Tuesday, March 3, 2009

အသိနဲ့ ဒွန်တွဲနေတဲ့အရာ..

အိမ်ရဲ့အပေါ်ထပ် လှေခါးပေါ်ကနေ တစ်လှမ်းချင်း ဆင်းလာရင်း ခံစားမူအမျိုးမျိုး ခံစားနေရတယ်.. တလှပ်လှပ်နဲ့.. ရင်ထဲမှာအရမ်း ထိုးပြီးအောင့်လိုက်တာ.. ဘယ်ဖက် ရင်ဘတ်ကိုလက်နဲ့ ဖိထားမိတယ်.. မသောက်ဖဲ မူးသလိုလိုကြီး မျက်စိကလဲ တဖြည်းဖြည်းနဲ့ ဝါးရာကနေ ဘာမှမမြင်ရသလို မှောင်မိုက်လာတယ်.. ဟုတ်တယ်.. အမှောင်ထဲကို လုံးဝကို ကလေးလေး ရောက်သွားတော့တာ...

နားထဲတော့ ကြားနေရတယ်.. အသံတွေက တိုးတိုးလေးမို့ ဘာသံတွေလဲသိဖူး.. တကိုယ်လုံးအေးစက်နေတယ်.. အသိစိတ်တွေဖဲ ရှိနေသလိုလို.. အသိစိတ်တွေ မဲ့နေသလိုလို.. ကြိုးစားပြီး မျက်စိဖွင့်ကြည့်တော့ တစ်ခါမှမရောက်ဖူးတဲ့ နေရာလေးတစ်ခု.. သစ်ပင်ကြီးတွေနဲမို့ တောအုပ်လို့ပြောရမလားမသိ.. နှာခေါင်းထဲ တိုးဝင်လာတဲ့ အနံ့လေးတစ်ခု.. အရမ်းကို နှစ်သက်တဲ့ အနံ့လေး.. လိုက်ရှာကြည့်တော့ နှင်းဆီပန်းပင်တွေ အများကြီး.. အသိရှိတဲ့ဘဝမှာ နှင်းဆီပန်းလေးတွေကို အရမ်းကြိုက်ခဲ့တာလေ..

ဒါပေမဲ့ အခုတွေ့နေရတာ ဘာမှမခံစားရသလိုဖဲ.. အရာရာအားလုံးက ကလေးလေးနဲ့ ဘာမှမပတ်သက်သလိုဖဲ.. ရင်ထဲမှာစိုးရိမ်နေတာ ကြောက်ရွံ့နေတာ.. အားငယ်နေတာ ခံစားမှုအားလုံးက သုညအောက်ကို ရောက်နေပြီ.. သုညကနေ အနှုတ်ကို တဖြည်းဖြည်းနဲ့ ထိုးဆင်းနေပြီ.. ကလေးလေးတစ်ယောက်ထဲ.. ဒူးမှလဲရှိဖူး.. သတိရတဲ့ဒူတွေကို အကုန်အော်ခေါ်ကြည့်တာ အသံတွေကအပြင်ကို ရောက်မလာဖူး.. လည်ချောင်းထဲမှာဖဲ တစ်နေတယ်.. မျက်ရည်တွေဖဲ အပြင်ကိုရောက်လာတယ်..

တုန်လှုပ်ခြောက်ြခားမူတွေရဲ့ အလယ်မှာ ရပ်နေတုန်း နောက်ဖက်နားက အသံတိုးတိုးလေးတစ်ခု နားနားကပ်ပြီး ခေါ်လိုက်သံကြားတယ်.. "ကလေးလေး.." တဲ့ ဒီအသံလေးက အားကိုးတစ်ခုကို ရလိုက်သလိုပါဖဲ.. နောက်ကို လှည့်ကြည့်လိုက်တော့ မျော်လင့်ခြင်းတွေ ပြည့်နှက်နေတဲ့ သူ့မျက်ဝန်းတွေ.. ယုံကြည်ခြင်းတွေနဲ့ သူကို မော့ကြည့်မိတယ်.. သူဆုပ်ကိုင်လိုက်တဲ့ ကလေးလေးလက် အေးအေးတွေလဲ တဖြည်းဖြည်းနဲ့ နွေးထွေးလာတယ်...

အနွေးဓါတ်လေးက လက်ဖျားကတဆင့် ရင်ထဲထိပျံ့နှံ့လာတယ်.. စကားတွေမပြောဖဲ အကြည့်တွေနဲ့ ဘယ်အချိန်ထိ ကြာသွားတယ် ဆိုတာကို မသိလိုက်ဖူး.. သူရဲ့ "သွားတော့မယ်နော်.." ဆိုတဲ့ အသံတိုးတိုးလေးက ပေါက်ကွဲသံ တစ်ခုလိုဖဲ အကျယ်ကြီး ကြားလိုက်ရတာ.. "မသွားပါနဲ့.." လို့ တားလိုက်တဲ့ အသံက အပြင်ကို ရောက်မလာပြန်ဖူး.. မျက်ရည်တွေဖဲ ကျလာတယ်.. သူ.. တဖြည်းဖြည်းနဲ့ ဝေးဝေးသွားသလို အရာရာအားလုံးလည်း အမှောင်ထဲကို ပြန်ရောက်သွားပြန်တယ်.. အဲ့ဒီနောက်မှာတော့...

"ကလေး..... ကလေး......"

အသံတွေကို ထပ်ကြားရပြန်ပီ.. အတွေ့တွေကို သိလာသလိုဖဲ.. ဟုတ်တယ်.. "ဒါ.. နဖူးကဆံပင်တွေကို သပ်တင်ပေးနေတာ..." "ဒါက....မျက်ရည်တွေ သုတ်ပေးနေတာ..." "ဒါက....လက်အစုံကို ဆုပ်ကိုင်ထားတာ..." အတင်းကြီးအားကုန်ယူပြီး မျက်စိကိုဖွင့်ကြည့်တော့ အကြင်နာတွေ နွေးထွေးမူတွေအပြည့်နဲ့ ကြည့်နေတဲ့ မျက်ဝန်းနှစ်စုံ.. ကိုကိုကြီးနဲ့ ကိုကိုငယ်.. စိုးရိမ်မူတွေနဲ့ ပြည့်နေတဲ့ သူတို့တွေနဲ့ အသိရှိတဲ့ လောကထဲမှာ တစ်ခါထပ် ပြန်ဆုံခွင့် ရပြန်ပြီပေါ့နော်...

ပြန်မလာတော့ဖူးများလားလို့ ထင်နေတဲ့သူတို့နဲ့ ကလေးလေးကို ပြန်တွေ့ခွင့်ပေးလိုက်တဲ့ ကံကြမ္မာကို ကျေးဇူးတင်ပါတယ် လောကထဲကနေ အချိန်တစ်ခုထိ ခဏခဏ ထွက်သွားခဲ့ရဖူးတယ်.. ထွက်သွားရတိုင်း လည်း လောကကြီးထဲ ပြန်အရောက်မှာ ဘာမှကိုမတိခဲ့ မမှတ်မိခဲ့ဖူးဘူး.. ဒီတစ်ခါတော့ မှတ်မိနေခဲ့တယ်.. ရင်ထဲကို စူးနင့်အောင် ခံစားခဲ့ရတဲ့ ခံစားမူတွေ အသိနဲ့အတူ ပြန်ပါလာတယ်.. ခံစားမူနှစ်ခုကို တပြိုင်နက်ထဲ ခံစားရလိုက်တာ...

မသိစိတ်က သူထားသွားခံလိုက်ရတဲ့ ခံစားမူတစ်ခု.. သိတဲ့စိတ်က အစ်ကိုတွေနဲ့ ပြန်ဆုံရတဲ့ ခံစားမူတစ်ခု.. ဘယ်လိုမှ ဆက်စပ်လိုမရတဲ့ ခံစားမူနှစ်ခုပါဖဲ.. ကလေးလေး နောက်ထပ်အားငယ်မူတွေ ကြောက်ရွံမူတွေပါ အပိုဆုအဖြစ် ခံစားတတ်လာပြီ.. သိဖူးဆိုတဲ့တစ်လုံးထဲနဲ့ ဘာကိုမှ မသိချင်ယောင် ဆောင်နေခဲ့တဲ့ ဘ၀လေးထဲမှာ အခုတော့ သိခြင်းများစွာကို ခံစားတတ်လာပြီ.. မသိစိတ်နဲ့ ရောက်ဖူးခဲ့တဲ့ သူနဲ့တူတူရှိခဲ့တဲ့ နေရာလေးကို ခုနေ ပြန်ရောက်မိချင်သလို... နောက်တစ်ခါလည်း မရောက်ချင်တော့ပြန်ဖူး.... ကလေးလေးကြောက်တယ်...။

တကယ်လိုများ ကလေးလေး လောကကြီးထဲက အပြီးထွက်သွားခဲ့ရရင်ရော... သူတို့........ သူတို့တွေရဲ့ ခံစားမူတွေကို ဘယ်နေရာ...! ဘယ်နားကနေ...! ဘယ်လိုပုံစံနဲ့...! မြင်နေရမှာလဲဟင်....!!!!!

(ကလေးလေး)

ကျွန်မကို နည်းနည်းဝင်ရေးခွင့်ပြုပါ......။
ကျွန်မအရမ်းချစ်ရတဲ့ သမီးလေး လွန်ခဲ့တဲ့ ရက်အနည်းငယ်က လောကကြီးကို တစ်ခဏတာ ခွဲသွားခဲ့ပါတယ်... သိသူတွေလည်း စိတ်တွေပူပေးခဲ့ကြသလို မသိသေးသူတွေလည်း ရှိပါတယ်... သူမူးပြီးလှေကားပေါ်က လိမ့်ကျမေ့မြောပြီး ဆေးရုံတက်ခဲ့ရပါတယ်... အပေါ်က စာလေးက သူအမှန်တကယ် တွေ့ကြုံခံစားခဲ့ရတဲ့ တကယ့်အဖြစ်ပျက်လေး ပါပဲ... သူပို့လိုက်တဲ့ ဒီစာလေးကို တင်ဖို့ ဖတ်ရင်း ကျွန်မ မျက်ရည်တွေကျမိခဲ့တယ်... သမီးလေးရဲ့ မွေးရာပါ နှလုံးရောဂါလေး အတွက် ကျွန်မ စိတ်ပူနေခဲ့ရတာ.. ဖြစ်နိုင်ရင် သမီးလေးနားမှာ သွားနေပြီး ပြုစုယုယမှုတွေ ပေးနေချင်တယ်...

သမီးရေ..... မေတို့ဘဝတွေဟာ မိုင်တွေထောင်ချီ ဝေးနေကြတာမှန်တယ်... မေ့ဟာ တကယ့်လက်တွေ့မှာ သမီးဘေးနားလေးမှာ နေပေးဖို့ မဖြစ်နိုင်ဘူး... ဒါပေမဲ့ မေ့ရင်ကလာတဲ့ အကြင်နာနဲ့ မေတ္တာတွေကို သမီးမျက်လုံးလေး မှိတ်လိုက်ချိန်တိုင်း ခံစားလို့ရနိုင်မယ် ဆိုတာ မေ..... ယုံကြည်ထားတယ် သိလား...!! မေ့ရဲ့မွေးစားသမီးလေး ဆိုပေမဲ့ မေ့ရင်နဲ့လွယ်ခဲ့ရသူလိုပဲ မေ ခံစားနေရတာပါ... အဝေးက မေ့... အချစ်တွေနဲ့ သမီးလေးရင်မှာ နွေးထွေးနေပါစေ.... သမီးအိပ်မက်လေးတွေ အမြဲတမ်းလှနေပါစေ... မေ့.... သမီးကို အရမ်းချစ်တယ်.......
(ခင်လေးငယ်)

သမီးကလေးလေးရေ..
ဦးနော်လည်း သမီး မေမေခင်နဲ့ ထပ်တူပါပဲနော်.. ဦးနော်က သမီးလေး ပျော်နေတာကိုပဲ မြင်နေချင်တာ.. သမီး ပျောက်နေရင် စိတ်ပူနေမိတယ်.. အဲ့ဒီနေ့က ဖုန်းခေါ်လို့ မရလို့ ဦးနော် စိတ်ပူလိုက်ရတာ.. တော်သေးတာပေါ့ သမီး ကိုကိုတွေ အနားမှာရှိလို့.. နောက်ဆို ဂရုစိုက်နော်..
ဦးနော်ချစ်တဲ့ တူမလေး ကျန်းမာပျော်ရွှင်ပါစေကွယ်..
(ဦးနော်)

26 comments:

တောင်ပေါ်သား said...

ကလေးလေးရေ တကယ် စိတ်မကောင်းဘူးဗျာ ကျနော် လုံးဝ မသိလိုက်ဘူး မတွေ့တာတော့ ကြာပြီလို့ တီငယ်တို့ကို ပြောနေပါသေးတယ်။ ကျန်းမာရေး ဂရုစိုက်ပါ ကလေးလေးရေ ဘ၀မှာ ဘယ်အရာမှ တားဆီးလို့တော့ မရပါဘူး အဆင်ပြေမယ်ဆိုရင်တော့ လူချင်းတွေ့ပြီး အားပေးချင်တယ်ဗျာ... ဘုရားတရားကိုပဲ အာရုံစိုက်ပါ တရားများများထိုင်ရင် ကျန်းမာရေး ပိုကောင်းလာမယ်လို့တော့ ကြားဖူးပါတယ် ။ ဂရုစိုက်ပါ ညီမလေးရေ......


လေးစားလျက်
တောင်ပေါ်သား

MANORHARY said...

ကလေးလေးရောလို့ မနက်ကပဲမေးလိုက်သေးတာ
စိတ်ထဲမှာမကောင်းလိုက်တာ
ဆုတောင်းပေးရုံကလွဲပြီးဘာမှမတတ်နိုင်ပါဘူး
ဒါပေမယ့်..PRAYERS CAN BE ANSWERED..

:P said...

ကလေးလေး....
မြန်မြန်နေကောင်းပါစေ......။

Anonymous said...

ငါလည်း တစ်နေ့...ဆိုတဲ့ အတွေးဝင်လာရင် အတွေးကို ချက်ချင်းရပ်ပြီး ထွက်ပြေးတတ်သူမို့ ကလေးလေးခံစားခဲ့ရတာတွေကို ကိုယ်ချင်းတောင်စာ မပေးနိုင်တော့ပါဘူးကွယ်...
"ကလေးလေး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ..."
ကိုရင်နော်ခင်လေးငယ်ကလေးလေး ဆိုတာ ကလောင်နာမည်တွေပဲ ယူထားတာ နေမှာပါလို့ပဲ မရေမရာတွေးထင်ထားခဲ့မိလို့...အခုမှ နောက်ဆက်တွဲမှာ ဖတ်လိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့ရင်ထဲက အသံ...
"မခင်လေးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ..."

(မခင်လေးလို့ ခေါ်လိုက်တယ်နော်)

Anonymous said...

သမီး..ကလေးလေး....

နေမကောင်းတာမသိလိုက်ဘူး..။
လိုင်းမှာမတွေ့တာကြာတော့ မအားလို့ပဲထင်နေမိလိုက်တယ်
သမီးရယ်...။
အခုရောနေကောင်းရဲ့လား.....
နေကောင်းပါစေလို့ ဆုတောင်းပေးနေတယ်နော်..။
ဘာမှအားငယ်မနေပါနဲ့သမီး....
သစ္စာသည်ဆေးစွမ်း၏
မေတ္တာသည်အေးချမ်း၏တဲ့..
သမီးလေးကိုချစ်ကြတဲ့ လူတွေရဲ့ မေတ္တာတွေနဲ့ သမီးအေးချမ်းနိုင်မှာပါ..။
ဖြူစင်နူးညံ့တဲ့၊လိမ္မာယဉ်ကျေးတဲ့ စိတ်နှလုံးအတွက်ရည်ရွယ်နိုင်တဲ့ သစ္စာတရားတွေက
သမီးရဲ့ဆေးတွေကို အစွမ်းထက်စေမှာပါ..။

ဘ၀ဆိုတာ ကိုယ်မှရွေးချယ်ပိုင်ခွင့်မရှိတာ..သမီးရယ်.
ဖြစ်နေတာတွေကို အကောင်းဆုံးရင်ဆိုင်ဖို့ပဲပြင်ဆင်ထားရတော့မှာပေါ့..

မေမေခင်ရေးထားတာ..သမီးလေးရေးထားတာ တွေကိုဖတ်ပြီး..
အန်တီမျက်ရည်ကျပြန်သွားရပါတယ်..။
သမီးလေး..စိတ်ချမ်းသာကိုယ်ကျန်းမာနိုင်ပါစေ..။

ချစ်တဲ့

Anonymous said...

မမရယ်.. ဖြစ်ရလေ..
ဒီလောက်ဖြစ်လိမ့်မယ် မထင်ခဲ့ဘူး.. ကိုယ့်ပူပင်သောကတွေနဲ့ကိုယ်မို့ တီငယ်တို့လိုပဲ အတူတူနေချင်ပြီးဘေးနားမှာဂရုမစိုက်ပေးနိုင်ပေမယ့် မမအတွက်အချစ်တွေအများကြီးရှိပါတယ်။ တတ်နိုင်သလောက် မမစိတ်ချမ်းသာအောင် ထားပေးချင်ပါတယ်.. အရင်လို ရန်ဖြစ်ကြမယ်လေနော်..

သားငယ်တို့ကိုထားမသွားနိုင်အောင် သိစိတ်ကိုဦးတည်နေပေးပါ.. ဘာပဲဖြစ်ဖြစ်အားတင်းပေးပါ.. ဘယ်အခြေအနေမျိုးပဲဖြစ်ဖြစ် လက်မလျှော့လိုက်နဲ့.. ဘယ်သူလာခေါ်ခေါ် လိုက်မသွားပါနဲ့နော်.. သားငယ်တို့ရှိပါတယ်.. မမ ဘာမှမဖြစ်ရဘူးဗျာ..။ သားငယ်ငိုတာ ထပ်မြင်ချင်လို့လား.. မမြင်ချင်ဘူးမှတ်လား.. ဒါဆိုပြောစကားနားထောင်ရမယ်နော်။
မမ အမြန်ဆုံးနေကောင်းပါစေ။

ချစ်တဲ့ သားငယ်..

စိုင်းစိုင်းလားရှိုး said...

ခယေးယေး ယေ! အယ် ယောင်ကုန်ပြီ! ကလေးလေး မြန်မြန်နေကောင်းပါစေ။ ဦးရှင်ကြီး ဆုတောင်းပေးတယ်နော်!

မသက်ဇင် said...

ဖတ်နေရင်း ရင်ထဲ ဆို့နင့်သွားပါတယ်---
စာရေးကောင်းတော့ စာဖတ်သူကိုဆွဲခေါ်သွားတယ်--
ကလေး လေး ကျန်းမာပါစေ--

ATN said...

ကလေးလေး မြန်မြန် ကျန်းမာပါစေ...

Anonymous said...

ခလေးလေးရေ့ ပျောက်နေတာကြာတော့ ဦးတို့က ဘာဖြစ်တာပါလိမ့်ဆိုပီး စိတ်ပူနေတာ ခုတော့ နေမကောင်းတာကို ပျောက်သွားလိမ့်မယ်နော် အားတင်းထား ။ မြန်၂နေကောင်းပါစေလို့လည်း ဆုတောင်းပေးနေတယ်ဗျ ခလေးလေး ကျန်းမာပါစေ ။

HAPPY CLOUD said...

အမြန်ဆုံးကျန်းမာပါစေကလေးလေးရေ..
ဦးဦးဖိုးမောင်လာဆုတောင်းပေးတယ်...
ကလေးလေးစာဖတ်ပြီး အတော်လေးစိတ်မကောင်းဖြစ်ရတယ်..
ဖိုးမောင်

Anonymous said...

အမှန်တော့.. ကျနော် စိတ်ရောလူပါ မအားဘူး.. ဘယ်မှလဲ မရောက်ဘူး။ အခု ဒီပိုစ့်ရဲ့ သတင်းကြားလို့ လာဖတ်တယ်.. မငယ်ကြီး။

ဆုတောင်းတိုင်းပြည့်မယ်ဆိုရင် ဆုတောင်းပေးချင်တယ်။ တခုတော့ ရှိတယ်...
ကလေးလေးဟာ လက်ရှိဘ၀မှာ အကုသိုလ်ကင်းတဲ့ လူသားဖြစ်သော်ငြားလည်း.. အတိတ်ကံရဲ့ အကျိုးဆက်ကြောင့် အခိုက်အတန့် ဝေဒနာနဲ့ ကြုံကြိုက်တာ ဖြစ်မှာပါ..။

အမှန်တကယ် ဖြူစင်ခြင်းဟာ လောကရဲ့ ထာဝရဖြစ်တည်မှု အရောင် ဖြစ်တဲ့အတွက်.. ဘယ်လို ဝေဒနာအရောင်တွေ စွန်းထင်ပါစေ.. တချိန်တော့ ဖြူစင်ခြင်းသာ စိုးမိုးမှာပါ..။ ဖြူစင်သူလေး... ကောင်းစွာရှင်သန်လို့ လောကကြီးကို ဆက်လျှောက်ကြအုံးစို့ဟေ....

ရင်ထဲက အားပေးခဲ့တယ်...

မီယာ said...

မခင်လေးရေ.. ကလေးလေးအကြောင်းကြားလို့... မြန်မြန် နေကောင်းပါစေလို့ ဆုတောင်းပေးနေပါတယ်။

Anonymous said...

MOCL
အားလုံးက...
သတိရကြတယ်...ကလေးကို
စိတ်ပူကြတယ်...ကလေးကို
လွမ်းကြတယ်...ကလေးကို
စာနာကြတယ်...ကလေးကို
အားပေးကြတယ်...ကလေးကို
ဆုတောင်းပေးကြတယ်...ကလေးကို

နီး ရက်နဲ့ဝေးနေတဲ့.....
အခွင့်မရှိတဲ့.....
အရမ်းစိတ်ပူတတ်တဲ့.....
ဘာမှမဟုတ်တဲ့သူတစ်ယောက်အပါအဝင်ပေါ့.........

Moe Myint Tane said...

ကလေးလေးရေ

အမြန်ဆုံးနေပြန်ကောင်းပြီး ကျန်းမာပျော်ရွှင်စွာနဲ့ ဘ၀ကို ရာသက်ပန်ဖြတ်သန်းနိုင်ပါစေကွယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မိုးခါး said...

လူချင်းမသိပေမယ့် ဆုတောင်းပေးပါတယ် .. ကလေးလေး အမြန်ဆုံးကျန်းမာပါစေ .. ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာပါစေ ..

တားမြစ် ထားသော... said...

ကလေးလေး ... ကျန်းမာပျော်ရွှင်ပါစေသား။

စာရေးထားတာလည်း ကောင်းတယ်။

သုခမိန်(E-Journal)

ယောနသံစင်ရော် said...

ကလေး..အမြန်ကျန်းမာပါစေ...။

Moe Cho Thinn said...

ကလေးလေး ပျောက်နေတယ် အောက်မေ့တာ။ နေမကောင်းဖြစ်နေတာကိုး။ ဒီမိသားစုလေးကို ခင်ပြီး လာလာနေမိတာ ကလေးလေး မရှိတော့ တခုခု လိုနေသလို ဖြစ်နေတယ်။
ဘလော့ဂ်မိတ်ဆွေ အပေါင်းပို့သတဲ့ မေတ္တာကြောင့် ကလေးလေး အမြန်ဆုံး ကျန်းမာရွှင်လန်းပြီး စာပြန်ရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကိုရင် နဲ့ မလေးကလဲ ကိုယ့်သမီးအရင်းလေးလို ချစ်လိုက်ကြတာနော်။ စိတ်ချမ်းသာတယ်။

ရိုးမြင့်အောင် said...

အမြန်ဆုံးနေကောင်း ကျန်းမာပါစေ ကလေးလေးရေ...

ဆောင်းယွန်းလ said...

ကလေးလေး အမြန်ဆုံးကျန်းမာပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးနေပါ့မယ် ညီနဲ့ညီမတို့ရေ....

ကောင်းကင်ပြာ said...

ဒီကို ခဏခဏမရောက်ပေမဲ့ ရောက်ဖြစ်ရင်စာတွေအားလုံး ဖတ်ပီးမှ ပြန်တာပါ၊ အခုဒီပို့စ်လေးကိုလည်း မျက်ရည်လည်စွာ ဖတ်သွားပါတယ်၊ ကလေးလေး အမြန်နေကောင်းပါစေ၊

သက်ပိုင်သူ said...

အကို အမြန်ရေး....
ဟိုမှာ...
ဂငယ်လေး ခုန်စွ ခုန်စွ ထွက်ပြေးနေတယ်ဂျ

Anonymous said...

သြော။ ကလေးလေးအကြောင်း ဖတ်ရတာ စိတ်မကောင်းလိုက်တာဗျ။ ကျွန်တော် ဒီပို့ စ်လေး အခုမှ ဖတ်မိတယ်။ :-(

ကောင်းကင်ကို

ဖိုးဂျယ် said...

ကယေးယေးနေကောင်းသွားပီဟုတ်
ကျန်းမာရေး ဂရုစိုက်ပါ
မိဂျယ်လဲ ကီးဘုတ်စုတ်နေတာနဲ့
ဘယ်မှမရောက်ဖြစ်ဘူး
တီငယ်က ကယေးယေးဆေးရုံတက်ရတယ်ဆိုတည်းက
စိတ်ပူနေတာ ကျန်းမာရေး ဂရုစိုက်ပါ ကလေးလေး

မိဂျယ်

Anonymous said...

ကလေးလေးရေ... အမြဲတမ်း ကျန်းမာအောင်နေနော်...