Friday, April 17, 2009

ပြိုင်တူလင်းတဲ့ကောင်းကင်


သင်္ကြန်အမှတ်တရ ကဗျာလေးတွေ စုစည်းထားတဲ့ ကဗျာစာစုလေးပါ..

ကဗျာတွေ တစုတဝေးတည်း ဖတ်ခွင့်ရတဲ့ အတွက် စီစဉ်သူ အားလုံးကိုလည်း ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်..
ခင်လေးလည်း “သင်္ကြန်ရေ...” ဆိုတဲ့ကဗျာလေး တစ်ပုဒ် ပါဝင်ထားပါတယ်ရှင်...

သင်္ကြန်ကဗျာစာစု



PDF Format လေးကို MediaFire နဲ့ eSnips တို့မှာ Download လုပ်နိုင်ပါတယ်..။

မင်္ဂလာအပေါင်းခညောင်းတဲ့ နှစ်သစ်မှာ အားလုံးပဲ ကျန်းမာချမ်းသာ၍ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်..

(ခင်လေးငယ်)


7 comments:

RePublic said...

ကိုရင်ကြီး နဲ့ မခင်လေး မင်္ဂလာနှစ်သစ်ပါ ၊၊ ပျော်ရွှင်ချမ်းမြေ့ပါစေ ၊၊

Anonymous said...

ပြိုင်တူလင်းတဲ့ကောင်းကင်ကြီးအောက်မှာ
အလင်းတွေနှစ်ရှည်တည်တံ့စေသား
မနော်

တောင်ပေါ်သား said...

ပြိုင်တူလင်းတဲ့ ကောင်းကင် ထာဝရ တည်တံ့ပါစေ။
အားလုံးအတွက် ကြည်နူးဝမ်းသာ ဖြစ်ရပါတယ်။ ဂုဏ်ယူပါတယ်။

လေးစားလျက်
တောင်ပေါ်သား

မိုးမောင်(HappyCloud) said...

မင်္ဂလာနှစ်သစ်ပါ မငယ်ကြီးရေ။ ကိုရင်ကော ဘယ်ရောက်နေတုန်း ညနေခွက်ပုံဆိုင် မလစ်နဲ့လို့.. ကျုပ်တို့ ရပ်ကွက်ရုံးက စတုဒီသာကျွေးပွဲမှာ သွားလုပ်အားပေးဖို့ ရှိတယ်။ သူ့ကို လာခဲ့ပါပြောလိုက် :D။ ကလေးလေးပါ ခေါ်ခဲ့။ ကိုရင့်အချစ်တော် မသန်းစိန်ကြီးခေါင်းဆောင်ပြီး ရွှေရင်အေးတိုက်နေတယ်။ ဟား..ဟား။

ဆောင်းယွန်းလ said...

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းနိုင်ကြပါစေ ကိုရင်နော် ညီမခင်လေးနဲ့ ကလေးလေးတို့ရေ

Anonymous said...

“ ပြိုင်တူ ငြင်း မဲ့ ကင်းကောင်” က ဘယ်တော့လဲ ဟင်....

စတာပါဗျာ.
Blog တော်တော်များများ မှာလဲ ကဗျာစာစု လေး ပြိုင်တူလင်းလက်နေတာ တွေ့နေရပါတယ်ဗျာ. ဝမ်းသာပါတယ် ဗျာ

ကျော်သိင်္ခ said...

ကိုရင် နဲ့ မခင်လေးရေ

အခုလို ဘလော့ဂ်တွေပေါ်မှာ ရောင်စုံ ကောင်းကင်တွေ ပြိုင်တူလင်းနေတာကို ဖတ်ပြီး ကြည်နူးရပါတယ်။