Friday, December 19, 2008

ကလေးလေးအကြိုက်

တော်တော်ကြာနေပါပီ... ဦးဦးဟန်သစ်ငြိမ်က ကလေးလေးကို ကာတွန်းအကြောင်း တက်(ဂ်)တယ်တဲ့... ကလေးလေးရေးပေးတဲ့လေ... ဦးဦးကတောင် မေ့နေလောက်ပါပီ... အဲ့ဒါ ခုရေးပါပြီနော်...!!

ကလေးလေးပါဆိုမှ ကာတွန်းဆို အရမ်းကြိုက်တာပေါ့.. ကာတွန်းမှန်သမျှအကုန်ကြည့်ဖဲ.. ဒါပေမဲ့ အကြိုက်ဆုံးကိုမတွေ့ပါဖူး... အသစ်ပေါ်လာတိုင်းလဲ ကြိုက်လိုက်တာပါဖဲ... ဟိုတလောက ထူးထူးခြားခြားလေး ပြည်တွင်းဖြစ် ကာတွန်းကားလေး ကြည့်ဖစ်တယ်...

ကလေးလေး အရမ်းကြိုက်တဲ့ ကာတွန်းလေးတစ်ခုပါ... အမြဲလဲရှာဖတ်ဖစ်ပါတယ်.. အခုက.. သရုပ်ဆောင် မင်းသားမင်းသမီးတွေမပါဖူး... ကာတွန်းပုံလေးတွေနဲ့ ရိုက်ထားတဲ့ဗွီဒီယိုကား... ကလေးလေးကြိုက်တဲ့ တွတ်ပီကားလေးပေါ.့. ကားနာမည်ကလေ...“မြိုင်ရာဇာတွတ်ပီဧ။် စွန့်စားခန်းများ...” တဲ့...။

ဇာတ်လမ်းအစလေးကိုက ကြုံထိုင်းရွာလေးကို သရုပ်ဖော်တာ အရမ်းပီပြင်တာ.. ဟင့်..ဟင့်... ကလေးလေးတော့ ကြည့်ရင်းနဲ့ ဦးနော်နဲ့ရွာကို လွမ်းတဲ့စိတ်ပါပေါ်လာမိတာ... တိရစ္ဆာန်ပေါင်းစုံရဲ့ စရိုက်လေးတွေကို ရီစရာဖစ်အောင် ရိုက်ထားတယ်..

သရုပ်ဆောင်တွေကတော့... မိန်းမအရမ်းကြောက်တဲ့ မုဆိုးကြီး မြိုင်ရာဇာတွတ်ပီ ((ဦးနော်ကတော့ ဒူ့ကိုကြောက်လည်းတိဖူး..)) ယောကျာ်းကိုအလွန်နိုင်တဲ့ အပေါ်အောက်ခံ အင်္ကျီမပါတဲ့ မသေးမျှင်... မသေးမျှင်ရဲ့မောင် တွတ်ပီရဲ့ယောက်ဖတပည့် မုဆိုးလေး ဗိုက်ကလေး ကြုံတိုင်းရွာသူကြီး ဦးဘစီ... ဂေါ်မစွံလူပျိုကြီး စောမောင်တင်မောင် ((ဦးနော်ကို စောင်းပြောတာဟုတ်ဖူးနော်..!!)) နှင့် တခြားကာတွန်းပုံလေးပါတဲ့ ဗွီဒီယိုကားလေးပါပဲ...

အဲ့ထဲက ကလေးလေးကြိုက်တဲ့ စကားလုံးလေးတွေက.. “ဒီနေ့တွတ်ပီကံမကောင်းပါလား...” “လောကကြီးက တလှည့်စီပါလား..” (မိန်းမခိုင်းတိုင်းလုပ်ရင်) “မုဆိုးလည်းသားကောင် သားကောင်လည်းမုဆိုး” တဲ့ ပြောပြပီးပီနော်.. ရှာကြည့်ကြတော့နော်... ကလေးလေးကူရှာပေးမယ် တိလား..!! ကလေးလေးက ထွေထွေထူးထူး မညွှန်းတတ် မရေးတတ်လို့ ဒီလိုလေးဖဲ ပြောပြရတာပါနော်..။

ကလေးလေးကတော့ကြိုက်လွန်းလို့ ခဏခဏကြည့်ဖစ်တယ် အခု.... ပိုစ့်ရေးရင်းလဲ ကြည့်နေသေးတယ်.. အရမ်းရီရပီး အရမ်းကောင်းတဲ့ ကာတွန်းကားလေးမို့ ကြည့်ဖစ်အောင် ဒီနေရာလေးမှာ ကြည်ြ့ကပါနော်.. အဟိ.. ကြည့်ဖို့ ပိုက်ပိုက်လေးတော့ လိုရယ်နော်... ခုတော့ တိဖူးတိဖူး..ဗိုက်ချာဒယ်.....!!

(ကလေးလေး)

ဦးဦးဟန်သစ်ငြိမ်ရေ.... ကလေးလေးတော့ မရေးတတ် ရေးတတ်လေးနဲ့ ကြိုးစားပီးရေးလိုက်ပါပီ.. မုန့်လာဝယ်ကျွေးတော့နော်

19 comments:

Anonymous said...

ကဲ...
အရပ်ကတို့ရေ.. ကျမသမီးလေးက အဲ့လိုတော်တာ.. သိလား..!!
ကျက်လိုက်တဲ့ စာ... အဲ့ ကာတွန်းတွေ..
ဟွန်းးးးး
ကြိမ်လုံးသေးသေးလေးတွေ့ရင် လာပို့ကြပါဦး..

ဗေဒါရီ said...

ကလေးလေးရေ ... ပျောက်နေတာကြာလို့ လွမ်းနေတာ။
တို့လည်း တွတ်ပီကြိုက်တယ် ... အတော်ပဲ ... ကျောင်းပိတ်တုန်း ကလေးလေးပေးတဲ့ လင့်ခ်က ကာတွန်းကား ကြည့်လိုက်ဦးမယ်။း)

စိုင်းစိုင်းလားရှိုး said...

ကလေးလေးရေ... မရှောင်ရင်လွတ်တယ်တဲ့။ မေမေခင် ရိုက်ရင် မရှောင်နဲ့နော်...အဟေး.............

Kaung Kin Ko said...

ကလေးလေးရေ။ ဦးကို လည်း ကာတွန်းကား ကြိုက်တယ်ဟေ့။

Anonymous said...

ဦးငယ်လည်း တွတ်ပီကြိုက်တယ်ဆိုတာ သိပြီးသား မဟုတ်လား၊ တွတ်ပီဆို သိပ်ကြိုက် ...။ :)

Anonymous said...

ခလေးလေးရေ့ ဦးမျိုးလည်း မသေးမျှင်လို မိန်းမရမှာကြောက်တယ် အပေါ်အောက်ခံ အင်္ကျီမပါတာ အဲ့တာ စတိုင်လ်လေဗျ ဘာတွေလိုက်ပေါနေလဲမတိ ဒီခလေးး =)

RePublic said...

ကလေးလေး လုပ်လိုက်ပြန်ဘီ ၊၊ ပေးတဲ့လင့်ခ် က ပိုက်ပိုက်နဲ့ မှကြည့်လို့ရမယ်ထင်တယ် ၊၊ များပီ ၊၊

Anonymous said...

အနော်လည်း တွတ်ပီကြိုက်တယ်..နာလည်းတူတူလာကြည့်မယ်.. မေမေ့ကိုလက်ဖက်သုပ်ကျွေးခိုင်းနော်..း)

mgngal said...

ဒီနေ့ ကံကောင်းတယ် ။ ကလေးလေး ပို့ စ် ဖတ်ရလို့  ။ :)

သံလွင် HeRo said...

ကလေးလေးရေ...ဖတ်သွားတယ်နော်...နောက်နေ့မုန့်ကျွေးမယ်လာစားအုံး

Anonymous said...

သမီးရေ.. ဦးနော် လာဖတ်သွားတယ်ကွယ်..
သမီး စာကျက်နော် ကာတွန်းကားတွေပဲ ကြည့်မနေနဲ့.. ဦးနော် မုန့်ဝယ်လာမယ်နော်..
သမီး မေမေခင်ကိုပြောလိုက် ဦးနော် က သိတ်ကျေနပ်တာမဟုတ်ဘူးလို့.. နော်

ချစ်တဲ့
ဦးနော်

Anonymous said...

ချစ်စရာကောင်းသော POST တစ်ခုပါ တွတ်ပီအလွန်ကြိုက်ပါ၏ မူရင်းကာတွန်းဆွဲသူ ဦးဆွေမင်း-ဓနုဖြူ ( ကွယ်လွန်) ကို လဲသတိရမိပါ၏

HAPPY CLOUD said...

ကလေးလေးရေ.. ဦးဦးဖိုးမောင်လည်း... ဆရာတွတ်ကို အရမ်းကြိုက်တယ်ကွ...
ဖိုးမောင်

မိုးသား said...

လာပြီး ပညာယူသွားပါတယ် အစ်ကိုရေ..
ကျွန်တော်လည်း ဒါကို ရေးရဦးမှာဗျ..
ကျေးဇူးပါ

Anonymous said...

နောက်ကျပြီးမှ ရောက်လာတာ ချောရီးဗျာ။
ကျေးဇူးအများးးးးးးးကြီး တင်ပါတယ်။

တောင်ပေါ်သား said...

ဒီနေ့ ကံမကောင်းပါလား ဟီးး တွတ်ပီအတိုင်းပဲ ကလေးလေးရေ ဦးတွတ်ပီလေးကို လာကြည့်သွားတယ်နော့်

Anonymous said...

တွတ်ပီကိုကြိုက်တယ်ဗျ။
ကာတွန်းကားတော့ နက်မကောင်းလို့ နောက်မှ
လာကြည့်မယ်ဗျာ

ဖိုးဂျယ် said...

တာတွန်းတားက ပိုက်ပိုက်နဲ့ ကြည့်ရတာဂျီးကို
တားတားက အယကားကြည့် ဂျင်တာဂျ
တိုတိုတယေးယေးရ

Dream said...

ကာတွန်းကြိုက်တယ်လား... နောက်နေ့မှတွတ်ပီစာအုပ်တွေ
ဝယ်ပြီးပေးမယ်.. ဟိဟိ