Wednesday, February 25, 2009

ခေတ်ပျက်..

ဘယ်အရာမှ အထာမကျတဲ့
ခေတ်ကြီးထဲမှာ...
အထာမကျခြင်းကို
အထာမကျခြင်းက
နားလှည့်ပါးရိုက်နဲ့
အထာတွေကျနေလိုက်ပုံများ....။

လက်ဖျားမှာငွေသီးဖို့
အထာမကျ ဈေးကွက်ပျက်ကို
ဈေးဖျက်ရင်းကြီးစိုး
ပျောက်စေဆရာလိုလို ဖန်ဆင်းရှင်လိုလို
ဘိုးတော်လိုလို နတ်မိမယ်လိုလို
သူဌေးလိုလို ခွေးလိုလို
အထာမကျခြင်းကို
အထာမကျခြင်းက
နားလှည့်ပါးရိုက်နဲ့
အထာတွေကျနေလိုက်ပုံများ.....။

ကိုယ်တိုင်အထာကျမလား..!!
... .... .... .... .... .... ....
အထာကျ တက်ကျမ်းကို
အာသာငမ်းငမ်း ဖတ်ဖို့ရှာရင်း
အထာမကျခြင်းတွေနဲ့
အထာမကျစွာနပမ်းလုံး
သြော်....
ငါသည်လည်းပဲ ငါ့ကိုယ်ငါ
နားလှည့်ပါးရိုက်နဲ့
အထာတွေကျနေလိုက်ပုံများ
အထာမကျလိုက်တာနော်.......။

(ခင်လေးငယ်)

18 comments:

Anonymous said...

အယ်...အထာတွေများနေတယ် ကျနော်လည်း အထာနဲ့ပြောဖို့တောင် ခပ်လန့်လန့်ရယ် အထာရယ် နင့်မလဲ ဆိုးလိုက်တဲ့ပြစ်ချက်တွေး)

ဟိဟိ အထာလေးနဲ့ပွားခဲ့တယ် ။

Tea said...

နာလဲ ကြုံတုန်း ၀င်ပြီး
တွေ့သမျှလူတွေကို ပါးတွေရိုက်ပြီး
အထာတွေ ကျသွားတယ်ဟေ့ ဟေးဟေးဟေး :)

chanye` said...

အထာပေးသွားပါတယ်.. ခစ်ခစ်

ဒေါင်းမင်း said...

အထာလေးတွေပေးခဲ့တယ်ဟီး..
အထာကျမကျတော့မသိဝူး..အထာပေးရင်မျက်လုံးပါစုံမှိတ်ပြခဲ့တယ်ဟီး

Anonymous said...

အဟား အထာလေးတွေနဲ့ ဟုတ်နေပြန်ပြီ တီငယ်..
တယောက်ယောက်က အဲ့လို အထာလေးတွေ ပေးလို့ကတော့ တူတော်မောင်က အတာလေး လိုက်သွားမှာနော့်.... အာသာငမ်းငမ်းတော့ မဟုတ်ရပါဘူးဗျာ..

လေးစားလျှက်
တောင်ပေါ်သား

Anonymous said...

အထာတွေ... အထာတွေ... နေရာတိုင်း အထာတွေနဲ့နော်မခင်ရေ....
ဖိုးမောင်

Moe Myint Tane said...

မလေးရေ

ကဗျာလေးကောင်းလိုက်တာ။
ကျွန်တော်တို့လည်း ဒီအထာမကျတဲ့ လောကထဲ အထာမကျမှုတွေနဲ့ဘဲ
ကျင်လည်ရင်း အထာမကျခြင်းတွေနဲ့ ရင်းနှီးလို့ အထာမကျစွာနဲ့ဘဲ ဘ၀ကို
ဆက်နေကြရဦးမှာပေါ့ ။
မလေး အတွေးနဲ့ အရေးကိုတော့ ချီးကျူးတယ်ဗျာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

WWKM said...

ဟီးးဟီးး အထာမကျဘူးး အထာမကျဘူးး...း)
ဖတ်သွား၏။

ကိုရင်နော်ခင်လေးငယ် said...

သာပေါ်တောင်း.. တောင်ပေါ်သားလေးရေ...

အထာပေးတာနဲ့.. အထာမကျတာ မတူဘူးနော်..
တီငယ် ပြောချင်တာက အထာမကျတာကို ပြောတာပါ..

ခင်တဲ့..

တီငယ်း)

ဖိုးဂျယ် said...

အထာမကျစွာ အထာကျသွားတယ်း)
နားလှည့်ပါးရိုက်နဲ့
အထာတွေကျသွားတယ်။

RePublic said...

ခေတ်ပျက်ကြီးထဲမှာ အထာကျအောင် နေရဖို့ အထာမကျတာတွေကို များများလုပ်ရမှာကို သိသွားပီဗျာ ၊၊ ကျေးဇူးပါ (မ)ခင်လေး ရေ ၊၊

သက်ပိုင်သူ said...

ဟား... ဟား.....
အထာပေးရင်း..
အထာကျလိုက်တာ....
:)

ရိုးမြင့်အောင် said...

သိပ်အထာမကျဘူးဗျာ... အဟတ်ဟတ်...

Anonymous said...

အထာကျအောင်ကြိုးစားလိုက်ဦးမယ်နော်
း)

ဆောင်းယွန်းလ said...

မနေ့ညက အစောကြီးအိပ်ပျော်သွားလို့ ဒေါ်အန်တီမမခင်လေးငယ်(စ်)ရဲ့ ကဗျာကို အခုမှပဲ အထာလေးနဲ့လာဖတ်ရတယ်...ပြီးတော့ အထာနဲ့တွေးပြီး အထာနဲ့လှည့်ပြန်သွားပါပြီ...ကောင်းတယ်စ်ဆိုတာကို အထာနဲ့ဘယ်လိုပြောရမလဲလို့
အထာနဲ့စဉ်းစားလိုက်ပါဦးမယ်....

တားမြစ် ထားသော... said...

ခေတ်ပျက်နဲ့ အထာမကျ
အထာမကျမှုနဲ့ အထာတွေကျ

ကောင်းတဲ့ ခံစားမှုတွေပါပဲ။

သုခမိန်(E-Journal)

:P said...

အထာပေးရင် ဆရာလေးတောင် မရှောင်ဘူးကွ ...နော်..ငှင်းငှင်း

လားရှိုးသူ said...

မလေးငယ်ရဲ့ အထာလေးကို အထာကျပြီး အထာလေးနဲ့ပြောလိုက်တယ် အထာ.... တဲ့