Thursday, December 31, 2009

2009 Vs 2010

“ဟေ့ယောင်.. ၂၀၀၉ ဒိုးတော့ကွာ မင်းရဲ့နှစ် ကုန်ပြီ..”
၂၀၁၀ ၏ ခရီးရောက်မဆိုက် ပြောလိုက်သော စကားကြောင့် ထွက်ခွာရန် ပစ္စည်းများ သိမ်းနေသော ၂၀၀၉ အနည်းငယ်တော့ တင်းသွားသည်။

“ဟ.. မင်းဘယ်လိုကောင်လဲကွ လေသံက ရင့်လှချည်လား.. ငါ သွားရတော့မယ် ဆိုတာ သိတယ်.. ဒီမှာ ငါ့ကို နှုတ်ဆက်နေတဲ့သူတွေ ရှိတယ်ကွ.. သူတို့ နှုတ်ဆက်သံကို ငါနားထောင်ရဦးမယ်..”
“မင်းဘာမှ နှုတ်ဆက်သံတွေဘာတွေ နားထောင်မနေနဲ့တော့ မင်းရဲ့နှစ် အခုပဲ ကုန်ပြီ.. ပြီးသွားပြီကွာ.. မင်း ဒိုး ဒိုး ဒိုးတော့.. လစ်တော့.. အခု ငါ့နှစ်ရောက်ပြီကွ.. မင်းနဲ့ မဆိုင်တာ့ဘူး...”
၂၀၀၉ ၏ စိတ်ထဲတွင် ဖော်မပြတတ်သော ဝမ်းနည်းမှုတစ်ခု ဝင်ရောက်လာသည်။

ပြက္ခဒိန်ပေါ် တစ်နှစ်လုံး လျှောက်လှမ်းလာခဲ့သမျှ ဒီနေ့တော့ ၂၀၀၉ အတွက် နောက်ဆုံးနေ့ကို အတိအကျ ရောက်ခဲ့ပြီ။ လောကကြီး၏ နေ့ရက်များကို ၂၀၁၀ လက်ထဲ ထိုးအပ်ရတော့မည်။ တကယ်တော့ တစ်နှစ်တိတိသာ အသက်ရှိရသော နှစ်တစ်နှစ်၏ စတင်ခြင်းနှင့် ကုန်ဆုံးခြင်းသည် ရက်အတိအကျ သတ်မှတ်ပြီးသား ဖြစ်သည်ကို ၂၀၀၉ မသိ၍ မဟုတ်ပေ။ အချိန်ရင်ခုန်သံများနှင့် အသက်ရှင်လည်ပတ်ခဲ့သော နေ့ရက်များသည် ဘာရယ်မဟုတ် တိုတိုလေးလိုပင်။ နေ့ရက်များအား တစ်ရက်ချင်း ဆွဲဆုတ်ရင်း ရာသီဆိုတာကို ဖြတ်ကျော်လာလိုက်တာ အခုတော့ နောက်ဆုံးတစ်ရက်၊ နောက်ဆုံး အချိန်ကို ၂၀၀၉ စွန့်ရလေပြီ။

“နေစမ်းပါဦး ၂၀၀၉ ရ မင်းက ငိုမဲ့မဲ့နဲ့ ကိုယ့်အချိန်ကုန်လို့ ကိုယ်ညောင်းရတာ ဆန်းသလား.. ဘာလွမ်းစရာရှိလဲ.. ထားခဲ့စမ်းပါကွာ..”
“လွမ်းစရာမရှိပဲနေမလားကွ ဒီလူသားတွေက ငါ့တစ်နှစ်လုံး.. ငါ့ရက်တွေ.. ငါ့အချိန်တွေအောက်မှာ နေလာတာ သံယောဇဉ်ဆိုတာ ရှိတာပေါ့ကွ..”

“ဘာမှ သံယောတွေ ဇဉ်မနေနဲ့တော့.. မင်း.. ဘာအသုံးကျခဲ့လို့လဲ.. မင်းက ဘာအဖြစ်မှလည်း မရှိ.. ဘာသမိုင်းမှလည်း တွင်အောင် မလုပ်ခဲ့တဲ့ နှစ်..”
“ဟ ဘလိုင်းကြီးပါလား.. အေးလေ.. ဟုတ်ပါတယ်.. ကြီးကြီးမားမားသမိုင်း မတွင်ခဲ့ဘူးဆိုတာတော့ ဝန်ခံပါတယ်.. ဒါပေမဲ့ လူတွေ အတိဒုက္ခရောက်ရတဲ့ သမိုင်းမျိုး မတွင်ခဲ့တာကိုတော့ ငါဂုဏ်ယူနေတယ်ကွ..”

“ဟားဟား ဟေ့ယောင်.. မင်းဟာက အတိဒုက္ခသာ မရောက်တာ စီးပွားရေးတွေ ဇောက်ထိုးဖြစ်ကုန်တာ မင်းနှစ်မဟုတ်လား.. ၂၀၀၉ မှာ စီးပွားပျက်ကပ် ဆိုက်တယ်တဲ့ အဲ့ဒါ မင်းပေါ့ကွ.. ဘာတဲ့ ရှိသေးတယ် ဝက်တုပ်ကွေးဆိုလား.. လူတုပ်ကွေးဆိုလား အဲ့ဒါလည်း မင်းပဲလေ..”
“ထားပါ စီးပွားပျက်ကပ်ဆိုက်တာက စစ်တွေဖြစ်ပြီး လူတွေ ထောင်သောင်းသေကြေတဲ့ ပျက်စီးမှုမျိုး မဟုတ်ဘူးကွ.. တုပ်ကွေးဆိုတာလည်း အခန့်မသင့်လို့ ခဏဖြစ်တာ.. ငါ့နှစ်ထဲမှာ ငါ အချိန်မီတားခဲ့တာပဲ.. ငါ့နှစ်မှာ မကောင်းခဲ့တာ.. ဆိုးခဲ့တာတွေကို မင်းနှစ်မှာ မင်း.. ကောင်းအောင်ဆက်လုပ်.. ဒါပဲရှိတာပဲ မင်းက ဘာလို့ အသားလွတ် အပြစ်တင်ပြီး လွှတ်ကော နေတာလဲ..”

“ကောနေတာ မဟုတ်ဘူးကွ မင်း အသုံးမကျခဲ့တာတွေ.. အထာမကျခဲ့တာတွေကို ထောက်ပြနေတာ..”
“နေစမ်းပါဦး မင်းက ဆရာကြီးလား.. ဘာမှ ငါ့ကို အပြစ်တင်စရာမလိုဘူး.. ကိုယ့်သမိုင်း ကိုယ်ရေးစမ်းဘာ..”

“ဒါတော့ မင်းစိတ်ချလိုက် ဟေ့ယောင်.. ငါ့နှစ်မှာ အရာရာ ပြောင်းလဲစေရမယ်.. တိုးတက်စေရမယ်ကွာ.. အဲဗားလန်းနေစေရမယ်..”

“အေးပေါ့ကွာ လုပ်လိုက်ပေါ့ အပြောနဲ့ အဟောတော့ ညီပါစေပေါ့..”
“မင်းစောင့်ကြည့်လိုက်စမ်းပါ.. ငါ ရေလည် လုပ်ပြလိုက်မယ်.. မင်း လေသွားစေရမယ်..”
“ငါ့.. နှစ်မှာကတည်းက ၂၀၁၀ ၂၀၁၀ ဆိုပြီး အသံတွေကြားနေတာ.. ဘာကောင်များလဲလို့.. အခု ဒဲ့တွေ့တော့မှ မင်းက လေလုံးထွားမယ့်ရုပ်ပဲကွ.. တော့ကီကတော့ ကျွေးသလားမမေးနဲ့.. ”

“ဟေ့ယောင် တော့ကီမဟုတ်ဘူး.. အမှန်ကန် လုပ်ပြမှာ.. နော်.. မင်းယုံထား.. စောင့်ကြည့်လိုက် ငါ့နှစ်မှာ လုံးဝလန်းစေရမယ်ကွာ.. သမိုင်းလည်း အကြီးကြီးတွင်စေရမယ်..”

“ဘာသမိုင်းလဲကွ လူတွေကို ဒုက္ခပေးမယ့် သမိုင်းမျိုးလား..”
“ဟေ့ယောင် မင်း နိမိတ်မရှိတာတွေနဲ့ ငါ့ကို ဖဲ့ဖို့ မကြိုးစားနဲ့.. ငါ့နှစ်မှာ လူသားတွေ အားလုံး လွတ် လပ် ပျော် ရွှင် စေ ရ မယ်.. အဲ့ဒါ အဲ့ဒါ..”
၂၀၁၀ ကတော့ တော့ကီလား.. တကယ်လားတော့ မသိဘူး အားနဲ့ မာန်နဲ့ ပြောနေပြီ။ သူ့နှစ်မှာ သူပြောသလို တကယ်ပဲ လန်းကြမှာလား။

“နေစမ်းပါဦး ၂၀၁၀ ရ မင်းက အခုမှ မင်းနှစ်ရောက်မလို့ ရှိသေးတာ.. သိပ်မြှောက်မနေနဲ့ မင်း လူတွေ အကြောင်း ဘယ်လောက်သိလို့လဲ.. ဟော့ရှော့တော့ မလုပ်နဲ့ လူတွေက မင်းထက်ပိုဆရာကျတယ်.. ငါက လူတွေ အကြောင်း နောကျေနေပြီကွ..”
“လူတွေအကြောင်း ဘာသိစရာ လိုလို့လဲကွ.. လူတွေက ငါ့ရက်စွဲတွေ အောက်မှာ နေရမှာပဲ ငါစီမံသလိုပေါ့..”

“အဲ့ဒီမှာ စတွေ့တာပဲ.. မင်း မှားပြီ.. မင်းလုံးဝမှားသွားပြီ.. မင်းက အသစ်လိုလို.. Update ဖြစ်သလိုလိုနဲ့ ဝေးနေပါလားကွ.. ဟားဟား.. မင်း.. လူတွေ အကြောင်း သေချာသိဖို့လိုတယ်.. မင်းမသိလို့ကတော့ မင်းကို အဲ့ဒီကောင်တွေက ဝိုင်းဖဲ့ပြီသာမှတ်..”

“မရှင်းဘူးကွာ မင်း ဘာပြောချင်တာလဲ လူတွေအကြောင်း ဘာလို့ သိရမှာလဲ.. ဟေ့ယောင်.. ငါ Update ဖြစ်တယ်.. နော်.. မှတ်ထား.. ၂၀၁၀ ကွ..”

“အေ.. မင်းသိအောင် ငါပြောပြမယ်.. လူတွေ ဆိုတာ အခုတမျိုး တော်ကြာတမျိုးကွ.. သူတို့ လုပ်ချင်ရာ လုပ်ကြတာ.. ဦးနှောက်ရှိသလိုလိုနဲ့ လုပ်လိုက်ရင် တလွဲတွေချည်းပဲ.. တခါတလေဆို ဇွတ်လုပ်တတ်သေးတယ်.. တဇောက်ကန်း ဆိုတာမျိုးတွေလည်း ရှိတယ်.. အဲ့လိုလူတွေက အများစုကွ.. လူကောင်းတွေလည်း ရှိတော့ ရှိတာပေါ့ကွာ.. ရှားတော့ရှားတယ်.. လူတွေကို မင်းက စီမံရမှာ မဟုတ်ဘူးကွ လူတွေက မင်းကို စီမံသွားမှာ သူတို့ရဲ့ ကောင်းခြင်း.. ဆိုးခြင်းတွေနဲ့ နှစ်တွေကို စီမံသွားတာ.. မှတ်ထား.. မင်းမယုံရင် ဟိုး.. နှစ်ပေါင်း ၂၀ လောက်ကို ပြန်ကြည့်လိုက် နှစ်တွေအားလုံး အတုန်းအရုန်းကွ အဲ့ဒါပေါ့ ဆိုးခြင်းတွေနဲ့ စီမံသွားကြတာ.. အဲ့ဒီထဲက တချို့နှစ်တွေဆို ဘာတိုးတက်မှုမှမရှိပဲ အသားလွတ် အသက်ကြီးသွားကြရတာ..”

“ဟ.. ဒါဆို.. မင်းပြောသလိုသာဆို ငါ့ကံကြမ္မာက ဒီကောင်တွေ လက်ထဲမှာ ရှိတာပေါ့..”
“သိပ်သေချာတာပေါ့.. သူတို့ ဆိုးတာလုပ်ရင် မင်းရဲ့ သက္ကရာဇ် နာမည်ဆိုးတွင်မယ်.. ဒါပဲ ရှင်းရှင်းလေ..”

“ဒီလိုဆို ငါဘာလုပ်ရမှာလဲ.. လုပ်ပါဦးကွာ.. ငါနာမည်ဆိုးတော့ မတွင်ချင်ဘူး..”
“မခက်ပါဘူးကွာ မင်း လူတွေကို ကြည့်ပေါင်းပေါ့.. မင်း ဒီကောင်တွေကို သိပ်မယုံနဲ့ပေါ့ကွာ.. ဒီကောင်တွေ ဘာတွေ ကြံနေလဲ ဆိုတာ မင်းသိဖို့လိုတယ်.. လစ်ရင် ရှိုးနေပေါ့ကွာ.. တခုတော့ရှိတယ်နော် ဒီကောင်တွေ မင်းထက် တော့ကီကောင်းတယ်.. ဝေ့လည်ကြောင်ပတ်လည်း ပြောတတ်တယ်နော်.. မင်းအဲ့ဒါ ပေါက်ဖို့လိုတယ်..”
“အေးလေ ဒါဆို သတိထားရမှာပေါ့..”
၂၀၁၀ အနည်းငယ် ငိုင်သလိုတော့ဖြစ်သွားသည်။ သူပါလာသော အထုပ်ကြီးကိုလည်း မနိုင့်တနိုင် မရင်း စားပွဲပေါ်တင်လိုက်သည်။

“မင်းရောက်ပြီဆိုတော့ ငါသွားလို့ရပြီ.. ဒီတော့ Good Luck ပေါ့ကွာ မင်းနှစ်မှာ အကောင်းဆုံး ဖြစ်ပါစေလို့ ငါဆုတောင်းပါတယ်.. သိပ်တော့လည်း မစိုးရိမ်ပါနဲ့ကွာ မင်းကို ကူညီမယ့်သူတွေ.. လူကောင်းတွေပေါ့ကွာ.. ပေါ်လာကြမှာပါ..”
“အိုကေကွာ ငါကြိုးစားမယ်.. လူတွေကိုလည်း ကြည့်ပေါင်းမယ်.. မင်းပြောတာတွေ ငါသေချာ မှတ်ထားလိုက်ပြီကွာ.. ငါရောက်ရောက်ချင်း မင်းကို ကစ်မိတာ ဆောရီးကွာ.. အဝင်ကြမ်းသလို ဖြစ်သွားတယ်..”
“ရပါတယ်ကွာ.. မင်းစစ်မှန်ပြီး တရားမျှတတဲ့ သမိုင်းတစ်ခုကို ရေးနိုင်ပါစေလို့ပဲ ငါဆုတောင်းပါတယ်..”
၂၀၀၉ လည်း ထွင်ခွာရန်အတွက် သူ့အိတ်ကြီးကို ကောက်မလိုက်သည်။

“ဒါနဲ့ မင်းအိတ်ကြီးက ဟဲဗီးကြီးပါလား ဘာတွေ အလေးခံပြီး သယ်သွားမှာလဲ..”
“ဒါတွေက တခြား မဟုတ်ပါဘူးကွာ ငါ့နှစ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ လူသားတွေရဲ့ ရန်ငြိုးတွေ၊ အမုန်းတွေ၊ အာဃာတတွေ၊ လက်တုန့်ပြန်ခြင်းတွေ၊ တရားမဲ့မှုတွေ နောက်.. လောဘတွေ.. ဒေါသတွေ.. မောဟတွေ.. အဲ့ဒါတွေပေါ့ကွာ.. ပြောရရင်တော့ ငါ့နှစ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ မကောင်းမှုတွေအားလုံးကို အပြီးအပိုင်ချေဖျက်ဖို့ ငါသိမ်းသွားတာပဲ.. ဒါတွေကို မင်းနှစ်ထဲကို မပါသွားစေချင်ဘူး..”

“ဟား.. ဟုတ်လား.. ကောင်းတာပေါ့.. ဒါဆို ငါ့နှစ်ထဲမှာ သန်းရှင်းနေပြီပေါ့ကွာ..”
“ဒီလိုတော့ မင်း အထင်မရောက်နဲ့ဦးကွ လူဆိုတဲ့ အမျိုးက မကောင်းမှု မလုပ်ရရင် မနေနိုင်တတ်ဘူး.. နောင်တရရင်လည်း ခဏပဲကွ.. သူတို့ရဲ့ လောဘတွေ.. ဒေါသတွေ.. မောဟတွေကို ဘာသာပေါင်းစုံက ဘုရားပေါင်းစုံ တားနေတာလည်း မရဘူးကွ.. ဒီတော့ ငါယူသွားတာတွေက မင်းလက်ထက်မှာ ပြန်တော့ ဖြစ်လာဦးမှာပဲ.. သေချာတယ် အေ.. မင်းနှစ်ထဲမှာ အဖြစ်မများအောင် မင်းကြိုးစားပေါ့ကွာ.. မင်းနှစ်ကုန်ရင်တော့ မင်းပြန်သိမ်းသွား.. အဲ့ဒီ မကောင်းမှုတွေ လက်ဆင့်မကမ်းရဘူးကွ..”
“ဟ.. အဲ့ဒီလိုကြီးလား..”

“အေ.. ဟုတ်တယ်.. လူဆိုတာကလည်း အဲ့ဒါတွေ မပါရင် အသက်ရှင်လို့ မရတော့တဲ့ သတ္တဝါတမျိုး ဖြစ်နေပြီကွ.. ဒါနဲ့..
နေပါဦး.. မင်းအထုပ်ကြီးကရော ဘာတွေများထည့်လာလို့ ဒီလောက်ကြီးနေရတာလဲ..”
“ငါအိတ်ထဲမှာ ဘာပါတယ်ဆိုတာ ငါလည်း မသိဘူးကွ.. ငါလည်း တွေ့တဲ့အထုပ် ဆွဲယူလာတာပဲ.. နေဦးကွာ ငါဖွင့်ကြည့်မယ်..”
၂၀၁၀ က ပြောပြောဆိုဆို အိတ်ကြီးကို ဖွင့်ချလိုက်လေသည်။

“ဟား.. ဟေ့ယောင်.. ကြည့်လိုက်စမ်း.. ငြိမ်းချမ်းခြင်း.. ပျော်ရွှင်ခြင်း.. လွတ်လပ်ခြင်း.. တရားမျှတခြင်း.. အဆင်ပြေခြင်း.. စီးပွားတက်ခြင်း.. အောင်မြင်ခြင်း.. ကံကောင်းခြင်း.. ဟား... အများကြီးပါ့လား ကောင်းတာတွေချည်းပဲ ပါလာတာကွ.. မိုက်တယ်ကွာ.. မင်းယူလာတာတွေကတော့ လန်ထွက်နေတာပဲ..”
“ဟာ.. Yo.. Yo.. Yo.. Man.. ငါယူခဲ့မိတဲ့ အိတ်ကြီးက ကောင်းခြင်းတွေကွ.. ငါဒီအထုပ်ကြီး ဆွဲမိသွားတာကိုက ကံကောင်းခြင်းပဲ..”

၂၀၁၀ မှာ ဝမ်းသာလွန်း၍ ထင်သည် “Yo.. Yo.. Yo.. Yo..” ဟု Rapper စတိုင်အော်ကာ.. လက်နှစ်ဘက်ကို သနပ်ခါးသွေးသလို ဝိုင်းရင်း ခြေနှစ်ဘက်ကို ကွေး၍ တင်ပါးကို ဘယ်ရမ်း ညာရမ်းနှင့် ကနေတော့သည်။

“ဟုတ်တယ်.. မင်းဘာမှ ပူမနေနဲ့တော့ မင်းရဲ့ သက္ကရာဇ် ကောင်းပြီလို့သာ မှတ်တော့ကွာ.. ငါဒတ်တယ်.. ဒါဟာ နိမိတ်ကောင်းတွေကွ.. မြန်မြန်ပေးလိုက်.. မင်းပါလာတဲ့ လက်ဆောင်တွေကို လူတိုင်းကို များများကြီးသာ ပေးလိုက်.. အခုသာ ပေးလိုက်တော့ကွာ..”
၂၀၁၀ မှာ တပြုံးပြုံးနှင့် အလွန်ပင် လန်းဆန်းတက်ကြွနေတော့သည်။

“ဟေ့ယောင်.. ဟိုမှာ Count Down ကို ကြည့်လိုက်.. ၁၀.. ၉.. ၈.. ၇.. ၆.. ၅.. ၄.. ၃.. ၂..”
၂၀၀၉ ခဏတော့ ငြိမ်သွားသည်... ၂၀၁၀ ကလည်း ရင်ခုန်သံတွေ မြန်လို့..

“၁၂း၀၀ အတိထိုးပြီကွာ ငါ.. လစ်ရတော့မယ်.. မင်းယူလာတဲ့ ကောင်းခြင်းတွေကိုလည်း လူသားတိုင်း ယူတတ်ကြပါစေ.. ယူနိုင်ကြပါစေလို့ ဆုတောင်လိုက်ပါတယ်.. တစ်ခုပဲ တွေးနေမိတယ် မင်းရဲ့ ၂၀၁၀ နှစ်ထဲမှာ ဘာတွေ ဖြစ်လာမလဲ? ဘာပြောင်းလဲမှုတွေ ဖြစ်လာမလဲ? လူတွေကို အကျိုးပြုနိုင်မယ့် သမိုင်းတစ်ခု ဘယ်လို ဖန်တီးမလဲ? ဆိုတာတွေကိုတော့ စိတ်ဝင်စားမိတယ်.. ကဲ.. ငါသွားပြီ.. နှုတ်ဆက်ခဲ့ပါတယ်ကွာ.. Good bye ပေါ့.. Happy New Year ပေါ့..”

“စိတ်ချကွာ ငါ့နှစ်မှာ ကောင်းတာတွေချည်းပဲ ဖြစ်စေရမယ်ကွာ..”

၂၀၀၉ ဆန့်တန်းပေးလိုက်သော လက်သီးဆုပ်ကို ၂၀၁၀ က သူ၏ လက်သီးဆုပ်ဖြင့် ခပ်ဖွဖွ ပြန်လည် ထိုးထိနှုတ်ဆက်ရင်း....

(ကိုရင်နော်)


........................................... Bye Happy New Year To You All Bye ...........................................

ချစ်စွာသော မိတ်ဆွေများအားလုံး.. စာဖတ်သူများအားလုံးနှင့်.. လူသားများအားလုံး.. ရှင်ဗျာ..
၂၀၁၀ ယူဆောင်လာသော ကောင်းခြင်းတွေကို အလိုရှိသလောက် ယူနိုင်ကြပါပြီ..
အားလုံးပဲ စိတ်သစ်လူသစ် အတွေးသစ်အမြင်သစ်တွေနဲ့
လန်းဆန်းတဲ့ ၂၀၁၀ ကို
အောင်မြင်ခြင်းတွေနဲ့ အဆင်ပြေပျော်ရွှင်စွာ
လျှောက်လှမ်းနိုင်ကြပါစေလို့
ဆုတောင်းရင်း ရင်းနှီး ချစ်ခင်စွာ
အားရပါးရ နှုတ်ဆက်လိုက်ပါတယ်..။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
nerdကိုရင်နော်၊ gileခင်လေးငယ်၊ celebrateကလေးလေး

48 comments:

ခြေလှမ်းသစ် said...

၂၀၁၀ အား ၀မ်းသာအားရ ကြိုဆိုရင်း ယူလာတဲ့ အထုတ်ကြီးကို မနှေးအမြန် ပင့်ယူလိုက်ပါတယ်ဗျာ

NangNyi said...

အော်.. အဲ့အထုပ်ကြီး တကယ်ပဲ ပါလာပါစေလို့ မျှော်လင့်နေပါတယ်လေ..

ရေးထားတာရေလည်မိုက်တယ်..

မေဇင် said...

2010 ယူလာတဲ့...အိတ်ကြီးကို..၀မ်းပန်းတသာကြိုဆိုနေပါတယ်....။ 2009 လဲ မကောင်းတာမှန်သမျှယူသွားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။း)))

HAPPY CLOUD said...

ဒီလူကြီး ဘယ်ဂျောင်က ထွက်လာသလဲ။:D
ဘယ်နှစ်ကူးလာလာ ကြိုဆိုပြီးသားပဲ ဆရာ။
ဟတ်ပီး နယူးယီးရားပါဗျာ။ ပိုစ့်ကောင်းတွေ ဆက်လက်ရေးသားလို့ အတုယူထိုက်တဲ့ ဘလောဂ့်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေ။

ခင်မင်လျှက်...
မိုးမောင်

ခရေညို said...

2010 ယူလာတဲ့အထုပ် ကြီးထဲကအတိုင်းပဲဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။
အရေးအသားကတော့ လန်ထွတ်နေတာပဲ Yo..Yo..Yo....Yo....Man

ခရေညို said...

2010 ယူလာတဲ့အထုပ် ကြီးထဲကအတိုင်းပဲဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။
အရေးအသားကတော့ လန်ထွတ်နေတာပဲ Yo..Yo..Yo....Yo....Man

Vista said...

ကောင်းတာတွေလာယူပါတယ် .မင်္ဂလာနှစ်သစ်ပါနော်

ခရေညို said...

ဘာဖြစ်တာလည်းမသိဘူး ပထမတခါကလည်;
ခရေညို ရေးတာပဲ ဒါပေမဲ့သူများနာမည်ကြီး

ရွှေရတုမှတ်တမ်း said...

ကိုရင်နော်..ဒီလိုအရေးတွေစောင့်နေတာကြာပြီ..
မင်္ဂလာနှစ်သစ်ပါခင်ဗျာ

sweetpeony said...

ဦးနော် တီငယ်လေးးး
၂၀၁၀ရဲ့ ကောင်းခြင်းတွေကို ဒီကနေလာယူသွားတယ်...း) အိမ်ရောက်မှ အထုပ်ကိုဖြည်ကြည့်တော့မယ်... ဘာကောင်းခြင်းတွေ ပါလာမလဲလို့ ကိုယ့်အတွက်...း)
HAPPY NEW YEAR!!!!!!!!!

Moe Cho Thinn said...

ကိုရင်နော် ရေးသလို ကံကောင်ခြင်း လက်ဆောင်တွေ တပွေ့တပိုက်ကြီး ရပါရစေ။
ငြိမ်းချမ်းခြင်း တရားမျှတခြင်း လွတ်လပ်ခြင်း ပျော်ရွှင်ခြင်းတဲ့လား။ ပေးတဲ့ဆုတွေ လူသားအားလုံး ရကြပါစေ။

ကလေးလေး said...

နှစ်သစ်မှာလူတိုင်းပျော်ရွှင်ပါစေ
လိုရာဆန္ဒများလည်းပြည့်ပါစေ
ကလေးလေး.မေ့ နဲဦးနော်က
ဆုတောင်းပေးလိုက်ပါတယ်

မေလေး said...

ဦးနော် အဲဒီအထုတ်ကြီး မေလေးလဲပေးနော်


ပျော်စရာနှစ်သစ်လေးဖြစ်ပါစေ
ဥိးနော် တီငယ် ကလေးလေးးး

သဒ္ဓါလှိုင်း said...

မခင်လေးရေ..
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်ဝပြီး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးပါတယ်....

သံလွင် HeRo said...

HaPPy New YEAr ပါ
ဦးနော်....တီငယ်....ခယေးယေး

ချော said...

အရမ်းကိုကောင်းတဲ့ အိုင်ဒီယာလေးနဲ့ အရေးအသားလေးပါဘဲ..
တော်တော်ကိုဆွဲဆောင်မှုရှိပါတယ်.. 2010 မှာလည်း စိတ်ကူးကောင်းလေးတွေနဲ့ ကံကောင်းခြင်းတွေကို ပိုင်ဆိုင်နိုင်ပါစေ..

ဒဏ္ဍာရီ said...

ဦးနော်၊ မမခင်လေး နဲ့ ကလေးလေးရေ .. ပျော်ရွှင်ဖွယ် နှစ်သစ်လေး ဖြစ်ပါစေ..

၂၀၁၀ က Rapper စတိုင်လေးနဲ့ တင်ပါးလေးကို ဘယ်ညာ ရမ်းလို့ ကြိုဆိုနေပါတယ်။း)

အရေးအသားနဲ့ စကားလုံးတွေကတော့ လန်ထွက်နေတာပဲ...း) ဒီလို စတိုင်နဲ့ အရေးအသားလေးတွေကို တနှစ်ပတ်လုံး ပျော်ရွှင်ဖွယ်၊ ဗဟုသုတရဖွယ်တွေနဲ့ ဖန်တီးနိုင်ပါစေ။ ၂၀၁၀ မှာ ရရှိတော့မယ် ကံကောင်းခြင်းတွေကို လူသားတိုင်း ခံယူတတ်ပါစေလို့လည်း ဆုတောင်းမိပါတယ်။

ခင်မင်လေးစားလျှက်

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

မင်္ဂလာ နှစ်သစ်ပါ လို့ နှုတ်ခွန်းဆက်သပါတယ် ကိုရင် + ခင်လေး + ကလေးငယ်...

ပျော်ရွှင်ဖွယ်ရာ မင်္ဂလာနှစ်သစ်နှင့်အတူ ကောင်းခြင်းတွေများစွာ သယ်ဆောင်နိုင်ပါစေလို့ ဆုမွေချွေလိုက်ပါတယ်။

ခင်မင်စွာဖြင့်
ကိုမျိုး

may16 said...

New Year 2010 ကို ကြိုဆိုပုံလေးနဲ့ 2009 ကို နှုတ်ဆက်ပုံ ကအရမ်းကောင်းပါတယ်
2010 မှာ ကိုရင်၊ မခင်လေး၊ ကလေး၂ တို့ပေးတဲ့ ဆုနဲ့ ပြည့်ရပါစေရှင်..

ဖိုးသင်္ကြန် said...

၂၀၀၉က အထုပ်မှားဆွဲသွားခဲ့သော့် :E

သုခုမလေဒီ said...

ဟဟ စာအရေးအသားကတော့ တကယ်လန်းတယ်။ ၂၀၁၀မှာလည်းအားလုံးလန်းနိုင်ကြပါစေ။ ကိုရင်နော် ခင်လေးငယ်နဲ့ကလေးလေးတို့ ဆုတောင်းပေးတဲ့အတွက် လည်းကျေးဇူးပါ။ အားလုံးပဲ နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ။

ဝေလေး said...

ဟက်ပီးနယူးရီးယားပါ ဦးနော် မမခင်လေး ကလေးလေးရေ။ ၂၀၁၀ ယူလာတဲ့ကံကောင်းခြင်းတွေကို လူသား အားလုံးရနိုင်ပါစေ..

မေဓာဝီ said...

၂၀၁၀ ကြိုတဲ့ပို့စ်လေးက သူများနဲ့ မတူဘူး။ မိုက်တယ်။ ကြိုက်တယ်။ :)
ကိုရင်နော် မခင်လေးငယ်နဲ့ ကလေးလေး ... မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ...

မယ့်ကိုး said...

အစ်ကို ရေးတတ်လိုက်တာ။ ဒီလိုစာလေးတွေ ပြန်ဖတ်ရတာ ပျော်တယ်။
အစ်ကိုရင်နော်၊ မမခင်လေး ၊ ကလေးလေး...
အားလုံး နှစ်သစ်မှာ အထူးပျော်ရွှင်ချမ်းမြေ့လိုတရပါစေလို့ ...

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
ချစ်ညလေး

မေနိုင်း said...

၂၀၀၉ နဲ့ ၂၀၁၀ ကို ကြိုဆို နှုတ်ဆက်လိုက်တဲ့ ဒီိပိုစ့်လေးကတော့ တကယ်ကို အရေးအသား ပြောင်မြောက်လှပါတယ်။ ကိန်းဂဏန်း နှစ်ခုသာ မပါခဲ့ဘူးဆိုရင် လူနှစ်ယောက်လို့တောင် ထင်လိုက်မိပါတယ်။ သုံးနှုန်းထားတဲ့ စကားလုံးတွေကလည်း လန်းဆန်းနေလိုက်တာ ၂၀၁၀ မလာခင်ကတည်းက စိတ်ဝင်စားဖွယ် Rapper စတိုင်လေးကို မျက်စိထဲ မြင်ယောင်သွားမိတယ်။ မကောင်းမှုမှန်သမျှ ပြန်လည် သယ်ဆောင်သွားတဲ့ ၂၀၀၉ ကို ကျေးဇူးတင်ရသလို ကောင်းခြင်းမင်္ဂလာတွေကိုသာ သယ်ဆောင်လာပေးတဲ့ ၂၀၁၀ ကိုလည်း နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။

တင်ပြပုံလေးနဲ့ အရေးအသားတွေကတော့ စကာလုံးလန်းလန်းလေးတွေပဲနော်။

ည ၁၂ နာရီ ထိုးလို့ နောက်ဆုံး နှုတ်ဆက်လိုက်တဲ့ စတိုင်လေးကတော့ ဒီပိုစ့်တခုလုံးရဲ့ လှပတဲ့ အနှစ်ချူပ်လေးပါပဲ။ ကိုရင်နော်၊ မခင်လေးငယ်နဲ့ ကလေးလေးတို့ရဲ့ လက်သီးတွေကို ခတ်ဖွဖွ ထိရင်း ၂၀၁၀ ကို ကြိုဆိုလိုက်ပါတယ်။း))))

HAPPY NEW YEAR!!!!!!

မြစ်ကျိုးအင်း said...

ပျော်ရွှင်ခြင်း အောင်မြင်ခြင်း အဆင်ပြေခြင်း တွေကိုပဲ မျှော်လင့်ထားပါတယ် ကိုရင်ကြီးရေ ။
အဆင်မပြေတာတွေ ကြုံလာတော့လည်း ရင်ဆိုင်ရမှာ ပဲမဟုတ်လား ။ တယောက်နဲ့ တယောက် အမုန်း မပွားဘဲ လက်တွဲသွားကြ ပါစို့ဗျာ ။

ကိုရင်နော်ကြီင်္းနဲ့ မခင်လေးငယ်အတွက်လည်း နှစ်သစ်မင်္ဂလာဖြစ်ပါစေ

နိုင်းနိုင်းစနေ said...

ံဟက်ပီး ၂ဝ၁ဝ
ကိုရင်နော် ခင်လေးငယ်း)

အောင်မြင်ခြင်းတွေနဲ့ အဆင်ပြေပျော်ရွှင်စွာ
လျှောက်လှမ်းနိုင်ကြပါစေလို့

HRmyanmar said...

နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ

ကိုလူထွေး said...

ဟုတ်တယ်ဗျာ ကိုရင်နော်... သူ့နှစ်ပဲ ကမ္ဘာစီးပွားပျက်ကပ်ကြီးဖြစ်ပြီး လူတွေအတော်များများ အလုပ်လက်မဲ့ ဖြစ်ကြရတာ...

အိပ်ထဲမှာပါတဲ့ ငြိမ်းချမ်းခြင်း လွတ်လပ်ခြင်း တရားမျှတခြင်းတွေ နဲ့ ၂၀၁၀ ကို တကယ် စနိုင်မယ် ဆိုရင်တော့ ရှယ်ပဲ ဗျ နော်...

ကလေးလေးရော...
မခင်လေးရော...
ကိုရင်နော်ရော...
ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေဗျာ...

းဝ)

အိန္ဒြာ said...

ကိုရင် ခင်လေး ကလေးလေး.

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ပါ

((((((ကိုရင်ပြန်မလာသေးဘူးလား..))))))))

pandora said...

အတွေးသစ်အမြင်သစ်နဲ့ နှစ်သစ်ကို လန်းလန်းဆန်းဆန်း ကြိုဆိုထားပုံကို သဘောတကျ ဖတ်သွားပါတယ်။
ကိုရင်နော်နဲ့ ခင်လေးတို့ အောင်မြင်ပျော်ရွှင်ဖွယ် နှစ်သစ်ကို ဖြတ်သန်းနိုင်ပါစေ။

ကလူသစ် said...

Happy New Year !!!!!!!!!!!

Thant said...

ဖတ်ပြီးတော့ အကယ်ပျော်သွားတယ်...
ကဲ..အားလုံးယူသွားလိုက်ပြီ.. ဟားဟား..:))))
Happy New Year !!!

ကိုပေါ said...

မင်္ဂလာနှစ်သစ်ပါ။ ကိုယ်ရောစိတ်ပါ ကျန်းမာ ရွှင်လန်းကြပါစေ။

ရွှန်းလဲ့ said...

Happy new year!

ပျော်ရွှင်ချမ်းမြေ့ သာယာသော နှစ်သစ်ဖြစ်ပါစေ။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။ အရမ်းကောင်းတဲ့စာလေးတစ်ပုဒ်ဖတ်သွားပါတယ်။

Talkii said...

၂၀၀၉ ထွက်အသွားမှာ အိတ်မှားပာသွားရင် ဒုကဿခ။

တခြားသူတွေပြောသလိုပဲ အရေးအသားလေးကို သဘောကျသွားတယ်။

နှစ်သစ်မှာ ပျှောရွှင်ပာစေ။

တလနွန် said...

Happy New Year ပါ ဦးနော်၊မခင်လေး နှင့် ကလေးငယ်

ပျော်ရွင်ခြင်း ငြိမ်းချမ်းခြင်းနှင့် 2010 သမိုင်းရေးနိုင်ကြပါစေလေ...

ခင်မင်လျက်
တလနွန်

Anonymous said...

နှစ်သစ်မင်္ဂလာပါဗျာ....

ရွှင်လန်းချမ်းမြေ့ ကြပါစေ....

Unknown said...

မင်္ဂလာနှစ်သစ်ရဲ့ အစ ဖြစ်ပါစေ....
ရေးထားတာမိုက်တယ် အတွေးကော အရေးပါကြိုက်တယ်။
ကိုရင်နော် လက်ရာလို့ထင်တယ် ဟုတ်တယ်ဟုတ် ... ၃ယောက်လုံး နေကောင်းကြတယ်ဟုတ် ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ။

မီယာ said...

အားရှိ ပါးရှိပဲ ဖတ်သွားတယ်... ယိုင်နဲ့နဲ့ စိတ်က နဲနဲ ပြန် အားပြည့်လာသလိုပဲ... ကိုရင် မခင်လေးနဲ့ ကလေးလေး Happy new year!

Anonymous said...

ရေးချက်က လန်းလိုက်တာ ဒီလိုသာဆို ၂၀၁၀ ရှယ်ပေါ့

ရွှေ ယွန်း ဝါ said...

၂၀၁၀မှစလို့ ငြိမ်းချမ်းခြင်း.. ပျော်ရွှင်ခြင်း.. လွတ်လပ်ခြင်း.. တရားမျှတခြင်း.. အဆင်ပြေခြင်း.. စီးပွားတက်ခြင်း.. အောင်မြင်ခြင်း.. ကံကောင်းခြင်း..များကို လူသားအားလုံးခံစားနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။

ဏီ(န်)ကင်း said...

ပျော်ရွှင်ဖွယ်နှစ်သစ်မှာ.စိတ်ချမ်းသာ.ကိုယ်ကျန်းမာပါစေဗျာ။လာလည်သွားပါတယ်..

ကိုချစ်ဖေ said...

သူများတွေလဲယူလို့ ရအောင် ၂၀၁၀ ရဲ့အိပ်ထဲက ငြိမ်းချမ်းခြင်း.. ပျော်ရွှင်ခြင်း.. လွတ်လပ်ခြင်း.. တရားမျှတခြင်း.. အဆင်ပြေခြင်း.. စီးပွားတက်ခြင်း.. အောင်မြင်ခြင်း.. ကံကောင်းခြင်းတွေကို ကော်ပီကူးသွားပါတယ် ရက်ပါ ၂၀၁၀ နဲ့လဲ ရို့ရို့နဲ့ ၀င်ကသွားပါတယ်.ဗျာ..
နှစ်သစ်မှာ ကိုရင်နော် မခင်လေးငယ် နဲ့ကလေးလေး
ပျော်ရွှင်ချမ်းမြေ့ကြပါစေ..

လင်းဒီပ said...

နှစ်ထောင့်တစ်ဆယ်မှာ အားလုံးမျှော်လင့်ထားတဲ့ ကောင်းခြင်းတွေ ရောက်လာပါစေဗျာ..။

ဆောင်း said...

ကိုရင်နော် ရဲ့ ပို့ စ်ကို လာရှာတာ ဖတ်ရတာ ကျေနပ်သွားတယ်
ကိုရင်နော် ခင်လေး နဲ့ ကလေးလေး တို့ နဲ့ တကွ ကမ္ဘာသူ ကမ္ဘာသသား အားလုံး ကံကောင်းခြင်း အောင်မြင်ခြင်းများ နဲ့ လွှမ်းမိုးနိုင်ပါစေ

ကိုရင်နော်ခင်လေးငယ် said...

အလိုလေ ဒီပိုစ့်က ကော်မန့်တွေ ဘယ်ပျောက်ကုန်ပါလိမ့်.. နှိပ်ကြည့်တော့ ရှိနေတယ်.. ပြတာက လွဲနေတယ်.. ဘာဖြစ်တာပါလိမ့်..

သုခုမလေဒီ said...

အားလုံးကိုရေလာလောင်းတယ်။ (((ဗွမ်း((ဗွမ်းးး))))))))))
နှစ်သစ်မှာပျော်ရွှင်ကြပါစေ။ (စီဗုံးမတွေ့လို့နော်း)) )