Sunday, April 19, 2009

ကဝေ တစ်ကောင်သို့..

ကဝေမတဲ့.!! စွတ်စွဲတာလား..! တင်စားတာလား..! သရော်တာလား..! မြှင့်ပေးတာလား..! သတ်မှတ်လိုက်တာလား..! မင်းချပြလိုက်တာလား..! ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နားဝမှာတော့ ချိုခဲ့ပါတယ်..။ မင်းကိုယ်တိုင်ကကော ကဝေ တစ်ကောင်ပဲ မဟုတ်လားကွယ်..!! ကဝေဟာ ကဝေညှို့တာ ပြန်ခံရတော့ စုန်းတွေ ထတောက်လိုက်တာ အဲ့ဒီည ကောင်းကင်တစ်ခုလုံး အရောင်တွေစုံပြီး လက်လက်ကိုထလို့..။ အနီရောင်တောက်တောက်တွေနဲ့ အပြာရောင်တွေ လွှမ်းအသွား စိတ်နှစ်ခုရဲ့ ရင်ဘတ်တွေမှာ ခရမ်းပုပ်ရောင် ရင့်ရင့်တွေက နေရာယူလို့ ပြုံးကြတယ်..။

ပညာခြင်းပြိုင်တာ မဟုတ်နိုင်ဘူး..။ ဒါဟာ ကြိုးနံပါတ် အသစ်တစ်ခုကို အတူတကွ သင်ယူကြတာမျိုးလေကွာ..။ အဲ့လို မင်းမထင်ဖူးလား..!! အို... မင်းဘယ်လိုထင်ထင်ပါ ဒါကို ကိုယ်စိတ်မဝင်စားဘူး သိလား..! ကြိုးလွဲသွားမှာကို စိုးရိမ်စိတ်တွေနဲ့ မင်းရှိနေခဲ့တယ်ဆိုတာ..။ မင်းလိုပါပဲ ကိုယ်ကိုယ်တိုင်လည်း အသက်တောင်ဝဝ မရှုခဲ့မိပါဘူး..။ သင်ယူနေတဲ့ ကြိုးကွက်တွေ လွတ်သွားမှာစိုးလို့ပေါ့..။ ခနဲ့တဲ့တဲ့ ကဝေပြုံးတော့ မပြုံးနဲ့ ကိုယ့်ဆရာရေ.. ကဝေချင်း ခြေမြင်အောင် ပညာတော့ မစမ်းဘူး..။ အနုမြူရောင်ထက် တောက်တဲ့ အရောင်တွေ ကွန့်မြူးတဲ့ ညမှာတော့ မင်းနဲ့ ကိုယ်ဟာ ရဲဘော်ရဲဘက် သွေးသောက်တွေ ဖြစ်ခဲ့တာပဲ ဟုတ်..!!

ငြင်းဖို့ မင်းကြိုးစားမယ် ကိုယ်မထင်ဘူး ကဝေရေ..။ နှုတ်ခမ်းနှစ်လွှာကို တင်းနေအောင် မင်းစေ့ထားနေမှာ ကိုယ်သိနေတယ်..။ လွှတ်ချလိုက်ပါ.. ဆုပ်ကိုင်ထားတဲ့ အရာတွေကိုပေါ့..။ မင်းတွေးမတွေးတော့ ကိုယ်မသိဘူး.. ကိုယ်တော့ အသစ်တက်လိုက်တဲ့ ကြိုးအကြောင်းနဲ့ အတွေးတွေက ချာချာလည် မူးနောက်လို့..။ ကဲ.. မင်းဘယ်လိုထင်လဲ ကဝေ..!! ကိုယ်တို့ နောက်တစ်ကြိုး အတတ်ကို အောင်မြင်စွာ ရခဲ့တာလား..!! လေ့လာဆဲ အဆင့်လား..!! ဒါမှမဟုတ် မင်းရော ကိုယ်ပါ ပြိုင်တူ ဂုဏ်ထူးထွက်ခဲ့ကြတာလား...!!

ကဝေတွေတော့ ကြိုးတွေရှုပ်လို့ ရုပ်သေးတွေဖြစ်လိုဖြစ်..။ ဟား..ဟား.. ဘယ်လိုပဲဖြစ်ဖြစ် ကဝေမ တစ်ယောက်ကတော့ ကဝေတစ်ကောင်ကို သတိထားလိုက်မိပြီ ဆိုတာလေးပါပဲ..။ ကိုယ်ကတော့ လုံးဝ ပညာစမ်းမှာမဟုတ်ဖူး..။ ကစားဖို့ကိုလည်း ကိုယ်စိတ်မဝင်စားဘူး ဒါ.. အသေအချာပဲ..။ ကဝေတွေ မှာလည်း ရင်ဘတ်တွေ ကိုယ်စီနဲ့ ဆိုတာ မင်းမေ့ဖို့မကြိုးစားနဲ့..။ ဒါဟာ ပေါ့ပေါ့လေး မဟုတ်ဖူး ကိုယ့်ကဝေရေ.. နားလည်မှုတွေနဲ့ ရင်းထားတဲ့ အရာတွေ အများကြီးဆိုတာ မင်းလည်းအသိ ကိုယ်လည်းအသိနဲ့ မို့ပါပဲ.......။

(ခင်လေးငယ်)

19 comments:

Anonymous said...

ဘာသာဗေဒဆိုတာ လေ့လာသင်ယူစရာတွေ ပြည့်နှက်ပြီး
ထွင်းဖောက်ရောက်ရှိတဲ့ အသိဥာဏ်တံခါးမှာ တစ်ခါတစ်ရံ မှာ ပုံရိပ်ယောင်တွေ ထင်ဟပ်တတ်တယ်။ ရင်ဘတ်ထဲက လာတာလား စိတ်တွေကဘဲ ပညာခန်းတွေ ယှဉ်ကြတာလား။ လွဲမှားသွားတဲ့ သတ်မှတ်ချက် အသစ်တွေဟာ ဘ၀တစ်ခု ပျက်သွားနိုင်လောက်ရဲ့ ။ နင်းချေဖျက်လိုက်တဲ့ ပုံရိပ်ယောင်သမိုင်းမှာ ရင်ခုန်စရာ အတတ်ပညာတွေ၊ နေ၀င်မီးထွက် အသက်မဲ့ခန္ဓာဓါတ်တွေ ဟက်ဟက်ပက်ပက် ငိုကြွေးသံတွေ ဒါတွေအားလုံး ကဝေစိုးမိုးတဲ့ ရာသီမှာ ဖြစ်ထွန်းရင်း ချဉ်ချင်းတပ် ရာသီစာတစ်ပုဒ်ကို နားလည်သလိုလိုနဲ့ နားမလည်၊ နားမလည်သလိုလိုနဲ့ နားလည်ရင်း ဖတ်ရှုခြင်းမမည်တဲ့ ဖတ်ရှုခြင်းတွေ မျက်လုံးမဟုတ်တဲ့ မျက်လုံးတွေ စိတ်မဟုတ်တဲ့ စိတ်တွေ ဦးနှောက်မမြည်တဲ့ ဦးနှောက်တွေ ခန္ဓာမဟုတ်တဲ့ ခန္ဓာတွေနဲ့ ဖတ်သွားပါတယ်။

ကဝေဆိုတာ ရေရာမှုမရှိခြင်းတွေကြားမှာ တိမ်မြုပ်ပျောက်ကွယ်သွားတတ်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ဝေါဟာရတစ်ခုပေါ့ ။

အတွေးတွေအများကြီးနဲ့ပိုစ့်လေးကို နှစ်ခြိုက်စွာဖတ်သွားပါတယ်။

အိန္ဒြာ said...

ဒီကဝေမလေးက လှတယ်....

မိုးမောင်(HappyCloud) said...

သတိထားလိုက်မိပြီး ဆိုတဲ့ ကဝေက.. ?
အဲဒါ.. သိပ်အရေးကြီးသွားပြီ။ ရံဖန်ရံခါ အဲဒီကဝေနဲ့ ဆိုင်တဲ့ပိုစ့်တွေ သဏ္ဍာန်တမျိုးမျိုးနဲ့ တင်ဆက်ထားတာလေးတွေ ဆက်ဖတ်ရအုံးမလားမသိဘူး။

မီယာ said...

စုန်း ကဝေတွေ အကြောင်း ငယ်ငယ်ကပဲ ပုံပြင်ထဲမှာ ဖတ်ဖူးတယ်... မခင်လေးရေးထားတာ ဖတ်ပြီး နဲနဲပိုသိချင်လာတယ်... ကဝေတွေ ကြိုးရှုပ်ပြီး ရုပ်သေးဖြစ်နေတယ် ဆိုတာလေး ကြိုက်လိုက်တာ။

ဆောင်းယွန်းလ said...

အရေးအသားတွေကတော့ညက်တယ်ညီမခင်လေးငယ်ရေ
ကဝေက ကဝေညှို့တာပြန်ခံလိုက်ရတယ်ပေါ့လေ

Anonymous said...

ကဝေဆိုတာကြိုးများလေ အစွမ်းထက်လေ
ကြိုးတစ်ကြိုးအသက်တစ်ချောင်းဆိုတာကိုး
ကြိုးတွေရှုပ်နေတယ်ဆိုတော့...
.......................
မနော်

တောင်ပေါ်သား said...

ကဝေ ကဝေ စုံတွဲ ရန်ဖြစ်နေတာကိုး တီငယ်ရ ဟဲဟဲ စိတ်လျှော့လိုက် တီငယ်ရေ......
...... ကဝေ....... ကဝေ......


လေးစားလျက်
တောင်ပေါ်သား

ကျားကျား said...

can show this post on my blog???

ကျားကျား said...

in http://mybestdiaryinworld.blogspot.com/

ခင်မောင်လတ် said...

မခင်လေးရေ
ရေးထားတဲ့ စတိုင်ကို သဘောကျလိုက်တာဗျာ
ဖတ်ရတာအားမရဘူးဗျ တိုလွန်းနေတယ်
ဒါပေမဲ့ ဆန်းသစ်တဲ့ အတွေးလှတယ်
လေးစားတယ်-

ခမ်းကီး said...

ရေးတတ်လိုက်တာ...

Anonymous said...

ကဝေဆိုတာ ပြုစားတတ်တဲ့သဘောပေါ့ ဒီပို့စ်ထဲက ကဝေကတော့ အချစ်အတွက်ဖော်ကျူးတဲ့ ကဝေတစ်ကောင်ပဲ ။

ကဝေကြောက်လို့ပြေးပြီင်္းး)

ဟန်သစ်ငြိမ် said...

ထွန်းအိန္ဓြာဗိုလ်သီချင်းထဲကလို `မင်းလည်းသိတယ်ငါလည်းသိ...´ အဲလိုမျိုးပေါ့...။

ဒါမှမဟုတ် လေးဖြူသီချင်းထဲကလို `မင်းနှုတ်ခမ်းများ လွင့်လာမှာကြောက်တယ်ကွယ် စုန်းမ...´ အဲလိုလား...။

ဒါမှမဟုတ် ဇော်ဝင်းထွဋ်ရဲ့ `အစွဲအလန်းများဟာ ငါ့အတွက် တစ္ဆေသရဲဇာတ်ကားလိုပဲ...´ အဲလိုမျိုးလား...။

အင်း... သိသမျှ သီချင်းတွေလည်း ကုန်ပြီ။ အတွေးလေး မိုက်တယ်ဗျို့...။

ပါဂနာ said...



ဒီကောင်မလေးးး
နလန်ထ လာတော့ (၁၃)ကြိုးတပ်ဖြစ်နေပါပေါ့လား...ဖျား.ဖျား.:::
ဘာတဲ့..“ကဝေ” ဘာသာမှာတောင် “Credit” ကထွက်လိုက်သေး.

ဟားးးဟားးးး
ဒီ “က” ကြီး “ဝေ” ခင်လေး တော့ မကြောက်ရေးချ မကြောက်သေးးးဝေးးးဟေး.ဟေးးး

ခင်လေး ခံစားချက်တွေ ပေါ့သွားစေရန်သာ(Moderation ထဲက)

ပါဂနာ

Unknown said...

ကဝေ ကဝေခြင်း တံမြက်စီးမြင်တဲ့ သဘောတရားတွေပါ လား...။

အားကျတယ်ဗျာ...။ အက်ဆေးအရေးအသားတွေ...။ တကတယ့်ကို ကျစ်ကျစ်လစ်လစ်ပါပဲ...။

Anonymous said...
This comment has been removed by a blog administrator.
Unknown said...

ခင်လေးရေ..... ကြိုက်လို့ ၂ခါတောင် တခါတည်း ဖတ်မိတယ်ဟ။ ဒီကောင်လေး ရေးထားတာ အတော်မိုက်တယ်။
နိဒါန်းနဲ့နိဂုဏ်း အပိုဒ်ကိုတော့ အကြိုက်ဆုံး

ဝါးစိမ်းလေး said...

ကဝေ က ကဝေ
ကဝေကလည်း ကဝေ
ကဝေ ကဝေ
ဒူဝေဝေ

တားမြစ် ထားသော... said...

ကိုဝေရဲ့ခံစားမှုတွေ ... အဲလေ ...
ကဝေရဲ့ ခံစားမှုတွေဆိုတာ ...ရှိမနေခြင်းရဲ့ ဖြစ်တည်မှုကို၊ ရှိနေခြင်းတွေနဲ့ ဖြစ်တည်အောင်ကြိုးစားတာထင်ရဲ့။

သုခမိန်(E-Journal)