လေလေးလာ “လ”လေးလှိမ့်
“လှေ”လေးလည်း လွမ်းလွန်းလို့
လက်လေးလှမ်း “လ”လေးလာ
လမ်းလေးလည်း လင်းလို့လက်
“လ”လေးလည်း လိုက်လို့လာ
လှုပ်လီလဲ့ လလိုက်လှေ..။
လျှပ်လည်းလက် လေလည်းလာ
လှိုင်းလုံးလိမ့် လူးလွန့်လှေ
လျှပ်လက်လို့ “လ”လေးလန့်
“လှေ”လေးလည်း လုံးလည်လိုက်
လေလုပ်လို့ “လ”လေးလွင့်
လူးလိုလူး လွင့်လိုလွင့်
လုံ့လလျှော့ လလိုက်လှေ..။
လေလှိုင်းလွန် “လ”လေးလာ
လက်လေးလှုပ် လမ်းလေးလင်း
“လှေ”လေးလည်း လန်းလို့လာ
“လ”လေးလည်း လှလွန်လွန်း
“လှေ”လည်း“လှေ” “လ”လည်း“လ”
လေလွှင့်“လှေ” “လ”လေးလှော်
လွတ်လပ်လမ်း လလိုက်လှေ..။
26 comments:
လည်လည်လာပြီး
လတွေထဲမှာ လုံးချာလည်သွားလေရဲ့...
“လလိုက် လှေလေး”
လှလွန်လွန်းလို့
လွတ်လွတ်လပ်လပ်
လာလှော်လိုက်လည်း
လှိုင်းလုံးလူးလွန့်
လိမ့်လိမ့်လာလေ
လန့်လန့်လာလေ
လက်လွှတ်လိုက်လို့
လစ်...း)
ဆန်းသစ် ကြိုးစားထားမှုကို
ထပ်ဆင့် အားပေးသွားပါတယ်ဗျာ...
ATN
မိုက်တယ်...း)
လှေလေးးလည်းလွမ်းလွန်လွန်းလို့.
.လူးလူးလိမ့်လိမ့်.လား...
လလိုက်လှေ လာလေ့လာ
လန်းလွန်းလို့ လွမ်းလိုလည်း
လွယ်လွယ်လွမ်းလို့ လေလိမ့်လား..
(ဟား ဟား)
“လှေ”လည်း“လှေ” “လ”လည်း“လ”
ကဗျာလေးနဲ့ ပုံကလေး လိုက်ဖက်လွန်းလှတယ်။
သုခမိန်(E-Journal)
ဝိုးး...ဆန်းလိုက်တဲ့ အတွေး ရေးတတ်ပါ့ဗျာ
လေလွှင့်“လှေ” “လ”လေးလှော်
လွတ်လပ်လမ်း လလိုက်လှေ..။
လ တွေကြီးပဲး)
လ 126 လုံးနြ့ မတ်ချိလည်သွားတယ်... ဗြဲ...
လမျိုးလနွယ်တွေ ... အဟိး... အူးအူးပတ်ကျိ ရဲ့ လမျိုးတွေကို အားကျလို့ အူးနော်ဂျီးကလည်း အားကျမခံ လ126 လုံးကို ကဗျာစပ်ထားတာလား... အဟား
လ 126 လုံးနြ့ မတ်ချိလည်သွားတယ်... ဗြဲ...
လမျိုးလနွယ်တွေ ... အဟိး... အူးအူးပတ်ကျိ ရဲ့ လမျိုးတွေကို အားကျလို့ အူးနော်ဂျီးကလည်း အားကျမခံ လ126 လုံးကို ကဗျာစပ်ထားတာလား... အဟား
လွမ်းလုလင်
လာလည်လို့
လှလိုက်လှေ
ကိုဖတ်သွားတယ်...။ အတွေးဆန်းတဲ့ ကဗျာလေးပါပဲဗျာ။ :)
လော်လိုက်လာလယ်.....
အဲလေ.. တော်လိုက်တာဟယ်....။
“လ” တစ်လုံးနဲ့ ကဗျာတစ်ပုဒ်ဖြစ်အောင် ကြိုးစားအားထုတ်သွားတာ
ပြောင်မြောက်ပါပေတယ် ကိုနော်ရေ။
တကယ်ကို နှစ်ခြိုက်မိပါတယ်ဗျာ။
မေတ္တာဖြင့်
oh my god!
ဘုရားတသွားသည်။
(သွယ်ဝိုက်ချီးကျူးသွားခြင်း)
"လ" လေးတွေကို ပုလဲလုံးလေးတွေသဖွယ် သီသွားလိုက်တာ ၁၂၆ လုံးမြောက်မှာ ကဗျာတစ်ပုဒ် ဖြစ်အောင် ရေးစပ်နိုင်တာ ချီးကျူးပါတယ်ဗျာ။ ကိုရင်ရဲ့ ကဗျာကောင်းလေးတွေကို မျှော်နေပါတယ်။
ဒီကဗျာလေး ဖတ်ရင်းနဲ့ လျှာနဲ့သွား ခဏခဏ ခလုတ်တိုက်ကြတယ် ဗျာ။ လူကို ဗလုံးဗထွေးဖြစ်ဖြစ်သွားတယ်။ :)
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
လူလေးလား လူလေးလော့ လုပ်လျှင်လုပ် လှိုင်းလေလွန် လူလေးလုပ် ဟီးးးးးးး မော်ဒန် ကဗျာလေး ထင်ပါ့ ဟီးးးး မိုက်တယ် ဦးနော်ရေ လေးစားတယ်
လေးစားလျက်
တောင်ပေါ်သား
ဟဲ့... ပလုတ်တုတ်...!!
ကိုမိုးမြင့်တိမ် ပြောသလို နင့်ကဗျာ ဖတ်ရင်း ငါလည်း လျှာတွေကိုက်မိကုန်ပြီ...
လျှပ်တွေလက် လှိုင်းတွေထန်တဲ့ "ည" မျိုးလေးမှာ..
်လက်လေးလှမ်းတဲ့ လှေလေးပေါ်တက်လိုက်ပြီး လေလှိုင်းအလွန်လေးမှာ လွတ်လပ်လမ်းကိုရှာတဲ့ "လ"လေးရဲ့ သတ္တိလေးကိုတော့ ချီးကျူးမိတယ်...
သူတော်တော် မောသွားရှာမှာပါလေ...
ဘာဘဲဖြစ်ဖြစ် အဲ့ဒီညလေးရဲ့ လမ်းလေးကတော့ လင်းလက်နေခဲ့မှာပဲလေ.. နော်..!!
ဟေ့ယောင်... ငါ မနောက်ရက်ခဲ့ဖူးနော်..
ဟွန်းးး
တကယ် ပြောတာ
စိုင်းဝင်းမြင့် ထိုင်ငိုသွားတဲ့ကဗျာပေါ့
အိန္ဒြာ
လ သုံးလုံးနဲ့ ပတ်ချာလည်နေတယ်....
ဟတ်ဟတ်.. စကားပြေ တစ်ခေါက်လာဖတ်တာ ... အခုမှ ပိုသဘောပေါက်တော့တယ်... လတွေကို သီထားတာကိုး.. တော်ချက်က ကမ်းကုန်ပဲ... မက်မက် ဦးလေး.. တီငယ့် သယ်ရင်းလို့ မပြောရဘူး နော်.... ဟတ်တဟ်.... :P :P
လှေလေး လူးလွန့်လာ
လလေးလည်းလိုက်လာ
လေလာလို့ လှေလေး
လှေလေးလို့လလိုက်လေး
လလိုက်လေလာ
လ လေ လှေ
လုံးလုံးလိုက်လို့
လုံးလိုက်လည်လိုက်လေး
လလေးလည်းလန်း
လေလေးလည်းလန်း
လှေလေးလေးလည်းလန်း
လန်းလိုက်လန်းလိုက်
လလေလှေလို့ လန်း
:P :P :P
ဟတ်ဟတ်
မက်မက်လည်း အားကျမခံ ဦးနော်လိုရေးတာ
ဟဟဟ
လမျိုးဘလော့ကာတွေ ဖြစ်ကုန်ပြီ... ခစ်ခစ်
(((ကိုရင်))) .. နောင်ကြီးကဗျာကြောင့် ကျုပ်ဆေးရုံအပို့ခံရတော့မလိုဗျား(။ ကျုပ်က နောင်ကြီးကဗျာလေးကို ကြိုက်လို့ အသံလေးထွက်ပြီး ဖတ်နေတုန်း အခန်းက သူငယ်ချင်းတွေက ကျနော် အရက်သောက်ပြီး လေဖြန်းလို့ စကားတွေ မပီတော့ဘူးထင်ပြီး ကွန်ပြူတာရှေ့အေးဆေးထိုင်နေတဲ့ ကျနော်ကို သူတို့ ၀ိုင်းပြီးအကြောတွေနှိပ်..လျှာတွေအတင်းနှိုက်ထုတ်နဲ့ လူကိုရှေးဦးသူနာပြုစုနည်းစုံနဲ့ ဆုံးမသွားကြတယ်..
အဲဒါကောင်းသလားဗျား( နောင်ဆို ကဗျာရေးဆင်ခြင်ပါဗျာ..နော်။
အပျော်ပါ ကိုရင်ရေ.. :D မငယ်ကြီးရော ကိုရင်ပါ ဆန်းသစ်လှပတဲ့ ကဗျာလေးတွေ ဖန်တီးထားတာ အားကျစရာပါပဲ.. စိတ်ကူးလေးတွေက အရမ်းယဉ်ပြီး ဆန်းကြယ်တယ်ဗျာ။ တအိမ်လုံး အလေးပြုခဲ့တယ်ဗျာ...
အစဉ်လေးစား ခင်မင်လျက်..
ဘော်ဂျွတ်ကြီး မိုးမောင်
ကဗျာကောင်းတယ်ဗျို့..
မိုးကြယ်
!!!!!!!!! ပြောင်မြောက်လွန်းလို့  အာမေဋိတ်တွေ အများကြီး ပေးသွားတယ်ဗျို့ ။
တင်ပြပုံ ဆန်းသစ်မှုကို လေးစားပါ၏။
ဒီလို အဆင့်ရောက်ရန်
ကိုယ်ကတော့
လှေကားထစ်တွေ
အများကြီး တက်ရန်
ကျန် သေး သည်......။
လလေးတွေဖတ်ရင်း လျှာခလုတ်တိုက်၊ အပေါ်၊အောက်သွားတွေကြား လျှာလေးကသွေးထွက်၊
ဒါတောင်လလေးက ဂရုမပြုဘဲ တိမ်မြုပ်လို့ ပျောက်သွားတယ်၊ တော်ပြီ လတွေ မဖတ်တော့ဘူး... လျှာနာတယ်
လ လာ လား
လု လူ လူး
လင် လင့် လင်း
လန် လန့် လန်း
လိမ် လိမ့် လိမ်း
လိုင် လိုင့် လိုင်း
လုံ လုံ့ လုံး
လိုက် လုပ် လဲ
လွဲ လွဲ့ လွှဲ
လောင် လောင့် လောင်း
လွယ်လို့လား
လန့်လန် လဲ
လာလည်လိုက်
လေးစားတယ် ဦးနော်ရေ ... ကဗျာလေးကို ဖတ်ပြီး လျှာတွေ ခလုပ်တိုက်သွားတယ်။
လှိုင်းလေ လာလို့ လှေလေးလည်း လူးလိမ့်လို့ ...
လေးစားလျှက်
ရောင်
Post a Comment