ကိုယ့်ရဲ့နာမည် ...
ကိုရင်နော်
ခင်လေးငယ်
ကလေးလေး
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် …
ကိုရင်၊ ကိုနော်၊ ဦးနော်၊ ရော်နင် (ရော်နင်ဒို မဟုတ်ပါ)၊ မိနော်၊ နော်နော် (အဆိုတော်မဟုတ်ပါ).. နောက်..
ခင်လေး၊ ငယ်၊ ခလေးငယ်၊ မမခင်လေး၊ တီတီငယ်၊ တီတီခင်၊ မေမေခင်၊ နောက်ရှိသေးတယ်.. အစုတ်ပလုတ် ဆိုတာက (ဒင်း ခေါ်တာပေါ့ ဟွန်း)
ကလေးလေးဂိုရော့ ခယေးယေး၊ တယေးရေး၊ က၄၄၊ မေမေခင်ကမိချွဲလေးလို့ဖဲခေါ်ရယ်
ကိုယ်ဒီမှာနေတယ် …
အပူပိုင်းဇုံ
အအေးပိုင်းဇုံ
“ဦးနော်ကတမိုး မေမေခင်ကတမိုး.. ကလေးလေးက ဘယ်မာနေရမှာလဲ..” ဒီဘလောလေး မှာဖဲနေရော့မယ်
ကိုယ့်ဆီဖုန်းဆက်ချင်ရင် …
ရွာထိပ်က တာဝါတိုင် အိပ်ချိန်းမှာ သွားပြောရတာ.. လိုင်လည်းမကောင်းဘူး.. အော်ပြောရတာ.. ဆက်ပါနဲ့နော်..
ခင်လေးဖုန်းက ဆက်သွယ်ရေးဧရိယာပြင်ပကို အမြဲရောက်နေတာ
“ဦးနော်ပေါတာ.. ဘာမှ ကျားရဖူး..” ကလေးလေးဖုန်းက ဘက်ထလီ အားကုန်နေရယ်
... ကိုယ့်ရဲ့အကြိုက်ဆုံးတွေက …
အကြိုက်ဆုံးဆိုရင် ...
ဟိုဟာ.. (ဟီးး.. ဟိုဟာဆိုတာ လက်ညိုးထိုးပြတာပါဗျ) စားပွဲပေါ်က အရက်ပုလင်း
ဒီဟာ... အဟက်ဟက်.. ရေမွှေးပုလင်း
“ဦးနော်နဲ့မေမေခင် ကလဲ ဟိုဟာဒီဟာနဲ့ ဘာမန်းတိဖူး..” ကလေးလေးကရော့ နှင်းဆီ..ကာဖီ..အရုပ်..ဖန်စီပစ္စည်းမိုးစုံ
အရောင်ဆိုရင် …
အနက်ရောင်
အဖြူရောင်
“ဟွင်း ဦးနော်နဲ့မေမေခင်ကလဲ ပြောင်းပြန်ရီး အဖူနဲ့အမဲတဲ့..” ကလေးလေးကရော့ တက်တန့်ယောင် ကြိုက်ရယ်
အ၀တ်အစားဆိုရင် …
ကချင်လုံချည်နဲ့ ပင်နီတိုက်ပုံ (ငါကွ...)
မီနီစကပ်
“ဦးနော်..နော်.. ကလေးလေး ကြောက်ရယ်.. မေမေခင် ဟော့ရဖူး..” ကလေးလေးက လှတာအကုန်ကြိုက်
အစားအစာဆိုရင် …
ငပိ
ချိစ်(စ်)
“ဦးနော်ကလဲ ငပိက နံရယ်လေ၊ မေမေခင်ကလဲ အောအော့တွေကြိုက်ရဖူး..” ကလေးလေးက ချက်ကျွေးတာစား၏
ပစ္စည်းဆိုရင် …
သန့်မှ (ဘာပစ္စည်းဖြစ်ဖြစ် အသစ်မှ.. အဟောင်းဆိုမကြိုက်)
အလှကုန်ပစ္စည်း
“မေမေခင် ကလေးလေးကို အလှပင်ပေးရမယ်နော်..” ကလေးလေးက အရုပ်မိုးစုံ..ဖန်စီမိုးစုံ
သီချင်းဆိုရင် …
အညာသံရွာသံ.. တွံတေးသိန်းတန်
Yo..!!! တိမ်တိန်းတိန်းတိန် ဆို ငါလုံးဝမကြိုက်.. HipHop က မိုက်.. ခိုက်.. ငါအရမ်းကြိုက်.. ဟိုက်.. ဟိုက်.. ရေ... ရေ.. အဲ့တာ ခင်လေးငယ် မှာတမ်း.. (ဟက်ဟက်)
ကလေးလေးက မမဂျိုးဂျာ ကြိုက်ရယ်.. အလွမ်းတချင်းကြိုက်ဖူး..အငိုလွယ်လို့
စာရေးစာဆရာ …
များမှများ.. (ဖားပြီးရေးရင်တော့ ရိုက်ချင်တယ်.. ဟီးးး.. ဖားကိုနော်)
ဂျူး
“အာာား မေမေခင်ကလဲ ချာရေးချရာပါချို ဂျူးက ချရာဟုတ်ဖူးရေ ချရာမကြီးကို..” ကလေးလေးကရော့ တိဖူး ပြောတတ်ဖူး..
စာအုပ် …
စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ ဘယ်စာအုပ်ဖြစ်ဖြစ် အကုန်ကြိုက်
ဗလာစာအုပ် (ရေးချင်တာရေးမယ်.. ချစ်ချင်တာချစ်မယ်.. ဖျက်ချင်တာဖျက်မယ် ဒါဟာ ကိုယ့်သမိုင်းလေ.. ဟက်ဟက်)
တွတ်ပီကာတွန်းချာအုပ်
Life style …
ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် သာသာယာယာ အေးအေးဆေးဆေး
ခြောက်ကပ်ကပ် အထီးကျန်ဆန်စွာ
“အာာာ မေမေခင်ကလဲ ထီးကျန်ရဖူး မိုးရွာရင် ချိုတုန်မာပေါ့..” ကလေးလေးက ခုံပေါက်ပေးလွားမယ် ချော့ကဂျားမယ်
ကိုယ့်ရဲ့ဝါသနာ …
ရှူးတိုးတိုး.. လူလစ်ရင်ပြောပြမယ်.. အဲ့ဒါအဲ့ဒါ
အိမ်လည်တယ်.. အတင်းတုတ်တယ်..
“ဦးနော် ကလေးလေးကို ပေါပ.. မေမေခင် တုတ်ရဖူးနော်..” ကလေးလေးက အရုပ်နဲဖန်စီပစ္စည်းဝယ်တာ
အလိုချင်ဆုံးလက်ဆောင် …
ငြိမ်းချမ်းခြင်းလက်ဆောင်
“ဟဲ့.. ကိုရင် ငြိမ်းချမ်းခြင်းလက်ဆောင်တော့ ငါ့လည်းတစ်ခုပေး ငါလည်းလိုချင်တယ်..”
“ဝေး..ဟေး.. ကလေးလေးလဲယူမယ်.. ဘယ်တော့ရမှာလဲ??”
ကိုယ့်ရဲ့ အချစ်ဆုံးသူက …
အဘ၊ အမ
ဒက်ဒီရယ် မာမီရယ်
ဦးနော်နဲ့မေမေခင်တိတယ်
ကိုယ့်ရဲ့ အလေးစားဆုံးသူက …
အားငယ်နေသူကို အားပေးတတ်သောသူ.. ဒုက္ခရောက်နေသူကို ကူညီတတ်သောသူ.. စိတ်သဘောဖြူစင်သန့်ရှင်းသောသူ
လေးစားထိုက်သူအားလုံး
ဦးနော်ပေါတာရော မေမေခင်ပေါတာရော.. နောက်.. ဘုရားသခင်(အားလုံးဖန်ချင်းတယ်ချိုလို့)
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက …
မူးရင်ထမ်းပြီးအိမ်လိုက်ပို့တတ်တဲ့သူ ဟီးး.. သောက်ဖော်သောက်ဖက်တွေပေါ့.. “အော်..တစ်ယောက်ပဲပြောရမှာလား..” ဒါဆို.. ဒင်းပေါ့
အများကြီးပေါ့ များလွန်းလို့ ဇကာချလိုက်တာ အကောင်ကြီးကြီး အမြီးရှည်ရှည် ကိုရင်နော်စုတ် တစ်ကောင် တင်ကျန်နေတယ်
“အာာ မေမေခင်.. ဦးနော်က အမီးချေတာလာ ဟုတ်လာ..” ကလေးလေးကရော့ အခင်ဆုံးများလို့ ဒူမှန်းတိဖူး
“ဟွန်း.!! အစုတ်ပလုတ်မ ငါ့ကိုများ အကောင်တဲ့ သေအုံးမယ် @#$%^&*+!~”
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက …
ရှိလောက်ဘူးထင်တယ်.. တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တောင် နားမလည်ဘူး
ခုထိတော့ မတွေ့သေးပေါင်
ဒူမှန်းတိဖူး
ကိုယ့်ရဲ့ အမုန်းဆုံးသူက …
ဘယ်သူ့ကိုမှ မမုန်းပါ... တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တော့ မုန်းလိုက်ချင်တယ် (တောက်တုန်းအကျလို့)
ပြောရခက်တယ်.. တစ်ခါတစ်လေပြောချင်တယ်.. မပြောတော့ပါဘူလေ..
ကလေးလေးက ဒူကိုမှမုန်းရတေးဖူးလေ
ရင်အခုန်ဆုံးအချိန် …
မပြောပါရစေနဲ့ဗျာ.. ကျနော့်နှလုံးသား သူ့ကိုအပိုင်ပေးလိုက်ချိန်ထဲက “နှလုံးမဲ့လူ” ဖြစ်ခဲ့တာပါ ရင်မခုန်တော့ပါ.. (ဟီးးးး.. နှလုံးမဲ့ဆိုတာ အသည်းနှလုံးကို ပြောတာနော်)
တိုက်တဲနစ် သဘောင်္ကြီးနစ်တုန်းက
ကလေးလေးကရော့ ဘယ်အချိန်လဲတိပါဖူး
အကြောက်ဆုံးအချိန် …
မိန်းခလေး ၁၀ ယောက်ကျော်ပါသော (ကျားလုံးဝမပါ) ဓါတ်လှေခါးထဲ ဝင်လိုက်မိချိန် (ရေတိမ်နစ်မှာကြောက်လို့) “အီးးဟီးး အော်ငိုမှာနော်”
“အမယ်အမယ် နင်ကများ ကြောက်ရသေးတယ် သေနာ.. ဟွန်းး..” ခင်လေးကတော့ သဘာဝဘေးအန္တရယ်တွေကျရောက်တဲ့အချိန်
ခွဲစိတ်ခန်းထဲဝင်ရမဲ့နေ့က ဝင်ခါနီးအချိန်
အပျော်ဆုံးအချိန် …
အပျော်ဆုံးအချိန်က တစ်ရက်တော့ ရောက်လာမှာပါ အခုပျော်တယ်ဆိုတာတွေက ဘာဟုတ်တာမှတ်လို့.. :P
အားရက် နားရက် ကိုကိုနဲ့လျှောက်လည်တဲ့အချိန်ပေါ့
“မေမေခင်လယ်ရဖူး လယ်ရဖူး..” ကလေးလေးက ပေါ်ရပါဖူး.. အပေါ်ဆုံးချိန်ချိုတာ မနေ့ကဖစ်မယ် မေမေခင် မွေးချားလိုက်လို့
အမှတ်တရနေ့ …
အဲ့ဒီနေ့ကပေါ့ဗျာ.. ကျနော်လေ.. ရင်တွေအရမ်းခုန်နေခဲ့တာပေါ့.. သူ့လက်လေးကိုကိုင်းပြီး.. (အီးးးဟီးးး နောက်မှ ပိုစ့်တစ်ခုရေးမယ် :D)
များလွန်းလို့ နေ့တိုင်းနေ့တိုင်းလို့သာ ပြောလိုက်တော့မယ်
မေမေခင်နဲ့ တူတူဖဲ များလိုမှတ်နိင်တော့ဖူး
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု …
ကမ္ဘာမြေငြိမ်းချမ်းပါစေ.. မြန်မာပြည်ငြိမ်းချမ်းပါစေ.. လူသားအားလုံးငြိမ်းချမ်းပါစေ.. ဘေးဒုက္ခများကင်းဝေးကြပါစေ..
“ဟဲ့ ကိုရင်.. အဲ့တာ နင်မှမဟုတ်ဘူး အားလုံးတောင်းနေတာ မရလို့ပေါ့ ဟဲ့” ခင်လေးကတော့ အတောင်ပေါက်ချင်တယ် ပျံသွားလိုက်ချင်လို့
ကလေးလေးက မပေ့မှန်းတိလိုတောင်းတော့ဖူး.. မေမေခင် အတောင်ပေါက်ရင် ကလေးလေး လိုက်ချီးမယ်
“ဟဲ့.. လုပ်ကြပါအုံး ခင်လေးငယ်တစ်ယောက် အတောင်ပေါက်ပြီး ယင်စိမ်းကောင်ကြီးဖြစ်သွာလို့.. ကလေးလေးပါတဲ့ အီးအီးပုံပေါ်မှာနားနေပြီ.. (ဟီးးးး.. :D)”
“သေနာ”
အချစ်ဆိုတာ …
အချစ်ဆိုတာ..! နားမလည်ပါဘူး.. အနော်ကတော့ ကောင်မလေးတွေ ချစ်တယ်လို့လာပြောရင် စိတ်ကိုမဝင်စားဘူး ခါးခါးသီးသီး ငြင်းပစ်လိုက်တာ.. ဟီးးးး..
အချစ်ဆိုတာ “အ” လို့ “ချစ်” တာ.. “ချစ်” တော့လည်း “အ” ရတော့တာပေါ့
ကလေးလေး ပေါပတတ်ဖူး.. အချစ်=အချစ် (သီချင်းကအဲလိုပေါတာဖဲ)
အမုန်းဆိုတာ …
ဘယ်သူ့ကိုမှ မမုန်းဖူးဘူးဗျ.. တစ်ရက်တော့ မုန်းကြည့်ဦးမှ ဘယ်လိုလဲလို့.. ဟီးး
“သူအရမ်းရက်စက်တယ် မုန်းတယ် မုန်းတယ် ရှင့်ကိုမုန်းတယ်... ဟင့်..အီးးဟီးးးးး.. (ငိုသံ)” အဲ့ဒါအဲ့ဒါ အမုန်းဆိုတာ..
“မေမေခင် နိုရဖူး..” တိချင်ရင်မုန်းကြည့်ပေါ့
အလွမ်းဆိုတာ …
ကဖေးလေဗျာ ဂျေညီညီဆိုထားတာလေ “ခုတော့ တစ်ယောက်ထဲကွယ် အလွမ်းကဖီးရဲ့ ဒေါင့်လေးမှာ..”
အလွမ်းအကြောင်းတော့ ပြောတော့ဘူး မောလို့ ပိုစ့်တွေမှာ အများကြီးရေး ပြီးပြီ.. :)
လူနာမည်လား တိဖူး ကလေးလေး တိဖူး
သံယောဇဉ်ဆိုတာ …
ခက်တယ် ဒီအကြောင်းပြောရင် ပြီးမှာမဟုတ်ဘူး
သံယောဇဉ်ဆိုတာ အင်း.. ခင်လေး ဒါလည်း ပြောပြီးသားလေ..
မေမေခင်ရေးတဲ့ပိုစ်မှာဖတ်ကြည့်
ဘ၀ဆိုတာ …
ဘကုန်းနဲ့ ဝလုံး.. ကုန်းမကုန်းတော့ မသိဘူး လုံးတာတော့လုံးတယ် (လုံးလည်ချာလည်လိုက်နေလို့)
ဘဝ ဆိုတာ ဆေးရုံကို ပြောတာပါ မွေးတဲ့အချိန်နဲ့ သေတဲ့အချိန် ကြားကာလပေါ့
ဦးနော် ပေါတလို ဘနဲ့ဝ
သူငယ်ချင်းဆိုတာ …
မရှိမဖြစ်
ကောင်းသောသူ (သူငယ်ချင်းကောင်းကို ပိုလိုချင်လို့)
ကလေးလေးအတွက်က ဂဂျားဖို့
ချစ်သူဆိုတာ …
ချော့ဖို့အတွက်သက်သက်
စာမေးပွဲခန်းထဲက ကျောင်းသားတစ်ယောက်လိုဘဲ (မအောင်လို့ကတော့ မုန်းလိုက်မှာ)
ကလေးလေးတွေနဲဆိုင်ဖူးဒီမေးခွန်းက
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် …
တောက်တုန်းအကျတဲ့ကောင်
ကြိုးမိန့်ပေးခံထားရသူ
ခလေးလေး
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က …
ပျော်ပျော်နေသေခဲ၊ နေတတ်အောင်နေမယ်.. သေတတ်အောင်သေမယ်
နေရာလွတ်ရှိသေးလို့လား ဆောင်ပုဒ်တွေရေးဖို့
တိဖူး..ရှိဖူး..ခေါ်ဖူး
အပြောချင်ဆုံးစကားတစ်ခွန်း …
မွေးဖွားလာကြတယ်.. သေဆုံးလိမ့်မယ်.. ရန်လိုမုန်းတီးမှုတွေဖယ်လို့ ချစ်ချစ်ခင်ခင်နေကြမယ်.. အားလုံးကို ပျော်စေချင်တယ်..
လူသားအားလုံးကိုလေးစားပါတယ် (ဦးကျော်စကား ခဏငှားပြောတာ)
တိဖူးတိဖူး ဘိုက်အရမ်းချာနေဘီ
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ပျော်ရွှင်ခင်မင်တတ်တဲ့
(ကိုရင်နော်၊ ခင်လေးငယ်၊ ကလေးလေး)
17 comments:
တိဖူးတိဖူး ဘိုက်အရမ်းချာနေဘီ...ဟေးးဟေးးး
ဘာရှိတုန်း....
ဟေး...ဒါမှီဦးဦးနော်နဲ့တီတီခင်ကွ..
ဟော...ဟိုမှာနောက်တယောက်..
ဟေး.....ဒါမှနာတို့တူနယ်ရှင်းထရေးယေးကွ..
တီတီခင်ရေ..အာဝါး..အာဝါး..
ဟီးဟီး...
ဒါကနာ့တူနယ်ရှင်းအသွက်.အာဝါး..အာဝါး..... :)
ဟင်..ထရေးယေးကယဲ..နပ်ချေးတွေနဲ့..
နာ့ကိုပေကုန်ပြီ.. ဟီးဟိး... :P
ဦးဦးတီတီကလေးလေးတို့ပေးတဲ့ဆုကိုရစေသတည်း...
ကိုရင် မခင်လေး ကလေးလေး တို့ရဲ့ နှစ်သက်ဖွယ် လျို့ဝှက်ချက်များ အား ပျော်ရွှင်စွာ ဖတ်ရှူသွားပါတယ် ၊၊
ကိုရင် မခင်လေး ကလေးလေး အားလုံး မင်္ဂလာပါဗျာ ၊၊
အကြိုက်လေးတွေ တစ်မျိုးစီနဲ့ ဖတ်လို့  ကောင်းတယ်း) ကလေးလေးက ဗိုက်ချာရင် ဦနှော်အရက်ပုလင်းခိုးသောက်လိုက်ပေါ့ လွယ်လွယ်လေး :P
တစ်ယောက်တစ်မျိုး... သုံးယောက်သုံးမျိုး...
ဒီကြားထဲ ရန်ဖြစ်တာလေးတွေ ဖြန်ဖြေတာလေးတွေနဲ့...
ဖတ်ရတာ နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးမိတယ်... :)
ကိုရင်နော် မခင်လေး နဲ့ ကလေးလေးတို့ ပျော်ရွှင်ပါစေနော်...
ပြုံးချင်စရာလေးဖြစ်အောင်ရေးလည်းရေးတတ်ပါပေရဲ့
ဦးနော် မမခင်လေး ကလေးလေး တို့ရယ်
မမခင်လေး ကို မမခင်လေးလို့လည်းခေါ်သေးတယ်လေ..
:P
ပျော်ရွှင်ကြပါစေနော် :D
သုံးယောက်ပေါင်းဖြေတော့ ပျော်စရာကြီးတော့။
လန်းမှလန်း ။
ဒီမိသားစုကတော့။
:P :P :P
ပျော်ရွှင်ပါစေနော် ...ဆုတောင်းတွေပြည့်ပါစေ..ကျေးဇူး ။:D
ိအဟေးဟေး တစ်မိသားစုလုံးတက်တာပါလား ပျော်စရာကြီး အဟီးတစ်ယောက်တစ်မျိုးသုံးယောက် သုံးမျိုးအဟိ နိပ်ဟရေးချက်မြိုင်မြိုင်ဆိုင်ဆိုင် အခံအအုပ် အချီအချ ဂွတ်သဟ ဦးနော်ကလည်းအကြောက်ဆုံး အချိန်ရောက်ရင် တားတားကိုလှမ်းခေါ်လိုက်နော် အဟီး
ဦးနော်ကြောက်နေမှာစိုးလို့ အားနွဲ့တဲ့ယောကျာ်ချင်းဆိုတော့လေ ကိုယ်ချင်းစာတယ် အဟတ်ဟတ် ဒီမိသားစု ထာဝရပျော်ရွှင်ပါစေဗျာ
ံHome Sweet Home ပါပဲ
ဖတ်ရတာ ကြည်နူးစရာလေး :)
အဟား .. တော်တော်ပျော်စရာကောင်းတဲ့ အိမ်လေးပဲ ။ ညံနေတာပဲ ရန်ဖြစ်တဲ့ အသံလေးတွေနဲ့ :P ကိုနော်ကြီး ဝါတနာပါတာ မသိရသေးဘူးနော် အဟား ပြီးရင် တိုးတိုးလေးပြောပြ ။ တိုင်ပင်ဖော်ရအောင် ။ မခင်လေးငယ် လည်း အလို့ ချစ်တာ၊ ချစ်တော့လည်း အတဲ့သူမဖြစ်ပဲ အတာလေးကို ချစ်တဲ့သူဖြစ်ပါစေ။ တမီးလေး အတွက်တော့ ကစားစရာ အရုပ်တွေ အများကြီး နဲ့ တွတ်ပီ စာအုပ်တွေ အများကြီး ရပါစေဗျာ
မေးခွန်းတစ်ခု .... အဖြေမှန် သုံးမျိုး ...
အကြိုက်ဆုံးကတော့ ... အတောင်ပေါက်ပြီး ယင်ကောင်ဖြစ်သွားတာ .... :D
မိုက်တယ်ဗျာ... အသက်နဲ့ sex မတူတဲ့သူတွေရဲ့ မတူတဲ့အတွေးတွေကို ဖတ်ရတာ...
ကိုနော်ရယ်၊ ခင်လေးရယ်၊ ကလေးလေးရယ် သုံးယောက်ပေါင်း အတွေးလေးတွေက အရမ်းကို ကောင်းတာပဲနော်။ :)
ဦးနော်အတွက် အရက်တစ်ပုလင်းနဲ့
အန်တီခင်လေး အတွက် ရေမွှေးတစ်ပုလင်း
ကယေးယေးအတွက် မုန့်တွေနော်
လက်ချောင်လာပေးသွားတာ။ :)
အင်း။
ဒီသုံးယောက်က ဒီလိုတွေကိုး။
း)
Post a Comment