မြင့်မိုရ်မည် မျောက်မြို့မှာ
မောက်မာ မာန်မဲ မျောက်မိုက် မင်းမူ
မျောက်မူးမတ်၊ မျောက်မောင်းမ၊
မျောက်မြေး၊ မျောက်မြစ်၊
မျောက်မျိုးများ မြောက်မြောက်များ..။
မျောက်မင်းမိုက် မြော်မြင်မှုမဲ့
မည်းမည်းမြင် မိုက်မာန်မဲ
မောက်မောက်မာ မိန့်မှတ်
မှားမှားမှန် မူးမူးမိုက်
မျောက်မွဲများ မုန်းမာန်မြင့်မား..။
မျောက်များမှာ မျှော်မှန်း
မျောက်မင်းမြတ် မင်းမူမှ
မျောက်များ မြန်မြန် မြင့်
မျောက်မျိုး မြန်မြန် မြတ်
မျောက်မိမြေ မိုးမျှော်မည်..။
မျောက်မွဲများ မုန်းမာန်
မျောက်မင်းမိုက် မူးမေ့
မီးမွှေး မျောက် မီးမွှေး
မီးမှုတ် မျောက် မီးမှုတ်
မီးမြှိုက် မျောက် မီးမြှိုက်
မျောက်များမာန် မာန်များမြောက်
မင်းမိုက် မီးမျို..။
(ကိုရင်နော်)
Monday, March 9, 2009
မျောက်မင်းမိုက်
Labels:
တစ်လုံးကဗျာ (ကိုရင်နော်)
Subscribe to:
Post Comments (Atom)
36 comments:
အမ်..ပထမဆုံးပါလား...
ဘာတွေကျန်သေးလဲ....
ကဗျာအမျိုးအစားက
ပိုစ့်မော်ဒန်အဆင့်ကို တော်တော်ကျော်နေတော့
တော်တော့်ကိုပြေးလိုက်နေရတယ်..
..........................
မမှီလိုက်ဘူး..
abcd အစအဆုံးရေးမလို့လား။
မျောက်မောင်မောင် မျောက်မင်းမုန်း မီးမြှိုက်
မောင်မောင်မျောက်
မမမျောက်
မို့မို့မျောက်
မယ်မယ်မျောက်
မင်းမင်းမျောက်
မူးမူးမိုက်
မှောင်မိုက်မဲ
မြင့်မြင့်မှန်း
မြေမျို
မိန်းမမိုက်
မိမိမုန်း
မာမီမန်း
(မီးမီး ကာရံလိုက်အောင်နာမည်ခဏပြောင်းထားတယ်)
ကိုရင်နော်
တစ်နေ့တစ်နေ့ ဒါတွေပဲတွေးနေပုံရတယ် ဟိဟိ
ရင်မောလိုက်တာ
သူ့ဘောစ့်အစား ဟိဟိ
စိတ်ဆိုးရဘူးနော်
မွှား...........................
ရေးတတ်ပါ့ဗျာ။ ကဗျာဆရာရေ....
နောက်ဘာတွေလာဦးမလဲ။ စောင့်ဖတ်နေပါတယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
များများမြင် မြန်မြန်မေးမယ်
မူးမြစ်မှာ
မျောက်မင်းမိုက် “မောင်မျိုး”
မမြင်မိ.
မျှော်....
မြဲမြဲမှတ်
မွန်မ မိမိ
မာမီ “မီးမီး” လည်း
ကာရံ ရှိတာပါဘဲ.
ဦးမန်းဝင်း ကြီးဆွဲ မထည့်ပါနဲ့ ..(မ.ွ...ား...)
ကုလားမလေး
မိန်းမိန်
ကျနော့်အကြောင်းရေးတယ်ဆိုလို့ အပြေးလာတာ..
အမျိုးအနွယ်တွေ အကြောင်းစာဖွဲ့ ထားတာ
ဂုဏ်ယူပါတယ်
အဟေ..ဟေ..
မျောက်မင်းမြတ်
အဟား..
မှောင်မိုက်မှာ မီးမှိတ်မှ မိုက်မိုက်မဲ မောင်မေးမယ်...
မျှော်မှန်းမှု မှေးမှိန်မှ မောင်မောင့်မှာ မြန်မြန်မေ့မှာမို့ ....
မောင် မေးမယ်မေ......
ငှင်းငှင်း.. လွှမ်းမိုးသီချင်းခိုးချထားတာ...
ကိုယ့်ဘာသာမရေးတတ်လို့
လျှာတွေရော.. နှုတ်ခမ်းတွေရော.. အကုန်ခလုတ်တိုက်တယ်.. အစအဆုံးရွတ်လိုက်တာ ရေတော်တော်ငတ်သွားတယ်..
မာမီမိုး မို့
မူးမူးမိုက်မိုက်
မြင့်မြင့်မက်မော..
မိုးမိုးမူ မူ
မက်မက်မောမော
မြင့်မြင့်မျှော်မည်
မြောက်မြောက်များများ
မူးမေ့မှားမည်...
ဟီးးး...
ပုံ/
မာမီမိုးမြင့်မြင့်မောင် အား ခင်မင်လှသော..
(မီးမီးမျောက်)
ဒါကတော့ အတွေးလေးပါ ပါတယ်ထင်တယ်။
မီးမြှင့်နေတဲ့ မျောက်မင်းမိုက် မီးမျိုတာ မြန်မြန်လေး လာဖတ်သွားတယ်။ ကောင်းပါ့ရှင်။
မျောက်မူးမတ်၊ မျောက်မောင်းမ၊
မျောက်မြေး၊ မျောက်မြစ်၊
မျောက်မျိုးများ မြောက်မြောက်များ..။
တိန်.....
ဘယ်သူကို ပြောတာလဲ.. ဟင်..
အနော်မပါဘူးနော်
ကိုမျိုးမြင့်တိန်လည်း..
ကာရံညီသွားအောင် တိန်ခဏဖြုတ်လိုက်ပါလား...
ခွိ.... ခွိ
ကိုရင့်ကို အော်စကာ ၂ ထပ်ကွမ်း ပေးလိုက်ပြီ...
(ကြည့်ရတာ နောက်ထပ် အော်စကာ ၃၀ လောက် ပေးရဖို့ ရှိနေတယ်...း)
မ စီးရီးဆွဲနေတာဆိုတော့ “ကောင်း၏” လို့မပြောတော့ဘူး...
“မြောက်၏။” လို့ပဲ ပြောမယ်ဗျာ...
မီးမွှေး မျောက် မီးမွှေး
မီးမှုတ် မျောက် မီးမှုတ်
မီးမြှိုက် မျောက် မီးမြှိုက်......
မျောက်အုန်းသီးရသလို..မီးကိုဆော့တော့
အင်း...တော်လိုက်တာ ကိုရင်နော်
း)
နှစ်ခေါက်ဖတ်တယ်
ပြန်ဖတ်အုန်းမယ်
မိုက်မှမိုက် :D
ဒီကဗျာက ကျနော်နှင့်စက်ကွင်းမလွတ်သလိုး)
ကောင်းပါတယ်
မိုက်မိုက်မဲမဲ “မောင်မျိုး ”
ရုပ်ရှင်ထဲမှာ ကျိုက်မရောသား မွန်သံဝဲဝဲနဲ့ပြောသလို ပြောရရင်..
ပီပြင်ချက်ကတော့ လက်ကုန်ပဲဟေ့...တော်မှတော်ဟေ့
အဲ မျောက် အလှည့်ပါလား အဲမှားလို့ မအလှည့်ပါလား။။ ငယ်တုန်းက ကြားဖူးတာကတော့
မောင်မောင်မြင့်မောင် မင်းမိန်းမ မေမြို့မှာ မိုးမိမယ် မြန်မြန်မောင်း တဲ့ ဟီးး ခုကတော့ မျောက်တွေပေါ့နော့်..
မျောက်မိုက် မျောက်မိုက်.......
လေးစားလျက်
တောင်ပေါ်သား
မျောက် အကြောင်းပြောလို့ စိတ်ဝင်စားတယ်
မျောက်နှစ်ဖွားမို့လို့...း)
မကောင်းတာတွေ တော့ မကြိုက်ချင် ..း)
အဲဒါ လူသား မို့လို့...း)
အစ်ကိုအောင်သာငယ် ပြောသလို များ
နောက်ထပ် ၃၁ ပုဒ် ဖတ်ရအုံးမယ် ထင်တယ်နော်..း)
အဲ.. ခုမှရောက်ဖူးတာဆိုတော့
ခခွေးနဲ့ ရေးထားတာ နောက်မှ တွေ့တယ်
က
ခ
မ
ပြီးပြီပေါ့...
ကျန်တာတွေ မျှော်နေမယ် နော်.
အဲ
ရကောက်လဲ ထပ်တွေ့ ပြန်ပြီ.. ဒွတ်ခ
ကွိကွိ ကွကွ ကွိ
အာ.... မျောက်မျိုးတွေကို ဂုဏ်မြင့်ပေးနေတာ..အူးနော်ဂ... ဟိးးဟီး...
နောက်ဘာလာမလဲ မသိဘူး...
:P
မျောက်မာမီ မှန်မှန်မြွက်မယ်……မျောက်မင်းမိုက် မိုက်မှမိုက်……။
အက္ခရာစုံကို ပေါက်ပေါက်ရှာရှာစီထားတဲ့ ဦးနော်တော့ ချီးကျူးတယ် အဟတ် နောက်ဘာလာဦးမလဲမသိနော်
ဒါမှ တကယ့်မော်ဒန်ကဗျာ အစစ်များလား--
မ-ကဗျာလေးဖတ်သွားပါတယ်--
မျောင်မင်းမိုက် ကိုတော့ ဒီက မောင်မင်းခိုက်သွားပြီဗျို့။
ဘုန်းသစ္စာဦး
များများနဲ့ မြိုင်မြိုင် မို့
မျောက်မင်းမိုက်ကို မူမာန်မိုးမောက် မိတယ် ...
မြဲမြဲမြံမြံ မိုက်မဲမိမှာမို့ မိုးမမြင် နိုင်အောင် မှောင်မှာ စိုးတယ် ...
မုန်းမယ်လို့ မှာမိမှာ မို့လို့
မြန်မြန်ပဲ ခံစားလိုက်တာ
မယ်မယ်ရရကို
မိုက်တယ်ဗျာ ...
ခင်မင်လေးစားမှုများများနဲ့
အမလေးးးးးးးးးးးးးးးးးးးးးးးးးး.....
ကဗျာကြီးရော.. ကွန့်မန့်တွေရော..ဖတ်ပြီး.. ပါးစပ် လေဖြတ်သလို ဖြစ်နေတယ်ဗျ.. အီးးးးးဟီးးးးးးဟီးးးးး
မိနော်.. နင်တော်တော်ဆိုးးး ((((ဗြဲ..ဟဲ..ဟဲ))))
ရေလည်လန်းတယ်ဗျို့...။
ကျွန်တော်လည်း ရေးထားတာရှိတယ်။ အေးဆေးမှ တင်မယ်ဗျို့။
မျောက်မင်းမိုက်ကို မြန်မြန်လေး မတ်မတ်ရပ်ပြီး မှတ်သားသွားကြောင်းပါ။
ကိုယ်တိုင်လည်း မျောက်တွေပဲနော်။ ဒါပေမယ့် အဲလိုအမျိုးအစား မျောက်မဖြစ်ဖို့လိုတယ်။
ကဗျာလေးဖတ်ပြီး ပါးစပ်ပိတ်သွားတယ်။း)
လေးစားလျှက်
ရောင်
Post a Comment