Thursday, March 26, 2009

အမေးအဖြေ ဝါသနာတွေ...

ကျွန်ုပ်၏ ဝါသနာပါသည်များကို ပြောပြ.. ရေးပြ.. ဖြေကြားရလျှင် ကျွန်ုပ်အား ဝိုင်းဝန်း အထင်ကြီး လေးစားကြမည် စိုးသောကြောင့် ကျွန်ုပ် ဝါသနာမပါသည်များ ကိုသာ ပွင့်ပွင့်လင်းလင်း ဖြေကြားပါရစေ..။ (ဟဲဟဲဟဲ.. အတည်ပေါက်နဲ့ကို ပြောမှာ..)

ကျုပ်ရဲ့ မဟာ့ မဟာ ရန်ဖက်ကြီး ဒေါ်ခင်လေးငယ် ကတော့ အမိုက်စားဝါသနာလေး ဘာလေးနဲ့ ရေးသွားလေရဲ့.. မိုက်မမိုက်တော့ မသိဘူး.. ကျုပ်ကတော့ ကော်မန့်မှာ အဖြစ်မှန်လေး ထောက်ပြလိုက်တယ်.. မကျေနပ်လည်း နေပေါ့ မဟုတ်ဘူးလား.. အဖြစ်မှန်ပြောတာကို.. ကဲ အခုတော့ ကျုပ်ရေးရဦးမယ်.. ကျုပ် ဝါသနာပါတာတွေတော့ မပြောတော့ပါဘူး ဝါသနာ မပါတာတွေတော့ ပြောပြမယ်လေ.. ဒါလေးတွေ ဖတ်ကြည့်ရင် ကျုပ် ဘာတွေ ဝါသနာ ပါနိုင်တယ် ဆိုတာ မှန်းလို့ရတာပေါ့.. ဟုတ်ဘူးလား...း) ။

စာတွေဘာတွေဖတ်တာ ဝါသနာပါလား.... လုံးဝကို ဝါသနာမပါတာ.. ကျောင်းစာလည်း မဖြစ်မနေမို့သာ ဖတ်ရတာ လုံးဝ ဖတ်ချင်စိတ် ရှိတာမဟုတ်ဘူး.. ဝတ္ထုတို့.. မဂ္ဂဇင်းတို့.. ကဗျာတို့.. ဆောင်းပါးတို့ ဆိုတာတော့ ဝေးရော ဖတ်ကိုမဖတ်တာ.. အဲ့ ကာတွန်းပုံလေးတွေတော့ ကြိုက်သား.. ကာတွန်းတောင် စာဖတ်ရမှာ ပျင်းသေးတယ်.. စာမဲ့ ကာတွန်းတွေဆို ပိုကြိုက်..

ဟင်းးး ဒါဆို သူများဘလော့တွေရော မဖတ်ဘူးလား.... အဲ့.. အိ.. အဲ့.. ဟို.. ဟိုလေ.. ဘီလိုပြောရပါ့... ဟီးးး ဖတ်တယ်ပြောရင်လည်း လိမ်ရာကျမယ်.. မဖတ်ဘူးပြောရင်လည်း ဝိုင်းသမကြလိမ့်မယ်.. ဟဲဟဲ.. ဟိုလေ.. ဟို.. ဘလော့တွေ ကတော့ ရောက်တာပေါ့.. တော်တော်များများကို ပတ်တယ် ကောမန့်တွေလည်း အမြဲ ပေးဖြစ်ပါတယ်.. အဲ့တော့ ဘလော့တွေကို အမြဲ လိုက်လည်ပါတယ်လို့.. ကော်မန့်တွေကိုလည်း သေသေချာချာ ဖတ်ပါတယ်လို့... ဟီးးးးး (နောက်တာပါဗျာ ကောမန့်ပဲ ဖတ်တာမဟုတ်ပါနော် ဖတ်ဖြစ်တဲ့ ဘလော့တိုင်း၊ စာတိုင်း၊ ပိုစ့်တိုင်းကို ရင်ဘတ်ကြီးနဲ့ သေချာဖတ်သူပါ အတည်ပြောတာ)

သီချင်းတွေ ဘာတွေရော ဆိုတာ တီးတာ ဝါသနာပါလား.... သီချင်းလည်း လုံးဝကို နားမထောင်တာပါ.. ခံစားလို့ကို မရတာ.. သီချင်းသံကြားရင်ကို နားငြီးလွန်းလို့.. အနုပညာဓါတ်ခံ ဆင်းရဲတယ်ပဲ ပြောမလား.. ဘယ်လိုမှန်းကို မသိဘူး.. သီချင်းဆို ရေချိုးရင်းတောင် မငြီးဖူးဘူး.. တီးဖို့ မှုတ်ဖို့ဆိုရင်တော့ ဝေးရော.. သီချင်း မကြိုက်ပုံများ ကျုပ် ကွန်ပျူတာထဲမှာ ဆို window media player မပြောနဲ့ ဘာ player မှ ကို တင်မထားတာ.. အေးရော.. Hip Hop ဆိုလားဘာလား အဲ့ဒီ အသံတွေများ ကြားလို့ကတော့ မူးသလိုလို မော်သလိုလို..

ဒါဆို ရုပ်ရှင်ရော ကြည့်လား.... ရုပ်ရှင်လား.! ဝေးရော.. သီချင်းတောင် နားမထောင်ပါဘူးဆို ရုပ်ရှင် ဆိုရင်တော့ ဝေးပြီပေါ့.. ဒွေး ဆိုတာ သေသာ သေသွားရှာတယ်.. တခါမှကို မတွေ့ဖူးလိုက်တာ အဟုတ်.. ဟီးးး မြန်မာဇတ်ကားကို တခါတော့ ကြည့်ဖူးပါတယ်.. သူငယ်ချင်းကပြောတယ်.. လာကြည့်ကြည့်တဲ့ အရမ်းကောင်းတယ်တဲ့ သနားစရာလေးတဲ့.. သူကတော့ ဇတ်ထဲမှာ မျှောပြီး မျက်ရည်တွေဘာတွေ ဝဲလို့.. ကျုပ်က ဘေးကနေ ထိုင် (ရီ) ရယ် .. အဓိပ္ပါယ် မရှိတာတွေ့ရင် ဝေဖန်.. မင်းသား မင်းသမီးတွေကိုလည်း ကျုပ်က မသိလေတော့ “အဲ့ရာဘူရေးရဲ.. အဲ့ရာ ဘူရဲ.. အဲ့ရာ ဘူရဲ” လို့ တချိန်လုံး မေးနေရတော့တာလေ သူငယ်ချင်းလည်း စိတ်ညစ်ပြီး ကျုပ်ကို မောင်းထုတ်ပါလေရောလား..

ပန်းချီတွေဘာတွေဆွဲတာလား.... ဘယ်ကလာ ပန်းချီဝါသနာ ပါရမှာလဲ.. ပေါက်ပေါက်ရှာရှာ.. ပန်ချီဆွဲတတ်ဖို့ မပြောနဲ့ သူများဆွဲထားတဲ့ ပုံတောင် တစ်ခါတလေ ဇောက်ထိုးကြည့်ရင် ကြည့်နေတတ်တာ.. အဲ့လောက် ဝေးတာ.. ဟီးး

အားကစာရော.... အားကစား.. ဟုတ်လား.. အားရင်တော့ ကစား.. အဲ့.. မဟုတ်ဘူး.. မကစားပါဘူး.. အား အား မအား အား.. မကစားပါဘူး.. ကိုယ်လက် လှုပ်ရှားဖို့ မပြောနဲ့ လမ်းတောင် သိပ်လျှောက်ချင်လှတာ မဟုတ်ဘူး.. အဲ့ဒီလောက် ပျင်း.. အဲလေ.. အဲ့ဒီလောက် စိတ်မဝင်စားတာ..

ဒါဆို ဘောပွဲတွေ မကြည့်ဘူးပေါ့.... ဘယ်ကလာ ကြည့်ရမှာ.. နည်းနည်းလေးမှကို ဝါသနာမပါတာ.. ဘောပွဲမပြောနဲ့ ဘော ဆိုရင်.. အဲ့.. ဘော.. ဘော.. ဘော ဆိုရင်.. လုံးမှန်း ပြားမှန်းတောင် မသိဘူး.. ဟီးးး.. (ဘော်လုံး)

လောင်းကစားရော် ဖဲတွေဘာတွေရော ရိုက်လား.... အိုးဟိုးဟိုး လောင်းကစားဆိုလို့ ခေါင်းပန်းတောင် မလှန်ဖူးဘူး... ဖဲရိုက်ဖို့ဆို ဝေးရော.. တကယ် တကယ်.. လောင်းကစားနဲ့ ပတ်သက်ရင် ကုန်ကုန်ပြောမယ်.. ထီတောင်မထိုးဘူး..

ဒါဆို သောက်စားပျော်ပါးတာရော ဝါသနာပါလား.... အသောက် အစား.. ဟုတ်လား..!! အရက်ဆို အနံ့တောင်မခံနိုင်ဘူး.. အဲ့ဒါကတော့ ကျိန်ဆို ကျိန်လို့ရတယ်.. လုံးဝ မသောက်..။ မနာလိုသူတွေ နာမည်ဖျက်လို့ ကျုပ်မှာ အရက်သမားကြီးလိုလို ခွက်ပုံးသမားကြီးလိုလို နာမည်ထွက်နေရသေးတယ်.. အရက်များဗျာ သောက်တဲ့သူတွေ ဘယ်လို သောက်ကြပါလိမ့် ဒီလောက် ခါးခါးတူးတူး အရသာဆိုးကြီးကို သူတို့မို့ သောက်..။ မူး.. မူးပြီးရင် ဘူး.. အဲ့ မူးပြီးရင် ရူး ကြကုန်ရောလေ... တော် တော်.. အရက်တော့ လုံးဝ (လုံးဝ) ပဲ..။

ဒါဆို မိန်းမကိစ္စတွေဘာတွေများ... မိန်းမကိစ္စ ဟုတ်လား..!!! မိန်းမကိစ္စဆို ဝေးဝေးရှောင် ဝေါင်ဝေါင်ရှေး ပဲ..။ ဘယ်လိုကြောင့်မှန်းကို မသိဘူး မိန်းမဆိုရင် ဖြတ်သွားဖြတ်လာ တောင်မကြည့်မိဘူး..။ ဘယ်လောက် ချောတယ်ပြောပြော နောက်ဆုံးတော့ ပုပ်ကြမှာပဲမလား.. ဒါ ဒါပဲကို..။ ကျုပ်ကတော့ မိန်းမဆို “ခြင်မ” တောင် အကိုက်မခံဖူးဘူး.. ရှောင်တယ် ရှောင်တယ် တကယ်.. ကြောက်လွန်လွန်းလို့.. ဟီးးး အဟွတ်.. အဟွတ်.. ဟီးးးးး..။

ဟမ်.. ဒါဆို ယောက်ျားတွေကိုများ စိတ်ဝင်စားတာလား.... ဟ.. ယောက်ျား စိတ်ဝင်စားစရာလားကွ.. ကျုပ်က ကျားဗျ.. ကျားမှ ရိုးရိုးကျား မဟုတ်ဘူး ကိုးတောင်ကျား.. ကိုးတောင်ဗျ ကိုးတောင်.. ဘယ့်နယ်.. ယောက်ျား စိတ်ဝင်စားစရာလားဗျာ.. မှားပါတယ်..
(ဟဲဟဲ ဒေါ်ခင်လေးငယ်၊ အမြင့် (မိုးမြင့်တိမ်)၊ မိုးမိုး (မိုးမောင်)၊ မိမျိုး (မောင်မျိုး) တို့ ထောက်မယ့် အကွက်ကို ကြိုကာထားတာ ဟီးးး.. မဟုတ်ရင် ဒင်းတို့အားလုံး ပေါင်းကြံပြီး ဒီတကွက် ကျုပ်ကို အပီနှိပ်တော့မှာ ဒီမေးခွန်း မေးမှာ သေချာတယ်.. ဒင်းတို့ မမေးခင် ကြိုဖြေထားမှ.. “ကျားဗျနော် ကျား.. ဘာမှတ်တုန်းးးးး” ဟီးးး)

မဟုတ်မှလွဲရော သူများကို အလှတွေဘာတွေ ပြင်ပေးရတာ ဝါသနာပါတယ်မလား.... ဟေ.... ဘီလို ဘီလို.. သူများကို အလှပြင်ပေးရအောင် ကျုပ်က အခြောက်မှ မဟုတ်တာ.. ဘယ့်နယ် လူကိုများ အခြောက်မှတ်နေလား... ကျားစစ်စစ် ကိုးတောင်ကျားပါလို့ ပြောထားတာကို.. (ဆောရီး.. နည်းနည်း စိတ်တိုသွားတာ..) ထားပါ.. အဲ့လို အလှပြင်ထားတဲ့သူတွေ တွေ့ရင် စိတ်ညစ်လွန်းလို့ သူတို့မို့ မပူ မအိုက်.. ဆေးဆိုးပန်းရိုက်ကြတယ်.. သူများကိုလည်း မပြင်ဘူး.. ကိုယ့်ဟာကိုယ်လည်း မပြင်ဘူး.. အိပ်ယာနိုးရင် မျက်နှာတောင် သစ်ချင်မှသစ်တာ..

ထားပါလေ ဒါဆို ဘာသာရေးတို့ ဘုရား၊ တရားတို့ရော.... အော်.. ဘာသာရေးကိုတော့ ဝါသနာ မပါဘူး ပြောလို့ ဘယ်ဖြစ်မတုန်းဗျ.. ဝါသနာပါတယ် ပြောရအောင်လည်း အခက်သားလား.. ပုတီးစိပ်တာ၊ တရားထိုင်တာ၊ တရားစာအုပ်တွေဖတ်တာ၊ တရားတွေ နာတာ.. ဘာညာ အဲ့လိုတွေတော့ လုပ်ဖြစ်တယ် ထင်လို့လား.. မလုပ်ဖြစ်ပါဘူး.. လုပ်လည်း မလုပ်ဖူးဘူးဆိုပါတော့.. အဲ့ဒီတော့ မလေ့လာ မလိုက်စားဖြစ်ဘူးလို့ ခပ်ရှင်းရှင်း ဝန်ခံရမှာပဲ.. ညအိပ်ယာ ဝင်ရင်တော့ ဦးသုံးကြိမ် ချလိုက်တာပါပဲ.. နောင် အသက်ကြီးရင်တော့ ဘာသာရေး လုပ်ရင် လုပ်ဖြစ်မှာပေါ့.. အခုတော့ မပြောတတ်သေးဘူး.. ခုလို နုနုထွတ်ထွတ် အရွယ်ငယ်ငယ် မှာတော့ ဘာသာရေး မလုပ်အားသေးပါဘူးပေါ့... ဟဲဟဲ..

ဒါဆို ကွန်ပျူတာတို့ အိုင်တီတို့ ဘလော့ဂင်း တို့ကြရော.. အင်းး ဒါတွေကတော့ ဝါသနာ ဆိုတာထက် မလုပ်မဖြစ် ဖြုတ်လိုက် တတ်လိုက်.. သွင်းလိုက် ထုတ်လိုက်.. ချာလည်ရိုက် လုပ်နေရတာပဲလေ.. ဘလော့ဂင်း ကတော့ ဂင်းရင်း ဂင်းရင်း ဂေါက်ဂေါက်လာပြီ.. ဂေါက်ပြီးရင်တော့ ဂိ ဖို့ပဲ ကျန်တော့တယ်.. ဂိ ပြီးရင်တော့ ဂန့် ဖို့ မှတပါး အခြား မရှိတော့ပြီ...။

နိုင်ငံရေးရော.... ဟေ့ဟေ့ ဒါတော့ ဒီမှာ မမေးနဲ့လေ.. ကျွန်ုပ် မဖြေပါရစေနဲ့ ကျွန်ုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြေပါလိမ့်မယ်.. ဟီးးး

နေပါဦး ဒါဆို ဘာကို ဝါသနာပါတာတုန်း ဘာမေးမေး ဝေ့လည်ကြောင်ပတ်နဲ့.... ဟဲဟဲ မပြောရင် ပြီးမှာ မဟုတ်တော့ဘူး.. ဒါပေမယ့် မပြောဘူးဗျာ.. သတ်ချင်သတ်.. ကျုပ်ဝါသနာက ထူးလည်း မထူးဆန်းပါဘူး.. ပေါက်တတ်ကရလည်း မဟုတ်ပါဘူး.. ကျုပ်မှာ သေသေချာချာပါနေတဲ့ ဝါသနာတစ်ခုတော့ ရှိတာပေါ့ဗျ.. ကျုပ်ရဲ့ ဝါသနာကို ခင်ဗျာတို့ သိနေပါတယ်.. သေချာတွေးကြည့်ရင် သိနိုင်ပါတယ်.. အထင်တော့ မလွဲကြပါနဲ့ဗျ ကျုပ်ဝါသနာက.... ဟုတ်ပါတယ်.... ကျုပ်ရဲ့ ဝါသနာက အဲ့ဒါပါပဲ.....။


အားလုံးကို ပျော်ရွှင်စေချင်တဲ့..
(ကိုရင်နော်)Bye

မိမျိုးရေ .. ညည်း တက်ထားတဲ့ Tag ပိုစ့်လေးကို ကျုပ်တော့ ရေးချင်သလို ရေးလိုက်ပြီဟေ့..း))

25 comments:

MANORHARY said...

ကိုရင်နော့်ဝါသနာများကားထိုသို့တည်း..ပေါ့..း)

မိုးမြင့်အောင် said...

တကယ်ကိုပဲရီအောင်ရေးတတ်ပါပေ့ဗျာ။ ရီသွားပါတယ်။ သဘောကျစရာပါ။

ZT said...

ကိုရင်နော် ICE တွေ ၊ ကိုကင်းတွေ၊ နံပတ်ဖိုး တွေများ ဝါသနာ ပါနေသလားလို့ တွေးသွားတယ်။ (ဝါသနာမပါဘူး ပြောတဲ့ အထဲ အဲဒါတွေ မပါဘူး။ ဟီးဟီး။)

Anonymous said...

ဝါး...ဟား..ဟားးးးးးးးး.....
ကိုးတောင်ကျားတဲ့... ယုံပါဘူး.. အပုန်းကြီး...
လာပြောနဲ့ ယုံဘူး... :D

အမြင့်ကို လက်တို့ထားမှ... မိနော်က အပုန်းကို အ၀ုန်းယောင်ဆောင်နေတယ်လို့ :D

မငယ်ကြီး... နည်းနည်းဝင်ပြောဖို့ လိုမယ်နော်.. ဟဲ..ဟဲ.. ကြပ်တာတော့ မဟုတ်ပါဘူး..ပွဲဆူစေချင်တာ.. ဖိုက်စေချင်တာ.. :D

တောင်ပေါ်သား said...

သိသားပဲ ဦးနော် ၀ါသနာပါတာ ဟွန်း မပြောချင်လို့နော့် သိနေတယ်အဟား


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ဟယ်...ကြည့်စမ်း ကြည့်စမ်း မိနော်မျောက်မ တစ်ယောက်တည်း သောင်းကျန်းနေတယ်ပေါ့လေ ကောင်မစုတ် ကျုပ်ရေးခိုင်းတာ ၀ါသနာအကြောင်းပါ ခုတော့ မ၀ါသနာတွေဖတ်နေရတယ် ။

၁။စာတွေဘာတွေဖတ်တာ ဝါသနာပါလား..
သူကစာဖတ်ရတာမကြိုက်ပဲ ပုံပဲကြည့်ရတာ ကြိုက်တာကို စာများတယ် ပုံနည်းတယ် ဘာပုံတွေကြည့်သတုန်း ဆင်ဆာမလွတ်ဘူးထင်တယ် အမြင်အာရုံတွေရနေတယ်နော်း)

၂။သူများဘလော့တွေရော မဖတ်ဘူးလား..
မပြောလည်းသိတယ် ....တစ်ချို့လည်းရှိတာပဲ သူများဘာရေးရေး ကောင်း၏ မိုက်၏ ဆက်ရေးပါ အားပေးတယ် ဘာညာ ဘာညာ :P ချက်ဆို နားခွက်က မီးတောက်ပြီးသား

၃။သီချင်းတွေ ဘာတွေရော ဆိုတာ တီးတာ ဝါသနာပါလား.
ကိုကိုရေ့ ကွယ်ရာမှာ အချစ်မများနဲ့ ကိုကိုနော် နော်နော် ( အဲ့သီချင်မှတ်လား သိသားပဲ ဒီရုပ်က စပ်စလူးထနေတာ )

၎။ဒါဆို ရုပ်ရှင်ရော ကြည့်လား. ...
အဟီး..ဘာကားတွေကြည့်တုန်း နာ့လည်းခေါ် ကိုစေးထူး ဘလော့က ဘက်ဂရောင်းအရောင်ကားလားမသိ ။

၅။ ပန်းချီတွေဘာတွေဆွဲတာလား...
ဆေးစက်ကျရာ ပန်ချီဖြစ်၏ မော်ဒန် ပန်င်္ချီတွေဆို ပိတ်ကားပေါ်ဆေးတွေသွန်ချထားသလိုပဲ ဂလောက်ကတော့ဖြစ်ပါတယ် ဆွဲကြည့် မသိရင်လာမေး ။

၆။အားကစာ...
အားမှကစား မအားရင် သန်းလာရှာပေး (ဇွဲကပင်က မျောက်တွေဆို မြေပဲကျွေးရင် သန်းရှာပေးတယ် )

၇။ ဘောပွဲတွေ မကြည့်ဘူးပေါ့...
ဘောကိုချစ်တယ် ဘောကို မြတ်နိုးတယ် ဘောကိုတွယ်တာတယ် ဦးနော် ဘောဖြစ်နေတယ် (ဆေးခန်းသွားပါ ရောဂါကြီး၏)

၈။လောင်းကစားရော် ဖဲတွေဘာတွေရော ရိုက်လား
( မသာ ၁၀ ရက် ဦးနော် ၁ လ မထတမ်းဖဲရိုက်တာ )

.၉။ ဒါဆို ယောက်ျားတွေကိုများ စိတ်ဝင်စားတာလား.
ကောင်မ...ဒီလို လူကြားထဲ များတို့အကြောင်းထုတ်ကြွားရလား ငှင်..တိုးတိုးတိတ်တိတ် အမြင့် တို့ မိုးမိုးတို့ကိုခေါ်ပြီး စမောလေးတွေဆီသွားရအောင် လာလာ ) ဘယ်သူမှမသိစေနဲ့ ဒါပဲ ။

မိနော်ရေ့ ကျုပ်ပြန်တော့မယ်အေ..အိမ်မှာ ခလေး အနှီးတွေ လျှော်ရအူံးမယ် ညည်းလည်းကောင်းကောင်းနေ မကမြင်းနဲ့ A ကိုက်မယ် :)

တော်ပြီး ရေးရတာ မောလိုက်တာ တော်ကြာ တကယ်ဘ၀ ပြောင်းတယ်ထင်ပြီး သိက္ခာတွေကျနေအူံးမယ် ဟီး

Anonymous said...

ကိုရင်နော် ၀ါတနာကလည်း တစ်မျိုးပဲ...ကြည့်ရတာ ဝေ့လည်ကြောင်ပတ်လုပ်တတ်တဲ့ ၀ါသနာနဲ့တူတယ် :P

မောင်မျိုးနဲ့ ကိုမိုးမောင်ရေးသွားတာတွေဖတ်ပြီး ပါးစပ်မစိရတော့ဘူး :D

Anonymous said...

ကိုရင့် ၀ါသနာက... ဝေ့လည်ကြောင်ပတ်နဲ့ လိမ်ပြောတတ်တာ မဟုတ်လားဗျို့... :)

မိုးခါး said...

ရေးပဲရေးတတ်တယ် မောင်မျိုးရော ကိုရင်နော်ရော .. ဒါနဲ့ မောင်မျိုးပြောသွားတာတွေက တကယ်တွေလား :P

pandora said...

သြော် မရှင်းမရှင်း ဟိုလိုလို ဒီလိုလို လုပ်တတ်တဲ့ ၀ါသနာကိုး..

:)

Anonymous said...

အဟိ.. ဦးနော်အပျင်းကြီးကြောင်း ခုမှသိ၏.. :P

Sein Lyan Tun said...

အားလုံးကိုခြုံကြည့်လိုက်ရင် ကိုရင်နော်ဝါသနာပါတာကြီးက
အဟီး..
ပြောတော့ဘူး..
သိသွားပြီး..း)
ခင်တဲ့
ဖိုးစိန်

မမသီရိ said...

ဝါသနာ မပါဘူးလို့ ပြောထားတာတွေ ကို ၀ါသနာ ပါနေမှာ အသေအချာ
...
တို့ညီမ ခင်လေး ကို နှိပ်ကွပ်ချင်နေတာများ ကွဲ့..း)

ကိုရင်ညိန်း said...

အင်း.......... ဘယ်လိုပြောရမလဲ ..
ဂဏန်း ဂဏန်း ချင်းတော့ ကတ်ဝေါ့လ် လျောက်တာ မြင်သဗျ ။ ကိုရင် ချင်းဆိုတော့ကာ ..
အင်း.... အဲဒါပေါ့ ... ဟိုဒင်း... အဲ..
အဲဒါပါပဲ ....
(ကျုပ် မဖွတော့ ဘူးနော် ကိုရင် ) အဟေးဟေး

လေးစားချစ်ခင်လျက်
ကိုရင်ညိန်း

အိုင်လွယ်ပန် said...

ဘာဝါသနာလဲ ဟင် :)

နောက်တာဗျ ...

ကောင်းသောနေ့ပါ ကိုရင်နော်ရေ ......

တားမြစ် ထားသော... said...

ဝေ့လည်ချောင်ပတ်ပြောတတ်တာတဲ့လား၊ တော်ယုံတန်ယုံနဲ့တော့ ပြောလို့မရဘူး။ အတော်ဆရာကျမှဗျ။း)

သုခမိန်(E-Journal)

မီယာ said...

စဖတ်လိုက်တာနဲ့ ကိုရင်နော် မှန်းသိတယ်... ပြောရေးဆိုခွင့်ရှိသူက ဘယ်သူလဲ အတိအကျ ပြောပါ... :)

Unknown said...

ကျွန်ုပ် မိုးမြင့်တိမ်သည် အမှန်တရားများအား ကျွန်ုပ်၏ ချစ်လှစွာသော စာဖတ်သူ၊ ဘလော့ဂ်ဂါမိတ်ဆွေများအား ဖွင့်ဟပြောပြချင်ပါသောလည်း အနှီကိုရင်နော်အား သနားသောအားဖြင့် ဖွင့်ဟပြောဆိုခြင်းမပြုတော့ပေ။ အနှီကိုရင်နော်၏ ဝေ့လည်ကြောင်ပတ်ဝါသနာအား ဝေ့လည်ကြောင်ပတ်ပြောခြင်းဖြင့်သာ ပြီးဆုံးစေလိုက်၏ ။
သို့သော် ကျွန်ုပ်မှာ စာဖတ်သူ၊ဘလော့ဂ်ဂါမိတ်ဆွေများ
အား များစွာ ခင်မင်မိသူဖြစ်သည်ကတစ်ကြောင်း၊ အမှားကြီးအား အမှန်ပါဟု ခေါင်းညိတ်ရမည်ကို ၀န်လေးသည်ကတစ်ကြောင်း ကျွန်ုပ်မိတ်ဆွေများ သုံးသပ်ရန်အလို့ငှာ သဲလွန်စ တစ်ချို့ချန်ပေးခဲ့ပေမည်
ကျွန်ုပ်၏မိတ်ဆွေကြီး အသုံးပြုထားသော ကိုးတောင်ကျာ်းဆိုသည်မှာ အမှန်တကယ်အားဖြင့် များစွာ ပိုသာထားခြင်းသာဖြစ်လေ၏ ။ သို့ဆိုရပါမူ အဘယ်မျှသော အတောင်ကို ပိုင်ဆိုင်သနည်းဟု မေးဖွယ်ရာရှိပေသည်။ ကျွန်ုပ်တွင်လည်း ထိုမေးခွန်း၏အဖြေကား အဆင်သင့်လှစွာပင်ရှိပေ၏ ။
ဤအဖြေသည်ကား....
သုံးတောင်ဝတ်ပင် ဖြစ်လေတော့၏ ။

" ပြောချင်ဘူး ပြောချင်ဘူး ပြောကို ပြောချင်ဘူး "
(ဒေါ်မြလေး အသံဖြင့် ဖတ်ပါရန် )

" ခင်မင်၍စနောက်ခြင်းအား စိတ်မဆိုးတတ်သူသည်
မိတ်ဆွေကောင်းမည်၏ ။ "


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ကိုရင်နော် said...

အားလုံးကို ပျော်စေချင်တာ ကိုယ့် အားနည်းချက် စိုင်းထီးဆိုင် သီချင်းထဲကလို...

တကယ်တော့ဗျာ ကျနော့် ဝါသနာဆိုတာ.. အားလုံးကို ပျော်ရွှင်စေချင်တာပါ.. ပျော်ပျော်နေတတ်တယ်.. စချင်တယ်. နောက်ချင်တယ်..း)

အဲ့ဒါ အဲ့ဒါ..

အားလုံးကို ပျော်ရွှင်စေချင်တဲ့

ဆူးရင့် said...

အားလွုးကို ပျော်စေချင်တဲ့ ကိုရင်နော်ရဲ့ ဆန္ဒပြည့်ဝမှာပါဗျာ။ စိတ်ကိုပျော်ရွှင်စေတဲ့ ပိုစ့်ကောင်းလေးပါဗျာ။ နောက်လည်း ပျော်ရွှင်စရာပိုစ့်လေးတွေကို စောင့်မျှော်အားပေးနေပါ့မယ်။


ဆူးရင့်

Unknown said...

ဟေးးး ဟေးးး ကြံကြံဖန်ဖန် တွေးပြီး ရေးထားတာ မိုက်တယ်ဟ။ comment တွေဖတ်ပြီး ရီရလို့ ပါးညောင်းတယ်။

tinmoelintun said...

ဒါများ ... လွယ်လွယ်လေး ။ ကိုရင်နော်က လက်သည်းကိုက်တယ်။ ဆေးလိုက်သောက်တယ်။ တခါတလေ ငါးဖမ်းတယ်။ အပျော်ဓါတ်ပုံရိုက်တယ်။ ...

ဖိုးဂျယ် said...

ကောမန့်တွေပါ ရီရတယ်။ ပါးစပ်တောင် စိမရတော့ဘူး။

Bino said...

xxxxxxxxxxxxxxx

Bino said...

xxxxxxxxxxxxxxx