Thursday, March 19, 2009

ရုပ်သေးရုပ်..


မမြဲခြင်းဟာ မြဲလွန်းတဲ့လောက
ညဟာ ညတာရှည်ရပြန်တယ်
အချစ်နဲ့စ အလွမ်းနဲ့ ဆုံးရမယ့်ဇာတ်
မ က ချင်လည်း ငါ... က... ရ... ပေါ့...။

ကြိုးရှုပ်အောင် ဆွဲတတ်တဲ့
ငါ့ဘဝ ကြိုးဆွဲဆရာရဲ့
မင်းအလိုကျ ငါ က နေမိမှတော့
ငါ့ က ကွက်ဟာ လှပါဦးမလား..!!

ငါ့ က ကွက်ကို ငါနိုင်ဖို့
ကြိုးစား က ရင်း က ကွက် တွေပျောက်
ငေါက် ကနဲလည်း ရပ်မရ
ငါ့ကို နှောင်တွယ်ထားတဲ့ ကြိုး
ရှည်လွန်းမက ရှည်ဖို့ မင်းပျိုးနေမှတော့
အထပ်ထပ်ငြိတာ ဆန်းတယ်လို့ မဆိုသာ...။

အသက်ကို ဖွဖွရှူရင်း
ဒုတိယ က ကွက်ကို က ဖို့စနင်း
ခြေအချမှာ လမ်းပျောက်ကာ
ကူပါကယ်ပါ တစာစာလည်း မအော်သာပေါ့..။

ငါ့ ကြိုးဆွဲဆရာရယ်
မင်းက....
ငါ့လက်ကို မ ငါ့ခေါင်းက ထ
ငါ့ခေါင်းကို မ ငါ့ခြေက ကြွ
နောက်ဆုံးတော့...
ငါဟာ အပုံ့လိုက် လဲ.. ပြို.. ကျ...။


ငါ့ ကြိုးဆွဲဆရာရေ...
ငါ့မျက်ရည်ကျ
မင်းလိုတာလည်း မရမှတော့
အနိစ္စသဘောကို နမ်းရှိုက်
ငါ့ကြိုးတွေကို ဖြတ်ကိုက်
ကဲ........... မင်း
မမြဲခြင်းတရားကို သက်သေပြလိုက်...။

(ခင်လေးငယ်)

10 comments:

ဆောင်းယွန်းလ said...

ငါ့ ကြိုးဆွဲဆရာရေ...
ငါ့မျက်ရည်ကျ
မင်းလိုတာလည်း မရမှတော့
အနိစ္စသဘောကို နမ်းရှိုက်
ငါ့ကြိုးတွေကို ဖြတ်ကိုက်
ကဲ........... မင်း
မမြဲခြင်းတရားကို သက်သေပြလိုက်...

ကဗျာလေးကိုကြိုက်တယ်..မမြဲခြင်းတရားကို ရှုသွားတယ် ညီမရေ...

ခင်မင်လျှက်

တောင်ပေါ်သား said...

ကဗျာလေးကို ကြိုက်တယ် တီငယ်ရေ ခံစားရတယ်ဗျာ

Moe Myint Tane said...

အနိစ္စကိုရမ်းရှိုက်ရင်း
မမြဲခြင်းတရားကိုသက်သေပြတဲ့ နောက်ဆုံးထွက်သက်မှာ
ဘ၀ကြိုးဆွဲဆရာမသိလိုက်တာက မျှော်လင့်ချက်တွေ
အသက်ရှင်နေကြတယ်ဆိုတာပေါ့။


ကဗျာကောင်းလေးကို ဖတ်ပြီး ဒေါင်လိုက်ဖြတိုက်ပြီး မန့်သွားပါတယ် မလေးရေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Phyo Maw said...

သဘောကျသည်။
များများ မန့်လိုက်လျှင် မူရင်းခံစားချက်လေး ပျောက်သွားမှာပင် စိုးလှသည်။

MANORHARY said...

ငါ့ကကွက်ကိုငါနိုင်ဖို့
ကြိုးစားရင်းကကွက်တွေပျောက်...
..........
ကကွက်ပျောက်လည်းပြည်ဖုံးကားကချမရနော်..

မမသီရိ said...

ညီမလေးရေ
အဓိပါ၌ယ်တွေ ပြည့်ဝပျော်ဝင်နေတဲ့ ကဗျာလေး လာဖတ်သွားတယ်
....
ငါ့ ကြိုးဆွဲဆရာရေ...့
ငါ့မျက်ရည်ကျ
မင်းလိုတာလည်း မရမှတော့
အနိစ္စသဘောကို နမ်းရှိုက်
ငါ့ကြိုးတွေကို ဖြတ်ကိုက်
ကဲ........... မင်း
မမြဲခြင်းတရားကို သက်သေပြလိုက်...။
............
ခုလက်ရှိ မမလဲ ဒီအတိုင်းခံစားနေရလို့ ပါ...

Sein Lyan Tun said...

ကျနော်လဲ ရုပ်သေးဆရာရဲ့ အလိုကျ ကပြရင်း
မောနေပါပီး..
ပြည့်ဖုံးကားချဖို့ အချက်ပြနေလဲ ဆက်ကနေရဆဲ
ကောင်းတဲ့ကဗျာလေးပါ

Anonymous said...

အဟမ်း.......

သိနေတယ်နော်...

ဘယ်တော့မှ ကြိုးဆွဲမှထကနိုင်တဲ့ အရုပ်မဖြစ်စေနဲ့ညီမလေး...

ကိုယ်ကရာကို သူကလက်ရိပ်ပြနေရတဲ့...
အသက်ဝင်နေတဲ့ အရုပ်ဖြစ်ပလေ့စေ...

RePublic said...

ကဗျာ အရေး ကောင်းတဲ့ မခင်လေး၊၊
မမြဲခြင်း တရားတွေ က သက်သေပြလို့ မရနိုင်တော့အောင် မမြဲဖူးဖြစ်နေလို့ဗျာ ၊၊

စိုင်းစိုင်းလားရှိုး said...

ဟာ......... ကောင်းမွန်တဲ့ ကဗျာလေး ခံစားသွားတယ် ခင်လေးရေ..... ကြိုးဆွဲဆရာ လစာနည်းလို့ နေလိမ့်မယ်! ပိုပေးကြည့်ပါလား!