Sunday, September 14, 2008

နံနက်ခင်းသံ ဆူဆူညံ...

“ကလေးလေးရေ...!! ကျောင်းသွားရတော့မှာ အချိန်နီးနေပြီနော်.. မြန်မြန်လုပ်..သမီး ဦးနော်ကို သွားနိုးလိုက်တော့လေ..”
“ဟုတ်.. မေမေခင် ကရေးရေးက ကျောင်းဝတ်ခြုံရေးတောင် ရဲထားပီးပီ အချင်တင့်ဖဲ”
ကိုရင်နော့် “တဟွတ်ဟွတ်” ချောင်းဟန့်သံ ကြားတာနဲ့ ခင်လေးလည်း အသံကိုမြှင့်ပြီး ဒင်းကိုလှမ်းပြောရပြန်တယ်..။

“ဟဲ့.. ကိုရင်..! နင်ဟာလေ တော်တော်အိပ်ပုတ် နင့်တူမကို ကျောင်းလိုက်ပို့ရဦးမှာ  ကလေးကျောင်းနောက်ကျတော့မယ်.. မြန်မြန်လုပ်.. ဂိုတောင်ထဲက ကားကိုထုတ်ထား ဒီနေ့ ငါ့သမီးကို BMW လေးနဲ့ ပို့မယ်နော်”
ကိုရင်ကအိပ်ချင်မူးတူးနဲ့ ဘာကြားတယ်မသိ သူ့အိပ်ယာဘေးက BE ပုလင်းဆွဲပြီး ထလာလေရဲ့..။

“ဗုဒ္ဓေါ... အာ.. ငါပြောတာ BE မဟုတ်ဘူး BMW ကားကိုပြောတာ.. နင်ဟာလေ... B ဆိုတာ ကြားတိုင်း နင့်ပုလင်းဘဲ ထင်နေတော့တာ.. ငါတကယ် စိတ်ညစ်တယ်.. သွားသွားမြန်မြန်လုပ်.. ကားကို ဖုန်တွေဘာတွေ သေချာသုတ်”
(((အမယ်... ခင်လေးစုတ်!! ဒင်းကများ ကြီးကြီးကျယ်ကျယ် BMW လေး ဘာလေးနဲ့ အိမ်မှာက ကားဆိုလို့ ဆိုက်ကားစုတ်ပဲ ရှိတာကို... ဟွန်းးး ဂိုထောင်..!! ဟုတ်စ.. ဘာကားဂိုထောင်လည်း အိမ်ဘေးက ညောင်ပင်အောက်မှာ ရပ်ထားရတာများ..!! နင်တော့နော်.. သေအုန်းမယ် ငါ့ကိုများ ကားဖုန်သုတ်တဲ့...)))

“သမီးရေ.. သမီးလေး သက်တောင့်သက်သာဖြစ်အောင် ကားပေါ်တင်မဲ့ ကူရှင်လေးကို ဒီနေ့ Louis Vuitton Monogram ကားကူရှင်လေး တင်ခဲ့မယ်နော်..”
“ဟေးး ဒါမှ ကရေးရေး မေမေခင်တွ... ဦးနော် မန်မန်လုပ် တမီး ကျောင်းနောက်ကျရော့မယ်”
(((ဒင်းး ကတော့ လုပ်ချလိုက်ပြန်ဘီ ဘာ Louis Vuitton ကမှာလဲ ဆိုက်ကားပေါ်တင်နေကြ အနားစုတ်နေတဲ့ နှီးဖျာ အဝိုင်းကိုများ..!! ဖွီ..)))

အင်းးးး..ဒီနေ့ ဘာရေမွှေးလေး ဆွတ်ရင်ကောင်းမလဲ...!! ကဲပါလေ.. Dior Jadore' လေးပဲ ဆွတ်လိုက်ပါတော့မယ်... ကျမ ပါးစပ်ကများ ထွက်ပြီး တွေးမိလေသလားမသိ ဒင်းးးက ကြားသွားဟန်နဲ့ ကျမတို့ သားအမိကို ပေစောင်းစောင်းနဲ့ မျက်မှောင်ကျုံ့ ကြည့်နေတယ်...
(((ဟွင်းး.. ဒီအရူးမကတော့လေ.. ရာရာစစ ဘာ Christian Dior လဲ.. ဟွန်းး! ပြောမပြောချင်ဘူး မြန်မာပြည်မှာထုတ်တဲ့ မဉ္ဓူရေမွှေး အစစ်လေးတောင် ဒင်းမှာ အပတ်လည်အောင် ဝယ်မသုံးနိုင်ဘဲ...!!)))

“ဟဲ့.. ကိုရင်..! နင်မနေ့ညက ဟိုဘက်အိမ်က ကိုလစ် တို့နဲ့သောက်တာ အရမ်းများတယ်ထင်တယ် နင့်မျက်လုံးတွေက ရဲပဒေါင်းခတ်နေပါလား..! နင့်ကားမောင်းခိုင်းရမှာ စိတ်လေထှာဟယ်..”
“ဟုတ်ရယ် ဟုတ်ရယ်.. ဦးနော်နားက တမီး အရက်နံ့ရရယ်”
(((စပ်စလူးမ သားအမိနဲ့ အမျိုးတော်ရတဲ့ ဒုက္ခတော့နော်... ဘာသောက်တာများရမှာလဲ... မဟုတ်က ဟုတ်ကတွေ ပြောနေတဲ့ နင့်ကိုသတ်ချင်လို့ ဒေါသနဲ့ရဲနေတာကွ.. ဟွန်းဟွန်းးး!!! ညက ကိုလစ်သာ မူးပြီးကွဲသွားလို့ သူ့အိမ်ကို ထမ်းပြီးပို့လိုက်ရသေးတာ.. ငါလားသောက်ရမှာ ဒီလူအကုန်မော့သွားလို့ ငါက နည်းနည်းလေး ကစ်လိုက်ရတာ....!! )

“ကဲပါ... နင့်ဘာသာ အန်ဖတ်စို့ခဲ့ခဲ့ အမူးလွန်ခဲ့ခဲ့ အဲ့တာတွေ အသာထား နင့်တူမ ကျောင်းနောက်ကျနေမယ်.. နင်.. နင်းနိုင် အဲ့.. မောင်းနိုင်တယ်မလား.. မြန်မြန်လုပ်.. သွားမယ်.. သွားမယ်.. လာ..”
(((ချစ်စရာကောင်းတဲ့ တူမလေးမျက်နှာကြောင့်သာ စိတ်ထဲက ကြိတ်ပြီး ဆဲနေရတာကို... ဒင်းက အဟုတ်တွေမှတ်လို့ ဟွန်းးး!! သူ့ကြောက်တယ်များ ထင်နေလားမသိ.. စွာကျယ်စွာကျယ်နဲ့.. နေနှင့်ဦး ကလေးကျောင်းပို့ပြီး အပြန် ဒင်းကို ဈေးဝင်ပို့မှ ဆိုက်ကားကို ချိုင့်ခွက်တွေထဲ များများနင်းရင်း ဒင်းးကို.. ပညာပေးရမယ်..!! ဟားး ဟားးး ငါကွ..)))

“ဟဲ့... ဟုတ်သေးဘူးထင်တယ် ကျောင်းနားတောင် ရောက်တော့မယ် ဘယ်သူ့မှ မတွေ့ပါလား”
“ဟုတ်ရယ် မေမေခင် တမီး တူနယ်ချင်းတွေလဲ ဒူးမှတွေ့ဖူး”
(((ဟိုက်..!! ဟုတ်ပ..! နင်.. နင်.. ရွစိမ ခင်လေးစုတ်.. ဟာကွာ..! ငါတော့သေသာ သေလိုက်ချင်တော့တယ် ဟိုမှာမတွေ့ဘူးလား သူများတွေ ဆီပုံးထဲကနေ လှမ်းအော်နေတာ ဒီနေ့ကျောင်းပိတ်တယ်တဲ့.. နင်တို့သားအမိ အတူတူပဲ ကြောင်တောင်တောင် ဂေါက်တောက်တောက်နဲ့.. ငါ့မှာသာ သေမလောက် ချွေးတစ်လုံးလုံးနဲ့ နင်းလိုက်ရတာ..)))
“ဟယ်... ဟုတ်ပါရဲ့ သမီးရေ ဒီနေ့ တနင်္ဂနွေနေ့ကြီးတော့်..”
“အာ.. တိဖူးရေ ကျောင်းတွားရမယ်ချို.. ဟင့်ဟင့်.. ဦးနော် တနားပါရယ် ဘီအန်ဒဘာယူကြီး နင်းလာရတာ..”

ဒင်းကတော့ လျှာကြီးထွက်လို့.. ဒေါသတွေ အလိပ်လိုက်နဲ့ အခိုးထွက်မတတ် မျက်လုံးကြီးပြူးပြီး ကြည့်နေလေရဲ့.. ကျမလည်း မထူးတော့ပြီမို့... အတည်ပေါက်နဲ့ပဲ
“ဟဲ့ယောင် ကိုရင်.. ဘာကြည့်နေတာလဲ ဒီနေ့ကျောင်းပိတ်တယ်တဲ့.. အိမ်ပြန်မောင်း ဒီမှာ ငါ့သမီး နေပူမိနေပြီ.. နင်ဟာလေ.. ငါ မပြောရင် မပြောသလို.. ရုပ်ကိုက အူကြောင်ကြောင်ရုပ်နဲ့.”
(((သေနာမ.. အစုတ်ပလုတ်မ.. စပ်စလူးမ.. ရွစိတက်မ.. အရူးအီးပမ်းမ.. အူကြောင်ကြားမ.. ငါ့ကို သက်သက်ဒုက္ခပေးတယ်.. တွေ့မယ် တွေ့အုန်းမယ်.. ငါ့အလှည့် လာဦးမယ်)))

(ခင်လေးငယ်)

မှတ်ချက်။ ။ ဘာရယ်ညာရယ်မဟုတ် အပျော်သက်သက် အတွေးလေးနဲ့ ရေးထားတာလေးပါ။ ကျမ တွေးတာတွေကို အမြဲတမ်း ဖျက်ဖျက်တွေးတတ်တဲ့ ဒင်းးးး နေရာကပါ ရေးကြည့်ထားတာ..။  ကျမ နှစ်သက်တဲ့ အသုံးအဆောင်လေးတွေ (နှစ်သက်တာနော် ဝယ်နိုင်သေးပေါင် :P) နဲ့တွဲပြီး အာကျယ်ကျယ် ကာရိုက်တာလေးကို ကိုယ်တိုင်ယူထားပါတယ်... ကလေးလေးကတော့ သူ့ပုံစံလေးအတိုင်း ချစ်စရာလေးပေါ့.. ဒင်းကိုတော့ ဒင်းစရိုက်အတိုင်း အပေအတူး အမူးသမား အူကြောင်ကြားကောင်  လုပ်ပေးလိုက်တယ်.... (အဟက်ဟက်..!) မှတ်ပလား..။

ပြုံးပျော် ချမ်းမြေ့ကြပါစေ..။

19 comments:

Dream said...

မီးယဲလမ်းကျုံယိုက်မာဏော်တီတီငယ်နဲ့ဦးဦးနော်..
မီးအိမ်ကိုယဲဝင်ထော်ဖို့မေ့နဲ့ဦးဏော်....

RePublic said...

ကိုရင်ရေ ..လန်ထွက်နေတာပဲ ၊၊ BE ပုလင်းမော့ပြီး BMW မောင်းတာ ၊၊ တော်တော် မိတ်ဖက်တယ်ဗျာ ၊၊ ဟားဟား

ဇင်ယော် said...

ဟိုက်ရှားဘား BMW နဲ့ ကျောင်းသွားမယ်တဲ့ ဗျား။ ကလေးလေးတို့  ကံဇာတာ တိုင်ထိပ် ရောက်နေပြီ ထင်တယ် ။ မခင်လေးရေ..ကိုနော်ကြီးက BE ပုလင်းကို အမြင်ပြထားတာ။ ဖွက်ထားတဲ့  Barndy ပုလင်းနဲ့ Beer ဗူးကို ရှာမတွေ့ ဖူးဟုတ်။

mgngal said...

Bodka ပါပို့ ပေးလိုက်မယ် ။သောက် မှောက် ။ဟီးဟီး

Anonymous said...

ဒီဦးနော် နဲ့ မေမေငယ်က သိပ်ဆိုးတာပဲနော်..
ကလေးလေး.. ကျောင်းပိတ်ရက်ကြီးကိုများ
ကလေးလေး ကိုများဆိုက်ကားနဲ့ကျောင်းလိုက်ပို့တယ်.
ဂျပန်မှာ ဆိုက်ကားရှိဘူးလို့ ပြောလိုက်..ပို့ချင်ရင်
လန်ချားလေးနဲ့ လိုက်ပို့လို့ပြောလိုက်နော်..ရှေ့က
ဦးနော်ကြီးကိုဆွဲခိုင်းပေါ့ ကလေးလေးရဲ့..ကလေးလေး
နဲ့ မေမေခင်က အနောက်မှာ အခန့်သားထိုင်ပေါ့နော်.
အဟီး. တီတီ ကမာကူရသွားတုန်းက လန်ချားတွေ့
လာတယ် ..တစ်စီးလောက်ဝယ်ခိုင်းလိုက်နော်..
အရမ်းဇိမ်ကျတာ ကလေးလေး ရဲ့..အဟီး..ပြီးတော့
Louis Vuitton ကျောပိုးအိပ်ကလေးနဲ့ ဆို ကလေးလေး
ပိုလှသွားမှာ...ဦးနော်ကြီးကို ပူဆာလိုက်နော်.၀ယ်ပေး
..လို့ :D ၀ယ်ပေးမှာပါ ဦးနော်ကြီးက တူမလေးကိုအ
ရမ်းချစ်တာတဲ့..ပြီးရင် တီတီဝါ၀ါကိုလာကြွားဦးနော်။
အဟီ..... ဒါပဲနော်
ဘိုင်းဘိုင်
တီတီဝါ၀ါ

Anonymous said...

အောင်မယ်လေးဗျ... ဆိုက်ကားသမားဖြစ်ရ.. အရက်သမားဖြစ်ရ.. ခုတော့ လန်ချားဆွဲတဲ့ အဖြစ်ပါရောက်တော့မယ်.. အီးးးဟီးးးး မဝါနော်..

Unknown said...

ဟိုလူကြီးတျွေနှစ်ယောက်ထဲ ကစ်လို့တော့ ဘယ်ဖြစ်မလဲ... တိုက်အုံး ၃ခွက်လောက်...

တားမြစ် ထားသော... said...

အော်။ ဒေါ်ခင်လေးက ဒီလိုလေးတွေလည်း ဖြစ်တယ်ကိုး။
ဖတ်လို့ကောင်းတယ်။ ပြုံးပျော်သွားလေရဲ့။

သက်တန့် said...

ကလေးလေးရေ...
နောက်တစ်ခါ ကျောင်းသွားရင် တန့်တန့်ပို့ပေးတဲ့ လေယာဉ်နဲ့ သွားနော်...
ဦးရင်နော်ကို မောင်းခိုင်း... လေယာဉ်မူး ဦးရင်နော်ပေါ့... :P
တီတီခင်လေးရေ... ဂိုထောင်ကြီးကို ချဲ့လိုက်ဦးနော်... လေယာဉ်ထည့်ဖို့... :D

Dream said...

ဟေး...တို့ဦးဦးနော်ဂျီးဂပိုင်ချိုင်မှုတွေအမားဂျီးဖဲ..
မိုက်ဒယ်တွာ...ဘီအန်လဒူဂျီးယဲချိတယ်။
ချိုက်ဂါးဂျီးယဲချိတယ်။
လန်ဘားဂျီးယဲချိတယ်။
လေပျန်ဂျီးယဲချိတယ်။
မိုက်ဒယ်..မိုက်ဒယ်..။
တီတီငယ်ယေ...ဦးဦးဏော်ဂျီးယဲ့ပိုင်ချိုင်မှုဒွေဂို
အားလုံးလေလံတင်လိုက်မယ်....ဏော်...
ဟီးဟီး.....:P :P :P

ကိုစွမ်း said...

အဟားဟား လိုက်လည်း လိုက်ကျတဲ့ တူဝရီးတွေ .
ကိုနော်ကြီး အချွတ်ခံလိုက်ရတယ်ပေါ့လေ...အဟား
နောက်ဆို ကလေးလေးကို လေယာဉ်နဲ့ ပြန်လိုက်ပို့
မြှောက်ပေးလိုက်ဦးမယ်. ပြီးရင် ကိုငယ်ကို ...လေ
ယာဉ်ဘီး.. ဟီးဟီး

Anonymous said...

အော် ဘလော့တွေနဲ့ ဝေးကွာသွားမှုကို ပြန်စဉ်းစားတာ ဘယ်လောက်မှမကြာသေးဘူးမှတ်နေတာ... ခင်လေးတို့တောင် ကလေးတွေရကုန်လို့ ကျောင်းတွေပို့ကုန်ကြပြီပဲ... အော် ငနော်တောင် ဆံပင်ဖြူလို့ သွားကျိုးနေပါရောလားကွာ....

လင်းဦး(စိတ်ပညာ) said...

အဟားးးးးးးးးးး။ တော်တော်ရယ်ရသဗျ

Anonymous said...

ဟား ဟား.. ဒီမိသားစုတော်တော်ချမ်းသာပုံရတယ် ဆိုက်ကားရော လန်ချားရော ... လေယျာဉ်ပျံပါရှိတယ်ဆိုတော့...
မမခင်လေးး ရေးတတ်ပါ့နော်.. :)

Kaung Kin Ko said...

ကလေးလေး ခမျာ ကြားထဲက နေပူ မိသွားရှာတယ်။ သနားပါတယ်း-(

thonn thonn said...

ဟား ဟား..တတ်လည်းတတ်နိုင်ပါပေ့ ခင်လေးငယ်ရယ်။ အတော်ရယ်ရတယ်။

Tea said...

haha ha :D အဟက်ဟက်..
ခင်လေးရယ်သလို လိုက်ရယ်တာ :D

Moe Cho Thinn said...

စာရေးထားတာ ကောင်းပါ့ ညီမရေ။ ကိုရင်နော်လဲ ညီမလုပ်တာ အမူးသမားကြီး လုံးလုံးဖြစ်ရော။
ဒီတူဝရီးတစုက ပျော်စရာလေးပါလား။
ပထမဆုံး ရောက်ဖူးတာပါ ညီမရေ။ လာဖတ်ပါအုံးမယ်။

Anonymous said...

မမခင်လေးရေ .... ပျော်ပျော်ပါးပါးနဲ့ ပေါ့ပေါ့ပါးပါး ဒီပိုစ့်လေးကြောင့် အပျော်တွေကူးသွားပါတယ်။ ကျေးဇူးလည်း တင်သလို ဦးနော်ဘ၀မှန်လေးကိုလည်း သိသွားရတယ်။ ဟီးဟီး

ကလေးလေးက စကားပြောတာ ချစ်စရားလေးနော်။

လေးစားလျှက်
ရောင်