Friday, January 16, 2009

အချစ်စိတ်..

သြော်...
လူတွေလူတွေ
ချမ်းသာဆင်းရဲ
အသွင်မွဲလည်း
တူသည့်နေရာ
လူတိုင်းရှိ၏။

မအောင့်နိုင်သော
ဤဖီလင်ကား
ဖြူဖြူမည်းမည်း
မည်သူမဆို
တမ်းတူညီ၏။

(ခင်လေးငယ်)

အမှတ်တရ ကဗျာအရှည်ကြီး တစ်ပုဒ်စပ်လိုက်ပါတယ်.. ဖတ်ရတာမောသွားခဲ့ရင် ခွင့်လွှတ်ကြပါနော်.. အပျော်လေးပေါ့... ခေါင်းစဉ်နေရာမှာ တွေးချင်တာပြောင်းပြီး တွေးကြည့်နိုင်တယ်နော်..!! ဗိုက်ဗိုက်ဆာတာတို့..! ဗိုက်ဗိုက်နာတာတို့..! ကျွန်မတို့ မြန်မာပြည်သူ ပြည်သားတွေ တစ်ခုခုကို မျှော်လင့် တောင့်တနေတဲ့စိတ်တို့..! ဘာညာကွိကွပေါ့နော့.... အယ့်.... ကြည့်.... လျှောက်တွေးမနေနဲ့ဦးလေ.. (မီးတွေမှန်ပါစေလို့ ဆုတောင်းတာမျိုးကိုပြောတာပါ..) အဟက်.. ဟက်...!! :P :P

21 comments:

ZT said...

ချောင်းဆိုးချင်တာ နဲ့ ယောက်ျားလိုချင်တာ အောင့်လို့မရဘူးလို့တော့ မင်းသိင်္ခရေးဘူးတယ်။ :D

:P said...

အိမ်း... ခေါင်းစဉ်ကယ်ပေလို့ပေါ့ကွယ်....

Anonymous said...

အင်း...................

ူlove is..........
.................
.................
.................

ပေါ့.....

စိတ်၏ဆင်းရဲခြင်းတွေအကုန်ပါတယ်..။

မကြီး

megumi said...

ခေါင်းစဉ် ပြောင်းကြည့်လိုက်တော့ အဓိပ္ပာယ်အများကြီး ဖော်လို့ရတဲ့ ကဗျာလေးပါ။
တိုတိုလေးနဲ့ ထိတယ်။

ဖိုးဂျယ် said...

ဟုတ်တယ် တားတားယေးက
ဗိုက်နာတာသွားမြင်တယ် ဟီးး

Sonata Cantata said...

ခေါင်းစဉ်လေး မြင်တာနဲ့ ရေးထားပီး မတင်ဖြစ်သေးတဲ့ ပို့စ်လေးကို ကိုယ့်ဘလော့ဂ်မှာ ကမန်းကတန်း တင်ပြီးမှ ကဗျာကို ဆုံးအောင် ပြန်လာဖတ်လိုက်တယ်...

Anonymous said...

ဟား..ဟား.. မငယ်ကြီး.. လုပ်ချလိုက်ပြီ။ မျက်စိထဲ ဗိုက်နာလို့ ရထားပေါ်ကဆင်းပြေးရတာကြီး ပြန်အမှတ်ရသွားတယ်ဗျာ။း)

Kaung Kin Ko said...

ဟုတ်ပ။

Anonymous said...

ရေလည်လန်းတယ်ဗျာ အချစ်မှရယ် မဟုတ်ဘူး
ကိုယ်လိုသလို ယူသုံးလို့ရတယ်ဗျ
ပိုက်ဆံဆိုလဲဟုတ်တာပဲ ဒီကဗျာတော့ အကြိုက်
ဆုံးပဲ ဗျလိုသလိုလှည့်သုံးလို့ရလို့ ဟိ

Anonymous said...

ဟဲ့ ခင်လေး...
ငါ ကြောက် တယ် နော်... အီးဟီးးးး.. :D

RePublic said...

ဖတ်ရတာရှည် လွန်းလို့ တော်တော်တောင်မောသွားတယ် ၊၊ အဲလိုမနောက်ပါနဲ့ ဗျ ၊၊ အတွေးတွေများကုန်မယ် မခင်လေးရေ ၊၊

ဆောင်းယွန်းလ said...

အောင့်လို့မရတာတွေကများနေတော့....ပေါ့ပေါ့ပါးပါး
အချစ်အောင့်မရနိုင်တဲ့ဖီလင်လို့ဘဲမှတ်ထားလိုက်မယ်ဗျ..
ခင်မင်လျက်

မောင်ဖားကြီး said...

ခေါင်းစဉ်က အသက်ပေါ့
မိုက်တယ်ဗျာ...
ကျွန်တော်က တော့ အကုန်ထည့်ကြည့်တယ်
ခေါင်းစဉ်ထဲကို... ဘာတွေလဲတော့ မပျော်တော့ဘူး ဟဲ ဟဲ

Anonymous said...

ကွိကွီ.. သားသား ရှက်ရှက်စ်..

Moe Myint Tane said...

အချစ်စိတ်ဆိုတဲ့ အထဲမှာ မကြီးပြောသလိုဘဲ စိတ်ဆင်းရဲခြင်း အကုန်ပါဝင်နေတာပေါ့..ကဗျာလေးက အဓိပ္ပါယ်တွေ အများကြီးရှိနေပါလား မလေးရေ..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Anonymous said...

မမခင်လေးကတော့ တွေးတတ်ပါ့။ ကဗျာကလည်း ရှည်လွန်းလို့ မောသွားပြီ ရေတိုက်တော့ . ရေနဲ့မရဘူး မုန့်ပါကျွေး... ဟီး ဟီး.....
လိုသလိုဆွဲတွေးလေသတည်း..... :P :P

မီယာ said...

မရေးတတ်တဲ့သူတွေ အတွက်ကတော့ ကဗျာဆိုတာ အတော်ခက်တာပါ။ မခင်လေးရေ အားကျတယ်။

Anonymous said...

ကိုရင်နော် ခင်လေးငယ်---
လာလည်တာကျေးဇူးပါ---
စာတွေဖတ်သွားတယ်--
ပြုံးသွားတယ်--
အစစအရာရာ အဆင်ပြေပါစေ---

mgngal said...

ကဗျာရှည်ကြီး ဖတ်လိုက်ရတာမောသွားပြီ ။ ဟိုက် မီးပျက်ပြီ ။ :D

ကိုစွမ်း said...

တစ်ကယ်ပါ..ရေးလည်းရေးတတ်ပါရဲ့။ ဟိုဟာပဲ မြင်မိတယ် ဟီးဟီး..ZT ပြောတဲ့ ချောင်းဆိုးတာပါ :P

မောင်ပိစိ said...

မည်းမည်း ကြီးလည်းယူမှာပဲ.. ဟီးး အဲ... မစန္ဒာ ပြောမှ အတွေးပေါက် သွားတယ်... ခေါင်းစဉ် ကယ်ပေလို့တဲ့... ဟိဟိ..