Friday, June 26, 2009

ကောင်းကင်ဘုံသို့ ဆုတောင်း

သူ..... ဘယ်ရောက်သွားပြီလဲ..!!
သူ..... ဘယ်လိုနေရာမှာ သီချင်းတွေ ဆိုနေမလဲ..!!
သူ..... ဘယ်သူတွေနဲ့ ရယ်မောပျော်ရွှင်နေလေမလဲ..!!
သူ့..... မိသားစု မောင်နှမတွေ သူသိပ်ချစ်တဲ့ ပရိသတ်တွေနဲ့.... ...!!

Michael ရေ.. ရှင်ပဲ လွမ်းလွမ်းဆွေးဆွေးနဲ့ သီဆိုခဲ့ပြီးကွယ်.. I'll Be There.... တဲ့လား..!!


You and I must make a pact
We must bring salvation back
Where there is love, I'll be there

I'll reach out my hand to you,
I'll have faith in all you do
Just call my name and I'll be there

And oh - I'll be there to comfort you,
Build my world of dreams around you
I'm so glad that I found you
I'll be there with a love that's strong
I'll be your strength, I'll keep holding on
Yes I will, yes I will

Let me fill your heart with joy and laughter
Togetherness, well that's all I'm after
Whenever you need me, I'll be there
I'll be there to protect you
With an unselfish love I respect you
Just call my name and I'll be there

If you should ever find someone new
I know he'd better be good to you
'Cos if he doesn't, I'll be there

Don't you know, baby, yeah yeah
I'll be there, I'll be there, just call my name, I'll be there

(Just look over your shoulders, honey - ooh)

I'll be there, I'll be there, whenever you need me, I'll be there

Don't you know, baby, yeah yeah
I'll be there, I'll be there, just call my name, I'll be there...

အခု... ကျွန်မတို့ ပြန်မေးပါရစေ... ရှင်ဘယ်မှာလဲကွယ်...!!

ရှင့်အနုပညာကိုချစ်တဲ့... ရှင့်ကိုချစ်တဲ့... ရှင်ကသိပ်ချစ်တဲ့... တစ်ကမ္ဘာလုံးက ရှင့်ပရိသတ် ကျွန်မတို့တွေအားလုံး ချမ်းမြေ့တဲ့ ကောင်းကင်ဘုံမှာပဲ ရှင်ရှိနေမယ်လို့ ယုံကြည်နေပါရစေ...

Michael ရေ...
ကျွန်မတို့အားလုံး နှမြောတသ ချစ်ခြင်းများစွာနဲ့ ဆုတောင်းရင်း ကိုယ်စီ မျက်ရည်တွေ ဝဲနေကြပါတယ်...။

(ခင်လေးငယ်)

26 comments:

မေဇင် said...

တီငယ်...မိုက်ကယ်ဂျက်ဆင် အတွက် ၀မ်းနည်း နေတာလား..ဒီလိုပါပဲ..တစ်ယောက်ပြီး တစ်ယောက် ..ရှေ့ကသွား..ကိုယ်လဲ နောက်က လိုက်ရမှာပဲ..။ အရင်က သူ့ သီချင်းတွေကို ကြိုက်ပေမယ့် သူ့ရုပ်ကို မကြိုက်ခဲ့ဘူး..ခုလို ဆုံးသွားတော့လဲ..သူ့လို လူတော် တစ်ယောက်အတွက် ၀မ်းနည်းမိပါတယ်..။

မမသီရိ said...

တမလွန်မှာလဲ
သူ သီချင်းတွေ ဆက်ဆိုနေမယ် ထင်ပါရဲ့

မောင်အေးချမ်း said...

ညံ့တယ်ပဲပြောပြော တီငယ်ရေ မိုက်ကယ်က ဘယ်တုန်းက ဆုံးသွားတာလဲ..လုံးဝကိုမသိဘူး..

Kaung Kin Ko said...

Heal the world သီချင်းရယ် Remember the time သီချင်းရယ် နားထောင်ပြီးကတည်းက သူ့ သီချင်းတွေကို စွဲလမ်းခဲ့တာပေါ့။ အမ်တီဗွီထဲက Remember the time နဲ့ Black or White ကိုလည်း အသေကြိုက်ခဲ့တာ။

မင်းအိမ်ဖြူ said...

ဟုတ်တယ် အစ်မရေ ဒီနေ့မနက်ပဲ အဲဒီသတင်းလေး ဖတ်လိုက်ရပါတယ် ..........
စိတ်မကောင်းဘူးအစ်မေ၇
အနုပညာတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့
Jackson တစ်ယောက်ကောင်းရာသုဂတိလားပါစေ....

Sein Lyan Tun said...

သတင်းကို အင်တာနက်ပေါ်က ဖတ်လိုက်ပြီးကတည်းက စိတ်ထဲမှာ တော်တော်မကောင်းဖြစ်တာပါ..

မိုက်ကယ်ဂျက်ဆင် ကောင်းရာမွန်ရာရောက်ပါစေဗျာ...


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ကြည် said...

ထပ်တူဝမ်းနည်းကြေကွဲမိပါတယ်ခင်လေးရေ။ ဒီနေ့သူ့သတင်းတွေဖတ်ရတော့ အံ့သြလိုက်တာလေ။ သူကောင်းကင်ဘုံမှာ သီချင်းဆိုရင်းပျော်နေမှာပါ။

မိုးမောင်(HappyCloud) said...

Heal the world နဲ့ You're not alone ဆိုတဲ့ သီချင်းလေး နားထဲ ကြားနေတယ်ဗျာ...

ကောင်းရာ သုဂတိလားနိုင်ပါစေ..မိုက်ကယ်လ်ရေ...

Anonymous said...

ခုမှ သိတာ .. သူဆုံးမှန်း တကယ် မသိဘူး ...
မှတ်မှတ်ရရ သူဆိုထားတဲ့ သီချင်းတွေ ထဲကဆို အားကစားကွင်းထဲမှာ ကလေးတွေနဲ့ အတူ ဆိုထားတဲ့
Heal the world ကိုတော့ တော်တော် အမှတ်ရနေမိတယ် ... သူ ပျော်ရွှင်အေးချမ်းနိုင်ပါစေ ..
နေဒေးသစ်။

မိုးမြင့်တိမ် said...
This comment has been removed by the author.
ဆူးရင့် said...

ဘယ်လိုဘဲဖြစ်ဖြစ်ပါလေ သူသေဆုံးသွားပေမယ့် သူ့သီချင်းလေးလိုဘဲ I'll Be There!!!! ပေါ့။ ကျွန်တော်လည်း ဒီသတင်းကို ဖတ်လိုက်ရပါတယ်။ လူတော်တစ်ယောက်ဆုံးရှုံးသွားတာပေါ့။ အရာအားလုံးဟာ အချိန်တန်ရင်တော့ အားလုံးပြီးဆုံးကြရစမြဲဘဲ မဟုတ်လားဗျာ။


ဆူးရင့်

အိန္ဒြာ said...

ကလေးမ...

ငိုများနေသေးလား...

အိုဘားမားကနေ.....

မိုက်ကယ်ဂျက်ဆင်..

တိုက်ဂါးဝုဒ်...စသဖြင့်...........

သူတို့မျိုးနွယ်ကို..ပွဲလည်တင့်စေခဲ့သူတွေ..

အိန္ဒြာ said...

ကလေးမ...

ငိုများနေသေးလား...

အိုဘားမားကနေ.....

မိုက်ကယ်ဂျက်ဆင်..

တိုက်ဂါးဝုဒ်...စသဖြင့်...........

သူတို့မျိုးနွယ်ကို..ပွဲလည်တင့်စေခဲ့သူတွေ..

ကျောပိုးအိတ် said...

အန်တီခင်လေးရေ

စိတ်တော့ကောင်းဘူးရယ်။ ကြယ်တစ်ပွင့်တော့ကြွေသွားပြန်ပြီ
း(

သားကြီး said...

ဘယ်သူမှမလွန်ဆန်နိုင်ကြပေဘူး
သေမင်းက ဘာkingမှ မရွေးဘူးကိုး...

စည်သူ said...

့မြန်မာ့ မင်းသားကြီး နဲ့ မိုက်ကယ်ကြောင့်
သံဝေဂ ရမိတယ် အမှန်ဘဲ..
ချစ်ခင်လေးစားစွာဖြင့်
စည်သူ...။

စည်သူ said...

မြန်မာ့မင်းသား နဲ့ ကိုမိုက်ကယ်
တို့ ကြောင့် သံဝေဂ ရမိတယ် ဦးဦးနော် ရေ..။
အစဉ်ချစ်ခင်လေးစားလျက်
.......စည်သူ.။

ကိုလူထွေး said...

"we are the world" တယောက် going into the earth ဖြစ်သွားပြီပေါ့....

:´(

လုလု said...

ဦးနော်၊ လေးငယ်နဲ့ ကလေးလေးတို့ဆီကို မရောက်ဖြစ်တာကြာပြီသိလား။ ကိုးနတ်ရှင်ရယ်၊ မီးရယ် မကောင်းလို့လေ။ ဒီနေ့ ပို့စ်တွေအများကြီးဖတ်သွားပေမယ့် ဒီမှာပဲ ခြေရာချန်ခဲ့တယ်နော်။ မိုက်ကယ်ကြီးအတွက်လည်း စိတ်မကောင်းပါ။
ဒါပေမယ့်လေ အမှိုက်ဆိုတဲ့ ပို့စ်လေးဖတ်မိပြီး မျက်ရည်ဝဲမိတယ်။
ဦးနော်နဲ့ လေးငယ်တို့ ငယ်တုန်းကအကြောင်းတွေ ဖတ်ပြီးတော့လည်း ပျော်မိတယ်။
လေးငယ်ရဲ့ အရေးအသားကောင်းတဲ့ ဆောင်းပါးတွေ ဖတ်ပြီး ကြည်နူးမိတယ်။
ကလေးလေးရဲ့ အရေးအသားကိုလည်း ကြိုက်တယ်။
ဒီမိသားစုဘလော့ဂ်လေးကို ကျေးဇူးအထူးတင်ပါတယ်နော်။

လုလု said...

ဦးနော်၊ လေးငယ်နဲ့ ကလေးလေးတို့ဆီကို မရောက်ဖြစ်တာကြာပြီသိလား။ ကိုးနတ်ရှင်ရယ်၊ မီးရယ် မကောင်းလို့လေ။ ဒီနေ့ ပို့စ်တွေအများကြီးဖတ်သွားပေမယ့် ဒီမှာပဲ ခြေရာချန်ခဲ့တယ်နော်။ မိုက်ကယ်ကြီးအတွက်လည်း စိတ်မကောင်းပါ။
ဒါပေမယ့်လေ အမှိုက်ဆိုတဲ့ ပို့စ်လေးဖတ်မိပြီး မျက်ရည်ဝဲမိတယ်။
ဦးနော်နဲ့ လေးငယ်တို့ ငယ်တုန်းကအကြောင်းတွေ ဖတ်ပြီးတော့လည်း ပျော်မိတယ်။
လေးငယ်ရဲ့ အရေးအသားကောင်းတဲ့ ဆောင်းပါးတွေ ဖတ်ပြီး ကြည်နူးမိတယ်။
ကလေးလေးရဲ့ အရေးအသားကိုလည်း ကြိုက်တယ်။
ဒီမိသားစုဘလော့ဂ်လေးကို ကျေးဇူးအထူးတင်ပါတယ်နော်။

HRmyanmar said...

ကိုရင်နော်ခင်လေးငယ်သို့ ရောက်ပြီး ဝင်မွှေသွားပါသည် .. မိုက်ကယ်ကြီး အတွက်ကတော့ ဝမ်းနည်းမိပါကြောင်း

Unknown said...

He is my favorite singer. I really feel sorry for this news.

ဂျစ်တူးလေး said...

မိုကယ့်ကို ဂျစ်လဲကြိုက်ခဲ့ပါတယ်...
နှမျောစရာကြီး.....၀မ်းနည်းမိပါတယ်...

ခင်တဲ့...
ဂျစ်တူး

ဇော် said...

ဟုတ်ပါ့ ဒေါ်လေးငယ်ရယ်။
သူသေတဲ့နေ့ကတည်းက သိလိုက်ရပေမယ့်
ခုထိ နှမြောနေတုန်းပါပဲဗျာ။ =(

ကိုလူထွေး said...

ပျောက်ချက်သားကောင်းနေလိုက်ကြတာ
မိုက်ကယ့်ကို အဆုံးထိ လိုက်ပို့နေကြတာလား...

Unknown said...

တွေ့ဆုံပြီးရင် ခွဲခွါခြင်းလာမယ် ။ ဖြစ်ပြီးရင် ပျက်မယ် ။ ပိုင်ဆိုင်ပြီးရင် ဆုံးရှုံးရမယ် ။ မမြဲတဲ့သဘောတရားတွေပါ ။ နားလည်ခံစားတတ်ကြပါစေ ။