Sunday, September 27, 2009

ဆိုက်ဘာကဖေး

ဘုန်းကြီးကျောင်းကဲ့သို့
ဖိနပ်ချွတ်ဝင်ရသော ကန့်သတ်ဇုံ။
စာမေးပွဲခန်းကဲ့သို့
စောင့်ကြည့်ခံရသော စားပွဲခုံ။
ဖျော်ဖြေပွဲကဲ့သို့
ရော့(ခ်)သီချင်း ဖွင့်ထားတတ်သော ကဇာတ်ရုံ။
ရုပ်ရှင်ရုံကဲ့သို့
မီးပျက်တတ်သော အခန်းလုံ။

ကလေးငယ်များ အတွက်
ဂိမ်းကစားသော ဆူညံညံကွင်း။
လူငယ်လေးများ အတွက်
ချက်တင်ရိုက်သော နေရာထိုင်ခင်း။
ချစ်ကြင်သူများ အတွက်
လွမ်းဇာတ်ခင်းသော ထွက်ပေါက်ပြူတင်း။
အိမ်ထောင်သည်များ အတွက်
ရန်ဖြစ်ကြသော တိုက်စစ်တလင်း။

တိုးတက်စေဖို့ အတွက်
ကမ္ဘာကိုပတ်နိုင်သော အနှေးယာဉ်။
သတင်းသမားတို့ အတွက်
ရှာဖွေလုယက်နိုင်သော ဟင်းလင်းပြင်။
နိုင်ငံရေးသမားတို့ အတွက်
ကာရန်ချိန်ညှိနိုင်သော မယ်ဒလင်။
ဘလော့ဂါဆိုသူတို့ အတွက်
ကျော်ခွနေကြရသော စာအုပ်စင်။

လမ်းပျောက်သူတို့ အတွက်
ဖြတ်သန်းနေကြရသော တံတားအပိုင်း။
နားထိုင်းသူတို့ အတွက်
ခေါင်းညိတ်နေကြရသော မင်္ဂလာဆိုင်း။
ဆွံ့အသူတို့ အတွက်
ညည်းညူနေကြရသော စကားဝိုင်း။
မျက်မမြင်တို့ အတွက်
ငေးမျှော်နေကြရသော အလင်းလှိုင်း။

ခပ်တည်တည်နှင့်ပြုံးနိုင်ကြပါစေ..
(ကိုရင်နော်)

37 comments:

sweetpeony said...

၁လားကွ..
ဟီးးးး ဟီးးးး

sweetpeony said...

ဟုတ်ပ ဟုတ်ပ...
သဘောကျစွာပြုံးသွားပါသည်...
း)

sweetpeony said...

လက်တွေ့ဖြစ်နေတဲ့ အလွဲတွေကို မီးမောင်းထိုးပြသွားတာ...
ပါးပါးလေးတွေ ပေးမယ့် တော်တော် စိတ်ရှုပ်ဖို့ကောင်းတာ...

အိန္ဒြာ said...

ဆိုက်ဘာကဖေး..မထိုင်ဖူးဘူး..

ကဗျာလေးက အဓိပါယ်တွေဖွင့်မပြထားရင်..ပိုလှမှာ..
တွေးချင်တာတွေတွေး....ထင်ချင်ရာထင်...
မှတ်ထား..အဲဒါမှ မော်ဒန်ကဗျာ...

ဟားဟား...(နောက်တာနော်..)

ကိုရင်ရေ..

သဘောတကျ ပြုံးပြီးပြန်သွားတယ်..ကွယ့်

စိမ်း... said...

ကဗျာလေးက ကောင်းတယ်...
ရူပကအလင်္ကာတွေပေါ့...
ဆလံပေးသွားတယ်... ဆရာကီး.. P

ဝေလေး said...

ဖိနပ်ချွတ်ခိုင်းတဲ့ ဆိုင်ဘာကဖေးတော့ မေ၇ာက်ဖူးဘူး။ ဝေလေးသွားနေကျဆိုင်တွေကတော့ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ နေရာကတော့ ရွေးထိုင်တာပေါ့။ သူများက ကိုယ်ဘာတွေလုပ်နေလဲ မကြည့်နိုင်တဲ့နေရာမှာ။ မဟုတ်တာမလုပ်ပေမယ့် အဲလိုကြည့်နေတာကို မကြိုက်လို့။ နံရံဘက်ကျောပေးထိုင်လို့ရတဲ့ဆိုင်တွေမှာ ပိုသုံးဖြစ်တယ်။ နောက်ရှိသေးတယ်လေ ကီးလော့ဂါတွေထည့်ထားတတ်တဲ့ ဆိုင်တွေဆိုတာ... စုံလို့ပါပဲ

သံလွင် HeRo said...

ဦးနော်ပြော တာမှန်သပါ့ဗျာ...
အားရပါးရကို ရယ်သွားပါတယ်...
ရန်ကုန်မှာတုန်းက သုံးလေးခါလောက်တော့
အနောက်ကနေလာကြည့်တာတို့
ဖိနပ်ချွတ်ခိုင်းတာတို့...
ဆူညံတာတွေ ကိုကြုံဖူးတယ်..

:P said...

ကောင်းလိုက်တဲ့ ကဗျာလေး... ကိုရင်

မယ့်ကိုး said...

ကဗျာလေးကြိုက်တယ်။
နောက်ဆုံးအပိုင်းလေးကို ပိုကြိုက်တယ်။

မြန်မာပြည်မှာတုန်းက ဒီလိုပဲ သည်းခံသုံးခဲ့ရတာပေါ့။
့အလည် ပြန်သွားတုန်းကလည်း နေ့တိုင်း အင်တာနက် မကြည့်ဖြစ်ပါဘူး။
အဲဒီတုန်းကလည်း ကိုယ့်ဘလော့မှာ စာဖတ်သူတစ်ယောက်ပဲမို့ ခွင့်တိုင်ပြီး ပြန်သွားခဲ့တာကိုး :P

တစ်ခါတစ်လေတော့လည်း အင်တာနက်မရှိရင် ကောင်းမယ်လို့ စဉ်းစားမိတယ်။
ဆရာတော် ဦးဇောတိက ဆုံးမသလိုပဲ ဘဝမှာ လေ့လာစရာတော်တော်များများကို ကျော်ပြီး သိပ်မလိုအပ်တဲ့ သတင်းတွေကို လိုက်ကြည့်မိနေတာ များလို့လေ။

Anonymous said...

ဦးနော်ရေ ........ အပြည့်အ၀ကို ထောက်ခံသွားပါတယ်။

MANORHARY said...

great !!
:)
BTW
I just wanna know where's the best cyber cafe' ?? pls let us know it !
:)

ပုံ့မေ said...

ဦးနော်ရေ မိုက်လိုက်တဲ့ကဗျာ.....

ကိုရေတမာ said...

ရေးတတ်လိုက်တာ ဦးနော်။ အဖြစ်အပျက်လေးတွေက မခံစားဖူးတွေအတွက် ပြုံးရတယ်ဆိုပေမယ့် ကိုယ်တိုင်ဆိုရင် တော်တော်ကသိကအောက်နိုင်မယ့် ကိစ္စတွေပါ။ ကဖေးဆိုမှတော့ အဲလိုတွေဖြစ်ရမလို ဖြစ်နေတယ်။းP ခပ်သန့်သန့်ဆိုင်ဆိုရင် အင်တာနက် စလွန်းလို့ နာမည်ပေးထားသင့်တယ်။

တောင်ပေါ်သား said...

အကုန် ထောက်ခံပါတယ်း)


လေးစားလျက်
တောင်ပေါ်သား

တလနွန် said...

ဆိုင်ဘာကဖေး ကို သတိတရရှိမိသွားတယ်။ ရန်ကုန်မှာ နေတုန်းက ကြုံဖူးတယ် အဲဒီလို။ ဘေးနားကနေ အသံကျယ်ကြီး အော်ပြောနေတာတို့ တွေပေါ့။ ဖတ်ပြီး ပြုံးသွားပါတယ် ဦးနော်ရေ။

ခင်မင်ခြင်းနှင့်
တလနွန်

ရွှေရတုမှတ်တမ်း said...

ကြိုက်မှကြိုက်

Gum San Aung said...

ခပ်တည်တည်တော့ ပြုံးလိုက်တာဘဲ...:)

Ree Noe Mann said...

ဒါဦးနော် ကိုယ်တိုင်ကြုံလိုက်ရလို့ဖြစ်မယ်နော်။

ဟုတ်တယ် ဦးနော်ရေ

ဦးနော်ရဲ့ ကဗျာလေး အတိုင်းပဲ။

ခင်တဲ့ မောင်ရီနို

yangonthar said...

အစ်ကိုရေ စကားတွေ ကြွယ်လိုက်တာဗျာ ကဗျာ ဥာဏ်တွေကောင်းလိုက်တာ .... အစ်ကို့  အဆိုပြုချက်တွေ က အားလုံး သင့်လျှော်ပါ တယ်ဗျာ .... ဒီကဗျာလေးကို သိထိုက်သူတိုင်း နားမှာ စွဲစေချင့်တယ် ....
လေးစားလျှက်
ရန်ကုန်သား :)))

စည်သူ said...

တားတားတို့ကတော့
ခါမှကို ထိုင်ဖူးဘူး..

သူတို့က အဲလိုလိုက်ကြည့်တတ်တယ်တဲ့လား
မတော်လို့များ.....

တားတားက ဖိနပ်ချွတ်ထားလို့ ပျောက်သွားရင်ရောဦးနော်
ဘယ်လိုလုပ်ရမလဲ..

မှတ်သားစရာလေးတော့ ရသွားတယ်..
လေးစားစွာဖြင့်
စည်သူ။

HAPPY CLOUD said...

ကို၇င်ရေ...
ဆိုက်ဘာကဖေးထိုင်ခဲ့ဖူးတာတွေ... အမှတ်ရသွားရင်းပြုံးသွားပါတယ်ဗျာ...
ဖိုးမောင်

မေဓာဝီ said...

မှန်လိုက်လေ ... :)

Unknown said...

ကို၇င် အေ၇ာက် နောက် ကျတယ် ဗျာ သိတယ် မဟုတ် လား... ကျနော်တို့ က အကန်းတွေရဲ့ အလင်း လှိုင်း မှာနေတာ လေ။

ကောင်းတယ် ဗျ။

ငြိမ်းချမ်း ပါစေ

ဥပသကာ

ကောင်းကင်ပြာ said...

ဘာရေးရမှန်းတောင် မသိတော့ဘူးးးခုန ရေးသလိုပဲလို့သာ မှတ်လိုက်နော်...

Anonymous said...

ခွိ.. ရီရပေမယ့် စပ်ထားတာအကောင်းသား .. ကာရံလေးတွေညီလို့.. အဓိပ္ပါယ်လည်းရှိလို့..
တော်တယ်ဦးနော်ကြီး..း)

မေလေး said...

ထောက်ခံပါတယ် ထောက်ခံပါတယ်
ှုဦးနော် တွေးတတ်ရေးတတ်လိုက်တာ

ကျောပိုးအိတ် said...

ဖိနပ်ချွတ်ခိုင်းတာတော့ ကြုံဘူးသေးဘူး ဦးနော်ရ။

အနောက်ကနေ စားမေးပွဲခန်းက ဆရာမလို လက်နောက်ပစ်ပြီး ကောင်တာချက်တာတော့ ခဏခဏ ကြုံဘူးတယ်။ စိတ်တိုလွန်းလို့ သိပ်မသွားတော့ဘူး။
း)

ဦးနော်ရဲ့ ဒီပို့ စ်လေးကို ဆိုက်ဘာကဖေးပိုင်ရှင်တွေ ဖတ်မိရင် အရမ်းကောင်းမှာဘဲနော်။

ဦးနော်ကိုခင်တဲ့
ပိုးပိုး

မင်္ဂလာပါ .... said...

အစ်ကို ရင်နော် ပျောက်နေလိုက်တာနော် လူရော စီဘောက်ရော ...........။

ကဗျာလေး အရမ်းကောင်းပါတယ်
ဆိုင်ဘာကဖေးနှင့်ပတ်သက်၍ ကျွန်တော့် ထင်မြင်ချက်..ဆိုတာကတော့ အတိုင်းထင်အလွန်ပေါ့လေ.....
ဆိုင်ဘာကဖေးတိုင်းမှာ ဒီပို့လေးကိုသာ သေသေချာချာကပ်ထားနိုင်ကြရင်သိပ်ကောင်းမယ် အစ်ကိုရေ...........။
ခင်မင်လေးစားလျှက်ပါ
နှင်းဟေမာ

HRmyanmar said...

ကိုရင်းကြီး အရမ်းကောင်းတယ်ဗျာ မြန်မာပြည်မှာ တကယ်ပါ အခုအထိ ဒီအတိုင်းပဲဖြစ်နေတဲ့ ဆိုင်တွေရှိတုန်း အကိုရေ...
ဒါနဲ့ဗျာ သတင်းသမားတွေကိုရော ဘယ်လိုထင်မြင်ချက် ပေးမှာလဲ ကိုရင်ကြီး..?း)

ကာရံဆူး said...

ဦးနော်ရေ...ထိထိမိမိ အံဝင်ခွင်ကျပါပဲ...စိတ်ကူးအရမ်းကောင်းတယ်...လေးစားပါတယ်..

johnmoeeain said...

ဒီလို ဆိုင်ဘာ ကဖေးလေးမှာ ကျင်လည်ရင်း...
အနာဂါတ်ခရီးတစ်ခုကို စခဲ့ရတဲ့အတွက်..
ဒီဆိုင်ဘာကဖေးလေးကို နားလည်ခံစားနိုင်ပါတယ်ရှင်..

တစ်ဦးတစ်ယောက်ချင်းဆီရဲ့ သက်ဆိုင်ရာ ခံယူချက်တွေနဲ့ ရှင်သန်နေတဲ့ ဆိုင်ဘာကဖေးလေးကိုယ်တိုင်ကရော
ဘယ်လို ခံစားမိမယ် မသိဖူးနော်...

Nge Naing said...

မင်္ဂလာပါ။ လာဖတ်သွားပါတယ်။ တခါမှ မရောက်ဖူးပေမယ့် ဒီကဗျာကိုဖတ်ပြီး ကိုယ်တိုင် ရောက်ဖူးသလို ခံစားရပါတယ်။

Unknown said...

ကောင်းတယ်ဗျာ စာသားတွေထိမိတယ် ကောင်းကင်ကိုစပ်တဲ့ဟန်မျိုးလေး
forward mail တွေမှာပြန့်ဦးမဲ့ ကဗျာလေးဘဲ

ရင်ရဲ့ ရိုးရာ said...

အဲ့ဒီအဆို ထောက်ခံတယ် ဦးနော် ရေ အပြည့်အ၀ပဲ ရေးထားတာတွေက လုံးဝ မလွဲကွက်တိပဲ ဒါပေမယ့် သီချင်းအေးအေး လေးတွေ ဖွင့်တဲ့ ဆိုင်ကိုတော့ ကြိုက်တယ်

Angel Shaper said...

ကဗျာလေးလဲ ဖတ်သွားတယ်။
ဆိုင်ဘာကဖေး ထင်မြင်ချက်လေးကို အားပေးထောက်ခံသွားတယ်။ ဟိဟိ
ရယ်ရတယ်နော်။ ကိုယ်တိုင်ခံရမယ်ဆိုရင်တော့ ခံရခက်လိမ့်မယ် ထင်တယ်။ ဟဲဟဲ

ပန်းခင်းလေး said...

“ဘလော့ဂါဆိုသူတို့ အတွက်
ကျော်ခွနေကြရသော စာအုပ်စင်။”

ဟုတ်ပါပေ့  မှန်ပါပေ့  ဦးနော်ရေ ..
မှန်လွန်းလို့  ဘာမှတောင် မပြောနိုင်တော့ ဘူး
ကြိတ်ကြိတ်ပြီး ရီနေရတာ ... :D

ခုတောင် ဦးနော်တို့ အိမ်ကို ကျော်ခွပြီးလာရတာ
ဆိုက်ဘာကဖေးကတော့ ဟုတ်ဘူး ..
ရုံးကနေလာတာ ... :P

ပန်းခင်းလေး said...

“ဘလော့ဂါဆိုသူတို့ အတွက်
ကျော်ခွနေကြရသော စာအုပ်စင်။”

ဟုတ်ပါပေ့  မှန်ပါပေ့  ဦးနော်ရေ ..
မှန်လွန်းလို့  ဘာမှတောင် မပြောနိုင်တော့ ဘူး
ကြိတ်ကြိတ်ပြီး ရီနေရတာ ... :D

ခုတောင် ဦးနော်တို့ အိမ်ကို ကျော်ခွပြီးလာရတာ
ဆိုက်ဘာကဖေးကတော့ ဟုတ်ဘူး ..
ရုံးကနေလာတာ ... :P

ခင်မင်စွာနဲ့ 

ပန်းခင်းလေး