Tuesday, February 24, 2009

ချစ်စဖွယ်..တစ်ယောက်တစ်ပေါက်

ဘလော့ရေးသူ တစ်ယောက်အနေနှင့် တွင်ကျယ်စွာ အခေါ်ခံရသော အမည်နာမများအား အနီးစပ်ဆုံး ကောက်ချက်ဆွဲချကြည့်ရာ.... ယ္ခုကဲ့သို့ အောက်ပါအတိုင်း..................!!

“မခင်ပေါ့” တဲ့.. ဒါကတော့ အရမ်းချစ်ဖို့ကောင်းတဲ့ ကဗျာဆရာမလေး ခေးကြီး ခေါ်တာပေါ့..!!

မယ်မယ် တဲ့.. သိကြတဲ့အတိုင်းလေ အငြိမ့်မင်းသမီးလေး ဖြစ်ခဲ့ဖူးတဲ့ စီစီမက် ကခေါ်တာ။

နယ်နယ်ရေး ဆိုပဲ ခေါ်ပုံက.. ပေါက်တိပေါက်ရှာ ရယ်စရာတွေနဲ့ သီချင်းလေးတွေ သတင်းလေးတွေ ပို့ပို့ပေးတတ်တဲ့ နက်နက် နှင်းဆီနက် ပါ..။

မငယ်ကြီး တဲ့လေ.. ကဲ.. လုပ်ပေါက် လုပ်ပေါက်..!! ဘူလည်းသိလား..!! ဒီလူကြီးပေါ့ ကိုမိုးကြီး (Happy Cloud)

မခင် တဲ့.. ဟီးး သူတို့က ညီအစ်ကိုလို့ မပြောရဖူး အပေါ်ကလူကြီးရဲ့ အစ်ကိုလေ.. ကိုဖိုးကြီး (Happy Cloud)

အစ်မမခင်လေး တဲ့.. ခေါ်ရတာ တိုက်(ပ်)ရတာ တော်တော်မောရှာမှာပါ.. ခုတလော နေသိပ်မကောင်းဘူးဆိုတဲ့ ကိုအိပ်မက်ရှင်ကြီး ပေါ့...။

မလေး တဲ့... အဟက်..!! နည်းနည်လေးနုသွားသလိုပဲ.. အမြင့် (ကိုမိုးမြင့်မြင့်တိမ်) က အဲ့လိုခေါ်တတ်တယ် :P

မလေးငယ် တဲ့.. လားရှိုးသူ ကတော့လေ.. တစ်မျိုးလေးပဲ ရင်ထဲမှာ.. ခွိ ခွိ..!!

လေးငယ် တဲ့.. ဟဲ ဟဲ..!! ဟင်းတွေ ထမင်းတွေသွားပြီး လုလု စားနေကြ အိမ်လေးက လုလု ခေါ်တာလေးပေါ့.. ချစ်ခြာရေးနော်.. :P

ဂျယ်ဒေါ်ငီး တဲ့လေ... သူ့ကို စင်စင်တို့ ဒန်ဒန်တို့ လာလာတို့ ခေါ်မယ်များမထင်နဲ့.. ဘယ်ရမလဲ ဟွန်း..!! ကျွန်မကလည်း ဒီလိုပြန်ခေါ်တာပေါ့.. ဒါကြီး လို့.. ဘလော့ဂါတိုင်းက သူ့ကိုသိကြပါတယ်လေ... sin dan lar ပါတဲ့ရှင်..

မစမောခင် တဲ့.. စစခြင်း ဖတ်တော့ အယ်.. ဘာပါလိမ့်ပေါ့..!! ရယ်စရာတွေလည်း ရေးတယ်လေ... ဂိုဏ်းတစ်ဂိုဏ်းက ဝင်ကြီး အဲ့.. ဘာ(ဝန်ကြီး) ဆိုလားသိပါဖူး.. သူလေ.. ချဲရမ်း ပေါ့.. ချဲတွေ ရမ်းရမ်းထိုးနေတာတော့ ဟုတ်ဖူးထင်တယ်... :P

အန်တီခင်လေးငယ် တဲ့.. ကဲ အေးရော..!! တူမလေး စန္ဒီမိုးမြင့် ကတော့လေ.. ခုတလော ပျောက်နေတယ် တွေ့ဖူးကော..!!

မမခင်လေး..၊ မမ တဲ့... သူတို့လေးတွေကပေါ့... ညီမငယ် အပျိုကြီးလေးတွေလေ.. ဝေလေး၊ စိမ်းစိမ်း၊ တန့်တန့် (ကြော်ငြာပေးခြင်းမဟုတ်ရ.. အဟက်..!!)


တီငယ် လို့ တရင်းတနှီးခေါ်ရင်း အိမ်ကို လာလာဖွတတ်ကြတာကတော့.. ဒီတူငယ်လေးတွေပေါ့ရှင်.. သူတို့ကိုတော့ သိကြတယ်ဟုတ်..!!
လူလေးငယ်သလောက် စာအရေးကောင်းတဲ့.. တားငယ်လေး
ယဉ်ယဉ်ကျေးကျေးလေးနဲ့ ခင်ဖို့ကောင်းတဲ့.. အဲ့..ရှပ်ကာလေး လားတော့ သိဖူး..!! ဟီးး တယ်ပေါ်သောင်
သူမ..သူမ..လို့ခဏခဏအော်ပြီး သူမနေရာက စာတွေရေးတတ်တဲ့.. မိဂျယ်
ခုတလော အိမ်လေးကိုအရမ်း အလှဆင်ထားတဲ့.. သံလွင်ဟီးရိုး :P
သူတို့ကြားထဲမှာ ကောင်မလေးတစ်ယောက် ပါနေတယ်သိလား.. အရမ်းချစ်ဖို့ကောင်းတာ..!! စူပုတ်ပုတ်လေးနဲ့.. :P ကျွန်မချစ်တဲ့.. ညီလေး ပေါ့..။

မခင်လေး တဲ့.. သူတို့လေးတွေ သူတို့ကြီးတွေပါ.. ဖတ်ကြည့်ဦးနော်..!!
မောလိဝုဒ် တည်ထောင်ချင်တဲ့.. မင်းသားကြီးတစ်ဖြစ်လဲ.. ဒါရိုက်တာရန်
ဘာတွေမှန်းတော့မသိ.. တ"မ" "မ " နဲ့လည်း "မ" လို "မ".. တစ်ခါတစ်လေ ကျွန်မနံမည်ကို သက်သက် မှားမှားခေါ်သေးတာ သိလား..!!
သူလုပ်လို့ ကျွန်မမှာ ဆံပင်ဖြူတွေတောင် ပေါက်ပေါက်လာလို့လေ.. အဲ့ဒါ.. အဲ့ဒါ.. ကိုလစ် ပေါ့..
တီးကို နို့ဆီတွေ အများကြီးနဲ့ ဖျော်ပေးတတ်တဲ့ ချစ်စရာ ညီမလေးတွေအုပ်စု.. ပေကြီး၊ သူသူ၊ အိတာ
ကြွားကိုရမယ်နော်ဆိုတဲ့ အကြွေးရှင်.. မဝါ
ကျောင်းပိတ်လို့ဆိုပြီး ပျောက်သွား... ပြန်ပေါ်မလာသေးတဲ့.. မဗေဒါရီ
ဂုဂုတစ်ဖြစ်လဲ ညီမငယ်.. မေဂုမိ
ကျွန်မက သူ့ကို ယာယာလို့လည်း ခေါ်တတ်တဲ့.. မီယာ
တစ်ပူးပူးနဲ့ပေါ့... ရှိုးရိုက်၍ တစ်ပူးခြင်းမဟုတ်ပါ... ဟီးး ပူးအရုပ်ကြိုက်မလေး.. မီးငယ် .....
ခင်လေး တဲ့.. တရင်းတနှီး ကြီးတွေပါဘဲ... ဘူလေးတွေ ဘူကြီးတွေပါလိမ့်...!!
ကျွန်မကို ချစ်ပြီး စိတ်တွေပူပူ ပေးတတ်တဲ့.. ကျွန်မကလည်းချစ်တဲ့... မကြီး
အရက်ဆယ်ပက်ကို တစ်ဘရိတ်ထဲ ဂွပ်တဲ့.. ဦးရှင်ကြီး
ကျွန်မတွက် ချိုဆိမ့်လေး အမြဲဖျော်ပေးတတ်တဲ့.. ကိုတီးကြီး
ကြောင်..အမ်..!! ကြောင်..ဟုတ်တယ်..!! ကြောင်နဲ့တူတဲ့.. ရွှေမျိုးမျိုး
အရမ်းခင်မင်ပြီးမှ ဘယ်ပျောက်သွားမှန်းမသိတော့လို့ အားလုံးကလွမ်းနေမိကြတဲ့.. ပါပါကြီး
ကွန်မန့်တွေ အများကြီးထဲမှာ မှတ်မှတ်ရရ နံမည်ခေါ်သွားတတ်တာ .. ကိုကောင်းကင်ကို ပေါ့..။
တဟေးဟေးးနဲ့.. အသက်ရှည်ဆေးတွေ အလကား ဝေဝေပေးတဲ့.. ကိုရင်ကြီးညိန်း သာဓုပါနော်..! သာဓုပါ..!! ဟီးးးး ကိုရင်ကြီးကို သာဓုပြန်ခေါ်နေရတဲ့ အဖြစ်..!! သြော်... :P
လာလာစတတ် နောက်တတ်တဲ့ ခင်မင်ဖွယ်.. E-Journal မှ အစ်ကိုများ၊ .....& so many)

ဘာနံမည်မှမခေါ်ဘဲ... နောက်ကြ ပြောင်ကြနဲ့ အပြန်အလှန် လည်လည်သွား လည်လည်လာတဲ့ မောင်နှမတွေလည်း အများးးကြီးကျန်သေးတာပေါ့....!!

မေ့ တဲ့... အချစ်ဆုံးသမီးလေး၊ ငချွဲမလေး ကခေါ်တာ.. သူက မေ့ ဆိုတာနဲ့.. ကျွန်မမှာလေ ဘာများ အဂျီခံရမလဲ ဆိုပြီး ရင်တမမနဲ့ရယ်ပါ.. သနားကြဘူးလား ကျွန်မကို....!! သနားပါနော်..!!

ဟေ့ယောင်၊ ခင်လေးစုတ်၊ အစုတ်ပလုတ်၊ အစုတ်ပလုတ်တုတ်၊ အပေအတူး၊ အရူးမ၊ စိတ်ပုတ်မ၊ နောက်ရှိသေးတယ်.. ပြောကို မပြောချင်တော့ဘူး... စိတ်ကုန်လွန်းလို့ပါ..!! ဒီကောင်.. ဒီကောင်ကြီး ဒင်းးးး၊ ငမူး၊ ကောင်စုတ်၊ သေနာ၊ လဒ၊ ကိုရင်နော် :P ပေါ့...

ချစ်တုံးလေး၊ အသဲကြီး၊ ပိစိလေး၊ မိဆိုး၊ ချစ်လေး၊ ချစ်ဆုံးကြီး၊ ပူတူတူလေး၊ ချစ်သူလေး၊ ......လေး၊ ...တဲ့လေ.. အမလေးလေးနော်..!! ကိုယ့်ဖာသာ ရေးနေရင်းတောင် ရင်တွေခုန်လာပေါ့..!! ဘူဒူခေါ်တာလည်း သိလား.. လို့ဆို..!! ချစ်ချစ့်စ်၏ ချစ်စနိုးစ် အခေါ်များစ်.. အဟိ.. :P နောက်ရဝူးနော်..

ဤအဖြစ်အပျက်ကို သုံးသပ်ခြင်းအားဖြင့် လွန်စွာမှ သိသာလွန်းပါကြောင်း.... မိမိထက်ငယ်သူများ အင်မတိအင်မတန်မှ များလှ.. ပြားလှ အဲ.. များပြားလှပါကြောင်း ရင်နာနာနှင့်ပင်..... ဟီးးးးး :P

ပုံ/
(ဒေါ်ခင်လေးငယ်)


28 comments:

မီယာ said...

မခင်လေးလို့ခေါ်တာ လေးစားသမှုနဲ့ပါရှင်... အသက်ကြီးလို့ မဟုတ်ရပါနော်.. ပြီးတော့ လှလည်းလှ တယ်လေ.. ဟုတ်တယ်ဟုတ် မခင်လေး :P အသက်မပြောကြေးနော်

ညီအကိုများ said...

ရီရတယ်. :)

မိုးကြယ်

:P said...

Not Found Error 404 တဲ့....

ဟီးးးး ချစ်ချစ့်စ်ကို ဘယ်သူလဲ စပ်စုပြီး လင့်နှိပ်ကြည့်တာ....

ချစ်ချစ် Error တက်နေတယ် ဂျယ်ဒေါ်ငီး... reset ချပေးလိုက်ဦး.....:P :) :D

:P said...

အယ်... သူ့ကိုယ်သူ
ပုံ/
(ဒေါ်ခင်လေးငယ်) တဲ့.....
အာဟ....အာဟ......

နှင်းဆီနက် said...

နယ်နယ်ရေးကရဲ ချက်ချာကြီး ဘာတွေလျှောက်ပေါတာရဲရို့ သူများတွေက နက်နက်လိုရိုက်ခေါ်နေဦးမယ် ဟွန်း :P :D
ချစ်လို့ခေါ်တာနော်

chanye` said...

မစမောခင်လို့ ခေါ်တာပါဗျ ။
မစမောငယ်ဆို ငယ်သထက် ငယ်နေအုံးမယ် :P
ယုတ္တိမရှိမှာဆိုးလို့..ခွိခွိ :D

Anonymous said...

အဟိ...နာမည်တွေအများကြီးပဲ..ဟုတ်ပါ့နော့် ဘလော့ရေးမှ နာမည်တွေအများကြီးရတယ် ချစ်စရာတော့ကောင်းသားး) ရိုသေမှုနဲ့ “မ” တပ်ခေါ်သင့်ပေမယ့် မရပါ ။ ခင်လေးပဲ ဆက်၍ခေါ်မည် ။ ဒါနဲ့ ရွှေမျိုးမျိုး ဆိုတော့ ဟို....မယ်မြန်မာရွေးတဲ့ သူတွေနာမည်လိုရှက်လိုက်တာဂျာ ဒီနာမည်ကြီးနဲ့ :P

ဆောင်းယွန်းလ said...

ကိုယ်ကတော့ ကိုယ့်ကိုယ်ကို အသက်ကြီးလှပြီထင်လို့
ဘလော့တော်တော်များများမှာ ညီလေးခေါ်ရ ညီမလေးခေါ်ရနဲ့ စိတ်အတော်ပျက်နေတာ...
ခုမှပဲ ဒေါ်အန်တီမခင်လေးငယ်က အသက်ကြီးမှန်းသိရတာ..ဒါဆိုရင် ညီမလို့မခေါ်တော့ပဲ.
ဒေါ်အန်တီမမခင်လေးငယ်လို့ခေါ်ရရင် ကောင်းမလားသိဘူး...

ဖိုးဂျယ် said...

အင် တီငယ်ကယဲ တားတားယေးကို မိဂျယ်တဲ့
ဟွန့် ဟိုးအောက်ဆုံးက လင့်က နှိပ်တာယေ errorတဲ့ဂျ
ပြန်ပြင်ပေးပါဦး Yahoo တဲ့ အဟင့် စိတ်ဝင်တစားနဲ့ နှိပ်ကြည့်တာကို အရ၀ူး ပြန်ကျင်ပေး ပြန်ကျင်ပေး

ကိုရင်နော်ခင်လေးငယ် said...

ချဲချဲရမ်း...

မှားရေးမိတာ... ဒီလိုဘဲ...
ငယ်ချင်ရဲ့ လက်တို့(စ်) ဆိုသလိုပေါ(့စ်)..
ဟီးး ပြင်လိုက် P....

ခင်လေးငယ်

Chaos said...

မခင်ပေါ့လေးက လူချစ်လူခင်များလိုက်တာ။
အဟတ်
အားကျတယ်။
အားကျတယ်။

megumi said...

ဟယ် အဲလောက်တောင် နာမည်တွေပေါ်လား။ ဟ ဟား။ နာမည်သူဌေး မမ။ "နာမည်သူဌေး မမ။
"ဟိ ဟိ ၊ နောက်ထပ် နာမည်အသစ်လေ။ :P :P

သက်တန့် said...

မမခင်လေးနော်...
ညီမငယ် အပျိုကြီးလေးတွေတဲ့...
အဟင့်ဟင့်...
ညီမငယ် အပျိုစမောလေးတွေလို့ လုပ်ပါနော့...
ဟီးးးးးး... :D

ဂျာနယ်တွေထဲမှာတော့ နာမည် သုံးခုနဲ့ အထက်ဆို ကြည့်လိုက်ရင်...............
မမခင်လေးက နာမည်ပေါင်း နှစ်ဆယ်နီးပါး ဆိုတော့...
ဆိုတော့...
ဆိုတော့ကာ... :P

သြော်...
လူချစ်လူခင် ပေါများခြင်းရဲ့ လက္ခဏာတစ်ရပ်ပေါ့လို့ ပြောတာပါ...
အဟဲ... :) :D

တောင်ပေါ်သား said...

တီငယ် “မခင်ပေါ့”“မယ်မယ်” “နယ်နယ်ရေး”“မငယ်ကြီး” “မခင်” “အမခင်လေး”“မလေး”“မလေးငယ်”“ဂျယ်ဒေါ်ငီး”“မစမောခင်”“အန်တီခင်လေးငယ်”“မမခင်လေး..၊ မမ”“တီငယ်” “မခင်လေး”“ခင်လေး” “မေ့”


အပါးပါး များလိုက်တဲ့ နာမည်တွေ ဟီးးးးး စကားမစပ် နာမည်ရင်းက ဘူတူလဲ ဟင်


လေးစားလျက်
တယ်ပေါ်သောင် အဲမှားလို့ တောင်ပေါ်သား

မီးငယ် said...

ဟာ မမ မှာ နာမည်တွေအများကြီးပဲ...
နည်းနည်းလောက်... :D

HAPPY CLOUD said...

အားပါး နာမည်တွေ အများကြီးပဲ.. အားကျလိုက်တာ...ခင်တဲ့သူတွေတယ်ပေါသကိုး... ပေါများတာကိုပြောတာနော်... ရူးပေါပေါကိုပြောတာဟုတ်ဝူး...
ဖိုးမောင်

Dream said...

အန်းးးးးးးးးးးးး မယ်မယ်.... များ လိုက်တာ.. နဲနဲလောက်မျှ.... မယ်မယ်နော်မယ်မယ်... ခုတလော ပျောက်နေတယ်... ဘာတွေလုပ်နေလဲ မှတ်တယ်.. ဟင်း.. သိတယ်နော်.. သိတယ်.... မယ်မယ် ခြေများနေတယ်... ဟတ်ဟတ်...

မယ့်အောက်က လင့်ကြီးက အယ်ရာကြီး... လူဆိုး မယ်မယ်.. ရဖူးရဖူး.. လင့်တင်ပေး... လင့်တင်ပေးနော်... မပေးရင် မပြန်တော့ဘူး ... အာဝါးးး ကိုအင်ဖနတီ ထိကို ပေးပစ်လိုက်မှာနော်....

ဟီး... :P

နာမည်တွေ....များတဲ့.. ဒီဘလော့ထဲ... အိုးဟို အိုးဟို...ဘယ်သူလေး...များလဲ.... အိုးဟိုအိုးဟို....
အားလုံးက ... သိတဲ့ ..ဒီဘလော့ကာပဲ... အိုးဟိုအိုးဟို.... မေခင်လေးပဲ..........

(သီချင်းဆိုသွားသည်) :P
ခစ်ခစ်...

ပုံ/ ချစ်တုန်းကြီး
အာဝါး မေစီမက် :P

ရိုးမြင့်အောင် said...

သူများတွေ ခေါ်သွားကြတာတော့ တအားလှတယ်...။ ကျုပ်ကိုယ်တိုင်ရော ဘယ်လို ခေါ်မလဲ စဉ်းစားမိတယ်။ ကိုရင်နော် ခင်လေးငယ် ကလေးလေး ဆိုတော့.... အားလုံးပေါင်းပြီး ခေါ်လိုက်မယ် “ကိုရင်လေး”... အဟတ်ဟတ်... ပျော်ရွှင်ပါစေဗျာ...။

Anonymous said...

ကျွန်ုပ် ခေါ်ဆိုသော ဒင်း၏ အမည်နာမများမှာ ဒင်း၏ တကယ့် ပုံရိပ်အမှန်ဖြစ်ပါကြောင်း..

Anonymous said...

မမခင်လေးနော်... ချစ်ဖို့အလွန်ကောင်းပါ၏။ ကြော်ငြာတာဆိုရင်လည်း စိတ်မဆိုးပါဘူးနော် :P

Anonymous said...

တီငယ်.. တားငယ်လေးလာဖတ်တယ်.. ကြွားစရာရှားလို့.. :P
(ဒါနဲ့ ခုတလော မမ ပျောက်နေတယ်..။)

Moe Myint Tane said...

အားပါးပါး နာမည်တွေ များလှချည်လား။ မလေးက လူချစ်လူခင်တယ်ပေါသကိုး။ မိန်ရာဟင်းကောင်း ခင်ရာဆွေမျိုးတဲ့ ။ ခင်မင်စရာ မိတ်ဆွေများပြားခြင်းဟာလည်း မင်္ဂလာတစ်ပါးပါဘဲ။
ဒါနဲ့ မိုးမြင့်တိမ်ကနေ အမြင့်(မိုးမြင့်မြင့်တိမ်)ဖြစ်သွားတာ ရင်ထဲတစ်မျိုးကြီးဘဲ။
နည်းနည်းတောင် နွဲ့ချင်ချင် ဖြစ်သွားတယ်။ ဟဲ ဟဲ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Anonymous said...

ဟိုက်... မငယ်ကြီးက နာမည်ကြီးရုံတင်မကဘူး....
နာမည်တွေလဲ များတယ်။ ဒီတော့ မှတ်ပုံတင်ရုံးက အကြိုက်ပဲနော.. သတိလဲထားအုံး။ ပြီးတော့ နာမည်သိပ်များရင် အခွန်ရုံးကပါ အခွန်ကောက်ချင် ကောက်နေမယ်..ဟား..ဟား။

စကားမစပ် မစ္စတာရော်နင်ကြီးနဲ့ မတွေ့တာတောင်ကြာပြီ.. ဆုံနေကြ ခွက်ပုန်းဆိုင်မှာ ကျနော် ခုတလောမရှိဘူးလို့ ပြောပေးပါဗျာ။ သူကျနော့်နာမည်နဲ့ အကြွေးသောက်သွားတာ.. လကုန်မှ ဆပ်နိုင်မှာ မို့လို့း(။

အပျော်ပါဗျ...ဟား..ဟားး
ရေလည်ခင်တဲ့...
မိုးမောင်

လားရှိုးသူ said...

မြန်မာမှု့နဲ့ ရိုသေသောအားဖြင့် မတပ်ပြီးခေါ်တာနော် မလေးငယ်ရေ့၊ နာမည်များပြီး၊ လူချစ်လူခင်ပေါတဲ့ မလေးငယ်... စာများများရေးနိုင်ပါစေလို့။

WWKM said...

အကြွေးရှင်လာတယ်..အကြွေးရှင်..အဟမ်းအဟမ်း

ဟီးးး ဂယ်တော့ မေ့တောင်နေပြီ။ :P

Kaung Kin Ko said...

နာမည်သူဌေး မခင်လေး :D

RePublic said...

အမှတ်တရ သတိတရရှိလို့ ၀မ်းသာနေတာ (မ)ခင်လေး ရေ ၊၊ ဝေးးးးးးးးးးးးးးးးးးးးး

တားမြစ် ထားသော... said...

အင်း။
အမည်သညာ ခေါ်ဆိုရာကား...း)

လူချစ်လူခင်ပေါတဲ့ သဘောပေါ့ မခင်လေးရေ။

သုခမိန်(E-Journal)