Sunday, December 7, 2008

“အဖြည့်ခံရဲ့.. ဒီဇင်ဘာ”


နှစ်တစ်နှစ်ကို နှုတ်ဆက်ဖို့

နောင်တော်လ ဆယ့်တစ်ပါးက စေလွှတ်လိုက်တဲ့ အထွေးဆုံးလ...။

မျက်တောင်တွေပေါ်မှာ နှင်းဖွေးလေးတွေ
တွဲခိုနေရာယူ လေအေးအေးတွေဝေ့ဖို့ ရာသီရွေးလို့ ပေးတတ်တဲ့လ...။

သစ်ပင်တွေပေါ်မှာ ကြယ်လေးတွေ ရောင်စုံချိတ်
မှိတ်တုတ်မှိတ်တုတ်နဲ့ သံစဉ်တူညီ မြူးထူးကခုန် တေးဆိုခိုင်းတတ်တဲ့လ...။

ခိုးခိုးခစ်ခစ်နဲ့ ချစ်သူတွေ လက်ချင်းတွဲလို့
ဘုရားကျောင်းဝင်းထဲပြေးဝင် ရင်ခုန်သံတွေ လှစေဖို့ တန်ခိုးတော်ပြတတ်တဲ့လ...။

ခေါင်းလောင်းသံလေးတွေ တိုးတိုးနွဲ့နွဲ့
ကလူသလို မြှုသလိုနဲ့ ချွဲချင်တိုင်း အချွဲပိုအောင် သင်ပေးတတ်တဲ့လ...။

ဦးထုပ်လေးတွေ အပြိုင်အဆိုင်စောင်းလို့
လက်အစုံမှာ လက်အိပ်ဖြူလေးတွေ နေရာယူဖို့ အမိန့်တော်ပေးတတ်တဲ့လ...။

လေပြေအေးလေးအဝေ့မှာ လွင့်လွင့်လာတဲ့
သင်းပျံ့သန့်စင် ချစ်သူ့ကိုယ်နံ့လေး ချိုအီထုံသင်းအောင် ဖန်ဆင်းတော်မူတတ်တဲ့လ...။

ကဗျာဆန်နိုင်သူတွေအတွက် ကာရံတွေထပ်လို့
ကလောင်ထက်မှာ ကဗျာလေးတွေအံထုတ်ဖို့ မှော်သွင်းပေးတတ်တဲ့လ...။


ချစ်သူပေးတဲ့ လက်ဆောင်ထုပ်လေးတွေကို
ကိုယ်စီဖြည်ရင်း အနမ်းပါးပါးလေးတွေ ဖလှယ်ဖို့ င်ခုန်သံတွေဝေအောင် ညှို့စေတတ်တဲ့လ...။

ပီတိတွေကိုစား ပျော်ရွှင်ခြင်းကို ဆုပ်ကိုင်လို့
မိသားစုတွေ ပြန်လည်တွေ့ဆုံဖို့ ဆုံမှတ်လေးဖြစ်ပေးတတ်တဲ့လ...။

ပျော်နိုင်သူတွေပျော်ကြဖို့ နားလည်မှုကို ဖဲ့ခြွေခင်းလို့
တိတ်တိတ်လေး မျက်လွှာကိုပိတ် အဖြည့်ခံပေးသူ တစ်ဦးအတွက် ဘာမှမပေးတတ်တဲ့လ...။


မင်းပို့လိုက်တဲ့ လက်ဆောင်လေးကိုအဖွင့် အဖန်တစ်ရာမက်နေကြ ကြေမွမွ
အိပ်မက်ဟောင်းလေးသာ.. အထုပ်လေးထဲက ခုန်ပေါက်ပြေးထွက်လာဖို့ တစ်ခုကလွဲလို့
ို့...
(အဖြည့်ခံသူ ငါ့အတွက်တော့) တစ်ကယ်... တစ်ကယ်ပ
ါ....
ဘာဆိုဘာမှ ပေးစွမ်းနိုင်စွမ်းမရှိလွန်းတဲ့ အစွမ်းအစမဲ့လ...။

(ခင်လေးငယ်)

18 comments:

:P said...

အဲလိုတော့ မထင်ပါနဲ့လေ....ဒီဇင်ဘာက ပျော်ရွှင်စရာ တစ်ခုခုတော့ပေးမှာပါ...

GreenGirl said...

ပျော်စရာတွေ၊ လွမ်းစရာတွေ ပေးတဲ့ ဒီဇင်ဘာပေါ့ မမခင်လေးရယ်

Anonymous said...

နှစ်တစ်နှစ်ကို နှုတ်ဆက်ဖို့
နောင်တော်လ ဆယ့်တစ်ပါးက စေလွှတ်လိုက်တဲ့

အထွေးဆုံးလေးက
အတွေး..မဆုံးနိုင်အောင်...

အိန္ဒြာ

RePublic said...

အိုး ..ဒီဇင်ဘာ ....

မခင်လေး ရဲ့ခံစားမှုတွေနဲ့ ပြည့်ကျပ်နေတဲ့ လတစ်လ ပါပဲ၊၊ တင်စားထားတာလေးတွေ မိုက်တယ်ဗျာ ၊၊ ကိုရင်ကြီး တောင် သနားသွားလို့ မစတော့ဘူးထင်တယ် ၊၊ :P

အမြဲခင်မင်တဲ့
ကိုလစ်

Anonymous said...

ဒီဇင်ဘာက တွေးကြည့်ရင် လွမ်းစရာကြီးပဲ ။

စိုင်းစိုင်းလားရှိုး said...

အိုး ဒီဇင်ဘာ မင်းပြန်လာပါ နှင်းတွေတဖွဲဖွဲကျ သိပ်သတိရ
ခင်လေးရေ......... ဒီဇင်ဘာရောက်ရင်လေ...... ရင်ထဲမှာတစ်မျိုးကြီးပဲ ဆန်အရက်ကို ပိုလွမ်းတယ်

ပန်းခရေ said...

ဒီဇင်ဘာကိုချစ်တယ်
ဒီဇင်ဘာကိုမုန်းတယ်
ဒီဇင်ဘာကိုလွမ်းတယ်
ဒီဇင်ဘာမှာ အသဲကွဲတယ်
ဒီဇင်ဘာမှာ စချစ်တတ်တယ်
ဒီဇင်ဘာက ကိုယ့်အတွက် ဒွန်တွဲမှုတွေပေးစွမ်းနိုင်တယ်

ဗေဒါရီ said...

ဒီဇင်ဘာကို ဖွဲ့ထားတာလေး လှတယ်။

ကျွန်မကတော့ အစွမ်းအစမဲ့လ လို့ မထင်ဘူး။ ရှေ့လာမယ့် နှစ်သစ်ဦးအတွက် အင်အားသစ်တွေ ဖြစ်စေမယ့် လ .. များလားလို့ တွေးမိတာပဲ။

Dream said...

ဒီဇင်ဘာလိုလွန်ကဲတဲ့အအေးဒဏ်ကို ရူးခဲ့သူ
တစ်ယောက်.. ...
အော်..သီချင်းနဲ့မွှားတုန်ပီ..ခစ်ခစ်

တီတီ အရေးအသားက လန်းတယ်နော်... မက်
မက် မယ်မယ်လို့ မပြောရဘူး.. တော်နေတာက
ခစ်ခစ်

Anonymous said...

အမေ့အိမ်နဲ့ဝေးနေတဲ့ အဝေးရောက် blogger တွေရဲ့ ရင်ကို ဓါးနဲ့ခွဲ ဆားနဲ့သိပ်သလို အလွမ်းတွေ ဖိတ်ဝေစေတဲ့ လ ... ။

Anonymous said...

ဒီဇင်ဘာ ဆိုတာ အိမ့်အတွက်တော့ ထူးမခြားနားတလပါပဲ ဘာမှခံစားချက်မရှိဘူး။
အဲ.... ကျိုက်ထီးရိုးတော့ သွားချင်တယ်ဗျာ။

Anonymous said...

ဒီဇင်ဘာဆိုတာ ခြောက်ကပ်ကပ် လွမ်းဆွေးကွဲအက်နေတဲ့ ကြာရှည်လွန်းတဲ့ လတစ်လပါ.. အဲ့ဒီလို နေ့တွေ လတွေနဲ့ နှစ်တွေ ဖြစ်သွားမှာတော့ စိုးရိမ်မိတယ်..

Moe Myint Tane said...

အဖြည့်ခံ ဒီဇင်ဘာလေး ဖွဲ့ဆိုထားတာ တော်တော်ကောင်းတယ်အမရေ။ နောက်ဆုံးနှစ်ပိုဒ်ကတော့ တော်တော်ထိတယ်အမရေ။ အရေးအသားလေးတွေက လှပသေသပ်တဲ့ ကဗျာလေးတစ်ပုဒ်ပါ။ နောက်ထပ်ကဗျာလေးတွေလည်း မျွှော်နေဦးမယ် အမရေ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Kaung Kin Ko said...

ကဗျာလေးက ကြည်နူးစရာ ကောင်းပြီး အဆုံးကျတော့ လွမ်းသွားတယ်။ ရေးတတ်လိုက်တာ။ အပိုဒ်တိုင်းက ဆွဲဆောင်မှု အပြည့်နဲ့ ။ အစဆုံး အပိုဒ်လေးက ချစ်စရာအကောင်းဆုံးပဲ။

ဇင်ယော် said...

ဒီဇင်ဘာကို ညွှန်းဖွဲ.ထားတာ အတော်လှတဲ့ ကဗျာလေးပဲဗျ။ အပိုဒ်တိုင်းမှာ ဖွဲ.ဆိုသွားတာပဲဗျာ ဘာမှ ပေးစွမ်းနိုင်စွမ်းမရှိတဲ့ အစွမ်းအစမဲ့လတော့ မဟုတ်လောက်ပါဘူး။

မီယာ said...

ဒီဇင်ဘာက စွမ်းအားတွေ အမျိုးစုံပေးနိုင်တဲ့လ
မျှော်လင့်ချက်အပြည့်နဲ့ ခြေလှမ်းသစ်စဖို့ လ။

ကိုရင်နော်ခင်လေးငယ် said...

လာဖတ်ပေးကြတဲ့ သူတွေအားလုံးကို
ကျေးဇူးအထူးတင်ပါတယ်ရှင်...
ကျမစာတွေရေးတတ်ဖို့ ကြိုးစားနေဆဲပါ..

အားလုံးကိုလေးစားစွာဖြင့်
(ခင်လေးငယ်)

Anonymous said...

အဖြည့်ခံသူ တဲ့လား မမရယ်။ ဒီဇင်ဘာရဲ့ ပျော်ရွှင်ကြည့်နူးခြင်းတွေကို ခံစားနိုင်ပါစေနော်။
ကဗျာလေးတွေကို ချစ်တတ်တဲ့ ရောင် ဒီကဗျာလေးကိုလည်း ရင်နဲ့ခံစားသွားပါတယ်။

လေးစားလျှက်
ရောင်