Tuesday, September 2, 2008

ကလေးလေးတစ်ယောက် မွေးဖွားခြင်း...

ခင်လေးငယ်တစ်ယောက် ဘယ်အချိန်က အိမ်ထောင်ကျလိုက်ပါလိမ့်..!!! လို့ စဉ်းစားစရာတော့ ဖြစ်သွားမယ်ထင်တယ်း).. သံယောဇဉ်ဆိုတဲ့ ပိုစ့်လေးကို ဟိုတစ်လောက ကျမရေးခဲ့ဘူးပါတယ်.. အဲ့ဒီသံယောဇဉ်ဆိုတဲ့ကြိုးဟာ ခိုင်မာသထက် ခိုင်မာအောင် ကျမကို ရစ်ပတ်တွယ်နှောင်နေပါပြီ..။ ကျမတို့ဘလော့လေး စရေးဖြစ်ချိန်ထဲက နေ့စဉ်နေ့တိုင်း စာလေးတွေလာဖတ်ပြီး ချစ်စရာ စကားလေးတွေ ပြောသွားတတ်တဲ့ “ကလေးလေး” ဆိုတဲ့ စာဖတ်သူလေးတစ်ယောက်ရှိပါတယ်..။ ကျမကိုလည်း “မေမေခင်” လို့ ချစ်စနိုးခေါ်တတ်လို့ ကျမတောင် အမေအရွယ် ရောက်မှန်းမသိ ရောက်နေတော့တယ်း).. အခုတော့ ကျမအရမ်းချစ်တဲ့ “ကလေးလေး” ကို အပြီးအပိုင် မွေးစားလိုက်ပါပြီ.. သမီးလေးတစ်ယောက် အဖြစ်နဲ့ပေါ့..း) အခုချိန်ကစပြီး “ကလေးလေး” ဟာ ကိုရင်နော်ခင်လေးငယ် ဘလော့လေးရဲ့ အိမ်သားတစ်ယောက် ဖြစ်သွားပါပြီ.. ကျမတို့ ဘလော့လေးထဲမှာ ပြေးလွှားဆော့ကစားနေတဲ့ ကလေးလေးတစ်ယောက်အဖြစ် အားလုံးအားလုံး ဝိုင်းချစ်ပေးကြပါလို့..။
(ခင်လေးငယ်)


ကယ်.. ကြွရောက်လာတဲ့ ပရိသတ်အပေါင်းတို့ရေ.. ခင်လေးငယ်တစ်ယောက် “ကလေးလေး” ကို မွေးစားလိုက်တယ်ဆိုတော့ ကျုပ်ကလည်း အလိုလိုနေရင်း တူမလေးတစ်ယောက် ရတာပေါ့ဗျာ.. ကျုပ်ကလည်း ကျုပ်တူမလေးကို ချစ်ပါတယ်ဗျ.. ကျုပ်ကိုလည်း “ဦးနော်” လို့ ရင်းရင်းနှီးနှီး ခေါ်တတ်သေးတယ်..။ သူ့ရဲ့ချစ်စရာ မပီကလာ စကားသံလေးနဲ့ CBox တွေမှာ ရေးထားတဲ့ နှုတ်ဆက်သံလေးတွေကလည်း ဘလော့ဖွင့်လိုက်တာနဲ့ အရင်ဆုံးမြင်နေကျ..။ ဟိုအရင်ထဲက ကျုပ်တို့ ဘလော့ထဲလာပြီး ငါးကန်လေးနားမှာ ဆော့ဆော့နေတတ်တာ.. ကျုပ်က တစ်ချိန်လုံး ဆူနေရတာပေါ့ မတော်ငါးကန်ထဲကျသွားရင် ဘယ်လိုလုပ်မလဲနော်း).. “ကလေးလေး” ကိုလည်း ဘလော့ဂါတော်တော်များများ ရင်းနှီးပြီးသားပါ.. အခုတော့ “ကလေးလေး” ဟာ ကျုပ်တို့ ဘလော့လေးရဲ့ အိမ်သားတစ်ယောက်ဖြစ်သွားပါပြီ.. နောက်ဆိုရင် သူ့ကိုလည်း စာလေးတွေ ရေးခိုင်မယ်.. သူ့ မေမေခင် လိုတော့ အလွမ်းစာတွေ မရေးခိုင်းပါဘူး.. ကျုပ်လို ပေါက်တတ်ကရတွေ ရေးခိုင်းမယ်း).. တူဝရီးနှစ်ယောက်ပေါင်းပြီး ဒင်း(ခင်လေးငယ်) ကို ရန်စမယ်..(ဟဲဟဲ ခုထဲက ကိုယ့်ဘက်ပါအောင် စည်းရုံးထားရတာ)း).. ကယ်ဗျာ.. အားလုံးအားလုံးနော် “ကလေးလေး” ကို ကျနော်တို့ ဘလော့ရဲ့ ပုံရိပ်လေးတစ်ခုအဖြစ် သတ်မှတ်ပေးကြပါလို့..။
(ကိုရင်နော်)


အားလုံးဖဲ မင်ကလာဘာရှင်.. ကလေးလေးကို မေမေခင်တိုမေတ္တာတွေထားတာ အရမ်းပျော်တာ ပျော်လိုငိုတယ်.. ၀မ်းနဲလိုငိုတယ် အငိုထူမလေးလေ.. အဲတာကြောင့်လဲ ရောဂါဖစ်တာနေမှာ.. မေမေခင်နဲဦးနော် ကလေးလေးကိုချစ်ရင် ရန်ဖစ်ရဖူးလေနော် ကလေးလေးနေတတ်ဖူး.. ဦးနော်... အရင်ကလိုဆိုးနဲတော့ ဦးနော်မှာတူမလေး တယောက်ရှိနေပီ.. စာရေးဖစ်မယ်ထင်တာဖဲ ဘယ်ကစရေးရမလဲမတိလို့.. ဦးနော်နဲမေမေခင် သင်ပေး.. ခုကလေးလေးအိမ် ဖစ်ပီနော် တူငယ်ချင်းတွေ ခေါ်ပီး တောင်းကျန်းတောမယ် :P
(ကလေးလေး)


25 comments:

Anonymous said...

ကလေးလေး ရေ.. မေမေခင်နဲ့ဦးနော်တို့အိမ်မှာပျော်ပါစေနော်.. :P
ဒါနဲ့ သောင်းကျန်းရင် ပါမယ်နော် လာခေါ်လှည့် သိလား :P
မမခင်လေးနဲ့ ကိုရင်နော်ရေ...
ကလေးလေးကို ကြိုဆိုပါတယ်လို့ :)

မီးငယ် said...

နာ့ညီမလေးက မွေးစားမဲ့သူရှိသွားပြီ...

မေသူပိုင် said...

ကလေးလေးရေ ..... နာတို့ကချားစရာ အိမ်တစ်နေရာတိုးသွားပြီ လာလည်မယ်နော်
(အမလေးရှားရှားပါးပါ အက်ရာ မတတ်ဘူး)
ကလေးလေး ကိုရင်နော်နဲ့ မခင်လေးငယ်တို့အိမ်မှာ အတူတကွပျော်ရွင်ကြပါစေ
အားပေးနေမယ့်
မေသူ

ဇနိ said...

ထူးထူးဆန်းဆန်းးးးး
း)
ကြိုဆိုပါတယ်ဗျို့

Unknown said...

အော်.... ဂလိုကိုး။။။။။။
ကောင်း၏....... ကိုရင်နော်၊ခင်လေးငယ်နဲ့ ကလေးလေး ဘလော့ပေါ့နော်.........

PP said...

ကင်ပွန်းတပ်လေး ဘာလေးလုပ်
နေရာက ဆီဒိုးနားမှာ အဟိ

Dream said...

ဟေး...ဒါမှတီတီခင်ကွ...
ကလေးမွေးနေ့လုပ်ရင်လာဖိတ်နော်..
လက်ဆောင်အကြီးကြီးပေးမယ်။

ဟေ့..ထယေးယေး..နာတို့လည်းယာဂချားမှာနော်..
ဒါကြောင့်ထယေးယေးရဲ့ဘလော့ဂိုယာယည်ရို့မရ
ဒါဂိုး..

ဟေး..ဦးရင်နော်ကြီးလည်းတူမရသွားပြီ..
တီတီခင်နဲ့ရန်မဖြစ်ရတော့ဘူးနော်...

RePublic said...

ကိုရင်ရေ .. အောင်မလေးဗျ ..မခင်လေး ကလေးမွေးတယ် ဆိုလို့ မနည်းထလိုက်လာတာ ၊၊ဟီး ကလေးမွေးစား တယ်လုပ်ပါဂျ ၊၊

ကဲ ကလေး လေးရေ ..ဦးဦးက ကလေးလေးရဲ့ ဦးနဲ့ မေမေခင်တို့ရဲ့ တယ်ရင်းနော် ၊၊ လာလည်ရင် ကော်ဖီ ဖျော်တိုက် ..ဟုတ်ပီလား ၊၊

ကိုရင် ကြီး ..ဟီး ၊၊ တော်တော်နောက် ၊၊

Anonymous said...

ဦးဦးနဲ့ တီတီတားတားလဲပါတယ်ဂျ ကလေးမွေးလိုက်တယ်ဆို စီပုံးကဘာမှရေးလို့ကိုမရဘူး ဟွင့် အယ်ရာအယ်ရာ တဲ့ ကွန်နရှင်ကြီးလေ
တားတားလာလာကဂျားမယ်နော် ဦးဦးနဲ့ တီတီ
ကလေးလေး နော် ကလည်းကြိုဆိုပါတယ်ဂျ မင်ဂလာဘာ
ဦးဦး၊တီတီနဲ့ကလေးလေး အားလုံး မင်...ဂ...လာ....ဘာာာာာာာာာာာ ..အဟိ

Anonymous said...

ကိုရင်နော် ဦးဇင်းနော် ဖုန်းဖုန်းနော် (အဲလေ ယောင်လို့)
ကင်ပွန်းတပ် ဘယ်တော့လဲဗျ လာဖိတ်အုံးနော်
ကလေးလေးရောက်လာပြီပဲ ရန်မဖြစ်ကြနဲ့တော့နော်
ကောင်းတယ် ကြိုဆိုပါတယ်
Warmly Welcome Baby !

ဘလူးဖီးနစ် said...

ပုလုကွေးလေးလား :P

Anonymous said...

ဖြူစင်သန့်ရှင်း
အပြစ်ကင်းသော
ချစ်ခြင်းတို့ဖြင့် ကြိုဆိုသည်။

Anonymous said...

ကလေးလေးရေ..
သည်းခံပြီးနေနော်..တိရား..
မီးမီး လာလည်တိုင်း သူတို့ နှစ်ယောက်ကရန်ဖြစ်နေတာ.
ကလေးလေးသနာပါဒယ်.
မီးမီးအိမ်ပို့လိုက်ပါလား... ဟိ

thonn thonn said...

စာချုပ်စာတမ်းနဲ့လားဟင်။ အမွေစား အမွေခံဆိုရင်တော့ ကလေးလေးတစ်ယောက် ပွပြီပဲ။ ဟိဟိ။ အားကျလိုက်တာ။

mgthonnya said...

ကနေးကိုတားရဲမြင်ဖူးချင်တယ် ..အဟိ..:P

အိတာ said...

ကလေးလေးရေ...ရေးတာလေးတွေမျှော်နေမယ်နော်..
:)

Anonymous said...

ကိုရင်နော်...တော်တော် အလန့် တကြားဖြစ်အောင်လုပ်တယ်နော် ခင်လေး ခလေးမွေးတယ်ဆိုလို့  တကယ်များလားလို့  မွေးစားထားတာကိုးးး) ကလေးလေး ကိုကြိုဆိုပါတယ်ဂျာ ဦးဦးညိုးက မင်္ဂလာပါလို့  နှုတ်ခွန်းဆက်ပါတယ် :P

သက်တန့် said...

မခင်လေးငယ် ကလေးမွေးတယ်ဆိုပြီး ကိုရင်နော်က လာပြောလို့ လိုက်လာတာ...
ကလေးလေးကို မွေးစားတာကိုး...
ရှင်းရှင်းပြောပါ ကိုရင်နော်ရဲ့... မရှင်းLanguageနဲ့ ပြောသွားတယ်...
ကလေးလေးရေ... မင်္ဂလာပါရှင်...
သူရို့နှစ်ယောက် ရန်ဖြစ်ရင် မမဆီလာခဲ့နော်...
ရန်ဖြစ်တဲ့ကြားမှာ သွားနေရင် တင်းပုတ်နဲ့ အထုခံနေရမယ်... :P

Anonymous said...

ကလေးလေးကို နွေးနွေးထွေးထွေး ကြိုကြရဲ့
ဦးဦး တီတီ ကိုကို မမ တူငယ်ရင်းတွေ အားရုံး ကလေးလေး အရမ်းဝမ်းသာတာဖဲ
ကလေးလေး မျက်ရည်တောင်လည်တယ်
ကျေးဂျူးပါရှင်

Anonymous said...

က၄၄ အတွက် ဘီယာနဲ့ ၀ီစကီစိမ်ထားတဲ့ မုန့်တွေ ဦးဦး ၀ယ်လာတယ်။ ဟိုလူကြီးနှစ်ယောက်ကို ခွဲမကျွေးနဲ့။ အကုန်စားပစ်လိုက်...။ ဟီ ဟိ။။။

ကိုစွမ်း said...

:) အရမ်းအားရစရာ ကောင်းတာပဲဗျို. လာကြတဲ့ သူ
တွေအားလုံး တစ်ကယ် မခင်လေးငယ် ကလေးရပြီဆို
တော့ သူ့ထက်ငါ ဦးဆုံး သိအောင်လုပ်မယ်ဟဲ့ဆိုပြီး
လာကြတာ။ အမေနဲ့ တူလို့လား ဦးနော်နဲ့ တူမလားပဲ
ဗျို့ ကလေးလေးက ။ ကလေးလေးရေ ဦးနော်နဲ့ မေမေ
ခင်တို့ ရန်ဖြစ်အောင် ဦးစွမ်းတို့ဆီ လာတိုင်နော် ။ ကလေးလေးပျင်းရင် ဦးစွမ်းအိမ်ကို လာကစားလို့လည်း ရတယ်။ အိမ်မှာ ကလေးလေးနဲ့ ကစားဖော်ကတော့ တစ်ယောက်ပဲ ရှိတယ်။( ဦးစွမ်း)
အဟီး ... ကလေးလေးအတွက် မိသားစုတိုးလာတဲ့
အမှတ်တရ ပွဲလေးကို ကျွန်တော်တို့ဦးလေးတွေချည်း
စုလုပ်လိုက်ရအောင် ကိုနော်ကြီး အဟားဟား

:P said...

ဂွတ်ထ..ဂွတ်ထ..ကောင်းလှောင့်တေး

GreenGirl said...

ကလေးလေးရေ... မမလည်း ကြိုဆိုပါတယ်နော်...မမဆီမှာလည်း လာကစားနော်း)

Taungoo said...

လူကြီးရေးတဲ့စာအတွက်တော့ စာမူခ ချီးမြှင့်လို့ ဖြစ်ပေမယ့် ကလေးလေးရေးမယ့် စာအတွက်တော့ မုန့်ပဲပေးမှရမယ်။ ကလေးလေးဘာမုန့်စားချင်လဲဟေ့။

အကိုနော်နဲ့ အမခင်လေး တို့
ကျွန်တော့်ရဲ့ စာမူခလေးကို အမှတ်တရရှိတဲ့အတွက် ကျေးဇူးလည်းတင် ဝမ်းလည်းသာပါတယ်ဗျာ။

မေတ္တာဖြင့်

ရွှန်းမီ said...

:-) ..
သမီး မိန်းကလေးပါလား.. =)
ချစ်စရာလေး ..
နောက်လာလည်ရင် အရုပ်ယူလာမှပဲ .. ;)