Monday, March 2, 2009

(((((((... ဗွမ်း ...)))))))

မြေနီလမ်းကလေးအတိုင်း အပြေးတစ်ပိုင်း ခပ်သွက်သွက် လျှောက်လာခဲ့တဲ့ ကျနော့်ခြေလှမ်းတွေက တုန်ချည့်နေပါပြီ..။ လွင့်ပျံ့တက်လာတဲ့ ပုပ်အက်အက် အနံ့တွေက ကျနော့်ကို တကယ်ပဲ အော်ဂလီဆန်သွားစေပါတယ်..။ တံခါးကို ဂျိမ်း ကနဲ ဆောင့်ပိတ်ရင်း အသက်ကို တစ်ဝက်တစ်ပျက် အောင့်ထားလိုက်တယ်..။ အခန်းလေးက ကျနော့် တစ်ကိုယ်စာ ဆန့်ရုံလေးပါ..။ ဒါပေမယ့် ကျနော် ကျေကျေနပ်နပ်ကြီး စိတ်လွတ် ကိုယ်လွတ် ထိုင်ချလိုက်တယ်..။

ကျနော်ကို ငုံ့ကြည့်နေတဲ့ သူ့အကြည့်ခပ်စိမ်းစိမ်းတွေကို ရုတ်တရက် ရင်ဆိုင်လိုက်ရတော့ ကျနော် တော်တော်လေး လန့်သွားမိတယ်..။ ကျနော် သိထားတာ ဒီအခန်းထဲမှာ ကျနော် တစ်ယောက်တည်း.. အခုတော့..။ ကျနော့် လာရင်း ကိစ္စကို မေ့သွားလောက်အောင် ရင်တွေလည်း ခုန်လာပါတယ်.. သူ့မျက်ဝန်းတွေက ကျနော့် စိတ်တွေကို တုန်ရီ မောဟိုက်လာစေတယ်..။ ဒီနေရာမှာ သူရှိနေမယ်လို့ ကျနော် လုံးဝ ထင်မထားခဲ့တာပါ..။ ကျနော်ကတော့ တစ်ယောက်တည်းဆိုတဲ့ အသိနဲ့ အရာရာကို မေ့လျော့ လွတ်လပ်နေလိုက်တာ..။ မထင်မှတ်ပဲ သူ့ကိုတွေ့လိုက်ရတော့.. ကြောက်လည်းကြောက်.. ဒေါသလည်းထွက်.. ရှက်လည်းရှက်.. ကျနော် ဘယ်လိုရင်ဆိုင်ရမလဲ..!

တဖြေးဖြေးတိုးလာတဲ့ သူ့ခြေလှမ်းတွေ.. သူ့လက်က မွေးညင်းနုလေးတွေ.. သူ့နှုတ်ခမ်းက ခပ်တိုးတိုး အသံတွေ.. အို.. ကျနော့်လေ တုန်လှုပ်ခြောက်ခြားစွာ တစ်ကိုယ်လုံးကို တောင့်တင်းသွားခဲ့တာပါ.. အသက်လည်း မရှူရဲ လောက်အောင် ကျောက်ရုပ်တစ်ရုပ်လို ငုတ်တုတ် မင်တက်မိနေတယ်.. ခြေဖျားလက်ဖျားတွေလည်း ရေခဲတုံးတွေလို.. ကျနော့် ပါးတွေ နားတွေလည်း မီးမြိုက်ထားသလို ပူလောင် နီရဲလို့..။ အေးသလား.. နွေးသလား.. မသိတော့တဲ့ ချွေးစေးတွေလည်း စိမ့်ထွက်လာပါတယ်.. ကျနော် ဘာလုပ်ရင် ကောင်းမလဲ..! ရင်ဆိုင်လိုက်ဖို့ဆိုတာလည်း မတွေးရဲပါ..။

အခန်းတံခါးကိုဖွင့် ပြေးထွက်သွားရင် ကောင်းမလား..! ဒီလိုတော့လည်း ကျနော် မထွက်ရဲ.. ကျနော့်ရဲ့ အရှက်.. အရှက်တရားတွေ..။ အောက်ကို ငုံ့ကြည့်လိုက်တော့လည်း မ၀ံ့ရဲ.. ခုန်ချလိုက်လိုက်ဖို့ ဆိုတာမတွေးရဲစရာ.. ကျနော် မျက်လုံးတွေ မှိတ်ထားလိုက်ရင် ကောင်းမလား..! သူ့မျက်လုံးကို ရဲရဲ ပြန်ကြည့်လိုက်ရင်ရော..! ဖြစ်ပါ့မလား..! ကျနော်ထိတ်လန့်နေတယ်.. သူဘာလို့ ဒီအခန်းထဲ ရောက်နေတာလဲ..! ကျနော်.. ကျနော်လေ..!

ခံစားနေရတဲ့ ဝေဒနာတွေကလည်း အကြီးအကျယ် ဖိအားပေးနေပါတယ်.. ကြက်သီးတွေလည်း ကျောထဲက စိမ့်ပြီး ထလာပါတယ်.. ဒူးတွေ တဆတ်ဆတ်တုန်လာတယ်.. အာခေါင်တွေလည်း ခြောက်ကပ်လာတယ်.. အသက်ရှူရတာ မ၀တော့ သလိုလို.. ခေါင်းတွေမူးလာသလိုလို..။ ကြောက်စိတ်နဲ့ ဝေဒနာကြားမှာ ခံစားနေရတဲ့ ဒုက္ခက သေလုမြောပါး..။

ကျနော် အသက်အောင့်ထားလိုက်တယ်.. မျက်စိကိုစုံမှိတ်ပြီး အံကို ခပ်တင်းတင်း ကြိတ်လိုက်တယ်.. လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်.. ရှိသမျှအားအင်တွေကို စုရင်း စိတ်ရှိလက်ရှိ... ညှစ်ချလိုက်တယ်...

(((((((((((... ဗွမ်း ...)))))))))))

ကျနော့် နားထဲက လေတွေထွက်သွားတာ “ဟူးးး..” ကနဲ ပါပဲ..။ ကျနော့် မျက်နှာကြီးလည်း ပူရှိန်းနီရဲသွားတယ်.. ။ ကျနော့်တစ်ကိုယ်လုံးလည်း ပူထူပြီး ပျော့ခွေသွားပါတယ်.. ကျနော် သူ့ကို မ၀ံ့မရဲ မော့ကြည့်လိုက်တော့.. သူ... ကျနော်နဲ့ ခပ်လှမ်းလှမ်း ဒေါင့်တစ်နေရာကို ရောက်နေပါပြီ.. ကျနော့်ကို နှာခေါင်းရှုံ့ပြီး ကြည့်နေတဲ့ သူ့မျက်ဝန်းတွေက အံ့သြမှုတွေ.. ထိတ်လန့်မှုတွေ.. ရွံရှာမှုတွေနဲ့..။

မျက်နှာကချွေးတွေကို ခိုးသုတ်ဖို့ လက်လှမ်းလိုက်ချိန်မှာပဲ သူကတော့ ကျနော့်ကို ကျောခိုင်းပြီး တလှုပ်လှုပ်နဲ့ အဝေးဆုံးကို ပြေးထွက်သွားပါပြီ..။ သူ.. ကျနော့်ကို လန့်များသွားတာလား..! ရှက်များသွားတာလား..! ဒါမှမဟုတ်..! ကျနော် ဘာဆက်လုပ်ရမလဲ..!

ကျနော် သက်ပြင်းချလိုက်ရင်ကောင်းမလား..! လေထဲမှာ လွင့်မြောနေသလို ခံစားနေရတယ်.. ပေါ့ပါးသွားပါပြီ.. ကျနော် ကျေနပ်သွားပါပြီ.. ရုတ်တရက် တံခါးကို တွန်းဖွင့်ပြီး လောကကြီးထဲ ပြေးဝင်လိုက်တာ တိုက်ခတ်နေတဲ့ လေအေးအေးတွေက ကျနော့်ကို ပွေ့ဖက် တစ်ကိုယ်လုံး အပူတွေ ထွက်တဲ့ အထိပါပဲ..။

ကျနော် ငိုရမလား..! ရယ်ရမလား..!
ကျောင်းအိမ်သာကြီးကတော့ ကျနော့်ကို ကြည့်ပြီး တဟားဟားနဲ့..
အိမ် သာ ထဲ က မြေ ကြွက် ကြီး က တော့.....။

(ကိုရင်နော်)Bye

ဖွင့်ဟချက်။ ။ ဟိုး.. လွန်ခဲ့တဲ့ နှစ် (၂၀) ကလေးအရွယ်.. ရွာကျောင်းက တွင်းအိမ်သာထဲမှာ ဆုံတွေ့ခဲ့ရတဲ့ မြေကြွက်ကြီးနဲ့ ကျနော့်ရဲ့ သည်းထိတ်ရင်ဖို ဖြစ်ရပ်မှန်လေးပါ.. မြေကြွက်ကြီးက အိမ်သာ ထုတ်တန်းပေါ့ကနေ ဆင်းလာတယ်.. ကျနော့်ရဲ့.. ဗွမ်း..))) ကနဲ ပြင်းထန်တဲ့ ပေါက်ကွဲသံကို ကြားတော့.. ထွက်ပြေးသွားတယ်.. ဒါပါပဲ.. အဲ့ဒီတုန်းကတော့ ဒုက္ခပေါ့.. အခုပြန်တွေးကြည့်တော့လည်း ရယ်စရာ ညစ်တီးညစ်ပတ် ဟာသလေးပါ.. ဟီးး
ညီလေးဂျဲဂျယ်
ရေ.. ညီ Tag ထားတဲ့ တက်(ဂ်) ကြွေးလေးကို ဗွမ်း.. ကနဲ စပ်လိုက်ပါတယ်နော်.. ဟီးးး :D

26 comments:

Anonymous said...

နီကိုရဲပဲဟေ့

sin dan lar

Anonymous said...

ဟဲ.. တစ်ဖြစ်ချင်လို့ လော့ဂ်အင်တောင်မဝင်တော့ပဲ
မန့်လိုက်သည်...။ ကျောင်းအိမ်သာက ရေတံလျှောက်မရှိဘူးထင်တယ်....။ဒါ့ပြင် မိုးတွင်း ရေလျှံနေချိန်များလား...။ (လျှံတာက တွင်းကိုပြောတာပါ..)
ဗွမ်း သံတန်းထွက်လာလို့....။ ဟီးးးးးးးးးးး


sin dan lar

Anonymous said...

sin dan lar ရေ..
(((((((... ဗွမ်း ...))))))) ဆိုတာ.. မြည်သံဆွဲသွားတာပါ.. ရေထဲကျတဲ့ အသံမဟုတ်.... အလွန်အင်မတန် ပေါက်ကွဲအား ပြင်းထန်သွားတာပါ... ဟီးးးး

ကိုရင်နော်

Anonymous said...

ဟီး...ဇတ်လမ်းလေးကကောင်းခန်းရောက် မှ အီအီပါမှန်းသိတော့တယ်........

Anonymous said...

ဟီး...ဇတ်လမ်းလေးကကောင်းခန်းရောက် မှ အီအီပါမှန်းသိတော့တယ်........

Anonymous said...

အိ... ဒါဆိုထင်တာထက်ပို ဆိုးနေပါ့ရော......
SDL

Anonymous said...

ခွိခွိ... တောက်တီးတောက်တဲ့တွေ ရင်ခုန်အောင်ရေးတတ်တဲ့ သားငယ်ရဲ့ ဦးနော်ပါလား....

တောင်ပေါ်သား said...

((((((((((... ဗွမ်း ...)))))))))))
((((((((((... ဗွမ်း ...))))))))))) ဦးနော် ညစ်ပတ်ကြီး ပြန်အထကော သေချာ ဆေးခဲ့ရဲ့လား ဟီးးးးးးး အညာကဆို မှတ်မိသေးတယ် ယင်လုံအိမ်သာမဟုတ်ဘူးလေ ၀ှီးးးးးးးးးးး ခနဲ အောက်ပြုတ်ကျတာ အဟားးးးးးး ဟုတ်လား ဒါဆို ဗွမ်းးးးးးးးးး ကနဲ နေမှာနော့် ဦးနော် အောက် ငုတ်မကြည့်နေနဲ့ ဗွမ်းးးးးးး


လေးစားလျက်
တောင်ပေါ်သား

လင်းထက် said...

အဟိ ဖစ်မှ ဖစ်ရလေ ကိုရင်နော်ရယ် ဟား ဟား

Anonymous said...

ဟဲ့.. သေနာ.. နင်ဟာလေ လုပ်လိုက်ရင်...
“ဘူ..” တို့ “ဘွတ်..” တို့ ဆို ဟုတ်တုတ်တုတ်.. ဘယ့်နယ်.. “ဗွမ်းးး” လို့ မြည်ရတာတုန်း.. လွန်လွန်းတယ်.. နင်တော်တော်ညစ်ပတ်းD

Anonymous said...

ဟီးးးး ခင်လေးစုတ်ရဲ့..
ယုံချင်ယုံ မယုံချင်နေ..
ပေါက်ကွဲသံစဉ်က ((((..ဗွမ်း..))) လို့ကို မြည်တာ..
မယုံရင် မြေကြွက်ကြီးကို မေးကြည့်...
အိဟီးးး ခွီးခွီးးးးးးး ဟီးးးးးးးးး

တားမြစ် ထားသော... said...

ပြုံးသွားတယ်။
အမှန်ပြောရရင် ကိုရင်တော့ သင်္ကြန်အကြောင်းရေးပြီထင်တယ် ဆိုပြီး ဖတ်လိုက်တာ။ အခန်းကျဉ်းလေး ထိုင်ချလိုက်တယ်ဆိုမှ နည်းနည်းသဘောပေါက်တယ်။ နောက်တော့ မှန်းချက်နဲ့ နှမ်းထွက် တူနေပပဲ။း)

သုခမိန်(E-Journal)

MANORHARY said...

ဘုရား ဘုရား..အဲဒီတက်ဂ် ကိုဘယ်လိုမှ
မီအောင်ရေးနိုင်တော့မယ် မထင်....း)

Anonymous said...

ဦးနော်
ရဟတ်စီးရတာနဲခံစားချက်ချင်းတူလားဟင်
တိချင်တယ်ပြောပြပေး
ကလေးလေး

Dream said...

ဦးနော်ပြောတာ မှန်မမှန် မေးရအောင် အခုချိန်က စပြီး နယ်တကာ လှည့် မြေကြွက်ရှာပုံတော် ဖွင့်ထွက်တော့မယ် ... ဗျို့.. ဟီး..ဟီး..

ဦးနော်ကလည်း ညစ်ပတ်တယ်... မက်မက်က အစကဖတ်တော့ ဗွမ်းဆိုတော့ ရေကူးကန်ထဲများ ကျသွားသလားလို့...ဟွင့်..သူက အိမ်သာ တတ်နေတာကိုး...

ဦးနော်လည်း လန်ထွက်နေတာပဲ.... အရေးအသားက ဂွတ်တယ်... အရက်တစ်လုံး ထားခဲ့မယ်... ပုလင်းခွံနော်.. ဟတ်ဟတ်

ဆောင်းယွန်းလ said...

အဟီး...မြည်သံစွဲလကာင်္စစ်စစ်ကြီးပါလား...မြေကြွက်ခမြာ တော်တော်လန့်သွားရှာမယ်

ယောနသံစင်ရော် said...

အကိုဆောင်းယွန်းဆီမှာ ခေါင်းစဉ်လေးတွေ့လို့ သင်္ကြန်အကြောင်းတွေတောင်ရေးနေပြီပဲဆိုပြီးရောက်လာ ပါတယ်... နောက်တော့မှ... ပြုံးတောင်မပြုံးနိုင်ပဲ ဝါးစည်းပြေအောင်ကိုရယ်မိတယ်...။ ကျေးဇူးပဲ..ရယ်ရတဲ့အတွက်..။

Sein Lyan Tun said...

စိတ်ဝင်စားစွာနဲ့ ဖတ်နေတာ..
ပါးစပ်ကလေး တဟဟ နဲ့ 
အသက်တောင်မရှုမိဘူး...
နောက်ဆုံးဗွမ်း ဆိုတဲ့အသံကြားမှ
အသက်ရှုရပ်ပီး.. ပါးစပ်ပိတ်ဖို့ သတိရတယ်...
တော်သေးတာပေါ့...
ကြွက်က ထွက်ပြေးသွားလို့ 
တည့်တည့်ဝင်လာလို့ က ဗွမ်း နောက်က
နောက်ထပ်ငယ်သံပါတဲ့ မြည်သံစွဲ လေး
ကြားချင်ကြားရမှား)

Moe Myint Tane said...

ဖတ်ပြီးပြုံးသွားပါတယ်။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Layma said...

မြေကြွက်ကြီး ပြေးမယ်ဆိုလဲ ပြေးလောက်ပါတယ်..။ လေးမတောင် ဖတ်ပြီး ပြေးချင်စိတ်ပေါက်သွားတယ်... ပြေးပြီဟေ့...။ ခင်လေးရဲ့ နှင်းဆီမှာတောင် မမန့် နိုင်တော့ဘူး...။ ပြေးပြီ..။

Anonymous said...

ဟားဟား.....
ကိုရင်တို့ကတော့...လွန်တယ်ဗျာ..
တကယ်ပဲ...
တောတိုးတာများရေးရင် ပိုပီပြင်လောက်တယ်....
ခုဟာ အိမ်သာမို့လို့...
ဖိုးမောင်

Anonymous said...

အပါးပါး စိတ်ဝင်စားပြီး မနားပဲ အသက်မရှူပဲဖတ်လာလိုက်တာ အိမ်သာထဲက မြွေကြွက်ကြီးတဲ့ အမငီး ကြောက်တယ် ပြီးတော့ အဲ့အချိန် ကိုရင့်ပုံကိုမြင်ယောင်မိတယ် ဟဟား ရေမဆေးပဲထွက်ပြေးခဲ့လားမသိ မှန်မှန်ပြော အနံ့တွေရနေမယ် ဟီးး စတာ စိတ်မဆိုးကြေး နောက်တစ်ခါဆို အဖော်လေး ခေါ်သွားနော့်း)

မိုးခါး said...

ဟီးဟီး .. ရီသွားပါတယ်ဗျို့ ....... ပီပြင်ပါပေ့ :D

Anonymous said...

ဟာဟ.. ခုမှ ရောက်လို့ဗျို့... ဖတ်လိုက်တော့မှ တကယ်ပဲ..
တော်တော်တင်းနေပုံရတယ်.. သူလေးတောင် လှည့်မကြည့်ပဲ ထွက်ပြေးသွားပုံထောက်ရင်..။ဟာဟ

ဖိုးဂျယ် said...

ဦးနော်ကတာ့ ဖြစ်ရတယ် ဗွမ်းတဲ့
တော်တော် ပြင်းထန်ပုံရတယ်

Anonymous said...

ဦးနော် ညတ်ပစ်... တော်သေးလို့ ကြွက်က အပေါ်ထုပ်တန်းကဆိုလို့။ အောက်ကနေ ထွက်လာရင်တော့ .. ဟီးဟီး
စသွားတာနော်။

လေးစားလျှက်
ရောင်