ရှင်ရင်ရွှေထီး သေရင်မြေကြီးတဲ့
လူတွေထား“စကား”
ဘာမှန်းမသိတဲ့ ဦးနှောက်တွေ“စား”
အတွေးတွေ“ပွား”လို့“စဉ်းစား”
ငါ့....“အမှား”။
ရွှေထီးကိုမမက် မြေကြီးရောက်ဖို့လည်းခက်
ဆာတဲ့ဗိုက်က“ဟောက်ပက်”
အဆာရှာဖို့ထွက် အသေချာ“ငဲ့ကွက်”
ရင်မှာပိုက်တာက“အရှက်”
ငါ့စိတ်....“ပျက်”။
လမိုက်ညမှာ....
အိတ်ပေါက်နဲ့ ဖားကောက်ထွက်တဲ့အခါ
ဗိုက်ဝဖို့ဖား“မရ” မာနတွေ“ခဝါချ”
နောင်တတွေသာ“မျိုမျိုချ”
သြော်..
ငါ့.... “ဘဝ”
(ခင်လေးငယ်)
ဘာရယ်မဟုတ် ရွှေနိုင်ငံ အလွမ်းပြေဆိုပြီး ဓါတ်ပုံတွေ လျှောက်ရှာကြည့်မိတာ... ကလေးလေးတစ်ယောက် ထိုင်နေတဲ့ ပုံလေးတစ်ပုံကို ကြည့်လိုက်ရတယ်... သူက ထိုင်နေရင်း ထောင်ထားတဲ့ ဒူးနှစ်ဖက်ပေါ်မှာ လက်ကိုယှက်လို့ မေးလေးကိုထောက်ပြီး တွေဝေငေးမှိုင်နေတယ်... ထိုင်နေတဲ့သူ့ဘေးမှာ ပလတ်စတစ် အထုပ်ကြီးတစ်ထုပ်နဲ့ တုတ်လေးတစ်ချောင်း...!! ကြည့်ရင်း.. ကျွန်မရင်မှာ ဆို့နင့်နေခဲ့တယ်.. သူလေး ဘာတွေများ တွေးနေတာလဲ..!! စဉ်းစားရင်း... စဉ်းစားရင်း... ရေးမိလိုက်တာကို ဝန်ခံပါရစေ..။
20 comments:
ကဗျာလေးကောင်းတယ်ဗျာ။ အကိုကြည့်မိသွားတဲ့ ပုံလေးပါတင်ထားပေးရင်
ပိုခံစားလို့ကောင်းမယ်ဗျာ။
မငယ်ရေ ...
အဲဒီလို ကလေးလေးတွေ ဘယ်လောက်များ ရှိနေမလဲ ...
မြေကြီးပေါ်မှာ ရှင်သန်နေရတဲ့ သူတို့လေးတွေရဲ့ဘ၀ ...
အိတ်ပေါက်နဲ့ ဖားကောက်နေရတဲ့ သူတို့လေးတွေရဲ့ဘ၀ ...
ပုံလေးမမြင်ရပေမဲ့ ကဗျာလေးနဲ့ မှန်းဆ တွေးကြည့်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။
ဒီလို ကလေးများရဲ့ အနာဂတ် လှပပါစေလို့သာ မရဲတရဲ ဆုတောင်းလိုက်ချင်ပါရဲ့။
အခါးတွေသာ မျိုမျိုချ..အိပ်ပေါက်နဲ့ ဖားကောက်တဲ့ညတွေ..
ဒီကမ္ဘာမြေမှာ ရှိတယ်...
သမုဒ္ဒရာဝမ်းတထွာလို..ဟာတာတာဖြစ်နေတဲ့ အစာအိမ်..
တင်းတိမ်ဘို့အတွက်..အစာရှာထွက်တဲ့ ရက်တွေမှာ..
ရွှေထီးဆောင်းတဲ့ နေ့ရက်တွေ သတိရ..တမ်းတမ်းတတနဲ့..
အတွေးဦးနှောက်မှာစားရင်း..တနေ့တော့လည်း မြေကြီးထဲ
သွားရမှာပါဘဲ..
အမကဗျာလေးဖတ်ပြီး စိတ်ထဲပေါ်လာတာကို မန့်ခဲ့တယ်အမ..
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ထပ်တူခံစားသွားတယ် မခင်လေးရေ့ ပြောရင်ကော ကုန်မှမို့ လား ရင်တွေနာရပေါင်းလည်းများပြီးဗျာ
ခင်လေး...
နင်ဟာလေ.. ဘာလဲ.. နင်ကိုယ်တိုင် ဖားရိုက်ထွက်တာမို့လား...
ဘယ်နှစ်ကောင်ရ..!! ငါ့အတွက် ကြော်ပေး..
အမြည်းမရှိလို့... ဟီးးးး
နင်လည်း နောင်တတွေကို “မျိုမျိုချ” နေတာလား မျိုချယုံဘဲလားဟ..
လက်တွေ့ ကျင့်သုံးဦးလေ..
“စကား” “စား” “ပွား” “စဉ်းစား” “အမှား”
“ဟောက်ပက်” “ငဲ့ကွက်” “အရှက်” “ပျက်”
“မရ” “ခဝါချ” “မျိုမျိုချ” “ဘဝ”
ဘာတွေမှန်းကို မသိဘူး...
ဒါဘဲ... ငါနင်နဲ့ရန်မဖြစ်ရလို့ နေမထိထိုင်မသာ ဖြစ်နေတယ် အစုတ်ပလုတ်တုတ်မရေ.. ဟွန်းးး
ဟဲ့... ကိုရင်နော် ကောင်စုတ်ကောင်နာ..
နင်မြည်းဖို့ ငါဖားရိုက်ထွက်စရာလား
နင့် ချစ်ချစ်နင် ကြော်ခိုင်းပါလား((လယ်ကြွက်))
နင် ငါ့စာတွေ မဖတ်ချင် မဖတ်နဲ့..
တော်ကြာ ငါ့စာဖတ်လို့ မြေကြီးထဲ မြန်မြန်ရောက်သွားရင် ငါအမှုပတ်မခံနိုင်ဘူးနော်...
ရန်မဖြစ်ရလို့လေး ဘာညာနဲ့
လွမ်း လွမ်းတယ်ပေါ့ဟာ.. ယောကျာ်းမဟုတ်တာကျနေတာဘဲ
မေတ္တာဗလပွက်ပို့သလိုက်တယ် “လဒ”ရေ
ဒါဘဲ...
“ငါ”
နောင်တက ဘယ်ကပါလာရတာလဲတော့ သိပ်မသိဘူးဖြစ်သွားတယ်
ဖတ်ပြီးစိတ်မကောင်းဘူးပြောမလို့ဟာကို .. အပေါ်ကရန်ပွဲကိုတွေ့လိုက်တော့ ပါးစပ်အဟောင်းသားဖြစ်ပြီး ရီမိတယ်ဗျို့။း)
Craton နှင့် အတဲတဲဘူ။
ခင်လေး..........
ဒုက္ခ၊သုက္ခ..ရေခံမြေခံမှာ....
ဝဋ်နာလာကျ..ကြတာလေ...
ချစ်တဲ့..
မကြီး
အတွေးလေးကောင်းတယ်ဗျာ။
ကောင်း၏ ကောင်း၏။
တော်တော်ရေးတတ်တာပဲ ခင်လေးတော်တယ်။
ဒါမျိုးတွေ ဒုနဲ့ဒေးဖြစ်နေပြီ... မခင်လေးရေ.. ဒီကဗျာလေး ဖတ်မိပြီး စိတ်မကောင်းပါဘူး..။
ဒါက ကွန်မန့် မဖတ်ခင်ပေါ့..
ကွန်မန့်က ကိုရင်နော်ကြီး လက်ချက်လဲ တွေ့ရော.. ဟီး..ဟီး.. ဖီလင်ပျောက်သွားတယ်..း)။
့Hello khinlaynge.
သူတို့တွေတင်မကဘူး
ကိုယ်တို့ ဘဝတွေလည်း ဆိုးတာဘဲနော်..
ပျော်ပါစေကွာ.
ကဗျာဆေလးကို ကြိုက်တယ်ဗျာ... ထပ်တူထပ်မျပါပဲ..။
မခင်လေး စပ်တဲ့ ကဗျာ က တယ်ကောင်းဗျာ ၊၊ စကားလုံး ကာရံတွေ ကနှစ်သက်စရာ ၊၊ ဘရာဗို ၊၊
အဲဒီဦးအိမ်ကလေ ဘယ်သူရေးလဲ ဆို တာ သေသေချာချာ မဖတ်ဘူး သိလား... မယ်မယ်ငယ့်ကိုများ အစ်ကိုတဲ့..ဟတ်ဟတ်....
ရယ်ရတယ်....
တီတီငယ်ကလည်း ရေလဲလန်းတယ်ကွာ.. စပ်ထားတာက ...
:P
ကဗျာလေး ကောင်းလိုက်တာဗျာ။
ကဗျာလေးကို ဖတ်ပြီး စိတ်မကောင်းဖြစ်နေရာကနေ မမနဲ့ ဦးနော်ရဲ့ ရန်ပွဲလေးဖတ်ပြီး ပြန်ပြုံးသွားတယ်။ အဲလိုပဲနော် ကိုရင်နော်ခင်လေးငယ်ဆိုတဲ့ ဆိုဒ်လေးက ပိုစ့်လေးတပုဒ်နဲ့တင် ခံစားချက် အများကြီးပေးနိုင်တယ်။
လေးစားလျှက်
ရောင်
Post a Comment