ထို့ကြောင့်ဤအရာကို... အချစ်ဟုခေါ်သည်။
ဤအရာဟုဆိုအပ်သော ထိုအရာသည် ဘာများပါလိမ့်..!!
(၁) ငယ်ငယ်က အတွေးတွေထဲမှာတော့ အမျိုးမျိုးပေါ့လေ.. စက်ဝိုင်းလိုလား..! လေးထောင့်စက်စက် အရာလား..! တြိဂံလို အနားသုံးနားလား..! အပေါင်းသင်္ကေတနဲ့ ထပ်ပေါင်းလို့ရတဲ့အရာလား..! အစားလို ဂဏန်းတစ်ခုနဲ့ စားရင်း သုံညများကြွင်းတတ်လား..!
(၂) ပန်းသီးလို ခပ်ချိုချိုလား..! သံပုရာသီးလို ချဉ်ချဉ်ပြုံးပြုံးကြီးလား..! စတော်ဘယ်ရီသီးလို နီတာရဲလေးလား..! ဒူးရင်းသီးလို ချိုအီမွှေးကြီးလား..! ဒါမှမဟုတ်.. ဒညင်းသီးလိုများ... အဟက်..!!
(၃) တယောသံလို တအီအီလား..! နှဲသံလိုလို နေဝင်ရီသရောကို သတိရစေတာလား..! စောင်းသံလို ချိုနွဲ့နွဲ့လေလား..! ပီယာနိုလို ရင်သိမ့်မှော်ဝင် စေတတ်လား.! ဂစ်တာသံလေးလို ပေါ့ပေါ့ပါးပါး တဒင်ဒင် တဒေါင်ဒေါင်လား..! ဒါမှမဟုတ်.. ဒရမ်သံကြီးလို.. အမလေး.. တဒုန်းဒုန်းကြီးများလား..!
(၄) သီချင်းကြီးတစ်ပုဒ်လို လေးတွဲတွဲလား..! ဒစ္စကိုသီချင်းလို ကိုယ်ကလှုပ်ရှားချင်ချင် ဖြစ်လာရောလား..! ပေါ့ပ်တစ်ပုဒ်လိုလား..! ပန့်ခ်လို စာသားတူတွေကို ခဏခဏ ထပ်ကျော့တတ်တာလား..! ရော့ခ်လိုခပ်မြောက်မြောက်နဲ့ ခေါင်းတွေရမ်းချင်လာရောလား..! ဘလူးစ်လို မုဒ်တွေဝင်လာတတ်တာလား..! ဒါမှမဟုတ်.... အာရ်အမ်မ်ဘီလို ငြိမ့်တိမ့်တိမ့်လေးလား..! ရက်ပ်လိုလို အာလိပ် လျှာလိပ် တရကြမ်းကြီးလား..!
နားလည်တတ်ပြီအထင်နှင့် နားမလည်စွာ ဝေဝါးနေဆဲ...
ဟော.. တစ်ကွေ့ နောက်ထပ်... တစ်ကွေ့ ပြီးတော့... နောက်ထပ်..!! ပြီးတော့....
(ခင်လေးငယ်)
............................................< >............................................
အဲ့ဒါကြောင့်ပေါ့ အဲ့ဒါကို အချစ်လို့ခေါ်တာ..။
အဲ့ဒီ အဲ့ဒါကို အဲ့ဒါကြောင့် အော်.. အချစ်ဆိုတာ အဲ့ဒါ.. အဲ့ဒါ..!!
(၁) စက်ဝိုင်းလိုလည်း မဟုတ်ဘူး.. လေးဒေါင့်လိုလည်း မဟုတ်ဘူးဟ.. တြိဂံလိုလည်း မချွန်ပါဘူး.. ဘယ်လိုလေးမှန်းကို မသိတာ.. အဲ့.. စားစရာရှိရင် ပေါင်းသာပေါင်း အကြွင်းကတော့ ပေါင်းသလောက် ကြွင်းမှာ.. အဲ့.. အဲ့.. ဟုတ်တယ်.. ကြွင်းမှာ.. အဲ့ဒါ.. အဲ့ဒါ..။
(၂) စတော်ဘယ်ရီလို နီတာရဲလေးကို ပန်းသီးလေးလို ဂျွတ် ကနဲ ကိုက်.. ဒူးရင်းသီးကြီးကို အားရပါးရဖက်.. အဲ့ ဒူးရင်းသီးလေးလို ချိုအီမွှေး.. စားကြည့်ရင်တော့ ဒညင်းသီး အနံ့နဲ့ သံပုရာသီးလို ချဉ်ပြုံးကြီး ဂွိ.. ကနဲ ဂျွိ.. ကနဲ ဇွိ.. ကနဲ ဟုတ်တယ်.. အဲ့ဒါ.. အဲ့ဒါ..။
(၃) တယောသံလို အိညောင် အိညောင်လေးလား..! နှဲသံလို ချွဲချွဲပြစ်ပြစ် ကပ်စေးစေး ကြီးလား..! စောင်းသံလို စောင်း.. အဲ့ စောင်းသံလိုလား..! ဂစ်တာကြီးလို အားရပါးရဖက်ပြီး ပလက်ကင်လေးကုတ်.. နောက်ဆုံးတော့ မင်္ဂလာဆိုင်းဝိုင်း ကြီးထဲက ပတ်မကြီးလို “ပုံပုံ ပတ်ပတ် ပုံပတ်ပေပေ..” “ပလို့ဂျိ” ဂျိ ကနဲ ဂျိ ကနဲ.. ဟုတ်တယ် နားရင်းနှစ်ဖက်ကို တဗြောင်းဗြောင်းနဲ့ နာနာရိုက်.. “ပလို့ဂျိ..” အဲ့ဒါ.. အဲ့ဒါ..။
(၄) စိန်ချူးကြာညှောင် လရောင်က လင်းပါလို့ အို့ ဟို့ ဟို့... အဲ့လို သီချင်း အကြီးကြီးလား..! လှုပ်လှုပ်.. လှုပ် လက်နှစ်ချောင်းကို အပေါ်မှာပူး.. မြူးပြီဆို လှုပ်.. အဲ့လို ဒစ္စကို လှုပ်ခတ်ခတ်ကြီးလား..! ပေါ့ပ်တပုဒ်လို ပုပ်ချင်ပုပ် ပွချင်ပွ ပုပ်ပွ အဲ့ ပေါ့ပ်.. အဲ့လိုလား..! ပန့်ခ်တပုဒ်လို ထောင်ချင်တိုင်းထောင် (ဆံပင်) ပန်းရောင်ဆိုးပြီး ပန်းချင်တိုင်း ပန်း.. အဲ့.. ပန်းရောင်ဆိုးတဲ့ ပန့်ခ်.. ဘေ့စ်သံခပ်ပြင်းပြင်းနဲ့ မပြီမသအော်.. ကုန်းအော်.. ရောခ့်ခပ်ပြင်းပြင်းလို ခြစ်ပြီးအော်.. ညှစ်ပြီးအော်.. “ရေးးဟေးး ရေရေးး..”.. ဘီလူးစ်စီးပြီး အာရ်အမ်ဘီလေးလို ရစ်သမ်မှန်မှန်လေးနဲ့ နောက်ဆုံးမှာတော့ ဆရာရက်ပ်ပါ ပါပါးကြီးတွေလို.. ဂွကျကျကို မ.. မ.. အားရပါးရ မ.. ရေ့ ရေ့..!! ယိုး ယိုး...!! အာဟ.. အာဟား..!! အဲ့ဒါ အဲ့ဒါ..။
နားလည် သလိုလိုနဲ့ နားမလည် မဟားတရား ဝါးတားတာ ဟော.. တစ်ကွေ့ နောက်ထပ်... တစ်ကွေ့ ပြီးတော့..!!
အေးးဟေး.. ပြီးတော့.. ရှော့တွေဖြစ်.. လိုင်းတွေပူး.. ဓါတ်တွေလိုက်.. သပွတ်အူတွေရှုပ် ရှုပ်ပြီးရင်း ရှုပ် အဲ့ဒါ အဲ့ဒါ..။
(ကိုရင်နော်)
ညီငယ်လေး..! အဲ့... မောင်ငယ်လေး..!
(နှစ်ယောက်ပေါင်းခေါ်တော့) ညီမောင်ငယ်လေး သာပေါ်တောင်း (တောင်ပေါ်သား) ရေ..
ညီမောင် Tag (တက်) ထားတဲ့ “အချစ်တခုကို ဝင်ရောက်ခံစားကြည့်ခြင်း” ဆိုတာလေးကို
မြင်တဲ့ အတိုင်း ကိုးရိုးကားရား ရေးလိုက်ပါတယ်နော်..း)း)
(ကိုရင်နော်ခင်လေးငယ်)
17 comments:
ဒီတိုင်းဆိုရင်တော့မတွေ့ဘူး
Google reader ကဝင်တော့ရတယ်
း)
ရေးထားတာလေးတွေ အတော်ကောင်းပါတယ်---
ဖတ်မှတ်သွားပါတယ်--
အချစ်---
ကိုရင်နော်ခင်လေးငယ် တို့ကခပ်မိုက်မိုက် ချစ်တတ်တယ်နော်
ကိုရင်နော်ခင်လေးငယ်တို့က ခပ်မိုက်မိုက် ချစ်တတ်တယ်နော်...
(အပေါ်က စာလုံးခြားတဲ့နေရာ မှားသွားလို့ အဓိပ္ပါယ် တစ်မျိုးဖြစ်မှာ စိုးလို့ ထပ်မန့်တာပါ)
ခပ်မိုက်မိုက်ချစ်ကြဟို့ အုန်းးး ဒိုင်းး ၈ုံးး ဂွမ်းး)
နောက်ဆုံးတော့ မင်္ဂလာဆိုင်းဝိုင်း ကြီးထဲက ပတ်မကြီးလို “ပုံပုံ ပတ်ပတ် ပုံပတ်ပေပေ..” “ပလို့ဂျိ” ဂျိ ကနဲ ဂျိ ကနဲ.. ဟုတ်တယ် နားရင်းနှစ်ဖက်ကို တဗြောင်းဗြောင်းနဲ့ နာနာရိုက်.. “ပလို့ဂျိ..” အဲ့ဒါ.. အဲ့ဒါ..။
ဟာပွဲတွေကြမ်းကုန်ပြီ။
စက်ဝိုင်းလိုလို တြိဂံလိုလို
အနားသတ် မျဉ်းတွေပေါင်းစုံ
ပေါင်းနုတ်မြှောက်စား သင်္ကေတတွေနဲ့ တင်စား
အဲဒါ အချစ်တဲ့လား...
ချိုသလို ချဉ်သလို
နူးညံ့ဆွတ်ပျံ့ မွှေးရနံ့နဲ့
တစ်ခါတစ်ရံ အ၀င်လွယ်အထွက်ခက်
ဒါကကော အချစ်တဲ့...
ဂီတကိုတပ်မက်
တယောကို နှဲနဲ့ရောလို့
နေ၀င်တာကိုကော သတိရစေလား..။
ပီယံနိုမှော်ဝင် စောင်းသံကချိုနွဲ့
ပေါ့ပါးတဲ့ ဂစ်တာသံလွင်လွင်လေးတွေအတွက်
ဒရမ်သံလေးလေးကြီးက အချစ်လား...။
ပုစဉ်းတောင်သံကြိုး ကိုသီဆို
ဒစ္စကိုလို လှုပ်ရှားရင်း
ပေါ့ပ် တစ်ပုဒ်လိုကခုန်
ပန့်ခ် စာသားအငှားသုံး
ခေါင်းမြှောက် ခြေခါ
ရော့ခ်တစ္ဆေတွေ အသက်ဝင်တဲ့အခါ
အာရ်အမ်မ်ဘီလို ငြိမ့်ညောင်းသံစဉ်တွေအတွက်
ရက်ပ်ဂီတက အချစ်တဲ့လား...။
နားလည်သလိုနဲ့ေ၀၀ါးနေဆဲ
သိသလိုလိုနဲ့ ရှာဖွေနေဆဲ
တစ်ကွေ့ပြီးတော့ တစ်ကွေ့
ပြီးတော့ နောက်ထပ် နောက်ထပ် ကွေ့များစွာမှာ
အချစ်ရှာဖွေသူတွေ များလာကြ ။
အဟဲ မလေးရဲ့ အချစ်ဆိုတာ ဘာလဲ သီချင်းကို နားထောင်ပြီးတဲ့နောက် အဲ ပိုစ့်ကိုဖတ်ပြီးတဲ့နောက် စိတ်ကူးပေါက်ရာ ချရေးရင်း မန့်ခဲ့ပါတယ်။
စကားပြေလေးဖတ်ပြီး ကဗျာစပ်ချင်စိတ်ဖြစ်လာတာနဲ့ အမြီးအမောက်မတည့်တဲ့ ကဗျာတစ်ပုဒ်နဲ့ မန့်ခဲ့ပေးတာ စိတ်ဆိုးရဖူးနော်။ :)
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
စက်ဝိုင်းလည်းမမြည် လေးထောင့်လည်းမကျ
တြိဂံလို အချွန်လို့လည်း မဆို
ဘယ်လိုကို သေချာမသိ
အကြွင်းရှိသလောက်ပေါင်း
အကျိုးအကြောင်း စစ်ဆေး
အဲဒီမှာ အချစ်ရေးရေးလေးရှိတယ်..။
ပန်းသီးကို စိန်စီ ဒူးရင်းကို ပွေ့ဖက်
စတော်ဘယ်ရီရနံ့နဲ့ ဒညင်းသီး
သံပုရာသီးညှစ်လို့ ရောစပ်
ထွက်လာတဲ့ အရသာ
အချစ်မှာ ရှိတယ်...။
တယောနဲ့ နှဲ ကပ်စေးပျစ်ချွဲရင်း
စောင်းနဲ့ ဂစ်တာ ပလက်ကင်ကုတ်တော့
ပတ်မကြီးမနေနိုင် နားရင်းသာလှိုင်လှိုင်အုပ်လို့
မြည်သံစွဲ ဂီတစီးရင်း သောတနှစ်ဖက်
အချစ် ထွက်တယ်..။
စိတ်ခြူးကြာညောင် အရောင်မထွက်တဲ့ခတ်
လက်ကို မြှောက်လို့လှုပ်ကြတဲ့ ဒစ္စကို
ပေါ့ပ်တစ်ပုဒ်လို ပုပ်ပွ
ပန့်တစ်ပုဒ်လို မပြီမသ
ဂီတနဲ့ စီးမျောတဲ့ အာရ်အမ်ဘီရစ်သမ်နဲ့
အော်ကြောလန် ရက်ပ်ပါတွေလက်မှာ
အချစ်က ဓါတ်လိုက်သလိုထွက်တယ်...။
မဟားတရားနဲ့ ၀ါးတားတားဖြစ်
ကွေ့တွေမှာ ရစ်လေမိပြန်တော့
ဓါတ်တိုင်နဲ့ သပွတ်အူပေါင်းဖက်
ရှုပ်ရှက်ခတ်ခဲတဲ့ ဒီဘ၀တောမှာ
ကိုရင်ရေ......
အချစ်က ကျောကိုချနေပြီ ။
အဟဲ ဒါကတော့ ကျွန်တော့်အကိုရဲ့ အချစ်အပေါ် ရှုမြင်ပုံလေးကို ခံစားရင်း စိတ်ထဲပေါ်လာတဲ့ ကဗျာလေးနဲ့ မန့်ပေးခဲ့တယ်နော်။ အကိုရေ အချစ်တွေများ လို့ အများတွေချစ်ရင်း အခြောက်တွေလည်းကြည် အဲ ဟုတ်ပါဘူး မိတ်ဆွေတွေလည်း တိုးပါစေလို့။ စိတ်ဆိုးရဘူးနော်။ တို့က ချစ်လို့။ အဲ ဟုတ်ပါဘူး ခင်လို့ ပြောတာ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
လေးထောင့် တွေ စက်ဝိုင်းတွေ သံစုံမြည်တာတွေ အားလုံး ပေါင်းထားတာ.... ဟုတ်ပါ့
ဟီးးးးးးးးး အချစ်လေးထောင့် ကျကျ ဟုတ်ပါဘူး စက်ဝိုင်းကြီး ဟဲဟုတ်ဘူး အချစ်ဟာ ပုပ်ပွ အဲ့ ဟုတ်ဘူး ပန့် ရက်ပ်ပါ အဲဟုတ်ဘူး မှားလို့ စတော်ဘယ်ရီ နီတာရဲ လေးလား အိညောင်လေး အဟား
အချစ်တွေ အများကြီး ဖတ်သွားတယ် ဦးနော် တီငယ်ရေ ဒီလိုပဲ ဆက်ပြီး ချစ်နိုင်ကြပါစေ
လေးစားလျက်
တောင်ပေါ်သား
သြော် အချစ်ဆိုတာ ဒီလိုပါလားကွယ်...
အချစ်ဆိုသည်မှာ တားဆီးတတ်ခဲ့အိပ်စက်ခြင်းများစွာ.. အချစ်ဆိုသည်မှာ အိပ်မက်များရဲ့အရုဏ်ဦးအလှတရား...းD
အော် ... ရေးထားတာတွေ ...
အစုံအစိနဲ့ ငုံမိရလေအောင်
အတွေးများကို အရေးအသားနဲ့
ဖေါ်ဆောင်လို့ အာရုံထဲတောင်
ဝင်သွားစေတဲ့ အချစ်ပို့စ်ပါလား ..။
ကောင်းတယ် ... ဦးနော် .. တီငယ်ရေ ..။
အင်မတန် လိုက်ဖက်ညီတဲ့ အရေးနဲ့  .... အတွဲ...။ ဟုတ်တယ်... အချစ်ဆိုတာ အဲလိုပဲ ... အချိန်ကိုလိုက်ပြီး အဲလို အမျိုးစုံနေတာပဲ...။
မန့်မယ်နော် စိတ်ဆိုးနဲ့ ကြိုပြောထားတာ
အကြောင်းရှိတယ်
သူငယ်ချင်းတစ်ယောက်ကတော့ မှန်ပေမယ့် ကြမ်းတယ်တဲ့
နောက် သူငယ်ချင်းဪဇီမလေး ကတော့
finally found my wedding vow တဲ့
ကျွန်တော်မြင်တဲ့အချစ်ပါ
နည်းနည်းတော့ ကြမ်းတယ်
အပြောမတတ်တော့ ဆဲ ဆိုသလိုပေါ့
အစကတော့ မရေးဘူးပဲ
ကိုတိမ်ကြီးက ကဗျာတွေနဲ့မန့်ထားတော့ သူ့အားကျလို့
ကဲလာပြီ
အချစ်ဆိုတာ
Phase I
Darling
Sweetie
Honey
Sweet heart
Sweet pie
Sweet bear
Love
My heart
Phase II
Screw you
Fuck you
Eat this (middle finger)
Bitch
Bastard
Son of a Bitch
Slut
Moron
Whore
Mother fucker
A Chen
5:20 pm
24th Feb 2009
Home
Bkk
အချစ်အချစ်... ဟူး.... ဒါဟာ အချစ်တဲ့လား အဲဒါ အချစ်တဲ့လား.. ဒါများ အချစ်တဲ့လား ကွာ.. မင်းပြောဦး.. ၀ိုး..အိုး.. ၀ိုး..အို.. အို.. .. :P :P :P
ဟီးး..တိဖူးတိဖူး.. ပန်ဒေါ့မယ်.. အချစ်အကြောင်း မချင်းချားချင်ဖူး... ခစ်ခစ်
ဒီနှစ်ယောက် လုပ်လိုက်ရင် ဒီလိုချည့်ပဲ...
Post a Comment