Sunday, March 8, 2009

ကြယ်ကြွေကကြိုး


ကုက္ကိုလ်ကိုင်း ကြိုးကြာ ကူး

ကောင်းကင် ကို ကြိုးကြာ ကြည့်
ကောင်းကင်ကျယ် ကြိုကြိုကြား
ကြယ်ကကြိုး ကျော်ကြား..။

ကောင်းကင်ကြား ကြယ် က က
ကြိုးကြာ ကြည့် ကြယ်ကကြိုး
ကံကုန်ကြယ် ကြွေကာကျ
ကြည့် ကြိုးကြာ ကြေကွဲ..။

ကြွေကျကြယ် ကျောက်ကြိုကြား
ကျိုးကျိုးကြေ ကျကာကွဲ
ကြယ်ကြွေကောက် ကူကြိုးကြာ
ကယ်ကြောင်းကြံ ကွဲကြေ..။

ကြွေကြိုးကြာ ကြယ်ကျိုးကောက်
ကောင်းကင် ကို ကြေကွဲကြည့်
ကောင်းကင်ကြီး ကကြိုးကင်း
ကြယ်ကြွေကကြိုး.. ကြိုးကြာကြေကွဲ..။

(ကိုရင်နော်)

19 comments:

ATN said...

ကောင်းကင်ကိုကိုကြည့် ကြိုးကြာကြေကွဲ...
ကြိုးကြာကိုကြည့် ကောင်းကင်ကိုကြေကွဲ...

ထပ်ဖြည့်ပေးသွားတယ် ကိုရင်ရေ့....း)

Kaung Kin Ko said...

ကြယ်ကြွေကိုကြည့်
ကောင်းကင်ကို ကြေကွဲကာ
ကြယ်ကြွေကို ကုန်းကောက်
ကျင်းကြီးကို ကျွံကြ :D

ဆောင်းယွန်းလ said...

ကျွံကျကျင်း ကျိုးကြဲ
ကွက်ကွက်ကွင်းကွင်း ကွဲကြေ
ကောင်းကင်က ကြယ်ကြွေကြ
ကောင်းကောင်း ကောက်ကိုင်ကြ

Anonymous said...

ကိုကောင်းကင်ကို
ကျင်းကြီးကို ကျွံကျ
ကျီးကြည့် ကြောင်ကြည့်
ကျင်ကြီး ကျိတ်ကျင်
ကြွက်ကြီးကိုက်
ကြောက်ကန်ကန် ကျွတ်ကျဲ..း)

ကီးးး.. အဲ့.. ဟီးးး

Anonymous said...

အင်း...

ကြိုးကြာကိုကြည့် ကောင်းကင်ကိုကြေကွဲတဲ့ကိစ္စ
စိတ်ဝင်စားတယ်.....

ကိုရင်နော်ရေ...
သေသောသူသည်သုသာန်သို့သွား တို့
တာတီးတို့တတွေတောင်တက်တော့ တို့
ကျန်သေးတယ်..နော်

လွမ်းသုရင် said...

က၊ ခ ၊ င ပြီးတော့ ဘာလာဦးမှာလဲဟင် :)

Anonymous said...

“က” ကြယ်ကြွေကကြိုး
“ခ” ချစ်ချစ်ချိန်းခိုက်
“င” ငါ
“ရ” ရွှေရက်
“လ” လလိုက်လှေ
ထားပါ ဒီအထိတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် လက်ခံတယ်

ဌ၊ ဃ၊ ဠ၊ ဎ၊ ဋ၊ ဒါတွေကို နင်ဘယ်လို အကြံနဲ့ ဘယ်လိုဆက်ရေးမလဲ စောင့်ကြည့်မယ်.. :P

ရေးဖြစ်အောင်ရေး မရေးလို့ကတော့ အသတ်ပဲ.. ဟွင်းးး

Anonymous said...

သီးသီးသည်သား
သေသောသူသည်
သုသာန်သို့
သက်သက်သာသာ
သွားသေသည်...။

နင်လည်း သီးသီးသည်သား သာ လုပ်လိုက်တော့....

အ ဟက်..

MANORHARY said...

ကောင်းကင်ကိုကမှာထားတယ်လေ
သူ့နာမည်ထည့်ရေးဖို့..း)
ကြယ်ကြွေကကြိုး တဲ့ မိုက်တယ်
တကယ် ကိုရင်နော်
(ဒါကချီးကျူးတာ)
ဒါပေမယ့် ခင်လေးငယ်နဲ့အတူ ဌ.ဃ.ဋ စတာတွေ
အတွက်လည်းရင်လေးနေမိတယ်..
(ဒါက စိုးရိမ်တာပါ..)
း)

Sein Lyan Tun said...

ဆက်ရေးပါ..ဆက်ရေးပါ...
စောင့်နေပါတယ်ဂျို့ ....

Anonymous said...

ဒီတစ်ပုဒ်ကိုတော့ အကြိုက်ဆုံးပဲ
ထိတယ်
ဌ၊ ဃ၊ ဠ၊ ဎ၊ ဋ၊ တွေကိုလဲအောင်မြင်စွာဖြတ်ကျော်နိုင်မယ်ဆိုတာ
ယုံကြည်ပါတယ်

Moe Myint Tane said...

ကဗျာလေး ကောင်းတယ်ဗျာ။ ရေးတတ်တယ်။ ချီးကျူးတယ်ဗျို့။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Phyo Maw said...

ကြုတ်ကြက်လိ ကြည့်ကျက်လုပ် ကြပါဦး
ကဗျာတွေက အသည်းယားစရာတွေ ဖြစ်နေပြီ။

မီယာ said...

ကိုရင်ရေ တော်လိုက်တာ ရေးတဲ့သူတော့ ဘယ်လို စဉ်းစားရတယ်မသိဘူး.. လိုက်ဆိုကြည့်တာတောင် လျှာခလုတ်တိုက်တိုက်နေလို့... :D

Anonymous said...

ကောင်းကင် ကြီး ကို
“ကြယ်” ကြည့်ကာ ကော့ကန်ကား
ကျင်းကျွံ့ ကျ
“ကင်းကောင်” ကြီးကို “ကင်းကိုက်”.
ကျွတ်.ကျွတ်.ကျွတ်.

ကြက်ကြော် ကို ကြာကြာကြည့် ကာ
ကုန်းကိုက်. ကျူပ်ကကြိုက်
“ကြီးကြီး” က “ကော”.ကျူပ်ကို “ကွိုင်”
“ကျပ်.ကျပ်.“ကဲ” ”...
(ကွိ.)

ကျိုးကြောင်း က
ကြက်ကြော် ကို “ကာကွယ်ကြ”....

ကောင်းကင်က“ကြောင်”

RePublic said...

ကိုရင် ကြီး ရဲ့ ကျောင်း ကိုလာတက်တာ ၊၊
ရေးတာ က လန်ထွက်နေတယ် ၊၊ ဗရာဘို ၊၊
မတွေ့တာကြာဗျာ ၊၊

Moe Cho Thinn said...

ကဗျာက ဟုတ်နေတာ ကွန်မန့်တွေဆက်ဖတ်တော့မှ ရီလိုက်ရတာ။ ကောင်းကင်ကို ကျင်းကြီးကို ကျွံကျ ပြီး ကြွက်ကြီးကိုက် ပါရောလား။ :D
တော်သေးလို့ ကိုယ့်နံမည်မှာ က အက္ခရာ ပါမနေလို့။ တော်တော်ဆိုးတဲ့ ကိုရင် နော်..

ZT said...

ကံကော်ကိုင်းကြား
ကျီးကန်းကြော် ကြွတ်ကြွတ်
ကြိတ်ကြ...။
ကိန်...။

Dream said...

တီတီငယ်ပေါဒရိုဖဲ.. နောက်ဘာချက်ရေးမာရဲ ချိုဒါဖဲ ချောင့်ဖတ်ဒေါ့မယ်...

ဟဲဟဲ...

မယ်မယ်ရေ။.. အူးနော်.. နောက်တထုက ဘာရေးမရဲ မတိဖူးနော်.. ဟိဟိ

အူးနော်ကတော့လန်ထွက်နေဒါဖဲ.... ဟားဟား
ဦးကောင်းကင်ကိုကို စပ်ထဲ့လိုက်တာ..ဟတ်ဟတ်.... ရယ်ရတယ်... :P :P