Tuesday, October 14, 2008

အဖြေရှာမရတဲ့ပုစ္ဆာ အချစ်ဆိုသည်မှာ...


“အင်း.. ပြဿနာ.. ပြဿနာ.. ဒါဟာ တကယ်တော့ ပြဿနာပါလား...”


“ဟဲ့.. ကိုရင်.. ဘာပြဿနာတွေ တက်ပြန်တာတုန်း.. နင်ဟာလေ.. မူးပြီးရမ်းလာပြန်ပြီထင်တယ်.. ဂတ်တိုင်ခံရပြန်ပြီလား..!”

“ဘယ်ကလာ ဂတ်တိုင်ခံရမှာလဲ ငါ့ဟာငါ အဖြေရှာမရလို့ ပြဿနာတက်နေတာ..”

“ဘာလဲ.. အရက်ဖိုး ဘယ်က ချေးရမလဲ အဖြေရှာမရတဲ့ ပြဿနာလား..! ငါ့ လာချေးလို့တော့ ဆောရီးပဲနော် ဟွန်း”


“တော်တော် မိခင်လေးငယ် နင့်ဟာနင်အေးဆေးနေ.. ငါ့ပုစ္ဆာ ငါ အဖြေရှာမရလို့ အာရုံနောက်ရတဲ့ကြားထဲ..”


“အမယ် အမယ်.. ပုစ္ဆာ..! ဘာပုစ္ဆာတုန်း ငါ့ကို ပြောအုန်း..”


“နင်ဟာလေ တော်တော် စပ်စု.. လျှာရှည်တဲ့အမျိုး.. ဟဲ့.. အချစ်..! အချစ်..!! အချစ်ဆိုတဲ့ ပုစ္ဆာကို အဖြေရှာနေတာဟေ့ သိပြီလား...”


“ဟားဟားဟား.. အချစ်.. ဟုတ်စ..! ကြံကြီးစီရာ မတန်မရာဟယ်.. နင့်လို အော့ကျောလန် ဂေါ်မစွံကများ.. ကယ်.. လုပ်ပါအုန်း နင့် အဖြေက ရပြီလား..!”


“အော်ဟော်... မရသေးလို့ပေါ့ဟ.. တွက်တုန်း..”


“ဘာ... တွက်တုန်း..!! မြတ်စွာဘုရား.... အချစ်ဆိုတာ အဲ့လို တွက်လို့ ရလို့လား...!”


“ဟဲ့.. ရလို့ပေါ့ဟ.. နင်.. ဟို.. ဟန်သစ်ငြိမ် ဆိုတဲ့လူကို သိတယ်မလား..”


“အေ့.. သိသား.. ဟို.. မျက်မှန်ထူထူ ကာတွန်းရုပ်နဲ့လူလေ.. ဘာဖြစ်တုန်း.. အဲ့ဒါ”


“ဟဲ့.. သူများကို ကာတွန်းရုပ်လေးဘာလေးနဲ့..”


“အန်.. မဟုတ်လို့လား.. သူ့ဘလော့မှာ သူ့ပုံက ကာတွန်းပုံကြီးပဲဟာ..”


“ကယ်.. ထားပါ.. အဲ့ဒီ ကာတွန်း.. အဲ့ .. အဲ့ဒီပုဂ္ဂိုလ်က တွက်ထားတာ အ + ခ +ျ + စ +် = အချစ် တဲ့”


“အော်.. ဒါနဲ့နင်လည်း အားကျပြီး လိုက်တွက်မယ်ပေါ့.. အံ့ပါ့.”


“ဟဲ့.. မတွက်လို့မရဘူးဟ သူက ငါ့ကို တက် ထားတာ..”


“ဟမ်...!!!!!. နင့်ကို သူက တက် တယ်..!”


“အေ.. ဟုတ်တယ်ဟ..”

“.............”

“ဟဲ့.. အစုတ်ပလုတ် လဒူမ ငါ့ကို ပြူးကြည့်မနေနဲ့ တက်တယ် ဆို တာ Tag တယ်ကို ပြောတာ.. ဒူချက်.. ဟွန်းးး..!”


“အော်.. ဟားဟား.. မသိပါဘူး.. နင့်ဟာက..”


“@#$%^&+~... သေနာမ”


“ဟီးးး....”

“ဦးနော်.. ဦးနော်.. အချစ်ချိုတာ ကရေးရေး တိဒယ်..”

“အန်.. သမီးက ကလေးပဲရှိသေးတာ ဘယ်လိုသိတာတုန်း..”


“ဟဲ့.. ဟုတ်ပါရဲ့ သမီးက ဘယ်လိုလုပ်သိတာလဲ..”


“အာ... ဦးနော်နဲ့ မေမေခင် ကရဲ
ဒါရေးတောင်မတိဖူးရာ... ဒီမှာ.. ပလေးနိပ်ပီး နားထောင်လိုက်.... ဦးနော် တိချင်တာ အဒါဖစ်မယ် ဟုတ်လား....”

“ဟုတ်ပ... တွေ့လား ငမူးကောင် ငါ့သမီး ပြောတာဟုတ်သား..”

“အေးဟေးဟေး... ဟုတ်တယ်ဟ.. ဦးနော် တူမလေးက တော်တယ်..း) ”


“အဒါ ပေါတာပေါ့ ဦးနော်ရီးက ဒိတ်အောက်နေပါပီလို့..”


“မှတ်ပြီလား ကလေးတောင်ပြောပြီ... ခံ..  ခံလိုက်”


“ဟုတ်ပါပြီ.. ဘာပဲဖြစ်ဖြစ် အချစ်ဆိုသည်မှာ ပုစ္ဆာကိုတော့ အဖြေရပြီကွ.....”


တကယ်တော့ အချစ်ဆိုတာ လှပတဲ့သံစဉ်တစ်ခု..

ရင်ခုန်သံတွေနဲ့ ဖြေးဖြေးညင်သာ တီးခတ်နေသော်လည်း

အချိန်မရွေး ကြိုးပြတ်သွားနိုင်တယ် ဆိုတာကတော့...


ချစ်မိတ်ဆွေများ.. သံစဉ်လေးတွေ လှပနိုင်ကြပါစေ..

အားလုံးကိုခင်မင်လေးစားလျှက်..

(ကိုရင်နော်)

ကိုဟန်သစ်ငြိမ် တက် (Tag) လိုက်သော အချစ်ဆိုသည်မှာ အား ချစ်စွာသော ကိုထူးအိမ်သင် ၏ အကူအညီဖြင့် ရေးသားလိုက်ရပါကြောင်း.. :P

12 comments:

Anonymous said...

အင်း.. ကိုရင်က မိုးလင်းတဲ့ အထိ ကြိုးပြတ်တတ်တဲ့ ပုစ္ဆာကို စဉ်းစားနေတာကိုး... အဖြေကိုတော့ ကြိုက်သွားပြီဗျာ...း)။

ဗေဒါရီ said...

အဲ ... သီချင်းနားထောင်နေတုန်း ကိုမိုးမောင်က ကွန်မန့်ဦးသွားပြီ။
ကလေးလေး က အဖြေထုတ်ပေးလိုက်တာပဲ ... ကလေးလေး တော်တယ် ...း)

Anonymous said...

ကလေးလေးကအိမ်မှာအတော်ဆုံး..မေမေခင်နဲဦးနော်
ကရန်ဖဲဖစ်နေတာ..ဘာမှတိဖူး..ပုစ္ဆာအဖြေအားလုံးရှိ
ပီးတား..ခုတော့တိဖူးတိဖူးဗိုက်ဆာဒယ်..:P

Anonymous said...

သီချင်းလေး နားထောင်ကောင်းလွန်းလို့ မပိတ်ပဲနဲ့ကို အကြာကြီး နားထောင်နေတာဗျို့ ..
စိတ်ထဲကို အေးနေတာပဲ ..
ကလေးလေး တော်တယ် ... နောက်တစ်ခါ အိမ်လာလည်ရင် မုန့်ကျွေးမယ်နော် အဟဲ

RePublic said...

စိတ်ကူးကောင်းတဲ့ တယ်ရင်းကြီး ကိုရင်၊၊ သီချင်းလေး နဲ့ ကိုလစ်ကြီးတောင် ထိချင် သလိုဖြစ်သွားပီဗျာ ၊၊ တော်လိုက်တဲ့ ကလေးလေး ၊၊ အားလုံးကိုအမြဲသတိတရရှိနေလျက်ပါ ၊၊

ခင်မင်တဲ့
ဦးလစ်

Anonymous said...

အချစ် = အံ့သြမှုများနှင့် ရစ်ပတ်နှောင်ဖွဲ့ခြင်း.။

“ရင်ခုန်သံတွေနဲ့ ဖြေးဖြေးညင်သာ တီးခတ်နေသော်လည်း
အချိန်မရွေး ကြိုးပြတ်သွားနိုင်တယ် ဆိုတာကတော့...”

အချစ်တွေကို သံစဉ်ဖွဲ့လို့.. တီးခတ်နေတဲ့ ဂစ်တာကြိုးလေး တစ်ချိန်ချိန်မှာ ပြတ်ကောင်း ပြတ်သွားနိုင်ပါတယ်..... ဒါပေမဲ့ .... .... .... .... ....
ဘယ်တော့မှ ညာလို့မရတဲ့ နှလုံးသားထဲက တမ်းတခြင်းတွေရှိနေသ၍ ကြိုးမဲ့ဂစ်တာလေးက အန်ထွက်လာတဲ့ သံစဉ်တွေကို ရင်ဘတ်နဲ့နားထောင် ကြားယောင်လို့ ရတယ်ဆိုတာ.....!!!

Dream said...

အဟဲ..အဟဲ..ဦးနော်ကြီး အဖြေထွက်သွားပြီကွ.. ဒါဆို ဒီနှစ်သီတင်းကျွတ်မှာ
စားရမယ့် အိမ်တအိမ်တိုးသွားပြီ။ ဟီးဟီ.... :P :P

Anonymous said...

ဟိဟိ သူတို့  ၃ ယောက်တော့ဟုတ်နေတာပဲ ကိုရင်လည်းတော်တယ် ခင်လေးလည်း ဂူတယ် ခလေးလေး ကလည်း အကုန်သိနေတယ်း)

Anonymous said...

ကျေးဇူးအများကြီး တင်ပါတယ်ဗျို့... ဟို့ ဟို့... ဟွတ် ဟွတ်... အဟွတ်... (အချစ်တွေ အစားများလို့ ချောင်းဆိုးသွားတာဗျို့)

မေသူပိုင် said...

ဦးနော်လဲ
အခြစ်ကို ကလေးပြောမှဘဲ အဖြေထွက်တော့တယ်
ကလေးလေးရေ သမီးဦးလေးကို သမီးက မှ မပြောရင် ဒီသီတင်းကျွတ်မှာ ဦးနော် ကျွတ်တာ ဆိုလို့ ဆံပင်နဲ့ ပုဆိုးဘဲနေမှာ (အဲဒါတောင် ခင်လေးငယ်က စိတ်ဆိုးပြီးဆွဲချွတ်လို့ကျွတ်တာ ဒါမှမဟုတ်မူးပြီးကျွတ်တာ ):P
ကဲပါ ဘာဘဲ ကျွတ်ကျွတ် ကျွတ်သွားဘို့အေ၇းကြီးတယ်နော်
ခင်မင်လျက်
မေသူ

ဇင်ယော် said...

အဟား ကိုရင်နော်ကြီး ပုစ္ဆာကို အဖြေရှာတွေ. သွားပြီတဲ့။ ဟေဟေ. သီတင်းလည်း ကျွတ်ပြီဆိုတော့ ကိုရင် ဖိတ်စာ ဘယ်တော့ ကမ်းမှာလဲ။ လက်ဆောင် ကြီးကြီး ထုပ်ဖို့  ပက်ကင်စက္ကူကြီးကြီး လိုက်ရှာနေတယ်

Anonymous said...

ဟုတ်တယ်နော် အချစ်ဆိုတာ ရင်ခုန်သံတွေနဲ့ တီခတ်နေပေမယ် အချိန်မရွေး ပြတ်သွားနိုင်တဲ့ကြိုး တချောင်းပဲ။ လက်ခံပါတယ် ဦးနော်ရေ...

လေးစားလျှက်
ရောင်