ကဲဗျာ.. တကယ်လို့ ပြောတဲ့အတိုင်း ဖြစ်လာပြီ ဆိုပါတော့.. အဲ့ဒီ နီဘီရူးလို့ ပြောနေကြတဲ့ အလုံးအကြီးကြီး တစ်လုံးက ကမ္ဘာကြီးကို ((((ဒုန်းးး)))) ကနဲ ဝင်ဆောင့်ရင် ဘယ်လို လုပ်မလဲ..? ဘာတွေဖြစ်မှာလဲ..? ကျနော်တို့ ဘာတွေ ပြင်ဆင်ကြမလဲ..? ဘယ်လို ကာကွယ်ကြမလဲ..? ဘယ်လို ရင်ဆိုင်ကြမလဲ..?
အင်းး.. သိပ်တော့ဖြင့် စိတ်မပူကြပါနဲ့လေ တကယ်သာ အဲ့ဒီလို ဖြစ်လာရင် ဘာမှကိုလုပ်လို့ ရမှာမဟုတ်ဘူး.. အချိန်လည်း မရှိတော့ဘူး.. ရှောင်လည်းမလွတ်၊ ပြေးလည်း မလွတ်ပါပဲ သေချာပေါက်ကို သေမှာ.. သေကိုသေမှာ မပူနဲ့..။
လောကကြီးက ဖြစ်ခြင်း၊ ပျက်ခြင်း အနတ္တ (တရား) တွေနဲ့ လည်ပတ်နေတဲ့ ဒုက္ခ (သစ္စာတရား) စကြာကြီး ဆိုတော့ ဖြစ်ပြီးရင်တော့ဖြင့် ပျက်မှာပဲလေ။ ဖြစ်ချိန်တုန်းက ဖြစ်ခဲ့ပြီး ပျက်ချိန်ရောက်လို့ ပျက်တာ ဘာများဆန်းလို့လဲနော်။ စချိန်တုန်းက စပြီးရင် အဆုံးလေးတော့ သတ်ကြမှ ဖြစ်မှာပေါ့။ တစ်ခုတော့ ရှိတယ် ပျက်ချိန်မှာ (ဒါမှမဟုတ်) ဇာတ်သိမ်းခန်းမှာ အေးအေးချမ်းချမ်း ပျက်ရင်၊ ဆုံးရင်၊ ဇာတ်သိမ်းကောင်းရင်တော့ ပိုကောင်းတာပေါ့ မဟုတ်ဘူးလား။
အကယ်၍ (အကယ်၍) ၂၀၁၂ ကမ္ဘာကြီးတကယ် ပျက်မယ်ဆိုရင်လည်း သိပ်တော့ တွေးပူမနေကြပါနဲ့ ထိတ်လန့် မနေကြပါနဲ့.. ကာကွယ်လို့ရပါတယ်..။ “ဘယ်လိုကာကွယ်မှာတုန်း..ဟဲ့” ဆိုရင်.... ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်ဖို့ တရားသဘောနဲ့ (သွေးမပျက်အောင်) ကာကွယ်ရုံရှိတာပဲလေ.. “သွေးပျက်နေလို့ ရမလား..” သေရမှာပဲကို သက်တောင့်သက်သာ သေနိုင်အောင် တရားသဘောကို ရှုပြီး မေတ္တာသာ ပွားပေတော့..။ ပြေးရင်လည်း လွတ်ပါသေးတယ်နော်.. “အလိုလေ.. ဘယ်ကိုပြေးရမှာတုန်း.. လုပ်စမ်းပါဦး..” ဆိုရင်တော့.. ပြေးပါ ပြေးပါ.. အဲ့ဒီ လောဘ၊ ဒေါသ၊ မောဟ တွင်းနက်နက်ကြီးထဲက လွတ်အောင် ထွက်ပြေးကြပါ.. လောကအညစ်အကြေးတွေကို ချွတ်ပြီး လောဘ၊ ဒေါသ၊ မောဟ ကင်းတဲ့ နေရာ ရောက်တဲ့ အထိပြေး.. လူသားအချင်းချင်း မေတ္တာ ထားနိုင်သည်အထိ ပြေးပေတော့ဗျို့..။ ကမ္ဘာပျက်ရင်တော့ အဲ့ဒီတွင်း နက်နက်ထဲမှာ မပိတ်မိစေနဲ့..။
ကဲဗျာ.. ဒီတခါ တဖက်က လည့်ကြည့်မယ်.. အကယ်၍ (အကယ်၍) “၂၀၁၂ ကမ္ဘာကြီး တကယ် မပျက်ဘူးကွာ..” ဆိုရင်.. ဘာဖြစ်မလဲ..? ဘာမှ မဖြစ်ပါဘူး.. လုပ်ရိုး လုပ်စဉ်အတိုင်း တစ်ယောက်နဲ့ တစ်ယောက် ကြီးနိုင်ငယ်ညင်း လုပ်လိုက်၊ အတ္တတွေကြီးလိုက်၊ လိမ်လိုက်ကောက်လိုက်၊ ယုတ်မာလိုက်၊ ကောက်ကျစ်လိုက်၊ အမုန်းတွေပွားလိုက်၊ ဒေါသတွေကြီးလိုက်၊ မာန်တွေတက်လိုက်၊ ရန်တွေဖက်လိုက်ပေါ့။ ဒီထက်ပိုဆိုးရင် သတ်ကြဖြတ်ကြ၊ စစ်တွေဖြစ်ကြ.. မဟုတ်ဘူးလား ပျော်စရာကြီးပါ။
စိုးတော့ မစိုးရိမ်ကြပါနဲ့ သေမှာက တစ်ယောက်တည်းမှ မဟုတ်တာပဲ..။ တစ်ယောက်တည်း သေရင်တောင် ပျင်းစရာ ကောင်းရင် ကောင်းနေဦးမယ်.. ခုလို အစုလိုက်အပုံလိုက် သေရမှာများ ကြုံတောင့် ကြုံခဲ မဟုတ်လား။ ဘဘကြီးလည်း သေမှာပဲ၊ အူဝဲလေးလည်း သေမှာပဲ၊ ချောတဲ့သူလည်း သေမှာပဲ၊ ရုပ်ဆိုးသူလည်း သေမှာပဲ၊ သူဌေးကြီးလည်း သေမှာပဲ၊ ဆင်းရဲသားလည်း သေမှာပဲ၊ မည်းတဲ့သူလည်း သေမှာပဲ၊ ဖြူတဲ့သူလည်း သေမှာပဲ။ အဲ့ဗျာ အဲ့ဒီလိုပဲ အာဏာရှင်လည်း သေမှာပဲ၊ အာဏာမဲ့လည်း သေမှာပဲ၊ မောက်မာနေလည်း သေမှာပဲ၊ မာန်တက်နေလည်း သေမှာပဲ... သေမှာပဲ.. သေမှာပဲ.. သေမှာပဲဟေ့ သေမှာပဲ... ဒီလိုဆိုတော့ အယုတ်၊ အလတ်၊ အမြတ် မရွေး သေကုန်ကြမှာပဲ.. ဟုတ်တယ်.. ဘာမှကို တွေးမနေနဲ့ သေနေ့စေ့လို့ သေရတာပဲ သေပေါ့.. တပျော်တပါး..။
မတားနဲ့နော် သေမှာကိုတော့ တားလို့ မရနိုင်ဘူး။ သေမင်းကြီး လာခေါ်ရင်တော့ လက်အုပ်ချီပြီး တောင်းပန်လို့ မရဘူးနော် ဆရာတော်ကြီးကိုလည်း ခေါ်သွားတာပဲ။ သေမင်းကို (သို့မဟုတ်) ကမ္ဘာကို ဝင်ဆောင့်မယ့် အလုံးကြီးကို သေနတ်နဲ့ ထိုးချိန်ပြီး “ငါဘာကောင်ကြီးကွ ပစ်ထည့်လိုက်မယ်” လုပ်လို့လည်း မရပါဘူးနော် အဲ့ဒီ သေမင်းက ဂုတ်ကနေကိုင်ပြီး ဆွဲခေါ်သွားမှာပါပဲ။
၂၀၁၂ ရောက်ရင် သေတော့မယ် ဆိုတာ “မဖြစ်နိုင်ပါဘူးကွာ” လို့တော့ ကြောက်ကန်ကန်ပြီး အတွေးထဲက ထုတ်လိုက်ချင်တာပါပဲ.. ဒါပေမဲ့ ဆူနာမီလို လှိုင်းလုံးကြီးတွေ၊ မီးတောင် ပေါက်ကွဲတာကြီးတွေ၊ မုန်တိုင်းကြီးတွေ၊ ငလျင်ကြီးတွေကို မြင်ဖူးနေတယ်လေ.. အနီးစပ်ဆုံး ကျနော့်တို့ကို ဝင်ဆောင့်သွားတဲ့ နာဂစ်ကိုကြည့် ဘယ်လောက် သွေးပျက်စရာကောင်းသလဲ။ နာဂစ် တကယ်ထိတဲ့ နေရာကလူတွေ အတွက် အဲ့ဒါ ကမ္ဘာပျက်တာပါပဲ။ သဘာဝတရား ဆိုတာကိုရော ဘယ်သူက တားလို့ ရနိုင်မှာလဲ..။ တကယ်ဆို ဒါတွေက ရှေ့ပြေးနိမိတ်တွေလို့ ပြောမလား.. သတိပေးအချက်ပြနေတာ လို့ ပြောမလား..။ စဉ်းစားသင့်တယ်နော်..။
“မဖြစ်နိုင်ဘူး” လို့တော့ စုံမှိတ်ပြီး ခေါင်းမခါချင်ဘူး။ “ဖြစ်လာမှာပါလား” ဆိုပြီးတော့လည်း တွေးပူပြီး ထိတ်လန့်မနေချင်ဘူး.. ဆိုတော့ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် သေတာတော့ သေရမှာပဲလေ ကောင်းကောင်းမွန်မွန် သေနိုင်အောင် ကြိုတင်ပြင်ဆင်ထားရုံ ရှိတာပဲ..။ “ဘာတွေ ပြင်ရမှာတုန်း..ဟဲ့” ဆိုရင်တော့ အားလုံးသိပြီးသားတွေပါပဲလေ.. ခက်လည်း မခက်ပါဘူး.. ဘာသာတရားတိုင်းရဲ့ တရားတော်တွေမှာ ဆုံးမထားတဲ့ အတိုင်း မေတ္တာတရား လက်ကိုင်ထားပြီး မိမိကိုယ်တိုင်ရဲ့ စိတ်ဓါတ်၊ အကျင့်၊ သီလ ဖြူစင်သန့်ရှင်းအောင် ကြိုးစားရုံပဲလေ။ မဟုတ်ဘူးလား.. ။ ဒီလိုပဲ လူသားအချင်းချင်း အပြန်အလှန် မေတ္တာထားကြမယ်၊ ရိုင်းပင်းကူညီကြမယ်၊ ငြိမ်းချမ်းရေးတွေ ယူကြမယ်ဆိုရင် သေခြင်းတရားနဲ့ မတွေ့ခင် အချိန်လက်ကျန်လေးမှာ လောကကြီး သာယာလှပ နေပျော်နိုင်တာပေါ့..။
“သေခါနီး လေကြောက ရှည်နေသေးတယ်” လို့ ထင်နေကြမလားတော့ မသိဘူး.. ရှည်ရင်လည်း ရှည်တယ်လို့သာ မှတ်ပေတော့ဗျို့.. ဒါက နောက်ဆုံး ပိုစ့် ဖြစ်သွားနိုင်တယ်.. (သေခြင်းတရားဆိုတာ အဲ့လို)..
ကျနော် အာရွှီးပေးတာတွေ ဖတ်ပြီးရင်တော့ ဒါလေး အရင်ကြည့် ဒီပုံက ၂၀၁၂ အဖြစ်အပျက်ကို ကြိုတင်ခံစား စိတ်ကူးပုံဖော်ထားတယ် ထင်ပါတယ်.. ကျနော်လည်း Google ကနေ ရှာရင်းတွေ့တာလေးပါ..။ ကူးပြီး Wall Paper လေးသာ တင်ထားပေတော့ဗျို့.. “ဟဲ့.. နိမိတ်မရှိ.. ဘာလို့ Wall Paper တင်ရမှာတုန်း” ဆိုရင်တော့ အကြောက်တရား ရစေဖို့ မဟုတ်ပါဘူး.. (သေခြင်းတရား) သတိတရားလေး ရနေစေချင်လို့ပါပဲ..။

ဒီတော့ “ကမ္ဘာပျက်ခါနီး တစ်လလောက်အလို” ဆိုတာကြီးက.. ကြာလို့.. ပြီးတော့ တစ်လလုံးလုံး စိတ်ဆင်းရဲနေရဦးမယ်.. မထူးဘူး အခုကို ဖြစ်တော့မယ်.. လာမယ့်ဘေး ပြေးတွေ့ပြီကွာ.. “အခု ဖြစ်ပြီတဲ့ဟေ့...!!! အခု ချက်ချင်းကြီးကို ကမ္ဘာကြီးပျက်ပြီကွ...” လေသံ၊ မိုးသံ တွေနဲ့ “ဝုန်းဝုန်း” “ဒိုင်းဒိုင်း” မုန်တိုင်းတွေလည်း ကျလာပြီ၊ လှိုင်းတွေလည်း ထလာပြီ၊ ငလျင်တွေလည်း ကြွလာပြီ...
ဘယ်သူတွေနဲ့ ရှိနေချင်လဲ..
“ဘယ်သူနဲ့မှ မရှိချင်ဘူးကွာ...” ဟိုမှာ မုန်တိုင်းက လာနေပြီ.. ဘယ်သူနဲ့မှ ရှိချင်မနေနဲ့ ကိုယ်လို သူလို သေတော့မယ့်သူတွေနဲ့ပဲ အတူတူ ရှိနေရတော့မှာပဲ.. အားပေးစကားတွေ လိုက်ပြော.. “See You Next World” ပေါ့..။
ဘာတွေ ခံစားနေရမလဲ..
မေးစရာ လိုသေးလို့လားဗျာ.. ((((ဝေါ..ဝေါ ဝရော..)))) ဆိုပြီး အသံကြီးတွေ ကြားတာနဲ့တင် ကြောက်ဒူးတွေတုန်လို့.. ကြောက်ရှူရှူးတွေ ထွက်ကောင်း ထွက်လိမ့်မယ်.. ကြောက်တာပေါ့ဗျာ့..။
ဘာတွေ ပြင်ဆင်ထားမလဲ..
ဘာမှကို ပြင်ဆင်မနေနဲ့တော့ အချိန်ကမရှိတော့ဘူး.. အချိန်ရှိတုန်းကတော့ အလေလိုက်နေပြီး.. အချိန်မရှိတော့မှ ဘုရားလာရှိခိုးမနေနဲ့.. တရားစခန်းလည်း သွားမနေနဲ့.. အပိုပဲ.. လုပ်ပါ့လား နေ့တိုင်း..။ အင်း.. ဒါပေမဲ့ ညစ်ပေနေတဲ့ စိတ်နှလုံးတွေကို အဖြူရောင် အင်္ကျီလေးဝတ်ပြီး ဖုံးထားလိုက်ချင်သေးတယ်.... ကောင်းတယ် ဒီတော့ သေမယ့်နေ့မှာ.. အဖြူရောင်လေး ဝတ်ထားလိုက်မယ်..။ (ဟင်း.. သေခါနီး လေတွေ၊ မိုးတွေ၊ ရွှံ့တွေနဲ့ ပေပွကုန်ရင် အဖြူရောင်လေး နှမြောစရာ)
ဝမ်းနည်းမိမှာက..
ဝမ်းနည်းရဦးမယ်.. ဟုတ်လား.. နည်းမနေနဲ့တော့.. ဘာမှကို မထူးတော့တာ ဟိုမှာ.. အလုံးကြီးက လာနေပြီ...။
နည်းချင်သပ ဆိုရင်တော့ အသုံးမကျခဲ့တာတွေကို တွေးတွေးပြီး ဝမ်းနည်း..။
ကြောက်လန့်မိမှာက..
မမေးနဲ့လေ.. အဲ့ဒီ အလုံးကြီး ရင်ဘတ်တည့်တည် လာမှန်ရင် ဘယ်လို လုပ်မလဲ..။ ပြောမရဘူးလေ အကုသိုလ် များသူပေမို့ တွေးမိတွေးရာ မြင်မိမြင်ရာ ကြောက်လန့်လွန်းလို့ ရူးများသွားမလား မသိ..။
ဆောင်ထားချင်တာ..
စိပ်ပုတီးလား.. ဘုရားစာအုပ်လား.. ရွတ်ဖတ်နေရမယ့် ဂါထာတွေလား.. ဒါမှမဟုတ် သေနတ်ကြီးလား.. ဓါးဆိုတာကြီးလား.. လက်ပစ်ဗုံးကြီး၊ အမြှောက်ကြီး.. အင်း မဖြစ်သေးဘူး.. ဒါဆို.. တယောတစ်လက်၊ ဝိုင်တစ်ခွက်၊ ဂစ်တာတစ်လက်၊ အရက်နှစ်ပက်၊ ဒါတွေလည်း မဖြစ်သေးပါဘူးလေ.. ဒါဆို.. စာအုပ်နဲ့ ဘောပင်၊ ကင်မရာ၊ တယ်လီဖုန်း၊ လက်ပတော(ပ်) တစ်လုံးလား.. ဒါတွေလည်း မဟုတ်သေးပါဘူး.. ဒါဆို ဘာဆောင်ထားရင် ကောင်းမလဲ.. တစ်ရှူးတစ်ထုပ်ဆိုရင် ကောင်းမလား.. တော်ကွာ..!! ဘာမှကို ဆောင်မနေနဲ့ ဆောင်လည်း သေမှာပဲ.. မဆောင်လည်း သေရမှာပဲ ယောင်ကြောင်ကြောင်တော့ မလုပ်နဲ့.. ချက်ချင်းမသေပဲ ဖုတ်လိုက်ဖုတ်လိုက်နဲ့ ဆန့်ငင်ငင် ဖြစ်နေဦးမယ်..။ ခုထိကို စိတ်က မပြတ်နိုင်သေးဘူး..။
ဘာတွေရေးမိမလဲ..
ရေးမနေနဲ့တော့ ရေးနေရင်လည်း ဖတ်ဖို့ ဘယ်သူမှကို စိတ်မဝင်စားတော့တာ.. အချိန်ရှိတုန်းက အကျိုးပြုတွေ.. ရေးပါလား ခုမှတော့ လုပ်မနေနဲ့တော့..။ အဲ့.. တစ်ခုတော့ ရှိတယ် ရေးချင်သပ ဆိုရင်.. သေတမ်းစာ တစ်ခုရေးခဲ့ နှလုံးသားပေါ်မှာ ရေးလိုက်စမ်း “လူပီသဖို့အတွက် လူသားချင်းချင်းးးးးးး” ဟဲ့ ဟဲ့.. မမီတော့ဘူး.. လာပြီ.. လာပြီ.. ((ဒုန်းးး)) အားးးး..!!! သေပြီ..။
တွေးမိတွေးရာ အတွေး..
အဲ့ဒီနေ့ အဖြစ်အပျက်လေးကို ပိုစ့် တစ်ပုဒ်လောက်တော့ ရေးလိုက်ချင်သေးတယ်.. သိတဲ့ အတိုင်း “ပေါက်ကရ”။
တကယ်လည်း ရေးဖြစ်မှာပါ.. “အဟေးဟေးးး (၂၁-၁၂-၂၀၁၂) နေ့ ဆိုတာ ဘယ်မှာ ကမ္ဘာပျက်လို့တုန်းကွ.. ဒီလောက်သာယာလှပ နေတဲ့ လောကကြီးက ကမ္ဘာကြီး ပျက်စရာလား..” အဲ့လို.. အဲ့လို..။ ဟုတ်တယ်.. တကယ်မပျက်လို့ကတော့ သရော်စာ တစ်ပုဒ်ရေးဖို့ ကြိုတွေးထားမယ်..။ တကယ် ပျက်လို့ ကတော့.. အင်းး... အဲ့.. အဲ.. အီးးးးးဟီးးးဟီးးးးးး ငိုရုံရှိတော့တာပဲလို့.. အဟို့ ဟို့..။
ဂုဏ်ယူချင်တာက..
ဘာဂုဏ်မှကို ယူမနေနဲ့ ဘာဂုဏ်မှလည်း ရှိတာ မဟုတ်ပဲနဲ့..။ ကြံဖန် ဂုဏ်ယူချင်ရင်တော့ “ဟေ့ ငါဟဲ့ ကံထူးသူ ကမ္ဘာကြီး ပျက်တာတောင် ငါတစ်ကောင်တည်း ငေါင်ကြောင်ကြောင် ကျန်နေရစ်တယ်” လို့ ယူပေတော့..။ အင်း ပြောသာ ပြောရတာ တစ်ယောက်တည်း ကျန်နေရင်တော့ အတော် ပျင်းစရာ၊ ကြောက်စရာ ကောင်းမှာပဲ။ “ဧဝ” လို ကောင်မလေး ခပ်ချောချော တစ်ယောက် ရှိနေရင်တော့ အကောင်းသား...။
ရှာကြံဖြေသိမ့်မိတာက..
ရှာလည်း မရှာနဲ့ ကြံလည်း ကြံမနေနဲ့တော့.. ဟိုမှာ လှိုင်းလုံးကြီးတွေက ရှမ်းတောင်တန်းတွေကို ဖုံးနေပြီ..။ ကြံဖန် ဖြေသိမ့်ချင်သေးတာ ဆိုရင်တော့.. “အော်... တော်ပါသေးရဲ့ ငါဟာ ဘာကောင်မှသာ မဟုတ်တာ သေတော့လည်း ရုပ်ပျက်ဆင်းပျက်လေးပါလားးး” လို့သာ ဖြေပေတော့..။
ကျူးရင့်ချင်တဲ့ ဥဒါန်း..
“ဟေ့.. သေနေ့စေ့လို့ သေတာ ဘယ်ကောင့် ဂရုစိုက်ရမှာလဲကွ.. ဟေ..”
မမအိန္ဒြာ ရေ ရေ့ ရေး.. စာမရေးဖြစ်ပဲ ပုန်းနေတာကို မရေး ရေးအောင် တဂ်လိုက်လို့ ရေးလိုက်ပါပြီတဲ့ဗျာ..
စကားမစပ် အဲ့ဒီနေ့ရောက်ရင် ကဗျာအတူတူ ရွတ်ကြဦးစို့ “သေခြင်းတရားဆိုတာ ငါတို့နဲ့ ဘာဆိုင်သေးလဲကွာ..” လို့ နော်..။
ဒီပိုစ့်ကို “ဘယ်သူ့ကိုမှ ဆက်ပြီး မတဂ်တော့ပါဘူးလေ” လို့ ဆုံးဖြတ်ထားလိုက်ပေမယ့်.. တရေးနိုးတော့ အကြံပေါ်လာတယ်.. ဒီကမ္ဘာပျက် ကပ်ဘေးကြီးကို စာဖတ်သူတို့ လုံးဝ (လုံးဝ) မစိုးရိမ်တော့အောင် မိတ်ဆွေကြီး တစ်ယောက်ကိုတော့ အပူကပ် ရေးခိုင်းဦးမှပါလေလို့..။ ကဲဗျာ.. ချစ်မိတ်ဆွေကြီး ကိုဟန်သစ်ငြိမ် ရေ... (ရေးပြီး) ဆရာ စာမရေးတာလည်း ကြာနေပြီ.. ကြံကြံဖန်ဖန်တွေ ရေးပေးပါဦးဗျာ.. တဂ်လိုက်ပါတယ်နော်.. ခါတိုင်းလို ချစ်ခင်စွာနဲ့ပဲပေါ့..။
လူသားအားလုံး အသေဖြောင့်နိုင်ဖို့ အနေဖြောင့်နိုင်ကြပါစေ...
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
(ကိုရင်နော်)
42 comments:
ကျနော်တော့ ဒီကိစ္စကို ဘယ်လိုမှ အယုံအကြည်မရှိဘူး ဦးနော်ရေ...
ဦးနော် ရေ...မယုံကြည်ပေမယ့် ပြောတဲ့ သူတွေက ပြောနေကြတယ်... ပြတဲ့သူတွေက ပြနေကြတယ်...။ အဲ့ ရေးတဲ့သူတွေ ရေးနေကြတဲ့ ထဲက ဦးနော် ရေးထားတာ ဖတ်ပြီး...ရီလိုက်ရတာ.... သေမှာကိုတောင် မကြောက်တော့သလိုပဲ...။ နောက်ပြီး သိထားတာပေမယ့်...ဂရုမမူမိတဲ့ အသိတွေကို သတိပေးလိုက်သလိုပါပဲ..။း))
လာဖတ်ပါတယ် လိုက်မမှီတော့ ဘာပြောရမှန်းတောင်သိတော့ဘူး :P
အင်း ဦးနော်လည်း ပါတယ်ဆိုတော့ ကြောက်တော့ဘူး
ရေးထားတာ လက်တွေ့ကျလို့ ဖတ်လို့ သိပ်ကောင်းပါတယ်။ ဗွီဒယိုကို အစအဆုံး ကြည့်သွားပါတယ်။ အခုလို ရှာဖွေတင်ပြပေးတာ ကျေးဇူးတင်ပါတယ်။
ရေးပြန်ပြီ တယောက်။ ဟုတ်တယ် မကြောက်ဘူး ကျနော်အလှည့်လဲလာဦးမှာ ၂၀၁၂ တော့ မသိဘူး ခုတောင် လာနေပြီး တက်စ်ပိုစ့်တဲ့ အဟားး) ကြောက်ဘူး ဦးနော်၊ တီငယ်၊ ကလေးလေး ရှိတယ်
လေးစားလျက်
တောင်ပေါ်သား
တကယ်ဆောင်ထားရမှာက ဘီးအီးတစ်လုံးဗျ ကိုရင်ရ..။ ဟား ဟား။
အားကြီးခင်တဲ့
မိုးမောင်
ကြောက်ဖူး ကြောက်ဖူးး)
အဲဒီကားကြည့်ချင်တယ်ဗျာ....ဒီမှာနောက်လ
ဆိုရင်တင်ပြီ....ဟေး ပျော်လိုက်တာ ကြည့်ရ
တော့မယ် .... ဒါနဲ့ ကယေးယေး ရေ...
ညကျရင် ဦးနော် နဲ့ တီငယ်ကို ခေါ်ပြီး တောင်ကြီးတန်ဆောင်တိုင်
ပွဲဈေးလာလျှောက်နော်....မုန့်လင်မယားနဲ့
ကပ်စေးနဲဝယ်ကျွေးမယ်း)
ရုပ်ရှင် ဇာတ်သိမ်းကတော့ တိုးလို့တန်းလန်းကြီးလိုပါပဲ..
ဟားဟား ကိုရင်တို့ကတော့ လန်းတယ်ဗျာ... သေခါနီး အော်သွားတဲ့ ဥဒါန်းလေးတော့ ကြိုက်သဗျာ...။
“ဟေ့.. သေနေ့စေ့လို့ သေတာ ဘယ်ကောင့် ဂရုစိုက်ရမှာလဲကွ.. ဟေ..”
ထပ်ဖြည့်လိုက်ပါအုန်းလား... “ဘယ်ခွေးမှ လူမထင်ဘူးလို့...”
သောက်ရမ်းခင်တဲ့
ဖိုးမောင်
အဖေါ်တွေ အများကြီးပဲ..
အပေါ်က ဂျပန်ကောင်လေး ပြောသွားသလိုပဲ ယုံတော့ ယုံဘူးရယ် ....
ဒါပေမယ့် ဖြစ်လာခဲ့ရင်ရော ဆိုတော့လည်း ဦးနောပြောသလို ပြေးလို့မှ မလွတ်တာ ဒီတော့လည်း တိုက်တန်းနစ် သဘောင်္ကြီးနစ်တုန်းက ကလေးလေးကို အမေက အိပ်ရာလေးပေါ်မှာ ပုံလေးပြောပြပြီး သေမယ့်အချိန်ကို စောင့်နေသလို သက်သက်သာသာလေးပဲ သေတော့မယ်။ ဟိုပြေး ဒီလွှားတော့ လုပ်နေတော့ဘူး လွတ်မှာမှ မဟုတ်တာ။ သေခါနီး ပင်ပန်းမှာဆိုးလို့ ... (:P) ဆင်းရဲ ချမ်းသာ၊ အယုတ်အလပ် မရွေး အာဏာရှိရှိ မရှိရှိ ဒင်းတို့အားလုံးလည်း သေရမှာပဲလေ။ ဒင်းတို့လည်း သေမင်းကိုတော့ မလွန်ဆန်နိုင်ပါဘူး။ အားလုံးကို အနိုင်ယူနိုင်တာ သေခြင်းတရားပဲ။ ဒီတော့ .... ပျော်ပျော်ပါးပါး သေကြယုံပေါ့။
ပုံတွေကိုကြည့်ရတာတော့ တော်တော် ကြေက်စရာ ကောင်းတယ် ဦးနော်။
တကယ်ဖြစ်လာရင်တော့ ပြင်ဆင်ချိန်လည်း ရမယ်မထင်၊ ရေးနေရင်းနဲ့တောင် လှိုင်းလုံးတွေက ရှမ်းတောင်တန်းတွေ ကျော်ပြီး ဒေါနတောင်တန်း ဘက်ရောက်လာနေကြပြီ ... ဦးနော်ပြောသလို သေနေ့စေ့လို့ သေတာ ဘယ်ကောင့် ဂရုစိုက်ရမလဲကွ ... လို့ပဲ လောကကြီးကို ဟားတိုက်လိုက်ယုံပေါ့။
အဲ မဖြစ်ဘူးဆိုတော့လည်း ဘာအရေးလဲ ဒီလိုပဲ ကြီးနိုင် ငယ်ညှင်း ဘ၀ကြီးမှာ ဆက်လက် ကျင်လည်ကြအုံးစို့ပေါ့။
အဖြစ်အပျက်လေးကို ပီပြင်အောင် သရုပ်ဖော်ရေးသားခဲ့တဲ့ ဦးနော်ကို ကျေးဇူးတင်ပါတယ်။
ခင်မင်လေးစားလျှက်
အဲဒီ၂၀၁၂ စကြားတည်းက လူလည်း တော်တော်ပေါ့ပေါ့ပါးပါး ပျော်သွားတယ် ။ သေရတော့မယ် ဆိုပြီး :P
လူတိုင်းသေတာ့မယ်လို့တော့ မထင်ပါဘူး။ ဒါပေမယ့် ကံဖယ်လိုက်တဲ့ တစိတ်တဒေသထဲမှာ ကိုယ်ပါမယ်လို့ ထင်နေတယ်။
အစ်ကို့တရားတွေကိုလည်း တလုံးမကျန်နားသွားပါတယ်။
ဟေ ..ဟေ့..ဟေးးးးးးးးးးး
ရေးထားတာ မိုက်တယ်ကွာ(ဘယ်ကောင်လဲကွ လာခဲ့စမ်း အချုပ်ခန်းထဲကို..ဏ)
မိုးပြိုတော့အများတဲ့ စာဖြင့်သာလွယ်တာ လက်တွေ့မှာတော့.. ငိုယိုကြ.. တိုင်တည်ကြ..
ဖတ်ရင်း သံဝေဂတွေလည်းရတယ်..
ဖတ်ရင်း ရီလိုက်ရလို့ ရှူးရှူတွေလည်း ထွက်ကျတော့မလို့ပဲ
သူပဲတတ်နိုင်လွန်းတယ်
တော်တော်ကိုဆိုးတဲ့ ဦးနော်ဆိုးကြီး..း)
လေးစားစွာဖြင့်
စည်သူ။
ကိုရင်နော်ရေ ဟုတ်ပါ့ တကယ်ဆို ဘာမှကို ပြင်ဆင်နေချိန်ရလိုက်မှာ မဟုတ်... အဲ ပြောရင်း ဆိုရင်း လာနေပြီ... အိ အိ အိ အားးးးးးးးးးးးးးးးးး :((((((((((((((((
လင်းဒီပနဲ့လိုက်သွားပါလား ကိုရင်နော်
ဧဝက မသေချာဘူး သူပြောတဲ့ အင်္ဂါဂြိုဟ်သူအလန်းလေးတွေက သေချာတယ်း))
မမရယ် အင်္ဂါဂြိုလ်တက် ရန်ဖြစ်နေမှဖြင့်
ကိုရင်က ဗလတောင့်တော့ လင်းဒီပခမျာ..
ကမ္ဘာပျက်တာလွတ်အောင်ရှောင်မှ အလန်းတွေနဲ့မတွေ့ပဲ..
ကံကုန်နေ့စေ့တွေဖြစ်ကုန်ပါ့မယ်..။
ကိုရင်......
အဲလိုတွေဖတ်ချင်လို့
ရေးခိုင်းတာဟ...
မောင်လေးတော်တယ်...
သေသေချာချာလေးရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..
ချစ်ခင်စွာ
ကိုနော်ရေ ဒီပို့စ်လေးဖတ်လိုက်ရတော့ သံဝေဂတရားတွေရမိတယ်ဗျာ
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ...တွေးပီးစိတ်ညစ်နေမဲ့အစား
လူသားတွေအနေနဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုလေးတွေနဲ့ ရှိတဲ့အချိန်လေးမှာ ကောင်းကောင်းမွန်မွန်နေထိုင်သွားနိုင်ကြရင်ကောင်းမယ်နော် ဘယ်သူကမှတော့ဒီကမ္ဘာကြီးကိုပျက်စီးစေချင်မှာမဟုတ်ပါဘူးဗျာ..
တချို့တွေကတော့မေးကြပါတယ် လကမ္ဘာပေါ်ကိုထွက်ပြေးလို့မရဘူးလားတဲ့
ရလည်းခဏပေါ့နော.... အစာရေစာမှမရှိတာ
ကျွန်တော်ကတော့ ဖြစ်လာခဲ့ရင်လည်းရင်ဆိုင်ယုံကလွဲလို့ ဘာမှလုပ်လို့မရဘူးလေ အရုပ်အလတ်အမြတ်မရွေး အားလုံးဟာတစ်လမ်းထဲပဲသွားကြရမှာပဲလေ၊
တစ်ခုတော့ရှိတယ်.......ကမ္ဘာကြီးတကယ်မပျက်ဘူးဆိုရင်ပိုကောင်းတာပေါ့
ဂျပန်ကောင်လေးပြောသလိုပေါ့... ဘာကိုမှတော့အယုံအကြည်မရှိပါဘုး။ ဒါပေမဲ့ ဖြစ်လာခဲ့သည်ရှိသော်................................................................................................................................................
ရေးထားတာ သဘောကျတယ် သရော်စာလို့သတ်မှတ် မိတယ်....။
၃ နှစ်တောင် လိုသေးတယ် ဘာအတွက် ၃ နှစ်စာ စိတ်ရှုပ်ခံမလဲဗျာ...။
ရှောင်လို့ မလွတ်တာသေချာရင် တည့်တည့်တွေ့ကြတာ ပေါ့....။
နေတုန်းကလည်း နေခဲ့ပြီးပြီပဲလေ.....။
သေခြင်းတရားကို ဂရုမစိုက်ဘူးလို့ မပြောဘူး
ရှောင်လို့မရမှတော့.............
“ဟေ့.. သေနေ့စေ့လို့ သေတာ ဘယ်ကောင့် ဂရုစိုက်ရမှာလဲကွ.. ဟေ..”
ကိုရင့်ရဲ့ ဖလော်ဆော်ဖီများကတော့ အားရစရာချည့်ပါပေ...း)
ကိုယ့် ဘလော့မှာ သည်ပို့စ်ကို ရှဲလိုက်ဦးမယ်...
ကမ္ဘာကြီးတကယ်ပျက်ရင် ကျေးဇူးတင်ဖို့ကောင်းတယ်။ တစ်စုတစည်းတည်း သေကြရမှာ ပျော်စရာကောင်းလို့။ ဒါပေမဲ့လဲ ကမ္ဘာကြီးက တကယ်ပျက်မှာမဟုတ်တော့ ၂၀၁၂ အိုလံပစ်ပွဲကြီး ခြိမ့်ခြိမ့်သဲသဲကျင်းပနေတာကို ကြည့်လိုက်ကြသေးတာပေါ့ဗျာ။
ဦးနော် ရေးထားတာ မိုက်တယ်...
ပျက်တော့လဲ ပျက်တယ်ပေါ့....မပျက်တော့လဲ မပျက်ဘူးပေါ့.....ဒါမဲ့ ဖြစ်လာခဲ့ရင် အကုန်တူတူ စန့် ကြမှာဆိုတော့လဲ စန့် တယ်ပေါ့...ဟီးးးးးး :P
“၂၀၁၂ မှာ ကမ္ဘာ တကယ် မပျက်ဘူးကွာ လောင်းမလား” ဆိုတဲ့ဘက်ကနေ (မချင့်မရဲ) နေလိုက်ချင်သေးတယ်။
same to u.
“မဖြစ်နိုင်ဘူး” လို့တော့ စုံမှိတ်ပြီး ခေါင်းမခါချင်ဘူး။ “ဖြစ်လာမှာပါလား” ဆိုပြီးတော့လည်း တွေးပူပြီး ထိတ်လန့်မနေချင်ဘူး.. ဆိုတော့ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် သေတာတော့ သေရမှာပဲလေ ကောင်းကောင်းမွန်မွန် သေနိုင်အောင် ကြိုတင်ပြင်ဆင်ထားရုံ ရှိတာပဲ..။ “ဘာတွေ ပြင်ရမှာတုန်း..ဟဲ့” ဆိုရင်တော့ အားလုံးသိပြီးသားတွေပါပဲလေ.. ခက်လည်း မခက်ပါဘူး.. ဘာသာတရားတိုင်းရဲ့ တရားတော်တွေမှာ ဆုံးမထားတဲ့ အတိုင်း မေတ္တာတရား လက်ကိုင်ထားပြီး မိမိကိုယ်တိုင်ရဲ့ စိတ်ဓါတ်၊ အကျင့်၊ သီလ ဖြူစင်သန့်ရှင်းအောင် ကြိုးစားရုံပဲလေ။ မဟုတ်ဘူးလား.. ။
u r right.
အစ်ကို ရင်နော်ရေ...
သေတာမသေတာက နောက်မှ
လောဘ၊ ဒေါသ၊ မောဟ တွင်းနက်နက်ကြီးထဲက လွတ်အောင် ထွက်ပြေးကြပါ.. လောကအညစ်အကြေးတွေကို ချွတ်ပြီး လောဘ၊ ဒေါသ၊ မောဟ ကင်းတဲ့ နေရာ ရောက်တဲ့ အထိပြေး.. လူသားအချင်းချင်း မေတ္တာ ထားနိုင်သည်အထိ ပြေးပေတော့ဗျို့..။ ကမ္ဘာပျက်ရင်တော့ အဲ့ဒီတွင်း နက်နက်ထဲမှာ မပိတ်မိစေနဲ့..။ဆိုတဲ့ စကားသံတွေကို ထပ်ကာတလဲလဲ ကြားယောင်ရင်း
ုဟုတ်တာ မဟုတ်တာ အပထားလို့ ပြင်တော့ ပြင်ထားကြရမယ်....
ခင်မင်လေးစားလျှက်
ညီမလေး နှင်းဟေမာ
အင်တာနက် မရှိတာနဲ့ ကမ္ဘာကြီး ပျက်တော့မှာတောင် မသိလိုက်ဘူး 2012ဆို အိုလံပစ် ကြည့်မလားလို့... ကိုရင်နော် သတိတရ လာလည်တာ ကျေးဇူးကမ္ဘာနော်.. မခင်လေးကိုလည်း သတိရတယ်လို့ ပြောပေးပါ
21-12-2012 မတိုင်ခင်ထိ အသက်ရှိနေသေးရင် ၁၅ ရက်နေ့လောက်ကစပြီး ဦးနော်ရယ် မမခင်လေးရယ် ကလေးလေးရယ် စလုံးကချစ်ခင်လေးစားရတဲ့ ဘလော့ကာမောင်နှမတွေရယ် တစ်အိမ်တည်း စုနေကြမယ်။ စားချင်တာတွေ ချက်ကျွေးမယ် တောင်ပေါ်တို့ ကိုမိုးကုတ်တို့ ရာတမေတို့ ဦးနော်တို့က သီးချင်းဆို ဂစ်တာတီးး မီးပုံပွဲတွေလုပ်မယ်။ တညလုံးမအိပ်ဘဲဆော့ကြမယ် ။ သေမဲ့တူတူတော့ ကမ်းခြေသွား ဘာဘီကျုးလုပ်မယ်။ သေမင်းနဲ့တွေ့ရင် တူတူဆော့ဖို့ ခေါ်မယ်။မကောင်းဘူးလား ဦးနော်ရ။း)
ပျော်ပျော်ကြီး သေကြတာပေါ့...
သေချင်ပါဘူး..
သြော်... ဒုက္ခ ဒုက္ခလို့ တောင် တချိန်ရလိုက်ပါ့မလားနော်... အသိတရားလေးနဲ့ ယှဉ်ပြီး ဖတ်သွားပါတယ်..ဦးနော်ရေ...း-)
ပို့စ်လည်းဖတ် ဗွီဒီယိုလည်းကြည့် ပြီး
လူသားတွေရဲ့ အစွမ်း အံ့မခန်းပဲလို့ ရေရွတ်မိပါတယ်။
ကျနော့ဘော်ဒါတစ်ယောက်ကပြောတယ်ဗျ
အဲဒီဒါရိုက်တာကြီးက 'the day after tomorrow' ဆိုတဲ့ကားလည်းရိုက်ပြီးရော
မကြာဘူး လူအသအပျောက်အများဆုံးဆူနာမီကြီး
ထဖြစ်တယ်တဲ့
ခုလည်းလုပ်ပြန်ပြီသူပဲ '2012'တဲ့
ဘာတွေလာဦးမလဲမသိဘူး
ဘာမှလည်းထူးပြီးကြောက်မနေချင်တော့ပါဘူးဗျာ ကြောက်လည်းပဲ ကြောက်တာတစ်ခုပဲအဖတ်တင်နေမှာ
သေတာကိုရှောင်လို့မှမရတာ
အသက်ရှင်ကျန်ခဲ့ရင်တောင်မှအစ်ကိုပြောသလိုပဲ ပျင်းစရာကြီးဖြစ်နေတော့မှာ
ကွန်မန့်အတွက်လည်းကျေးဇူးပါဗျာ
၂၀၁၂ပိုစတာကိုလည်းကူးပြီး
wallpaperလုပ်ထားပါကြောင်း..။
အကိုရင် (ဒါရိုက်တာရင်မဟုတ်ပါ)
2012 ရုပ်ရှင် သွားကြည့်ရင် အတူ သွားကြည့်တော့ဘူး။ တော်ကြာ ရုံထဲ ရှူးပေါက်ချမှ ဒွတ်ခ။
လူသားအားလုံး အသေဖြောင့်နိုင်ဖို့ အနေဖြောင့်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကော်ပီလုပ်သွားတယ်။ မကျေနပ်ရင် အစိမ်းလိုက် တိုက်
သတိရတယ် အားလုံးကိုပဲ ကလေးလေးရောပေါ့
ကမ္ဘာပျက် တော့ အေး သွားတာပေါ့ ဟုတ်ဖူးလား
အင်မတန်ဖတ်လို့ကောင်းပြီး ဟက်ဟက်ပက်ပက်ပြုံးလိုက်မိတယ်။
ငါသည် မုချသေရမည် အချိန်ပိုင်းသာလိုတော့ပါလား အသိတရားလေး ထပ်မံစွဲကပ်လိုက်မိပါတယ်။
ခင်မင်စွာဖြင့်
မေမေ့မေတ္တာ
Hello!!! Ko Yin Naw,
I visited ur home n read ur nice post. :D
I'm sorry, Icann't type mm font now.
Thanks for ur visiting n nice comment.
သေမှာကိုတော့ မကြောက်ဘူး...
တယောက်တည်းတော့ သွားရမှာ ပျင်းတယ်..
အင်းကမ္ဘာပျက်လို့ အားလုံး တူတူ သွားရရင်တော့...
အကြိုက်ဆုံးပေါ့...
ပြောရင် ယုံမလားမသိဘူး...ကမ္ဘာပျက်ဖို့ အကြိမ်ကြိမ် ဆုတောင်းဘူးတယ်..
ကဲ..သွေးအေးသွားအောင် တခွက်လောက်။ Cheers :D
ဘဘကြီးလဲသေမှာပဲလား... အသူလဲပာင် ဘဘကြီးဆိုတာ... :D
ရေကလည်း ရှမ်းတောင်တန်းမှစဖုံးရသလား......လန့် ပါတယ်ဆိုနေမှ... :D
ဖတ်လို့ လဲကောင်း မန့် လို့ လဲကောင်း
လာလည်သွားပါတယ်....
တက်ဂ် ဖြေပြီးကြောင်း... လာရောက် သတင်းပို့ပါတယ်ဗျို့... :)
ဖြစ်ပြီဆိုမှတော့ဖြစ်ပြီဘဲပေါ့။
Post a Comment