Thursday, February 26, 2009

ဧရာဝတီရဲ့ အမှတ်တရအချို့

( Day - 1 )

လွန်ခဲ့တဲ့နှစ်နှစ်က မြန်မာပြည်ကို အလည်ပြန်ခဲ့တဲ့ နေ့လေးတွေကို တမ်းတလွမ်းဆွတ်နေမိတယ်....!! အဲ့ဒီနေ့က ဧရာဝတီရဲ့ကောင်းကင်မှာ တစ်နေကုန် တိမ်တိုက်တွေဖုံးပြီး မိုးတွေကမပြိုပါပဲ အုံ့နေခဲ့တာလေ.. နေလုံးကြီးကို မမြင်လိုက်ရဘဲ အမှောင်တွေ ကြီးစိုးသွားမှာကို ရင်တထိတ်ထိတ်နဲ့ ကင်မရာကိုဆုပ်ကိုင်ထားရင်း ဆုတွေတောင်းလိုက်ရတာ.. ကျွန်မဆုတောင်းလေး ပြည့်ခဲ့ပါတယ်... နေဝင်ချိန်အရောက် တိမ်တွေခပ်ကျဲကျဲ ဖြစ်သွားချိန်မှာ ရိုက်ယူခဲ့တဲ့ ပုံလေးကို ခံစားကြည့်ပေးပါ...။


( Day - 2 )
အပေါ်က ပုံလေးကလည်း ကျွန်မအင်မတန်ချစ်တဲ့ ကျွန်မတို့ရဲ့ ဧရာဝတီပါပဲ... သူ့ရင်ခွင်စီးကြောင်း နံရံမှာ မေးတင်ရင်း အိပ်တန်းတက်ဖို့ နေဝင်ချိန်လေးကို စောင့်နေတဲ့ လှေငယ်လေးတွေပေါ့....။ ကင်မရာက အလင်းရောင်ကြောင့် သူတို့လေးတွေ အနှောက်အယှက်ဖြစ်သွားမှာကို စိုးရိမ်စွာနဲ့ တိုးတိုးလေးရင်ခုန်ရင်း ကျွန်မလက်ဖျားတွေ အေးစက်နေခဲ့တယ်...။ မင်းတို့လေးတွေ လန့်သွားခဲ့တယ်ဆိုရင် ကျွန်မကို ခွင့်လွှတ်ပေးပါနော်..။


( Day - 3 )
အဲ့ဒီညနေရဲ့ နေဝင်ချိန်မှာတော့ ဧရာဝတီကို မိုးထားတဲ့ တိမ်လေးတွေက ရဲရဲဝံ့ဝံ့နဲ့ တောက်ပလို့နေခဲ့တယ်... နေမင်းကြီးရဲ့အလင်းရောင်ကြောင့် တိမ်လေးတွေ လှခဲ့တာလား.. ဒါမှမဟုတ်... တိမ်လေးတွေကြောင့် နေမင်းကြီးရဲ့ အဖိုးတန်မှုကို လောကကြီးက ပိုပြီးတန်ဖိုးထားတတ် သွားတာများလား...!! ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ.. နေမင်းကြီးရယ် တိမ်လေးတွေရယ်ကို ကျေးဇူးတင်ရင်း သူတို့ရဲ့ တောက်ပမှုတွေအတွက် ကျွန်မ လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ခဲ့ပါတယ်..:)

(ခင်လေးငယ်)

မှတ်ချက်။ ။ အလှကြီးမဟုတ်ပေမဲ့ ကျွန်မရဲ့ ကြိုးစားပမ်းစား ရိုက်ချက်လေးတွေကို ခံစားပေးတဲ့အတွက် အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်...။

20 comments:

MANORHARY said...

လွမ်းစရာကောင်းတဲ့ရှုခင်းတွေ...
ဧရာဝတီကို တို့လည်းချစ်တယ်

တောင်ပေါ်သား said...

တီငယ် မလှဘူးတာဆိုတယ် အရမ်းကြိုက်တယ်ဗျာ ပုံလေးတွေကို ကြည့်ပြီး စိတ်က မျောလွင့်နေမိတယ် ကိုယ့်တိုင်းပြည်ကို လွမ်းတယ် တီငယ်ရေ.......


လေးစားလျက်
တောင်ပေါ်သား

Welcome said...

ပရောဖက်ရှင်နယ်တစ်ယောက် ရိုက်ထားသကဲ့သို့ အထားအသိုနဲ့ အလင်းအမှောင်
မျှတလှပါတယ်။ (၃)ပုံလုံးကောင်းတယ်။

Moe Myint Tane said...

ဓါတ်ပုံလေးတွေ အရမ်းလှတယ်မလေးရေ။
ဓါတ်ပုံလေးတွေကြည့် စာလေးတွေဖတ်ရင်း ရူခင်းတွေရဲ့ အလှအပကို ခံစားသွားပါတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

:P said...

အလှကြီး လှပါတယ်အေ

Anonymous said...

မေ့
ပုံလေးတွေကလွမ်းစရာကြီး
လှတယ်မေ့ယဲ့

မိုးသောက်ယံ said...

ဧရာဝတီရဲ့ ဆွဲဆောင် အားကတော့ မပြောတော့ပါဘူး အားလုံး သိနေကြတဲ့အတိုင်းပါပဲ .. :)

ရိုးမြင့်အောင် said...

ဓါတ်ပုံလေးတွေ ကောင်းပါတယ်ဗျာ။ ဧရာဝတီအလွမ်းပြေပေါ့...။

စိုင်းစိုင်းလားရှိုး said...

အမှန်အတိုင်း ပြောရမှာလား ခင်လေး ? ဒီအတွေး၊ ဒီခံစားချက်၊ ဒီယူဆချက်၊ ဂုဏ်ရည်ပြတဲ့ စာအလှက ပုံရဲ့ အလှကို လိုက်မမှီဘူး။ ပုံထဲမှာလေ ခံစားတတ်ရင် ခံစားလို့ရတာတွေ အများကြီးပဲ တော်တယ် ခင်လေး။

Anonymous said...

တကယ်ကို အဖိုးတန်တဲ့ ပုံလေးတွေပဲဗျာ... ရင်ထဲမှာ တစ်ခုခုကို လွမ်းလာသလိုလို.. ဟိ.. ဓါတ်ပုံလေးတွေနဲ့ စာလေးတွေနဲ့ တော်တော်လိုက်ဖက်ပါတယ်..။

Anonymous said...

beautiful... I love Ayarwaddy!

khin oo may said...

fantastic job

ဆောင်းယွန်းလ said...

ကောင်းလိုက်တဲ့ ရိုက်ချက်တွေ...ဓာတ်ပုံပြိုင်ပွဲဝင်ပါလား
ဒေါ်အန်တီမမခင်လေးငယ်ရေ...ဧရာဝတီကိုလွမ်းသွားတယ်

Anonymous said...

ဓာတ်ပုံဆရာမရဲ့ ရိုက်ချက်လှလှလေးတွေလာကြည့်သွားတယ်း) တော်တော်တော်တော် :P

Thinzar said...

ပုံလေးတွေ အရမ်းလှတယ်။ သုံးပုံလုံး ကြိုက်တယ် :)

chanye` said...

ဧရာဝတီရဲ့ စကားပြောသံ..
ဒီအချိန်မှာ မင်း ကြား သိ နိုင်..ပါ... စေ~~
(လေးဖြူသီချင်းလေ သတိရတယ်)

Anonymous said...

သက်မဲ့ဓာတ်ပုံကို စာသားနဲ့ အသက်သွင်းလို့
ဖြေးဖြေးချင်းထလာတဲ့ ၀ိဉာဏ်တစ်ခုက တိုးတိုးလေးလာပြောတယ်
ဧရာဝတီ...ဧရာဝတီ မို့ပါကွာ... တဲ့.

ချစ်ခင်စွာဖြင့်
မသီတာ

ဖိုးဂျယ် said...

ပုံလေးတွေ လှတယ် တီငယ်က ရိုက်တတ်တယ်နော်

Anonymous said...

ရာဇ၀င်များရဲ့ သတို့သမီးကြီးပေါ့...

ခင်လေး..ချယ်မှုန်းပြလိုက်တာ..

လှလိုက်တာ

တားမြစ် ထားသော... said...

အင်း။
မူပိုင်ခွင့်လုပ်ထားတာ ကောင်းမယ်နော်။
လှရင် လူကြိုက်များတတ်သဗျ။

သုခမိန်(E-Journal)