အမဖြစ်နိုင်တဲ့ အကြောင်းရင်း...
လူတွေသဘော မပေါက်နိုင်တဲ့ ဘာသာစကားတွေ သုံးစွဲပြီး တခြားကွန်ပျူတာတွေနဲ့ ဆက်သွယ် တတ်လေ့ရှိတယ်။
အမိန့် မှားယွင်းပေးမိရင် “မင်းလုပ်တာ ငါရူးသွားပြီ၊ ဒါပေမယ့် အဲ့ဒါကို ငါ... ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး” ဆိုတဲ့ အဓိပ္ပါယ် နှစ်ခွ စကားတွေကို ပြောတတ်ကြတယ်။
တကယ်သေးဖွဲတဲ့ အမှားအယွင်းကလေး တစ်ခုပဲရှိတာတောင် နှစ်ရှည်လများ သိမ်းဆည်းထားတတ်တယ်။
သူတို့ကို တာဝန်စယူလိုက်ပြီ ဆိုတာနဲ့ ယုယမှု ပေးရတော့မယ်။ အချိန်ပေးရတော့မယ်။ ငွေကုန်ရတော့မယ်။ ပစ္စည်းတွေ ဝယ်ပေးရတော့မယ်။

ပြဿနာတွေကို ကူညီဖြေရှင်းပေးတယ်။ ဒါပေမယ့် အဲ့ဒီ အကူအညီတွေက ပြဿနာတွေ ဖြစ်နေပြန်တယ်။
ပစ္စည်းအသစ် ကောင်းကောင်းလေး တပ်ခါစမှာ အမိန့်ကို ကျိုးနွံ နာခံတတ်တယ်။ အဲ.... ပြီးရင်တော့ ပစ္စည်းအသစ် ကောင်းကောင်းလေးကို ပြန်လည် တောင်းဆိုပြန်လေရော..။
သူတို့ရဲ့ အာရုံစူးစိုက်မှု ရရှိဖို့ ဇက်ကြိုးနာနာ တင်းပေးဖို့ လိုတယ်။ သူတို့ဟာ အာရုံတွေ ထွေပြားနေကြတယ်။
ညတွေမှာ သိမ်မွေ့စွာ အားကြီးနေတတ်တယ်။ မီးပလပ်ကြိုးကို ဖြုတ်ပြီး အနားပေး ထားတာတောင် ပင်လယ်လှိုင်းလုံး တွေလို တအိအိနဲ့ စွမ်းအားပြည့်နေတယ်။
(ကိုရင်နော်)
29 comments:
အယ့်.....
ခက်ပီကော....
ငါကတော့ ဂလိုထင်တယ်ဟ...
မိနော်ရယ်.. မိုးမိုးလေးရယ်... အမြင့်လေးရယ်.. လို...
အခြော်တကောက် လော်တကေး တော်တကွေ မျော်တကား လားလို့...
ခွိ... ခွိ... ခွိ
ပြုံးပြီးဖတ်နေရတယ် ကိုရင်။ ဒီလိုလေး စာဖတ်သူကို ပေါ့ပေါ့ပါးပါး ပြုံးဖို့ ဝေမျှတာ ကျေးဇူးပါ။
စာအတိုင်းဆိုရင်တော့ ကွန်ပျူတာဟာ အမ လေး။ ချစ်စရာကောင်းတဲ့ အမ လေး။ :)
ညတွေမှာ သိမ်မွေ့စွာ အားကြီးနေတတ်တယ်။
ပေါက်ကရတွေလုပ်ပြီး... မိနော် အထီးတွေကို သိက္ခာကျအောင် ဟိးဟီး လူဇိုး :)
သုံးတဲ့သူအပေါ်မူတည်တယ်ဗျ။ :D
မဝေခွဲတတ်တော့ဘူး... ၂ခုလုံးက ဟုတ်နေတာပဲမို့လေ... ခစ်ခစ်ခစ်
ရင်တမမနဲ့ ဖတ်သွားတယ် ကိုရင်ရေ့...း)
ကိုယ့် ကွန်ပြူတာကိုတော့
gender မခွဲတတ်ဘူး...း)
သူတို့ကို တာဝန်စယူလိုက်ပြီ ဆိုတာနဲ့ ယုယမှု ပေးရတော့မယ်။ အချိန်ပေးရတော့မယ်။ ငွေကုန်ရတော့မယ်။ ပစ္စည်းတွေ ဝယ်ပေးရတော့မယ်။
အဲဒီ့အချက်တစ်ချက်နဲ့တင်ပဲ အမ ဖြစ်ကြောင်း ယုံလိုက်ပြီဗျို့ ... ဟားဟား
ဝေမျှပေးတာ ကျေးဇူးပါ...။
အထီးလေးဖြစ်ဖြစ်၊ အမလေးဖြစ်ဖြစ် ချစ်မှာပဲ....
ကျနော့်အမြင်..
အထီးဖြစ်ဖြစ် အမဖြစ်ဖြစ် ခက်တာက ဗိုင်ရပ်(စ်) တွေ ခဏခဏမိနေတာပဲ..
မဟုတ်မှလွဲရော ကွန်ပျူတာဆိုတာ ဂျီပုန်းကြီးများလားလို့..
စိတ်မထင်ရင် မထင်သလို ဒင်းဝါသနာပါတာတွေ အတင်းဖွင့်ဖွင့်ပြတတ်တယ်.. ကြည့်မှ မကြည့်ချင်တာကိုးနော်.. အဲ့ဒါဆို စိတ်ကောက်ပြီး ဟမ်းသွားရော... ဟောဟောဟော... သွပ်သွပ်သွပ်..း)
ဟီးးး.. မိနော်..
ဒါဆို ကွန်ပျူတာက ညည်းလို အပုန်းမ နေမှာပေါ့ဟဲ့.. ခွီးးခွီးးး
သေနာမ ခင်လေးစုတ်..
အထီးအမခွဲနည်း ကြုံတုန်းလေး ပြောပြဦးမယ်...
စက်အဖုံးကို ဖွင့်လိုက်.. CPU လေးကို စမ်းကြည့် တော်တော်လေး ပူနေတယ်ဆိုရင်တော့ အဲ့ဒါ “အမ” ဗျ..
CPU ကတော့ မပူပါဘူး.. နွေးရုံလေး.. Memory Card ကတော့ တော်တော်ကြီးကို ပူနေပြီဆိုရင်တော့ အဲ့ဒါ သေချာတယ် “အထီးကြီး” ဗျ..
ပေါက်ကရပြေသော ကျွန်ုပ်အား..
ဟီးဟီးးး.. ဝိုင်း၍သာ သမကြပါကုန်...
တစ်ချက်ပြုံးရင် တစ်ချက်အသက်ပိုရှည်တယ်ဆိုရင်
အခု ကျွန်တော် အသက်အများကြီးပိုရှည်သွားပြီး
တစ်ချက် နဲ့ တစ်ရက်မှားသွားတဲ့အတွက် ဆော်ရီးနော်
ဟိ ဟိ
အထီးလား အမ လား ၊net ပြန်ရမှ ခွဲကြည့်ဦးမယ်၊ ခုတော့ သူများစက်နဲ့ ဆိုတော့ ပြုံးရုံပဲ ပြုံးသွားတယ်
ပြင်သစ်တွေကတော့ ကွန်ပျူတာကိုအထီးတဲ့
LE COMPUTER (MASCULINE )လို့ဆိုတာကိုး
ဖြစ်နိုင်ပါဘူး။အမမို့သာအားလုံးနဲ့ပလဲနံပသင့်တာနေမှာ
း)
မှတ်သားလောက်ပါ့ ဗျာ :)
အထီးလေးလား အမလေးလားတော့ မသိ..
သူငယ်ချင်းကောင်း ဆိုတာတော့ သေချာတယ်..း)
ကိုရင် ပြောရဆိုရခက်ရင်တော့ ..! ခွကျကျ နှုတ်ခမ်းနီဆိုးတဲ့ ဘာဘူကြီး နေလိမ့်မယ်...!
ဘယ်သူတွေဘာပြောပြော..ကျနော့်အတွက်ကတော့
ကွန်ပြူတာက အမဖြစ်ရမယ်..
မခွဲနိုင်ဘူး..ရီးစားထက်ပိုချစ်တယ်
ကွန်ပျုတာက အမလေးဖြစ်ပါစေ။ သူမရှရင် မနေတတ်လို့ပါ။
ကိုရင်နော်ခင်လေးငယ်
တို့ ရဲ့
ပေါ့ပေါ့ပါးပါးလေးတွေဖတ်ပြီးပျော်သွားတယ်---
မိနော် မိနော် ကျုပ်ပြောရရင်တော့ ကျုပ်ပြောကြီး ဖြစ်တော့မယ်။ ကွန်ပျုတာကို အထီးအမခွဲနေသေးတယ်။
ကွန်ပျုတာဆိုတာ ကာပြူတွန်။ မှတ်ထား မိနော်မရဲ့။
အရေးထဲ သူက စမ်းသပ်နည်းပါ ပို့ချနေသေးတယ်။ လိုက်ကုန်ရင် ပြသနာ(ဓါတ်လိုက်ကုန်ရင် ပြောပါတယ်)။
စကားမစပ် မိနော်မရေ ညဉ်းကင်ပွန်းတပ်ပွဲလေး လုပ်ဦးလေ ဟယ်။
ခင်မင်သဖြင့် စနောက်ခြင်းသက်သက်သာ။ (တကယ်လည်း ယောကျာ်းဟုတ်ဘူး)
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ခေါင်းစဉ်ဖတ်ပြီး ကိုရင်ပဲနေမှာလို့ ထင်တာ ထင်တဲ့ အတိုင်းပဲ :) အထီးလား အမလား မသိပါ မရှိမဖြစ် ပစ္စည်းထဲမှာ တခုအပါအ၀င် ဖြစ်နေတာ... ကြည့်လွန်းရင် ခေါင်းကိုက်ဝေဒနာ ပါ ရနိုင်သေးတယ်..
ပေါ့ပေါ့ပါးပါးပြုံးသွားတယ်...ကွန်ပျူတာ မထီးမမရောမဖြစ်နိုင်ဘူးလားလို့ တွေးနေမိတယ်
အိမ်ရောက်မှ သေချာလေ့လာလိုက်ဦးမယ် .. အထီးလား အမလားလို့ :P
ဟုတ်မယ်နော်း)
:D ပြုံးစိစိ...။ ကိုယ့်စိတ် ကိုယ်သာသိ။
ဟီး ဒါဆို ရောင့်ကွန်ပျူတာက အထီးလား အမလားမသိဘူး။ သေချာပြန်ကြည့်အုံးမယ်။
စိတ်ပေါ့ပါးစရာ စာလေးတွေ ဖတ်ရလို့ ကျေးဇူးပါ ဦးနော်။
လေးစားလျှက်
ရောင်
Post a Comment