခံဖို့ အင်အား ဖြစ်ချင်ဖြစ်မယ်...။

ဒီလိုနဲ့ဘဲ ဗိုင်းရပ်(စ်)တွေနဲ့ နပမ်းလုံးရင်း ဆံပင်တွေဖြူ.. သွားတွေကျိုး.. ပါးရည်တွေ တွန့်ရဦးမယ်....။ နောက်ဆုံးရှုသွင်းမဲ့ အောက်စီဂျင်တစ်ငွေ့... နောက်ဆုံးမှုတ်ထုတ်ရမဲ့ ထွက်သက်... နောက်ဆုံးစက္ကန့် သေးသေးလေး အထိ..... အဲဒီ ဗိုင်းရပ်(စ်)တွေနဲ့ဘဲ....။

“ခု....ငါ ပူပူနွေးနွေး ဗိုင်းရပ်(စ်) တစ်ကောင်ကို သတ်ထားတယ်”

“လာစမ်း.. နောက်တစ်ကောင်.. ငါ အားသစ်တွေ ထပ်မွေးထားတယ်”

(ခင်လေးငယ်)

10 comments:

Anonymous said...

ခင်လေး ကြိမ်းလိုက်လို့ ထင်တယ် နောက်တစ်ကောင်က မလာရဲတော့ဘူးတဲ့း) ဒီလိုပါပဲ ခင်လေးရေ့ အခုလည်း ဗိုင်းရပ်စ် ကိုက်နေမယ် နောက်လည်းကိုက်နေအုံးမှာပဲ ကိုယ်က သတ်နိုင်ဖို့အရေးကြီးတယ်လေ သတ်လုံကောင်းဖို့  ပြင်ဆင်ထားကြတာပေါ့( ပြောသာပြောရတယ် ကျနော်လည်း အခ တစ်ကောင် သတ်နေတာ သေကိုမသေသေးဘူး )

Anonymous said...

မမခင်လေးရေ...
ဗိုင်းရပ်တွေကသတ်လို့ကိုမရ.. ပွားလာသလိုပဲ..
တစ်ခုပြီးနောက်တစ်ခု...
ဟားးး.........
အစ်ကိုတော်ပြောသလိုပဲသက်လုံကောင်းအောင်ပြင်ဆင်ထား
ကြဖို့ပဲရှိတော့တယ်..
အဆင်ပြေပါစေနော်.....

HAPPY CLOUD said...

အား... မိုက်တယ်ဟေ....တားတား ကတော့ ... ဗိုင်းရပ် သတ်ဖို့ ... ကိုရင်ဆီက တခွက်လောက် Download လုပ်လို့ရ မလား ဂျ... :P
ဖိုးမောင်

Dream said...

မမဂယဲဘိုင်းရပ်ဘဲတတ်နော်..ကိုရင်နော်ကိုဒေါ့တတ်ယ၀ူးနော်
ဟိးဟီး..နောက်တာပါ...:P

RePublic said...

အေး ..ကောင်းဟ ၊၊ ဘယ်လို မန့်မန့်ပေးရမလဲတောင် မသိတော့ဝူး ၊၊ မခင်လေးရေ ဗိုင်းရပ် ကို အိုလံပစ် ပွဲတွေနဲ့ ခဏ သတ်ထားနော်၊၊ တော်ကြာ ပရီးမီးယား စတော့မှာ ၊၊ ဟီး စိတ်ထဲပေါ်လာတဲ့ ဗိုင်းရပ်သတ်နည်းနော် ၊၊
ကိုရင်ကြီး DL လင့်ခ်ကြီးက လည်း ၊၊ဟီး
ဒီပါတ် သမားတော်စည်းဝေး ကို bottle & bottle shop မှာလုပ်မယ်ဂျာ ၊၊

Kaung Kin Ko said...

ပို့ စ်လေး ဖတ်ပြီး ဗိုင်းရပ်စ်တွေသတ်သွားတယ်း-)

တားမြစ် ထားသော... said...

ဗိုင်းရပ်စ်။.....။

စူး said...

ဘလော့တွေကို နေ့တိုင်း မဖတ်ရမနေနိုင်တဲ့ ဗိုင်းရပ်စ် သတ်ဆေး ရှိရင်ပေးပါ

thihanyein said...

ဆံပင်တွေဖြူ.. သွားတွေကျိုး.. ပါးရည်တွေ တွန့်ပြီးရင် လည်းဒေါ်ခင်လေးငယ်
နောက်ဘ၀မှာထပ်သတ်ရဦးမှာ မပူပါနဲ့ဗျာ …အဲဒီဘ၀သေရင်လည်း အဲဒီနောက်ဘဝ
မှာထပ်သတ်ရဦးမှာ မပူနဲ့ဗျို့ နောက်ဘ၀ နောက်ဘ၀ နောက်ဘ၀ ပေါ့ဗျာ..
သတ်ချင်သေးရဲ့လားဗျို့ ဟီဟီ

Anonymous said...

ဟုတ်တယ်နော် မမခင်လေး တစ်ခုပြီး တစ်ခု အစီတကျ ရောက်လာတဲ့ ဒီဗိုင်းရပ်တွေကို သတ်နိုင်ဖို့ အင်အားဆိုတဲ့ ဖိုင်လေးကို download ချထားရမယ်။ အမြဲတမ်းလည်း update လုပ်ပေးနေရမယ်နော်။

လေးစားလျှက်
ရောင်