ကျမတို့တတွေ အသက်အရွယ်..! အလုပ်အကိုင်..! အိမ်ထောင်ရှိမရှိ..! ကလေးရှိမရှိ..!
(ဒါက လက်ရှိ Status ပိုင်းဆိုင်ရာ..)
ပညာတွေ ကမ်းကုန်အောင် တတ်နေတဲ့လူလား..!! ကျမလိုအညတရ နုံချာချာ သာမန်အမျိုးသမီး တစ်ယောက်လား..!! (ဒါက IQ ပိုင်းဆိုင်ရာပါ..)
ပပဝတီရှုံးအောင် လှလွန်းတဲ့ Blogger မမတစ်ဦးလား..!! Brad Pitt ထက်ချောနေတဲ့ Blogger ကိုကိုတစ်ယောက်လား..!! ကိုရင်နော့်လို အပေအတူး ဂေါ်မစွံရုပ်ကြမ်းကြီးများလား..!!
(ဒါက ရူပါပိုင်းဆိုင်ရာပေါ့..)
အရေးညက်သူများကို အားကျတယ်..။ ကဗျာလှလှလေးတွေ ဖွဲ့သီတတ်တဲ့သူတွေကို ချီးကျူးတယ်..။ အချိန်တွေပေးပြီး နည်းပညာတွေ ဖလှယ်ပေးနေသူတွေကို ကျေးဇူးတင်တယ်..။ Blog တွေအတွက် စေတနာအရင်းခံပြီး အကြံဥာဏ်တွေ ပေးတတ်သူတွေကို တန်ဖိုးထားတယ်..။ Blog လေးတွေထဲမှာ Reader တစ်ယောက်အဖြစ် အမြဲတမ်းရှိနေတတ်တဲ့ ကလေးလေး လို ညီမလေးကို တစ်ခါမှမမြင်ဘူးသော်လည်း ချစ်တယ်...။ (ဒါက စိတ်ခံစားမှုပိုင်းဆိုင်ရာ..)
အများကြီးပါ.. ပြောရင်ကုန်မယ် မထင်ဘူး..။ ထားပါနော်.. အဓိက ပြောချင်တာကို ပြောကြည့်ကြမယ်..။ လူတွေက ပြောတတ်ကြပါတယ်.. “နှုတ်ချိုခြင်းသည် မင်္ဂလာတစ်ပါး”... ဒါဆို ဒီလိုဝေဖန်ကြမယ်.. “စိတ်ထဲက ပုတ်ဟောင်နေပြီး နှုတ်လေးပဲ ချိုနေရင်ရော မင်္ဂလာရှိမှာလား!!” အင်း... ဒါကတော့ ဒီလိုရှိပါတယ်.. ရင့်ကျက်တဲ့ အသက်အရွယ်လေး ရှိလာပြီဆိုရင် ရှေ့မှာရှိနေသူရဲ့ မျက်နှာနဲ့ မျက်လုံးတွေပေါ်မှာ အဖြေရှာရင်း ကိုယ့်ဟာကိုယ် ဝေဖန်ဆန်းစစ်ကြည့်ဖို့တော့ လိုလာပြီပေါ့...။ ဟန်ဆောင်ခြင်း အတတ်ပညာတွေကို သူမတူအောင် တတ်ကျွမ်းနေတဲ့ ပညာသည်တွေလည်း မုချရှိပါလိမ့်မယ်..။ ဒါဟာလည်း အချိန်အတိုင်းတာလေး တစ်ခုမျှသာပါ...။ ဘယ်လောက်အထိ ဖုံးဖိနိုင်မှာလည်း..!! ယုတ်စွဆုံး သူတို့မသေခင် အချိန်လေးတစ်ခု အတွင်းမှာ နွံနစ်နေတဲ့အမှန်တရားဟာ အလိမ်လည်ခံ လူသားတွေအတွက် ထွက်ပေါ်လာမှာပဲ မဟုတ်လား..။
ဒီလိုပါဘဲ... Blog လေးတွေထဲမှာ အပြန်အလှန် အလည်သွားကြတယ်.. ချစ်စဖွယ် စာလေးတွေ Message လေးတွေဖလှယ်ကြတယ်.. သူငယ်ချင်းတွေဖြစ်ကြတယ်ပေါ့.....။ ဥပမာ.... Blogger တစ်ယောက်ရဲ့ “ကျွန်တော်စိတ်ညစ်နေတယ်ဗျာ” ဆိုတဲ့ စာလေးတစ်ကြောင်းကို မြင်ရုံနဲ့တင် သူငယ်ချင်းတွေ အားလုံးက သူ့ကိုဘယ်လို အားပေးရမလဲ ဆိုတာတွေးနေကြပြီ... တစ်ချို့တွေက သူပြုံးသွားစေမဲ့ ရယ်စရာလေးတွေ ရေးသွားကြမယ်.. တစ်ချို့တွေကြတော့ စိတ်ပြေတော့မှ ပြန်တွေ့မယ်ဆိုပြီး ဖိစီးနေတဲ့ သူ့စိတ်ကိုအချိန်နဲ့ကုစားဖို့ အတိုင်းအတာတစ်ခုအထိ လွှတ်ပေးလိုက်ကြတယ်...။ နားလည်ပေးကြတာတွေကို ပြောတာပါ..။ “ကလေးလေး” နေမကောင်းလို့ ဆေးရုံတက်တုန်းကလည်း Blog မောင်နှမတွေအားလုံး စိတ်ပူပြီး ဆုတွေတောင်းပေး ခဲ့ကြတယ်လေ..။
ဒါတွေအားလုံးဟာ ဖြူသလား မဲသလားတောင် မသိကြတဲ့.. ခင်မင်နှစ်လိုဖွယ် လူသားတိုင်းရဲ့ ရင်ဘတ်ထဲမှာ ကိန်းအောင်းနေတဲ့ တူညီမှု အကြင်နာတရားတွေပါ..။ ဒါဟာ... အင်မတန် ဖြူစင်သန့်ရှင်းတဲ့ အဖြူရောင် သံယောဇဉ်လေးတွေပါဘဲ...။ ကျမတို့တတွေအားလုံး တစ်ဦးနဲ့တစ်ဦး အပြင်လောကမှာ တွေ့ဖူးမြင်ဖူးနေကြလို့မှ မဟုတ်တာလေနော်... ဒါတွေအားလုံးကို ခြုံကြည့်မယ်ဆိုရင် မြင်နိုင်နေပြီထင်ပါတယ်နော်... ။
“လူတွေဟာ တစ်ဦးနဲ့တစ်ဦး မြင်ဖူးတွေ့ဖူးမှသာ သံယောဇဉ်တွယ်တာပါ..” ဆိုတဲ့ အဆိုကို ကျမပြတ်သားစွာ ငြင်းပယ်မိတယ် ဆိုတာလေးကိုပါ....။
ကဲ........... သူငယ်ချင်း မောင်နှမတွေ အားလုံးကော ဘယ်လိုများ ထင်မိကြပါလိမ့်....!!!
(ခင်လေးငယ်)
မှတ်ချက်။ ။ ဒီ Post လေးကိုရေးဖို့ အတွေးလေးရသွားတာ ကျမကို “မေမေခင်” လို့ ချစ်စနိုးခေါ်တတ်ပြီး Blog တွေနဲ့ အရမ်းရင်းနှီးနေတဲ့ “ကလေးလေး” တစ်ယောက်ကြောင့် ဖြစ်ပါတယ်... “ကလေးလေး” ရေ... Thanks ပါနော်...
16 comments:
အမယ်အမယ်..!! ကျုပ်ကိုများ “အပေအတူး ဂေါ်မစွံရုပ်ကြမ်းကြီး” ဆိုပါလား..
ခင်လေး.. နင်တော့နော် ငါ့ကို လူကြားထဲ အရှက်ခွဲတယ်ပေါ့.. ငါ့ဟာငါ ပေတူးတာ ဂေါ်မစွံတာ ဘာဖြစ်လဲ.. အမှန်တွေ မပြောကြေး.. ဟွန်းးး...
အစ်မရေ... အဲ့ဒီသံယောဇဉ်ဆိုတာကိုတော့ တကယ်ယုံတယ်။ GreenGirlရဲ့ သူငယ်ချင်းများစွာ ပို့စ်မှာ ရေးခဲ့ဖူးပါတယ်။
အမရေ ...
အဲ့ဒါ တကယ်မှန်တယ်ဗျ။ ကျနော်လည်း အဲ့ဒီလို သံယောဇဉ် တွေနဲ့ ပဲ မ ဘလောဂ်ရမနေနိုင် ဘူးဖြစ်နေတယ်ဗျာ.
" သံယောဇဉ် " ဆို တာကို သံတုံး သံခဲ များနဲ့ အစဉ်အဆက် ရောနှောထားတဲ့ အရာ တစ်ခုလို့မြင်မိပါတယ် ၊၊ ဟီး...
စတာနော် မခင်လေးကြီးရေ ၊၊ပျော်ရွင်ပါစေ ၊၊
အဲဒါလေးကိုတော့ ကျမလည်းအပြည့်အဝ ထောက်ခံ တယ် မခင်လေးရေ.......။
မခင်လေးပြောတာ မှန်ပါတယ် မမြင်ဘူးမတွေ့ဘူးတဲ့ ဘလော့မောင်နှမတွေအပေါ် သံယောဇဉ်တွယ်နေတာ နှင်းကိုယ်တိုင်လဲ အပါအ၀င်ပါ မအားလို့ မလာနိုင်ပေမယ့် စိတ်ကသတိရနေပါတယ်
မမြင်ဖူးဘဲနဲ့ - လေးစားတာတွေလည်း အများကြီး ရှိတယ်..
း)
ခင်လေးပို့ စ်ကို ၁၀၀ % လက်ခံတယ်ဗျို့  မမြင်ဖူးမတွေ့ ဖူးပေမယ့် တကယ့် မောင်နှမ သံယောဇဉ်တွေနဲ့  ပျော်ဖို့ ကောင်းတဲ့ ဒီဘလော့ရပ်ဝန်းလေးကို ကျနော်တော့ မြတ်နိုးတယ် ကိုရင်နော့် ရုပ်ကို ဖော်ကျူးထားတာ ကျနော့်ကိုပြောသလားမှတ်ရတယ်း) ချွတ်စွပ်ပဲ ( လျှို့ ဝှက်ချက်တွေပြောပြတား ဘူ့ မှမပြောနဲ့  ရှူးးးးးးးးးးး :P)
ဒီပို့စ်လေးကိုလုံးဝထောက်ခံပါတယ် ဘာလို့လဲဆိုတော့ ကျတော်ကိုယ်တိုင် အဲလိုခံစားနေရလိုလေ
ခင်လေးေ၇
ပို့စ်လေးက အရမ်းကောင်းပါတယ်လက်တွေ့နဲ့အချက်ကျကျ ဥပမာတွေပေးပြီးေ၇းသားထားတာမို့တူတယ်
ခင်လေးပြောတာကိုလုံးဝ ကို မှန်တယ်လို့မေသူယူဆပါတယ်
သံယောဇဉ်ဆိုတာ မမြင်နိုင်တဲ့ကြိုးတစ်ချောင်းလေ
ဘယ်သူမှမချည်နှောင်ပါဘဲ ညှိတွယ်တတ်တဲ့ကြိုးမျိုးပေါ့
ခံစားချက်နဲ့နားလည်မှုတွေစာနာမှုတွေနဲ့ပေါင်းစပ်မှ
ဖြစ်ပေါ်လာတဲ့ကြိုးတစ်ချောင်းပါ
အားပေးလျက်
မေသူ
မမြင်တွေ့ဖူးဘူးဆိုပေမဲ့ သံယောဇဉ် ဖြစ်နိုင်တာပါပဲ။ ဒါက လက်ခံနိုင်စရာ အတွေးပဲလေ။ မြင်တွေ့ဘူးရင်တော့ တိုးလို့ သံယောဇဉ်တွေ ရစ်နှောင်ရတာပေါ့။
ပေဖူးရဲ့ အချစ်ရဆုံး၊ အခင်ရဆုံး၊ အယုံကြည်ရဆုံး သူငယ်ချင်းကို အွန်လိုင်းပေါ်မှာ တွေ့ခဲ့တာပါ။ တစ်နှစ်ခွဲတိတိ ခင်မင်ရင်းနှီးပြီး လွန်ခဲ့တဲ့ နှစ်ရက်ကမှ သူလာတွေ့ပါတယ်။ ပျော်လိုက်တဲ့ ဖြစ်ခြင်း။ ချစ်သော ခင်သော သူများအားလုံးနဲ့ မေတ္တာလွှမ်းသော ကမ္ဘာကြီး ဖြစ်ပါစေသား။ :)
လုံးဝထောက်ခံတယ်အစ်မရေ..သံယောဇဉ်ဆိုတာ
မြင်ဖူးမှငြိတွယ်လာတာမဟုတ်ပါဘူး..
လုံးဝထောက်ခံတယ်အစ်မရေ..
ခင်လေးရေ
ခင်လေး အဆိုကို ထောက်ခံပါတယ် ။
သံယောဇဉ်ဆိုတာကတော့ ပြောရခက်တယ် ။
လူကို မတွေ့ဘူးပေမယ့်  အသံ၊စာ၊ သူဖန်တီးရာ
တစ်ခုခုကြောင့်လည်း ကျနော်တို့ ခင်တွယ်နိုင်တာပါပဲ ။
ရှင်းပြရလောက်အောင်တော့ သေချာနားမလည်သေးဘူး ။
အပြည့်အ၀ ထောက်ခံပါတယ်၊ ချွင်းချက်မရှိပေါ့၊ လက်တွေနဲ့ သာဓကတွေကလည်း ဘေးနားမှာ တစ်ပုံတစ်ပင်ပဲကိုး ...
အမှန်ပဲ မမခင်လေး။ လူတွေဟာ တွေ့ဘူး မြင်ဘူးမှ သံယောဇဉ် တွယ်တတ်ကြတာ မဟုတ်ပါဘူး။ မမြင်နိုင် မတွေ့နိုင်တဲ့ အတိုင်းအစမရှိတဲ့ သံယောဇဉ်တွေဟာ လက်တွေ့ပါပဲ။ အားပေးဖော် ကူညီဖော် သူငယ်ချင်းတွေနဲ့ ဘလောဂ့်မောင်နှမတွေဆိုတာလည်း ဒီအတိုင်းပဲနော်။ ရောင် ကိုယ်တိုင်လက်တွေ့ပါ မမရယ်။
လေးစားလျှက်
ရောင်
Post a Comment