Wednesday, November 17, 2010

ကြယ်ကြွေကကြိုး (ကဗျာရွတ်သံ)


..(ကဗျာရွတ်သံနှင့်အတူ နားဆင်ခံစားနိုင်ရန်)

ကြယ်ကြွေကကြိုး

ကုက္ကိုလ်ကိုင်း ကြိုးကြာ ကူး
ကောင်းကင် ကို ကြိုးကြာ ကြည့်
ကောင်းကင်ကျယ် ကြိုကြိုကြား
ကြယ်ကကြိုး ကျော်ကြား..။

ကောင်းကင်ကြား ကြယ်က က
ကြိုးကြာ ကြည့် ကြယ်ကကြိုး
ကံကုန်ကြယ် ကြွေကာကျ
ကြည့် ကြိုးကြာ ကြေကွဲ..။

ကြွေကျကြယ် ကျောက်ကြိုကြား
ကျိုးကျိုးကြေ ကျကာကွဲ
ကြယ်ကြွေကောက် ကူကြိုးကြာ
ကယ်ကြောင်းကြံ ကွဲကြေ..။

ကြွေကြိုးကြာ ကြယ်ကျိုးကောက်
ကောင်းကင် ကို ကြေကွဲကြည့်
ကောင်းကင်ကြီး ကကြိုးကင်း
ကြယ် ကြွေ က ကြိုး.. ကြိုး ကြာ ကြေ ကွဲ..။

(ကိုရင်နော်)

အသံဖိုင် Link

ဖွင့်ဟချက်။    ။ ကောင်းကင်မှာ ကြယ်ကကြိုးနဲ့အတူ ကနေတဲ့ ကြယ်ကလေး ကျောက်တောင်ကြားထဲ ကြွေအကျ.. ကြယ်ကပွဲ ကြည့်နေတဲ့ ကြိုးကြာငှက်ကလေးက ကယ်ယူဖို့၊ ကူညီဖို့ ကြိုးစားရင်း ကြယ်အကျိုးအကြေ အပိုင်းအစလေးတွေကိုသာ ကြေကွဲစွာ ကောက်ယူခဲ့ရတဲ့ အဖြစ်အပျက်လေးကို တစ်လုံးကဗျာအဖြစ် ၂၀၀၉၊ မတ်လ တုန်းက ရေးခဲ့ပါတယ်..။ အခုတော့ ဒီကဗျာလေးရဲ့ ခံစားချက်ကို အသံအဖြစ် မျှဝေကြည့်ချင်တာကြောင့် ရွတ်ဆိုထားတာပါ..။ နားဆင်ပေးတဲ့ အတွက် ကျေးဇူပါ..။

17 comments:

Anonymous said...

တစ်ဆစ်ခြင်း တစ်ဆစ်ခြစ် တဆစ်ဆစ် ခံစားရတယ် ...

စိတ်ချမ်းသာပါစေလို့း)

Anonymous said...

တစ်ဆစ်ခြင်း တစ်ဆစ်ခြင်း တဆစ်ဆစ် ခံစားရတယ် ...

စိတ်ချမ်းသာပါစေလို့း)
ကိုရင်ရေ ...မန့် တာမှားသွားလို့ ဗျာ ...း)

မေနိုင်း said...

တလုံးကဗျာကို ခံစားချက်အပြည့်နဲ့ ရေးထားတာ လေးစားပါတယ် ဦးနော်။
ဟုတ်တယ် .... အဲဒီကဗျာလေးကို ကိုယ်တိုင် ဖတ်လိုက်တုန်းကတော့ ဒီလောက် ၀မ်းနည်းစရာ ကောင်းမှန်း မသိလိုက်ဘူး။ အခု ဦးနော် ရွတ်ပြတဲ့ အသံနဲ့ ကဗျာရဲ့ စာသားကို သေချာ ဖတ်လိုက်ရတော့မှ ကြိုးကြာလေးနဲ့ ကြယ်လေးရဲ့ အဖြစ်က ရင်ထဲမှာ နင့်သွားတာပဲ။ :(
ဦးနော် ချစ်တဲ့ ကြယ်လေးအတွက် ဆုတောင်းပေးရင်း

ခင်တဲ့ မေနိုင်း

သဒ္ဓါလှိုင်း said...

အကိုတော်ရဲ့ရေးသားချက်ကတော့ ကောင်းနေတာပဲနော်.။ အကိုတော်ရဲ့ ကြယ်ကလေး
အတွက် ဆုတောင်းပေးပါတယ်..
ခင်မင်ရတဲ့
ညီမသဒ္ဓါ

ကိုပေါ said...

ဒီတလုံးကဗျာလေးကတော့ ကြေကွဲ ဝမ်းနည်းစရာကလေးပဲ။

သ အက္ခရာကို မျှော်နေပါတယ်။း-)

သန်းသေသွားသော်... ဆိုတာမျိုးပေါ့။

Han Thit Nyeim said...

မိုက်တယ်ဗျာ... အတော်လေး ဆွေးဆွေးမြေ့မြေ့ပဲ....။ ခက်တာက ကျွန်တော်က အရင် အသံမပါခင်က လာဖတ်ဖူးတော့ ဒီလို တစ်လုံးကဗျာတွေမြင်တိုင်း ရယ်ချင်မိနေတာခက်တယ်။

ခင်လေးငယ် said...

သြော်... အရေးထဲ နင်ကတမျိုး...
အကွဲတွေ အကြေတွေ ကြွားနေပြန်ပြီ..
နင့်အသံကြီး ကြားရတာ စိတ်လေတယ်... တကယ် တကယ်...

ကိုပေါ said...

အရမ်းမိုက်တယ်ဗျာ။ စောစောက အသံပါတာကို သတိမထားလိုက်မိဘူး။ ဒီအတိုင်းဖတ်သွားမိတယ်။ အခုအသံပါ နားထောင်ဖြစ်တော့ ပိုကောင်းသွားတယ်။

ကိုဇော် said...

ခံစားကြားယောင်မိပါတယ်။
ကောင်းရာဘုံဘဝကို ရောက်ပါစေ။

Republic said...

ကဗျာရွှတ်သံ နဲ့ ပိုအဓိပ္ပါယ် ပြည့်စုံသွားတယ် ။ ဆွေးဆွေးမြေ့မြေ့ ရှိလှတယ် ကိုရင်ကြီး။

ARTARLOOT said...

ကကြီး စာလုံးတစ်လုံးထဲ နဲ့ အထပ်ထပ် ရွတ်နေတာ ရီစရာကြီး..
နေနိုင်ဘူး ရီမိတယ်...ဟီး..ဟီး

ÁLVARO BÓMEZ CASTRO said...

Hello: Congratulations on your blog;. My name is Alvaro Gómez Castro and I live in Santa Marta, Colombia. I have a blog journal on philosophy, literature and technological applications. I am an educator and I am determined to find strategies to bring education to all corners. I am currently preparing a list of authors and literary works by countries and found very little about their country. If you can help, I appreciate it. You can visit my site and find out my task.

http://alvarogomezcastro.over-blog.es
Greetings

win latt said...

က ကြီးကဗျာ ကောင်းဗျာ

မန်းကိုကို said...

မင်္ဂလာ Gregorian နဲ့ ကရင်နှစ်သစ်ပါ၊ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေဖို့ ဆန္ဒပြုပါတယ်။ :-)

blueskyforest said...

မရောက်တာကြာလို့ လာလည်သွားပါတယ်။ ကကြီးတွေ နားထောင်ကောင်းသားပဲ။ လုပ်ပါဦးနောက်တမျိုး။ ကျန်းမာကြပါစေ။

mipt said...

ကဗျာဖတ်ရင်းနဲ့ကျနော့်ဆိုဒ်မှာကျနော်လင့်ခ်ချိတ်သွားပါတယ်ခင်ဗျာ။

Anonymous said...

ကြိုက်သွားပြီး ကိုက်တယ်

အင်.. မိုက်တယ် မိုက်တယ်