Blogger ကြီး ပါဗျ..
PC ကို အသာ ဖွင့်ပါလို့
Keyboard ပေါ် လက်လေး တင်
Mouse လေးကို ပြင်
Password ကို ရိုက်လို့ပေး
Mozilla နှစ်ခါ click ပါလို့
Browsing မယ် လေး...။
Blogger ကြီး ပါဗျ..
Blogger မှာ ဒေါ့ com ထည့်ပါလို့
Blogspot သို့ အသာဝင်
Sign လေးကို in
Enter ကို ခေါက်လို့ပေး
Blog ထဲမှာ စာတွေ လေးနေလို့
Waiting တဲ့ လေး...။
Blogger ကြီး ပါဗျ..
Cbox ကို မြန်မြန် ဖတ်ပါလို့
Comments ထဲ အရင်ဝင်
Reader တွေ အမြင်
Reply ကို ပြန်ကာပေး
Update မှာ သေချာ ကြည့်ပါလို့
Visit မယ် လေး...။
Blogger ကြီး ပါဗျ..
Online ကို နေကုန် သုံးပါလို့
Template ကို သေချာ ထွင်
Sidebar ပြန် ပြင်
Setting တွေ ချိန်ညှိပေး
Post များကို ကြံဖန် ရေးပါလို့
Blogging မယ် လေး...။
Blogger ကြီး ပါဗျ..
Lunch, Dinner မစားအားပါလို့
Sleep ဖို့ရန် မေ့ချင်ချင်
Toilet မဝင်
Body ကို rest မပေး
Health အရေး မတွေးမိပါလို့
Die တော့ မယ် လေး...။
(ကိုရင်နော်)
Monday, March 30, 2009
BLOGGER ကြီး...
Labels:
ပြုံးစရာကဗျာ (ကိုရင်နော်)
Subscribe to:
Post Comments (Atom)
42 comments:
ဘလော့ကာကြီး ကတော့မိုက်တယ်ဝေ့ :)
ဘလော့ဂါကြီးကတော့
ဘလော့ဂါတိုင်းကို ကြည့်ရေးထားသလို ပဲနော်
ကွက်တိပဲ
ဟားဟား... ကောင်းလိုက်တာဗျာ :D
Blogger ကြီးပါဗျ...
ဆီးမရွှင် ဝမ်းရယ်ပိတ်ပါလို့
အဖုထွက်ကာ လကမ္ဘာဖြစ်ရတယ်
ဒင်းမျက်နှာ ကြည့်သူမရှိပါ၍
ဆံတွေဖြူ သွားရယ်ကျိုးကာမှ
လူအိုရုံနံဘေး မပြေးခင်.."ဂန့်"
အမျှ.. အမျှ... အမျှ...
blogger ကြီးပါဗျို့း)
ရေတောင်မသောက်အားပါရှင်.ဘလောဂင်းဝင်..
ထို့ကြောင့် ဤအရာကို ဘလော့ဂ်ဂါဟုခေါ်သည်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ဟာ ဘယ်တုန်းက ကျွန်တော့်ကို ချောင်းကြည့်သွားသလဲ ... ကွက်တိပဲ ကွက်တိပဲ ... ဘလောက်ဂါတွေက မ Die ခင် ဇီးကွက်ဖြစ်သေးတယ်ဗျ ...
ခင်မင်လေးစားစွာဖြင့်
blogger ကြီးပါဗျ :P
ကောင်းဗျာ
စောင်းမပြောပါနဲ့ ဗျာ..
တည့်သာပြောလိုက်စမ်းပါ..
အဟား..
ပြန်ရောက်ရောက်ချင်းတက်လာတဲ့နဲ့ 
ဖတ်လိုက်တဲ့ကဗျာနဲ့ ကကွက်တိ
ထိထိမိမိရှိ၏
ဘလော့ဂါကြီး...
ကိုရင်နော့်ဘလော်ကာကြီးကလည်း
အားလုံးကိုစောင်းထားတည့်တည့်ပဲ
မသိချင်ယောင်ဆောင်နေလဲရသားနဲ့း(
ခင်လေးရဲ့ အအုပ်ပိုဒ်ကလည်းမိုက်တာပဲး)
ထိချက်ကတော့ ရက်စက်ပါပေ့...း)
ခင်လေး ကဗျာကလည်း ကောင်းလိုက်ချက်...း)
ကိုရင်နော်နဲ့ မခင်လေး တော်တော်လည်းလိုက်ပါတယ် .. မရီပဲကို မနေနိုင်ဘူး :D
Blogger ကြီး ပါဗျ..
အချိန်တွေ ဖြုန်းပါလို့
ထိုင်ကာရယ် မထရွှေ့
တီငယ် ပြောသလို ဟီးးးးး
အမျှ အမျှ အမျှ
(မှတ်ချက်။ ။တီငယ်ကို ချောက်တွန်းသူ)
လေးစားလျက်
တောင်ပေါ်သား
အမှန်တွေပြောလွန်းတော့လည်း ခပ်ကြောက်ကြောက်ဖြစ်သွားတယ် မိနော်ရေ့ ကျူပ်ကတော့ဘလော့ဂါမဟုတ်ဘူး co.ccer အဲ့တာက ဘာခေါ်မလဲ ???
;)
ဗေ. တိုး .ဗေ .ပတ် .ဗေ .ဒိုင်း.. ဒိုင်း.
အို.ဘာတဲ့.ကနားစည်း..“ရင်ရင်” တဲ့ကွ.
ကြိတ်ထား...(သား...ရေ) :-)
ဟားဟား...
ကိုရင်ကတော့လေ....
တကယ်..တော်တယ်...မောင်လေးရေ..
ရယ်ရယ်မောမော ကဗျာကိုဖတ်သွားတယ်..။
Not only Bloggers, but also Readers.
Good poem!
ဟိုက်..ငါ့ကို တိုက်ရိုက်ဝုတ္တိကြီးနဲ့ ဆော်နေပါလား..
Die တော့မယ် ဆိုပဲ.. :))
ကွက်တိပါလား...
မDie ပါရစေနဲ့ဦး
ဘလော့ကာကြီး ........ အသွင်ကလည်း လန်းပါ့... ဘာမှကိုပြောစရာ မရှိတော့ဘူး .. ဟီးး
:P
(((တောက်)))
ခင်ဗျားဗျာ... ကိုယ့်ဘာသာ သတိပေးတာတယ်ဆိုရင်လည်း.. တိုးတိုးတိတ်တိတ်ရေးပေါ့ဗျာ။ အခုအားလုံးကို ပတ်ရမ်းသလိုဖြစ်နေပြီ။ ဂယ်..တင်းတယ်။
ဟ..ဟား.. အာပျော်ပါ...
တို့ကတော့ အိပ်ဖို့ သတိရသေးတယ် :P
အမိုက်စား ဘလော့ဂါ ကဗျာပါလားဗျို့...။
မိန်းမတောင် မရသေးဘူး။ မ Die ပါရစေနဲ့ဦး။ :P
:D :D :D
ပထမဆုံးအကြိမ် ရောက်ပါတယ်ဗျာ။ ကဗျာလေးက အမိုက်စားလေးဗျာ။ အခုမှ ဘလော့ခ်ဆိုတဲ့ ရပ်ဝန်းထဲရောက်လာတဲ့ လူတစ်ယောက်အတွက်တော့ မှတ်သားဖွယ်ရာ ကဗျာလေးပါခင်ဗျာ။ ကဗျာလေးဖတ်ပြီး ပြုံးသွားပါတယ် ခင်ဗျာ။
ဆူးရင့်
ဟတ်ဟတ် ရေးထားတာလေးက သဘောကျစရာ ..
မိုက်တယ်
:P :D :))
funniest truth!
ဟီးးးး Blogger ပါလား...... နေကန်းတယ်နော်.....
ကိုယ့်ကိုကိုယ်သတိပေးသလိုလိုနဲ့ အားလုံးကိုတွယ်ထားသလိုပဲ သတိထားပေမှပဲ..မဖြစ်ဘူး..
ဘလော့ဂါကြီးပါဗျ
ကွန်ပြူတာရှေ့ဝင်ကာထိုင်..
ထိုင်ပြီးရင် မထအား
စိတ်ညစ်နေပြီတအားးးးးးးးးးးးးး)
နေကန်းတယ်နော်..ကိုရင်နော်.
ကိုရင်ရေ၊ တစ်ကယ်ကို ၀ါးလုံးကွဲပါဘဲဗျာ။ ရေးလည်းရေးတတ်ပ။ တစ်ကယ်ပါ။ ဘယ်တုန်းကမှ ဒီလိုစာမျိုးမဖတ်ဖူးခဲ့ဘူး။ ဒီနေ့လည်း လာရကျိုးနပ်သွားပြန်ပြီ။
အတော်ရေးတတ်သူလေးပါပဲလား..
ပေါ့ပါးစွာရီမော သွားပါတယ်..
ခုတော့ ကိုယ်လဲ ဒီစာရင်းထဲ ပါခဲ့ ပြီ
ဒါပေမဲ့ Die တော့ မ die ချင်သေး..း)
အင်း..
လေ့ကျင့်ခန်းတွေ ပြန်လုပ်အုံးမှ...း)
ဦးနော်.. ဘာဖြစ်လို့အမှန်ကန်တွေပြောရတာတုံး.. ကောင်းလိုက်တာ... ကျေးဇူးနော်..
Health အရေး မတွေးမိပါလို့
Die တော့မယ်လေး... ကို အကြိုက်ဆုံးပဲ..
ဟီးးးး :D
ပထမဆုံးအကြိမ် လာလည်သွားပါတယ်ရှင်။ သိပ်ကောင်းတဲ့ ကဗျာပါပဲ။ :)
Same as you. When I entered the blogspot ,I forgot everything including launch, dinner and drinking.
Bino
ရှားဘားဘား ... ကောင်းလိုက်တဲ့ အတွေး လှလိုက်တဲ့ အရေး ... ကူးထားဦးမှ ... :D
အရမ်းကောင်းတဲ့ ကဗျာလေး......ခေါင်းစဉ်လေးကို စိတ်ဝင်စားလို့  လာလည်တာ.... စာမရေးတတ်တော့.လျှောက်ပဲလျှောက်လည်တယ်..... တစ်ခုတော့ပြောရအုံးမယ်...blogger တွေ ပဲ မဟုတ်ပါဘူး....ပရိတ်သတ်လည်း ဒီလိုပါဘဲ...လိုက်လည်ပြီး စာဖတ်နေရတာနဲ့  မှုန်ဝါးဝါး ဖြစ်နေပြီ.... die တာက နောက်..လောလောဆယ်တော့ မှုန်ဝါးဝါးနဲ့ ....၀ါးတားတားဖြစ်နေပြီ.....သေခဲ့ရင်တောင်..လောကကြီး အလှကို ခံစားလိုက်ရမှာမဟုတ်ဘူး.......
နောက်ပိုင်းစာတွေပြန်ဖတ်ရင်း အခုမှ ဒါလေးဖတ်မိတာ အတော်မိုက်တာပဲဗျ ရေးလည်းရေးတက်တယ် ကိုရင်နော်ရယ် :)
အမှန်ပဲ ဦးနော်ရေ ..... မိုးလင်းတာနဲ့ မျက်နှာမသစ်ခင် ဒီအလုပ်က အရင်လုပ်ရတယ်။ ရုံးရောက်တော့လည်း အားတဲ့အချိန်လေး အိမ်လည်ရင်း blogging လုပ်ရတယ်လေ။ ကြာရင် ဒီစိတ်နဲ့ သေမှာပဲ။း)
၁၀၀ % ထောက်ခံသွားသည်။
လေးစားလျှက်
ရောင်
Post a Comment