နေ့သစ်တွေ ညိုမှောင်ပြီးရင် လင်းတော့မှာပဲ
ဆိုနေတဲ့သီချင်းတော့ သံစဉ်မှန်ပါစေပေါ့
တာဝန်တစ်ခုဆိုတာ မျက်ရည်သုတ်ဖို့ မဟုတ်ဘူးနော်
ငိုသံတွေ နေရာမှန်ဖို့ လိုတယ်လေ
စတင်ခြင်းဟာ စတေးခြင်း ဖြစ်တတ်တယ်
ရာသီဥတုဆိုတာ ထစ်ချုန်းပြီးရင် သာယာမှာပေါ့
နေ့တစ်နေ့ရဲ့ ကုန်ဆုံးမှုမှာ ငြိမ်းချမ်းနေဖို့ အဓိကပဲ
မှတပါး အခြားမရှိတော့ပြီဆိုတာ မျက်ရည်မဖြစ်စေနဲ့
မသိတာမှ မဟုတ်တာ
ဟုတ်တယ်မလား..!
တာဝန်တွေပြီးရင် မျက်ရည်တွေ ခန်းခြောက်သင့်ပြီ
ခင်မင်သူတွေ မျှော်နေတာ အဲ့ဒီနေ့လေးကိုတဲ့
လေးပင်တဲ့ စိတ်တွေ ပေါ့ပါးလန်းဆန်းနိုင်ပါစေဟာ
ရယ် (ရီ) စရာတွေပြောဖို့ ငါလည်း ရှိနေသေးတယ်လေ..။
(ကိုရင်နော်)
27 comments:
ဟေးးးးး တစ် ကွ
ဦးနော် ပျောက်လှချည်လားးးး
မှန်၏
မွေးနေ့ဆိုတာ ငိုစရာမှ မဟုတ်ဘဲ မမခင်လေးရယ်။
ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေ မမ။
တီငယ်ရေ...အားအင်အပြည့်နဲ့
ပျော်ရွှင်စရာခရီးလမ်းကိုလျှောက်နိုင်ပါစေ...
HAPPY BIRTHDAY !!!
ဟုတ်ပါတယ် မမခင်လေးရယ် မွေးနေ့ ဆိုတာငိုစရာမှ မဟုတ်တာပဲကွယ်...ပျော်ရွှင်ပါစေနော်...း-) ကိုရင်နော့်ရဲ့ အတွေးတွေ ၊ဖန်တီးမှုတွေ ကိုတော့လေးစားတယ်...ဂယ်
ကဗျာလေးက ကောင်းလိုက်တာ အစ်ကိုရယ်။
ဘယ်သူ့ကိုရည်စူးရည်စူး ကိုယ့်မွေးနေ့နားနီးပြီဆိုတော့
ကိုယ့်အတွက်ရေးထားသလို ခံစားမိပါတယ်။
ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
=)
ဟာကိုရင်နော် ကတော့ မခင်လေးကို ကဗျာတွေနဲ့ပြောကုန်ပြီ။ မခင်လေး ဘယ်လို့ ပြန်ပြောမလဲဆိုတာစောင့်နေမယ်ဗျို့
ဟာကိုရင်နော် ကတော့ မခင်လေးကို ကဗျာတွေနဲ့ပြောကုန်ပြီ။ မခင်လေး ဘယ်လို့ ပြန်ပြောမလဲဆိုတာစောင့်နေမယ်ဗျို့
မမ ခင်လေးမွေးနေ့လားးးး
ရောက်ပြီးလားးးး
မငိုနဲ့
သားကိုပြောဖူးတဲ့စကားကို သတိရပါလေ....
မွေးနေ့ဆိုရင်တောင် ကျခဲ့တဲ့မျက်ရည်က အပျော်ကြောင့်ကြတဲ့ မျက်ရည်ဖြစ်ပါစေ....
အားလုံးမျှော်နေပါတယ်...
မွေးနေ့အတွက် ရင်နဲ့အမျှ ဆုတောင်းပေးလိုက်ပါတယ်...
ချစ်ခင်စွာဖြင့်
မျောက်မျောက်
မင်္ဂလာပါ ကိုရင် ရေ..
မပေါ်လာ အတော်ကြာပေါ့။
မွေးနေ့ဆိုတာ ငိုစရာနေ့မှ မဟုတ်တာ ကို ခံစားဖတ်ရှု သွားပါတယ် ခင်ဗျာ...
လေးပင်တဲ့ စိတ်တွေ ပေါ့ပါးလန်းဆန်း နိုင်ပါစေ...
ခင်မင်စွာဖြင့်
ကိုမျိုး
အဖိုးမဖြတ်နိုင်တဲ့မွေးနေ့လက်ဆောင်လေးပေါ့... ထပ်တူထပ်မျှ ၀မ်းမြောက်ဝမ်းသာဖြစ်ရကြောင်းပါ... :)
မမရေ ......... မျက်ရည်တွေ ခမ်းခြောက်ပြီး လှပတဲ့ နောက်တစ်နေ့တွေနဲ့ နေ့သစ်တွေကို လျှောက်လှမ်းနိုင်ပါစေနော်။ ဦးနော်ရဲ့ ကဗျာလေးက တန်ဘိုးရှိတဲ့ နေ့သစ်တွေအတွက် ခွန်အားတွေပါ။ မမရဲ့ မျက်ရည်တွေဟာ ပျော်ရွှင်ခြင်းကြောင့် ကျရတဲ့ မျက်ရည်လေးတွေပဲ ဖြစ်မှာပါလေ။
မမရဲ့ မွေးနေ့လေးမှာ မမကိုချစ်ခင်ကြတဲ့ မောင်၊ညီမတွေနဲ့အတူ ရောင်လည်း ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်။
လေးစားလျှက်
ရောင်
အမရေ ပျော်ရွင်ဖွယ်မွေးနေ့ဖြစ်ပါစေ။ မငိုနဲ့တော့နော်လို့ ဦးနော် ကဗျာလေးနဲ့အတူ သံရောင်လိုက်ပြီး ပြောလိုက်တယ်နော်
တီငယ်မွေးနေ့လား ပျော်ရွှင်ပါစေ၊ ဦးနော် ရေးထားတာလေး ကြိုက်တယ်။ မွေးနေ့ဆိုတာ ငိုဖို့မှ မဟုတ်တာ တီငယ်ရး) မျက်ရည်ဝဲရင်တော့ သုတ်ဖို့လိုတယ်တဲ့ မျက်ရည်က ၀ဲပဲ ၀ဲတာ မကျသေးဘူး မကျအောင် ထိန်းထားပါ တီငယ်ရေ...... ငြိမ်းချမ်းမူတွေနဲ့ ချစ်သော မိသားစုနဲ့ အားလုံး အဆင်ပြေပါစေဗျာ
လေးစားလျက်
တောင်ပေါ်သား
မွေးနေ့ ကစပြီး ခင်လေးငယ် တယောက်ပျော်ရွှင်နိုင်ပါစေ။
ငိုကြွေးခြင်းမျက်ရည်စတွေနဲ့ရယ်မောခြင်းတွေကြားက
အပြုံးနေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ပါစေ
မွေးနေ့မှာပျော်ပါစေ။
ပျော်ရွှင်စရာမွေးနေ့ပေါင်းများစွားကို ပိုင်ဆိုင်ပါစေ မခင်လေး . .
အားလုံး အဆင်ပြေပါစေရှင်
ဧရာဝတီ
မွေးနေ့ဆိုတာ ငိုစရာနေ့မှ မဟုတ်တာ တီငယ်ရယ်။
မျက်ရည်ဝဲရင် သုတ်ဖို့လိုတယ်။ စတေးခြင်းပြီးရင် ငြိမ်းချမ်းပြီမဟုတ်လား။ မျက်ရည်ကိုနိုင်ပါစေလေ။
ကဗျာလေး အရမ်းကောင်းတာပဲ။
တီငယ်ရေ.. မျက်ရည်လေးသုတ်ပြီး ပြုံးလိုက်ပါ။
နေ့သစ်တိုင်းမှာ အမြဲတမ်းပြုံးရွှင်လို့  အောင်မြင်ပျော်ရွှင်ပါစေ။
happy birthday
မခင်လေး။
ပျော်နေဖို့တော့ လိုတယ်နော်။ မျက်ရည်တွေကို နိုင်ပါစေ အမရေ...။
မိုးမောင်
မမခင်လေး မွေးနေ့ကို မယ်လည်း မသိရပါလား။
မွေးစားညီမလေးဆိုပြီး မသိရလို့ ငိုပြီ။
မမခင်လေး မငိုနဲ့နော်။
မွေးနေ့ရက်မြတ်မှစ ....ရာသက်ပန်ပျော်ရွှင်ပါစေလို့ ....
ချစ်တဲ့
ညလေး
သြော်..
ရေးတတ်လိုက်လေခြင်း
မွေးနေ့အတွက် ကဗျာလက်ဆောင်လေး
အဗျာတစ်ပုဒ်ထဲနဲ့ သုံးပုဒ်ဖြစ်အောင် မျက်လှည့်ပြသွားတယ်..
တတ်လည်းတတ်နိုင်ပါပေတယ်..
လေးစားတယ် ဦးနော်ရေ..
နိုနဲ့နော်.. မမမမမမမမမမခင်၎ နိုနဲ့.. တစ်တစ်..း)
ငိုနေတာလား အမရယ်။
မငိုပါနဲ့။ မျက်ရည်ကျတာကိုတော့
ကျနော်ကတော့ အားမပေးချင်ဘူးဗျာ။
ဦးနော်ရဲ့ ကဗျာလေး ဖတ်လိုက်ရတော့
စိတ်ထဲ မကောင်းဘူးဖြစ်သွားတယ်။
ဦးနော်ရဲ့ ရယ် (ရီ) စရာတွေပြောဖို့ ငါလည်း ရှိနေသေးတယ်လေ..။ လေကိုဖတ်လိုက်ရတော့
တကယ့်ကို အားရှိသွားသလိုပဲ။
အမလည်း မငိုနဲ့တော့နော်။ ပျော်ရွှင်စရာမွေးနေ့လေး
ဖြစ်ပါစေဗျာ။
ဦးနော်ကိုလည်း ကျေးဇူးတင်တယ်။
အားပေးတက်လို့လေ။
ညီ/ မောင်လေး ရီနိုမာန်
တီငယ်လေး
ဟတ်ပီးဘက်ဒေးနော်...
ငိုပါနဲ့
အားတင်း
အားတင်းးးး
ကဗျာကောင်းတယ်ဗျာ..... ဟုတ်တယ် မခင်လေးရေ မွေးနေ့ဆိုတာ ငိုစရာမဟုတ်ပါ။..
မခင်လေးအတွက် မွေးနေ့လက်ဆောင်ကတော့ ဒီနေ့ ကဗျာတွေနဲ့ comment တွေကိုပြန်ပေးမယ်ဗျာ။ ကဗျာတွေက မခင်လေး
အတွက် ကိတ်မုန့်တွေပေါ့ comment တွေက ဖယောင်းတိုင်လေးတွေပေါ့ဗျာ။ မခင်လေးဘယ်မှာ ရောက်နေရောက်နေ ကျွန်တော် အရောက်လာပေးမယ်ဗျာ။ မခင်လေး မွေးနေ့မှာ လွတ်လပ်ပျှော်ရွှင်နိုင်ပါစေ။ အမြဲအေးချမ်းပါစေ။....။
Happy Birthday ပါ အမတော်
ကျနော်တို့အပေါ် မောင်လေးအရင်းတစ်ယောက်လို ခင်မင်တက်တဲ့ အမတော် &
စာရေးတဲ့နေရာမှာ
တော်ကီညက်တဲ့ အမတော် ကို မွေးထုတ်ပေးခဲ့လို့
ဒီနေ့ အမရဲ့ မိဘတွေကို ကျေးဇူးတင်မိတယ်ဗျာ
ဒါနဲ့ စာတွေ မရေးတာကြာပြီနော် ရေးပါဦးဗျား)
မွေးနေ့မှာ လိုရာဆန္ဒပြည့်ဝပါစေ....
ကိုရင်နော်ကြီးရေ... ကဗျာကရှယ်ပဲဗျာ ကိုရင်နော်ကြီးအတွက်ကတော့ အမတော်ရဲ့ မွေးနေ့မှာပဲ “နောက် Post တွေ အကူးမခံရပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ” ကျေးဇူးတင်စွာဖြင့်
မခင်လေးငယ်ရဲ့မွေးနေ့အတွက်ဆုတောင်းပေးသွားပါ
တယ်။
ထာဝရပျော်ရွှင်ပါစေဗျာ။
အခက်အခဲကြုံလည်း ခဏတာလေးနဲ့ ထိုးဖောက်ထွက်နိင်ပါစေ။
ကျန်းမာရွှင်လန်းပါစေ။
မွေးနေ့ ဆိုတာငိုစရာနေ့ မှမပာုတ်တာ ...
အရမ်းကြိုက်ပါတယ်
ပထမဆုံး ဖတ်လိုက်တော့
အရိုင်းတယောက် အနေနဲ့ ကောင်းတယ်လို ခံစားရပါတယ် ၊
နောက်တကြိမ် ထပ်ဖတ်ဖြစ်တော့ စိတ်ထဲမှာ
ကဗျာရဲ့ အ၇သာကို သိလာပါတယ်
အရမ်းကောင်းတဲ့အရေးအသားကြောင့်ထင်ပါတယ်
ကဗျာ၇ဲ့ တကြောင်းချင်း တပုဒ်လုံး
ချန်လို့ မရအောင် အနှစ်အပြည့်လို့ ခံစားရပါတယ်
အကြိုက်ဆုံးကတော ...
မျက်ရည်ဝဲရင်တော့သုတ်ဖို့ လိုတယ်..စတေးခြင်းပြီရင်
ငြိမ်းချမ်းပြီမပာုတ်လား..
မျက်ရည်ကို နိုင်ပါစေလေ...
ကျေးဇူးတော်ပါနော် ကဗျာလေးဖတ်ရတဲ့အတွက်ပါ
နောက်လည်း ဆက်ဖက်ဖြစ်နေမှာပါ ။
်
Post a Comment