Wednesday, January 20, 2010

ကိုယ်ပွား

စိတ်တွေတဲ့လား ဘယ်မှာလဲ..!!
သြော်... အရောင်စုံ။

ဈေးလို ခင်းမယ်စိတ်ကူးရင်း
ဖြန့်ချလိုက်တော့မှ အကြွေ အကြွေတွေ
ကျိုး.. ပဲ့.. ကြေ.. မွ..။

ကမ္ဘာကို စာအံချင်တဲ့ အတွေးနဲ့ ရာသီကို အာခံတဲ့အခါ
မနိုင်ဝန်ထမ်းမိသူ သမီးပျိုလို ဟိုလိုလို ဒီလိုလိုနဲ့
ဟန်မူပိုနေပုံက အာရုံတွေခါး ဗျာတွေက ခပ်များများ..။

ခပ်ကြားကြားပါးကွက်မှာ မျက်ရည်စီးကြောင်းတွေ အထင်းသားမို့
ကဲ... လေဒီရေ
ငိုချင်းကဖို့ သက်ပြင်းကိုရှိုက်သွင်း
ခြေလက်ကိုပြင်ရင်း အတောင်တွေညောင်းမှ
ကျော့ရှင်းအောင် လည်ကိုဝံ့လည်း အပိုပေါ့..။

မြစ်အသေထဲမှာ စိတ်တွေ အိပ်အိပ်နေရတာ
အိပ်မက်လိုပဲ... တဲ့လား..!!
နွေ မဟုတ်မှတော့ ညတာရှည်တဲ့ ဆောင်းမှာ
မမက်ချင်လည်း အိပ်မက်တွေ ရှည်ဦးမယ့် ဒီည..။

ခပ်ညံ့ညံ့ကလောင်နဲ့ ရေးမှတော့
ခပ်ထေ့ထေ့ စာ
ခပ်ငေါ့ငေါ့ ကဗျာ
ခပ်ရိရိ ဒဿနတစ်ချို့သာ ဘေးမှာ စုပုံကျဲပြန့်လို့
ဒါဟာ. . . . အနှောင့်အသွားမလွတ်တဲ့ ကြော်ငြာမို့
လေဒီရေ...
ငါ. . . . . . . .
ပျို့ကာ အန်ချင်လာမိတယ်..။။

(ခင်လေးငယ်)

20 comments:

တောင်ပေါ်သား said...

အိပ်မက်တွေ ဆက်မက်နေရပေမဲ့ ပျော်ရွှင်မူတွေနဲ့ ပြည့်စုံတဲ့ အိပ်မက်လေးပဲ မက်ပါစေး)

လေးစားလျက်
တောင်ပေါ်သား

Mogok Thar said...

“ဘဝ ဆိုတာ အိပ်မက်ပမာ” တဲ့

ရောင်စုံလှပတဲ့ စိတ်သက်တန့်တစ်စင်း

ဖြန့်ခင်းလိုက်သလိုမျိုး

အလှတိုးတဲ့ “ဘဝအိပ်မက် ပန်းအိပ်မက်” တွေသာ

ပိုင်ဆိုင်ပါစေ လေဒီရေ....


ချစ်ခင်လေးစားစွာဖြင့်

ကုတ်ကုတ်

မိုးမောင် said...

ညစ်တာတွေ လှစ်ကာပြပြန်တော့..
အဖြစ်တွေက ဆင်ဆင်တူနေပါတယ်။

မြစ်အသေထဲမှာ စိတ်တွေ အိပ်အိပ်နေရတာ
အိပ်မက်လိုပဲ... တဲ့လား..!!
နွေ မဟုတ်မှတော့ ညတာရှည်တဲ့ ဆောင်းမှာ
မမက်ချင်လည်း အိပ်မက်တွေ ရှည်ဦးမဲ့ ဒီည..။


အဲဒီတစ်ပိုဒ် သယ်သွားတယ်ဗျာ။

ခင်မင်လျှက်...

မင်းသွေး said...

အမတော်ခင်လေးငယ်

လေဒီရေ လေဒီရေ လို့ သုံးထားတာ ပြုံးချင်စရာမို့ ကြိုက်တယ်ခင်ဗျ။ မိုက်တယ် :D

လေးစားမှုဖြင့်

သုခုမလေဒီ said...

ခင်လေးငယ် ကဗျာလေးလည်း တစ်မျိုးကောင်းတယ်။ စီဗုံးလည်းမတွေ့လို့၊ အလည်ရောက်ကြောင်းမရေးခဲ့ရဘူး။
အဆင်ပြေပျော်ရွှင်ပါစေနော်။ ကလေးလေးကိုလည်းမတွေ့တာကြာလို့း))

HRmyanmar said...

ကိုယ်ပွား ကဗျာလေးလာဖတ်သွားတယ် အမ
စာသားတွေကတော့ အရင်အတိုင်း လန်းနေဆဲပါပဲလားး)

ခရေညို said...

ကဗျာကောင်းလေးဖတ်ရတဲ့အတွက်ကျေးဇူးပါ

Anonymous said...

ဘာတွေဖြစ်နေတာလဲ တီငယ်ရေ့...

ဒဏ္ဍာရီ said...

မခင်လေးရဲ့ စာလေးတွေက ရသမြောက်သလို ကဗျာတွေဟာလည်း တန်ဘိုးရှိတဲ့ အဓိပ္ပယ် ပြည့်ဝလှတာမို့ စာဖတ်သူကို ကြေနပ်နှစ်သက်စေပါတယ်။

ဒီကဗျာတပုဒ်လုံးရဲ့ နောက်ဆုံးစာပိုဒ်လေးက ကဗျာလေးရဲ့ အချုပ်ပဲ ထင်ပါရဲ့နော်။

ခင်မင်လေးစားလျှက်

ကိုလူထွေး said...

သက်ပြင်းရှည်ကြီး ချမိပါရဲ့ မခင်လေးရေ...

ကိုချစ်ဖေ said...

ဒီလိုပေါ့ဗျာ.ကျနော်လဲ အဲ့လိုပါပဲ.မခင်လေးငယ်

မြရေလျဉ် said...

ကမ္ဘာကို စာအံချင်တဲ့ အတွေးနဲ့ ရာသီကို အာခံတဲ့အခါ

မနိုင်ဝန်ထမ်းမိသူ သမီးပျိုလို ဟိုလိုလို ဒီလိုလိုနဲ့

ဟန်မူပိုနေပုံက အာရုံတွေခါး ဗျာတွေက ခပ်များများ..။

တဲ့
သဘောကျလွန်းလို့ ပြုံးမိတယ်
တော်တော်ကြိုက်တယ် ဒီကဗျာ ကို

စိုင်းစိုင်းလားရှိုး said...

ခပ်ကြားကြား ပါးကွက်ကြားက မျက်ရည်မြစ် တစ်စင်း ဖြတ်သန်း စီးဆင်းဖူးပါရဲ့

Unknown said...

ကောင်းတယ်ဗျာ ခပ်ရိရိကဗျာက ဆရာမောင်ခိုင်မာ က ရှင်မရေတဲ့ အခုက လေဒီရေတဲ့ စကားလုံးတွေကို နိုင်တော့ လည်း ဖတ်ရတာ ကောင်း လွန်း လှတယ်လေ။

ငြိမ်းချမ်းပါစေ

ဥပသကာ

မယ့်ကိုး said...

ကဗျာလေးကြိုက်လိုက်တာ မရယ်။ အဲဒီလေဒီက ကိုယ်ကိုယ်တိုင် ဖြစ်သွားပါတယ်။

နွေ မဟုတ်မှတော့ ညတာရှည်တဲ့ ဆောင်းမှာ
မမက်ချင်လည်း အိပ်မက်တွေ ရှည်ဦးမယ့် ဒီည..။

မဆုံးတဲ့ မှောင်မည်းတဲ့ညတွေထဲ .............


ချစ်တဲ့
ချစ်ညလေး

ကြယ်ပြာ said...

ကဗျာတစ်ပုဒ်လုံးသဘောကျတယ် ...

မြစ်အသေထဲမှာ စိတ်တွေ အိပ်အိပ်နေရတာ
အိပ်မက်လိုပဲ တဲ့လား .....

ဒီစာသားလေးသဘောကျလွန်းတယ် ....

ညလင်းအိမ် said...

မင်္ဂလာပါ ခင်ဗျာ...
ကဗျာတွေကော စာတွေကော ကောင်းပါ၏...

လင့်လည်းယူခွင့်ပြုပါခင်ဗျာ...

ရွှေရတုမှတ်တမ်း said...

အလို...ပျို့ချင်အံချင်ရင်တော့ လေဒီ တခုခုတော့ တခုခုပဲ
အစားမှားတာ ထင်ပါရဲ့

tin nwe said...

မိကောက် ကဗျာတွေရဲ့ အနှောင့်အသွားမလွတ်သလိုပဲ
နော်...
ဖတ်လို့တော့ကောင်းပါတယ်
အမြဲအားပေးတယ်..

သူကြီးမင်း (တုံးဖလား) said...

ဟဲ ဟဲ။ အနှောင့်အသွားမလွတ်တဲ့ ကြော်ငြာတွေတော့ ကမ္ဘာမပျက်သရွေ့  ရှိနေဦးမှာဘဲဗျို့ ။