ရွှေရက်ရယ် ရောက်ရှိရေး
ရွက်ရင့်ရော် ရဲရဲရှင်း
ရိုင်းရင်ရိုင်း ရင့်ရင်ရင့်
ရှေ့ရောက်ရင် ရဲရဲရပ်
ရိုက်ရက်ရင် ရဲရဲရှောင်
ရွံ့ရင်ရှုံး ရဲရင်ရှင်
ရည်ရွယ်ရာ ရရှိရေး
ရဲရင့်ရင် ရ..။
ရောင်းရင်းရေ..
ရွှေရက်ရယ် ရောက်ရှိရေး
ရော်ရွက်ရိုင်း ရဲရဲရှို့
ရုန်းရင်ရုန်း ရပ်ရင်ရပ်
ရန်ရှာရင် ရိုးရိုးရှောင်
ရစ်ရင်ရစ် ရမ်းရင်ရမ်း
ရွာရင်ရွာ ရွှဲရင်ရွှဲ
ရှေးရှုရာ ရောက်ရှိရေး
ရည်ရွယ်ရင် ရ..။
ရောင်းရင်းရေ..
ရွှေရက်ရယ် ရောက်ရှိရင်
ရွာရိုးရှေ့ ရွှေရည်ရေး
ရွှေရုပ်ရည် ရွှေရည်ရွှမ်း
ရွှေရိုးရာ ရွှေရောင်ရော
ရွှေရရီ ရွှေရှေ့ရေး
ရွှေရက်ရှည် ရွှေရှာရင်း
ရွှေရောင်းရင်းရေ...
ရွှေရက်ရောက်ရင် ရူးရင်ရူး ရ..။
(ကိုရင်နော်)
22 comments:
အဟား ဦးနော် လုပ်ထားဟ
ရဲရင့်ရင် ရဲရင်ရှင်
ရွံ့ရင်ရှုံး ရဲရင်ရှင် ရန်ရှာရင် ရိုးရိုးရှောင်
အဟား ဦးနော် ကြိုက်တယ်ဗျာ စိတ်ကူးတွေကို တကယ် လေးစားတယ်
ရောင်းရင်းရေ ရဲရဲရွှေ့ဗျာ.....
လေးစားလျက်
တောင်ပေါ်သား
ဒါကတွေ့ရွေ
ရွေ. လှေ ရယ်ပြီးရင် ဘာလာမလဲ။
အိုးဂေါ့...
ကိုရင့် လက်စွမ်းကတော့ လိုက်လိုကတောင်မမှီ
ကော့မန့်တောင် ဘယ်လိုပေးရမလဲမသိ
ရောင်းရင်ရေ့ ရေရေား)
လ ပြီးတော့ ရကောက်....
ပြီးရင်ဘာလာဦးမလဲ.....။
တော်လိုက်တဲ့ ကိုရင်နော်
ကောင်းလွန်းနေတော့ ဘာရေးရမှန်းမသိ
အာ.. လ ပြီးတော့ ရ ပါလား
ရ ပြီးတော့ ဘာရေးဦးမလဲ မသိ...
ဦးနော်တို့တော့ လက်စွမ်းတွေ ထုတ်ပြ
နေလေရဲ့။
:P :P
ငါ... မညာဖူး... ဒီကဗျာကို အရမ်းကြိုက်သွားမိတယ်..
ရိုင်းရင်ရိုင်း ရင့်ရင်ရင့်
ရစ်ရင်ရစ် ရမ်းရင်ရမ်း
ရိုက်ရဲရင် ရဲရဲရှောင်...
အေး မရှောင်ရင်လည်း မရဖူးလေ.. ဟုတ်တယ်...!!
ရှောင်နိုင်မှ ရွှေရက်ရဲ့ အရသာထူးကို..
ခံစားရမှာလေ.... နော်..!!
အေးဟာ... အဲ့ဒီရက်လေး ရောက်ရင်တော့
အပျော်လွန်ပြီး ရူးချင်လည်းရူးပါစေတော့
ရေင်းရင်းရေ... ရူးရင်ရူး ရ....
ငါတော့ ကျေနပ်တယ်...။
ခင်လေး..
ရိုင်းရင်ရိုင်း ရင့်ရင်ရင့်
ရစ်ရင်ရစ် ရမ်းရင်ရမ်း
ရိုက်ရဲရင် ရဲရဲရှောင်...
....................
............ကြိုက်တယ်း)
နောက်ဆက်ရေးဦးနော်
၃၁ပုဒ်လောက်ရေးရဦးမယ် သိလားး)
ရေး တတ်ချက်က
ရက်စက်တယ်
ရ ကောက် ကဗျာလား ကိုရင်ကြီး ၊၊ ရ ကောက်တွေများကြီးပဲ ၊၊ တော်လိုက်တဲ့ ကိုရင်ကြီး ၊၊
ဒီမှာ ဖတ်ရင်းနဲ့ လျှာလိပ်နေပီ၊၊
သတိတရရှိနေပါတယ် သမားတော်ကြီး ကိုရင် ၊၊
သိပ်ကောင်းပါလား ကိုရင်ရေ။ ကိုယ့်ဆရာ ဒါကြောင့်မို့ ပြောတာ။ ကဗျာရေး သင်ရမယ်လို့။ ပညာတွေရှိုမထားနဲ့နော်။ ကောင်းတယ်လို့ ပြောတာထက်ပိုကောင်းနေတယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အိုး ကိုရင်နော် မဟုတ်တော့ဘူး
ကိုရင်ရ ဟားဟား ကိုရင်ရ
ရေးတတ်ပါပေ့ဗျာ...ရွှေရက်ကို ရွှေရင်ဘတ်နဲ့ဖတ်သွားတယ်ဗျို့....ကောင်းမှကောင်း တော်မှတော်ပဲဗျာ...
သိပ်သဘောကျတယ်.......။ရကောက်တွေကိုရှုပ်နေအောင်ရေးထားတာ..။
အရမ်းကိုတော်တာပဲ....။လေးစားပါတယ်.....ဒီလိုရေးတတ်တဲ့အတွက်..။
ရောင်းရင်းရေ
ရဲရဲရွေးလိုက်တဲ့ အသုံးအနှုန်းလေးတွေကို သဘောကျကြောင်းပါ။
သုခမိန်(E-Journal)
လျှာလိပ်သွားတယ် ဖတ်ရင်းနဲ့
:)
စိတ်ထဲကဖတ်ပေမယ့်
လျှာလည်သွားတာပဲ ..( လျှာချာချာလည်.. ခလုတ်တိုက်တယ်လို့  ဆိုလိုတာ ).. ကိုရင်ရယ်..။
ဟာဗျာ။ ရေလည်မိုက်တယ်။ လုပ်ချလိုက်ပြန်ပြီ။ ရကောက်တွေချည်း တစ်ပုဒ်လုံးပေမယ့် ဖတ်ရတာလည်း ချောတဲ့အပြင် အဓိပါယ်လည်း ရှိတယ်ဗျို့ ၊ very great poem!!!
ရွှေရက်ရောင်ရင် ရူးရင်ရူး ရ...ေ၇လည်မိုက်တယ်ဗျာ။
ရေးထားတာလေးရှယ်လိုက်ပါတယ်
မထင်မှတ်ပဲ အိုင်ဒီယာတူနေလို့
အရမ်းသဘောကျတယ်
အများကြီးရှိသေးတယ်
လာကြည့်နော်
ဆင်းရဲသား (နင်းပြား)
ဆည်ကြီးတွေ၊ မြောင်းကြီးတွေ
ဆောက်ပေးလဲ
ဆင်းရဲတွင်းကနက်မြဲ
ဆာလောင်မှုတွေနဲ့
ဆယ်ပြားစေ့ကိုခွာနေလဲ
ဆိုက်ကားသမားအတွက်ကတော့
ဆယ်ပင်သာသာကန်စွန်းစည်းရယ်ပါ
ဆွမ်းတောင်ကပ်စရာမရှိ
ဆံပင်ညှပ်စရာပိုက်ဆံမရှိ
ဆိုင်တွေပေါ်မှာတော့
ဆီတစ်ထပ် သားတစ်ထပ်ပေါ့
ဆေးမရှိတဲ့
ဆောင်း
ဆွယ်တာကလဲမရှိတော့
ဆင်းရဲသားငါ့မှာ
ဆင်းစိုက်စိုက်စိတ်တွေကိုပိုက်ပြီး
ဆာဆာနဲ့
ဆွေးရပြန်တာပဲ
ဆံရစ်ဝိုင်းကလေးတောင်
ဆံတောက်ဖြစ်တော့
ဆတ်စလူးထပြီး
ဆတ်ဖလူးပန်းလေးကိုပန်ကာ
ဆိုင်ရာလူကိုမျှော်တတ်နေပြီလေ
ဆန်းစစနေရယ် ငါ့အတွက်ကျတော့
ဆည်းဆာတောင်ရောက်နေပြီလား
ဆွေးလိုက်တာနော်
ဆန္ဒတွေရယ်ပြည့်ပါတော့လို့
ဆုတောင်းမိပါတယ်
ဆာနေသူအတွက်ကတော့
ဆားနဲ့ပဲစားရစားရပါ
ဆိတ်တို့၊ဆတ်တို့
ဆိုတာ ဂျိုပါမပါတောင်မေ့နေခဲ့တာကြာပြီပဲလေ။ ။
A Chen
7:26 am
21st Feb 2009
Home
Bkk
Posted by chenaddy at 4:26 PM
Labels: ကဗျာများ
ရောက်ရင်း “ရပ်”
ရပ်ရင်း “ရယ်”.
ရစ်ရင် ရစ်.ရိုက်ရင် ရိုက်
ရောင်းရင်း “ရင်ရင်” ရေ
ရဲရဲ ရေး...
အမည်မဖော် လိုသူ
ရွရွ
ပထမဆုံး အပိုဒ်လေးကို ကြိုက်တယ် ဦးနော်။ ရွှေရက် ရောက်ရေး ရဲရဲရင့်ရင့် ခံရမှာပေါ့နော်။
လေးစားလျှက်
ရောင်
Post a Comment