Wednesday, November 5, 2008

ရယူခြင်း.!! ပေးဆပ်ခြင်း..!!

သူမရဲ့စိတ်တွေ စုစည်းလို့မရအောင် အတွေးတွေထဲမှာ ပျံ့လွင့်နေခဲ့ပီ... သူမ.. သူ့ကိုအရမ်းချစ်တာ.. သူမအတ္တကြီးကြီးနဲ့ သူ့ကိုချုပ်ကိုင်ခဲ့မိတာများလား...!! သူမ... သူ့အတွက် “အချစ်”ကလွဲရင် ဘာမှပေးနိင်ခဲ့ပါဖူး.. အဲ့...“အချစ်”ကကော သူ့ကိုဘယ်လောက်ထိ စိုးမိုးထားနိင်မှာတဲ့လဲ...!! သူမဆိုတဲ့သူမကလဲ တစ်ခါတစ်လေ ကလေးလေးတစ်ယောက်လို နူးညံသိမ်မွေ့နေတတ်ပီး.. တစ်ခါတစ်လေလဲ ကြံဖန်ကောက်နေတတ်တဲ့သူ... အရာရာနက်နဲစွာ တွေးခေါ်တတ်သလို အရာရာကိုလဲ “တိဖူး..” ဆိုတဲ့တစ်လုံးထဲနဲ့ မတိသလို နေပစ်တတ်သူလဲဖစ်တယ်....။

ကလေးတစ်ယောက်လို လွတ်လွတ်လပ်လပ် ရယ်မောနေတတ်ပီး.. သစ်ရွက်လေးတွေ ကြွေတာကိုကြည့်ရင်း ခံစားဝမ်းနည်းနေတတ်သူ လဲဖစ်ပါတယ်.. သူမရဲ့စိတ်တွေကိုကော သူ... ဘယ်လောက်ထိ နားလည်ပေးနိင်မှာလဲ..!! ခုချိန်ထိသူနဲသူမ ကမ္ဘာဦးကထဲက ရှိခဲ့တဲ့ “အချစ်” ဆိုတာကို စာလုံးပေါင်းမှန်အောင် ပေါင်းနေကြတုန်းပါဖဲ.. အစဉ်အလာအတိုင်းလဲ ရန်ဖစ်လိုက်ပြန်ချစ်လိုက်နဲပေါ့... စိတ်ကူးယဉ်မူတွေ... မျော်လင့်ချက်တွေ... ရည်ရွယ်ချက်တွေ ကိုယ်စီနဲ့ အချစ်ကို တည်ဆောက်ခဲ့ကြသူတွေ ဆိုလဲမမှားပါဖူး....။

သူဆိုတဲ့သူကကော အရမ်းကိုချစ်တတ်သူပါ.. သူမကိုအနိုင်းမဲ့လို့ ထင်နေတဲ့သူပေါ့... သူမကို လူကြီးဆန်ဆန် ပြောဆိုတတ်သလို.. ကလေးတစ်ယောက်လို ကြည်စယ် နောက်ပြောင်နေတတ်သူပါ... သူ့ဘ၀သူ အားငယ်နေတတ်သူလဲ ဖစ်ပါတယ်.. သူမကြောင့် အရာရာပြည့်စုံနေသလို... သူ့ရဲ့မျော်လင့်ချက်တွေလဲ ရှင်သန်နေတယ်လို့ ထင်နေတတ်သူပေါ့.. တစ်ခါတစ်လေ အရမ်းကြင်နာတတ်သလို တစ်ခါတစ်လေ ကြောက်စရာကောင်းအောင် ဒေါသကြီးပီး သ၀န်တိုတတ်သူလဲ ဖစ်ပါတယ်... သူနဲ့ သူမ တူညီတဲ့ အချက်လေးတစ်ခုကတော့ အရမ်းချစ်တတ်တာပါဖဲ...။

သူမကတော့ “အချစ်”ကို ပေးဆပ်ခြင်းနဲ့ တည်ဆောက်နေတတ်သူပါ... သူကတော့ရယူခြင်းနဲ့ သရုပ်ဖော်ချင်သူပါ... သူမရဲ့အတွေးတွေထဲမှာတော့ သူ့ကို သူမထက်ပိုပီး အစစအရာရာသာတဲ့သူ... သူမထက် အချစ်ကိုပိုပီး ပြည်စုံအောင် ဖန်တီးပေးနိင်တဲ့သူ.. သူမဆီကမရနိင်တာတွေကို ပေးနိုင်တဲ့သူ တစ်စုံတစ်ယာက်နဲ့ဖြစ်ဖြစ်.... အမှန်တစ်ကယ် ပျော်ရွှင်မှုတွေနဲ့ သာယာချမ်းမြေ့တဲ့ ဘ၀လေးကို သူ့ကိုပိုင်ဆိုင်စေချင်တာ... ဒါတွေအားလုံးဟာ သူမ... သူ့အပေါ်ထားရှိခဲ့တဲ့ “အချစ်”တွေပေါ့....

သူကတော့သူမကို ဘယ်သူ့လက်ထဲမှာမှ စိတ်မချသလို... သူမရဲ့အချစ်တွေကိုလဲ တစ်ယောက်တည်း ပိုင်ဆိုင်ချင်သူမျိုးပါ...။ ဘယ်လိုဖဲဖစ်ဖစ် သူမနဲ့နီးစပ်ခွင့်ရအောင် ကြိုးစားနေတဲ့သူ... သူမနဲ့နှစ်ယောက်ထဲ ရှိနေချင်သလို... ရင်ခုန်သံတွေ ကြည်နူးမူတွေနဲ့ ပေါင်းစပ်ထားတဲ့ အိမ်ရဲ့ဆွဲလွဲသံလေးတွေ ကြားမှာလည်းနေချင်ပြန်သူ....။ ဒါတွေဟာ သူ့ရဲ့သူမအပေါ်ထားတဲ့ အချစ်တွေ... မျှော်လင့်ချက်တွေဖဲပေါ့.. သူနဲ့သူမ“အချစ်”ကို ဘယ်လိုမြင်ကြပါလဲဟင်...!! ပေးဆပ်ခြင်းနဲ့ ပီးဆုံးမှာလား...!! ပိုင်ဆိုင်ခြင်းတွေနဲ့ဖဲ ပြည့်စုံစေရမှာလားဟင်....!!

လာဖတ်ပေးတဲ့သူတွေတိုင်း မိမိသဘောကျ ဆုံးဖြတ်ခဲ့ပေးခဲ့ကြပါနော်... စိတ်တိုင်းကျ အဆုံးသတ်ခွင့်ရှိပါတယ်... ကလေးလေးရဲ့ပို့စ်လေးကို ဖတ်ပီးပျော်ရွင်နိင်ကြပါစေ....... အရှိကိုအရှိတိုင်းလဲ ဝေဖန်ပေးခဲ့ပါလို့ တောင်းဆိုပါရစေ... မရေးတတ်တာကို လာဖတ်ပေးတဲ့အတွက်လဲ ကလေးလေးက ကျေးဇူးထူးရှယ်တင်ပါတယ်ရှင်..... အဲ့...!! မေ့လို့... “တိဖူး တိဖူး ဗိုက်ဆာဒယ်...” (((လက်သုံးစကားလေး မေ့ကျန်ခဲ့လို့လေ))) :P

P.S အခုတလော “အချစ်”အကြောင်းတွေဘဲ ဘလော့ရွာထဲမြင်မြင်နေတာမို့ ကလေးလေးလဲ တိသလောက် ဂျစ်ပြလိုက်တာပါရှင့်....။

(ကလေးလေး)

23 comments:

စိုင်းစိုင်းလားရှိုး said...

ရယူခြင်းမဟုတ်ရင် အချစ်ကဘာလည်း?
အဟေး ပေးဆပ်ခြင်းပေါ့နော့။

Dream said...

ရယူခြင်း မဟုတ်ရင် အချစ်ကဘာလဲ..ငါ့ကိုလည်း
ပြောပြဦးလေ.. နားမလည်လည်း ငါမေးမှာနေမှာပဲ...
မေးမှာပဲ..ဟယ်...~~~... အော်..တီချင်းရေးနဲ့
မွှားတွားဒယ်...ဟီးဟီး...

တိဖူး..တိဖူး... ဘိုက်ချာဒယ်..ဘိုက်ချာဒယ်... နာ့ဂို ဘာတွေရာမေးဒါယဲတိဖူး... ဂယ်ဖဲ..ဂယ်ဖဲ...အဲ့ဒီ နာ့တူနယ်ရှင်းရေးကလေ..
ဟွန်း..:P :P

GreenGirl said...

ကလေးလေးကလည်း အချစ်အကြောင်း ရေးတတ်တယ်နော်။ အချစ်ဆိုတာ ကိုယ့်စိတ်က ခံယူသလိုပေါ့ ကလေးလေးရယ်။ ပုံသေတော့ ပြောလို့မရဘူး။ ( အမှန်က မမစိမ်းလည်း သေချာမပြောတတ်လို့ :P )

Anonymous said...

လောကမှာ ချစ်ခြင်းဖွဲ့တွေဟာ ဘယ်နှခါပဲ ဖတ်ရ ဖတ်ရ၊ ခံစားရ ခံစားရ ရိုးသွားတယ်ဆိုတာ မရှိပါဘူးဗျာ။ ဖတ်လိုက်တိုင်း ခံစားမိတိုင်း ထိတွေ့မိတိုင်း အဖန်အဖန်အလည်လည် ခံစားရပါတယ်ဗျာ...။

ခင်မင်လေးစားစွာဖြင့်

မောင်ပိစိ said...

အင်း ချစ်နေဂျတာ သူရယ် သူမရယ် ၂ယောက်ပေါင်းတော့ ပီးတွားပီပေါ့
၁ယောက်၁လှဲ ပေးစပ်ခြင်း ရယူခြင်းနဲ့ ချစ်တွားမယ်ထင်တာပဲ
အဲလိုပဲချစ်
ပျော်စရာဂျည်း
အချစ်အကြောင်း သား တိဖူး တိဖူး
ဘိုက်စာဒါပဲတိဒယ်

RePublic said...

တယ်ရင်း ကိုရင် နဲ့ မခင်လေးတို့ရေ ကြည့်လုပ်ဦးဗျ ၊၊
ကလေးလေး က စာမကျက်ဘဲ အချစ် သင်ခန်းစာ လေ့လာနေတယ် ၊၊ ကဲ ..ကလေးလေးရေ ..အချစ်ချိန်ခွင် ထားပေးခဲ့တယ် ၊၊ ရယူခြင်း(သူ) နဲ့ ပေးဆပ်ခြင်း(သူမ) ကို ချိန်ခွင် တစ်ဖက်ဆီမှာတင်ပြီး ကိုယ်တိုင်ချိန်လေတော့ ၊၊ ညီမျှရင်တော့ အကောင်းဆုံးပေါ့ ၊၊ မညီမျှရင်တော သင့်တော်တာတွေကို လို တိုး ပို လျော့ လုပ်ပေတော့ ကလေးလေးရေ ၊၊

ခင်မင်တဲ့
ဦးလစ်

ဇင်ယော် said...

အယ် ကလေးလေးက ဘယ်လိုဖြစ်တာလဲ။ အချစ်အကြောင်းတွေ ရေးလို့ ပါလား။ ကဲ ဦးနော်နဲ့  မေမေခင်ရေ ဒီအတိုင်းပဲ ကြည့်နေတော့မှာလားဗျ။ ကလေးလေးရေ အချစ်ဆိုတဲ့ အဖြေအတွက် မသိကိန်းတွေကို သံယောဇဉ်နဲ့ စားပြီး ပေးဆပ်ခြင်းနဲ့  ရယူခြင်းကို ဘက်တူအောင် ညီမျှခြင်းချနိုင်ရင် အကောင်းဆုံးပဲလို့  ထင်တာပါပဲဗျာ။ ။ ဦးငှက်

Anonymous said...

ကလေးလေးက အချစ်အကြောင်းရေးလို့ပါလား
အပေါ်က ဦးဌက်တို့ ပြောသွားတဲ့အတိုင်းပဲ ကလေးလေးရေ.....

Anonymous said...

သမီးငယ်ငယ်...
တုတ်ကြီးကြီးကောက်ခဲ့... လာ..!!
အမေ့မှာတော့ ကျောင်းလခတွေ
ကျူရှင်လခတွေ အတွက် ရှာလိုက်ရတာ...

ကျောင်းက ကထိန်ပြန်ရင်တစ်မျိုး အာစရိယပူဇော်ပွဲဆို တစ်ဖုံ...! အတန်းပိုင်းတီချယ့်မွေးနေ့ကပါလိုပါ...!
သချာင်္ဆရာ့ကတော် နေမကောင်းလို့ ဟောလစ်ဝယ်ပေးလိုပေးရ...!
တယ်ရင်းမွေးနေ့ လက်ဆောင်ဝယ်ပေးဆိုပီး ဂျီလိုဂျီ...!
လွယ်အိပ်အသစ်ပူဆာလိုပူဆာနဲ့...!

ဟွန်းးး စာတော်တော်ကျက်တယ် ဟုတ်လား...!!
ကြိမ်လုံးသေးသေးလေးတွေ့အောင်ရှာလာခဲ့
ဒါဘဲ.....!!

Anonymous said...

အချစ်က ခါးလွန်းတယ်ပေါ့...မျိုးကြိး

အချစ် ဆိုသည်မှာ ..ထူးအိမ်သင်

အချစ်မှာအချစ် ..ဗလက်ဟိုး

အချစ် ...ကတော့ရယူချင်တယ်ဗျာ

ပိုင်ဆိုင်ချင်တယ်

ပေးဆပ်ပြီးတော့မချစ်ချင်ဘူး

ရင်မချီဘူး

.စာရေးကောင်းတယ်နော်

ဂျစ်ထားတာ လေးတွေအတွက်ကျေးဇူးနော်

ခင်မင်ချက်

:P said...

ကလေးလေး..
အချစ်ဆိုတာ သူ့ဆီကရယူခြင်း+ကိုယ်ကပြန်ပေးဆပ်ခြင်း
(၂) ခုစလုံးပါပဲ...အဲ..အိမ်ရှေ့မှာ ကျောင်းသွားဖို့
(ဆိုက်)ကား လာနေပြီ....နောက်မှဆက်ပြောမယ်။

Kaung Kin Ko said...

ဟာ..
ကလေးလေးတောင်မှ ခြစ်တတ်နေပြီ။ :P

ဗေဒါရီ said...

ကလေးလေးလဲ ကလေးဟုတ်တော့ဘူး ... အရွယ်ရောက်လာပြီထင်ပါရဲ့ ...
အချစ်အကြောင်းတွေ ရေးနေပြီပေါ့လေ ... ။
ဒါနဲ့ အလီရပြီလား ကလေးလေးရေ ... မရရင် မေမေခင် ရိုက်နေအုံးမယ်နော် :)

Unknown said...

ဒါမျိုးတွေရဲ ဖစ်တယ်နော် :P

pandora said...

ကလေးလေးက ဒီလိုစာမျိုးတွေ ရေးတတ်လား
အသက်ဘယ်လောက်ရှိပြီလဲ

ဖိုးဂျယ် said...

အချစ်လား။ အချစ်ဆိုတာအချစ်ပေါ့ ကနေးနေးရဲ. တားတားကတော့ ချစ်တာပဲတိတယ်ဂျ။ ပေးချင်ရင် ရောအင့် ယူချင်ပေးရဘူးပေးဆိုပြီး နိုမှာပေါ့ဂျ။

Chaos said...

ကယေးယေးက နေကောင်းကြောင်း ကို အဂျစ်နဲ့ သက်သေထူသွားပြီ။
အင်း သူနဲ့သူမ ကြားထဲကို နားလည်မှုဆိုတဲ့ဟာလေး ထည့်ပေးလိုက်ပါဦ။
ဒါဆိုရင် ပေးဆပ်ခြင်းနဲ့ ရယူခြင်း က အတိုင်းအတာ တစ်ခုအထိ ပျော့ပျောင်းသွားလိမ့်မယ်။
ဗိုက်ချာဒယ်ချို ထမင်းစားဦးလေ။ နေမကောင်းဖြစ်နေမယ်နော်။ ကလေးလေးရဲ့

ATN said...

ဖောင်းပွနေတယ်ဆိုလို့ လာဖတ်တာ ....
ဗိုက်ဆာဒယ်-နဲ့ အဆုံးသပ်သွားတာကို အကြိုက်ဆုံးပဲ...
ဘယ်လောက် ချစ်ချစ်... ဗိုက်ကတော့ အချိန်တန်ရင် ဆာလာတာပဲကိုး ....

WWKM said...

ကလေးလေး ရေ..
ကလေးပဲရှိသေးတာနော်...
အချစ်အကြောင်းတွေ စဉ်းစားနေပြီပေါ့..
တီတီငယ် ပြောသလို..တုတ်ကောက်လာခဲ့.. အဟီး

ချစ်လို့စတာနော်..စိတ်ဆိုးနဲ့

တီတီဝါ

တားမြစ် ထားသော... said...

အင်း ကလေးလေးဆိုတော့ အချစ်အကြောင်းကို စိတ်ဝင်စားနေတယ်။ အချစ်ကတော့ ဒီလိုပါပဲကွာ။ ခံစားကြည့် အရမ်းစိတ်ပင်ပန်းလာရင် မေ့ပြစ်လိုက်။ မေ့နိုင်ဖို့လည်း အစကတည်းက ပြင်ထားနိုင်ရင် အကောင်းဆုံးပေါ့။ ခံစားကြည့်ရင်း အဆင်ပြေရင်လဲ ဆက်ချစ်ကြတာပေါ့လေ။ နော။

သုခမိန်(E-journal)

Anonymous said...

ကလေးရယ်

ရေးတတ်လိုက်တာ

Comment ရေးမိရင်စိတ်အနှောက်အယှက်ပေးမိမှာစိုးလို့ အရင် ဘယ် Postကိုမှမရေးခဲ့ပါဘူး ဒါပေမဲ့ . . . ဒီတစ်ခါတော့ရေးပါရစေ

အဲ့...“အချစ်”ကကော သူ့ကိုဘယ်လောက်ထိ စိုးမိုးထားနိင်မှာတဲ့လဲ...ဟုတ်လား ?

အချစ်က စိုးမိုးထားတယ်ဆိုတာထက် ပိုပြီး ခွင့်လွှတ်နားလည်နိုင်စွမ်းရှိပါတယ်

လင်းလက် said...

ကလေးလေး
ကိုကိုဖတ်ပြီးတော့မငိုမိအောင်စိတ်ထိန်းလိုက်ရတယ်
ဖတ်ဖူးတာတော့ကြာပါပြီ...ခုချိန်မှာခံစားနေရတာတွေနဲ့
ပေါင်းပြီးတော့...ရင်ထဲမှကျဉ်ကနဲဖြစ်သွားတယ်
ကလေးလေးရယ်...ကိုကိုကလေးလေးကို သိပ်ချစ်ပါတယ်..။ကလေးလေးနေကောင်းပါစေ။

k2tmaung said...

ဆန္ဒနဲ့ဘဝ ထပ်တူကျနိုင်ပါစေ... ကလေးလေးရေ...
ကလေးလေးရဲ့accountကို k2 add ထားတယ်နော်...:)
onlineမှာ တစ်ခါမှ မတွေ့ဖြစ်ကြဘူး...:)
ခင်တဲ့
k2