မချုပ်ကြပါနဲ့
အနှောင်အတွယ်တွေကို မုန်းလွန်းလို့ပါ ။
မတားကြပါနဲ့
အတွေးတွေကို လိုရာ လွှင့်နေချင်လို့ပါ ။
မပိတ်ပင်ကြပါနဲ့
စိတ်တွေနောက်ကို စိတ်တွေလိုက်နေချင်လို့ပါ ။
မလိုက်ခဲ့ကြပါနဲ့
တစ်ယောက်ထဲဘဝမှာ နေသားကျနေပြီးသားမို့ပါ ။
နားလည်မှု...
အချစ်...
ဝန်တိုစိတ်...
ပိုင်ဆိုင်လိုစိတ်...
ဂတိ...
စာချုပ်...
လက်မှတ်...
ငြိမ်းချမ်းရေး...
အတိတ်..
ပစ္စုပ္ပန်..
နောင်ရေး...
ဘာတွေလဲ.. ဘာတွေလဲ ကွယ်...!!
မလိုချင်ဘူး
ကိုယ့်အတ္တတွေနဲ့ ကိုယ်တိုင်မွေ့ပျော်နေလို့ပါ ။
မလိုအပ်ပါနဲ့
ကိုယ်တိုင်က အတ္တတွေနဲ့ ထုံချယ်ထားတဲ့ မိန်းမမို့ပါ ။
ဝမ်းနည်းပါတယ်
ကျွန်မတစ်ကိုယ်တည်း ကြေကွဲစွာနဲ့ အတောင်ပံခတ်နေချင်လို့ပါ ။
14 comments:
်အမြဲတမ်းလွတ်လပ်စွာ ပျံသန်းခွင့်ရပါစေ..
ကျနော်ကိုယ်တိုင်လဲလွတ်လပ်စွာ
ပျံသန်းခွင့်ရချင်ပါတယ်
ဒီငှက်က မာန်အပြည့်နဲ့ဝေဟင်မှာ ၀ဲပျံတော့မလိုပဲ ။
နားလည်မှု...
အချစ်...
ဝန်တိုစိတ်...
ပိုင်ဆိုင်လိုစိတ်...
ဂတိ...
စာချုပ်...
လက်မှတ်...
ငြိမ်းချမ်းရေး...
အတိတ်..
ပစ္စုပ္ပန်..
နောင်ရေး...
ဘာတွေလဲ.. ဘာတွေလဲ ကွယ်..!!
အင်းလေး...ဘာတွေလဲ မသိ ရှုပ်၇ှက်ခတ်နေတာပဲ သိမ်းထားလိုက် ဗီရိုထဲမှား) ကျနော်ကတော့  အတောင်တွေတောင်ညောင်းနေပြီး ပျံရလွန်းလို့ မယုံရင်ပုံကိုကြည့် ။
ကဗျာလေး ဖတ်ပြီး ခံစားသွားပါတယ် တီငယ်ရေ
လေးစားလျက်
တောင်ပေါ်သား
ဝမ်းနည်းပါတယ်
ကျွန်မတစ်ကိုယ်တည်း ကြေကွဲစွာနဲ့ အတောင်ပံခတ်နေချင်လို့ပါ ။...
...........
အမရောပဲ ခင်လေးရေ..
ငှက်ဆိုတာ..ကောင်ကင်ထဲမှာဆို
အတောင်ညောင်းလာလို့မှ နား စရာမရှိဘူး..ညီမ
ဖီးနစ်လို လောင်ကကျွမ်းပြီးရှင်ပြန်ထမြောက်ရင်ဖြစ်ဖြစ်
အောက်ချင်းလို အသက်နဲ့ သစ္စာတည်ရင်ပဲဖြစ်ဖြစ်
ကိုယ့်...စိတ်စေရာအတိုင်း..ကိုယ်လုပ်ခွင့်ရတဲ့ ငှက် ဆို...ဒုလ္လဘတရားပဲ..။
အတောင်ပံခတ်သံမှာ...ကြေကွဲနေရင်..လဲ...
နေပျော်တယ်..။
Hello Khinlaynge,
Why you wrote down like that?
:P
ငှက်ငယ်ပျော်ပါစေ။။
အင်း... အပျိုကြီးလေသံပါနေတယ်..
ဒိကဗျာမှာ.............
နေပါ။ နေနိုင်တဲ့လူတွေ တယောက်တည်းနေပါ။
( အားမလို အားမရဖြစ်စွာ... သူတို့များ နေနိုင်လိုက်ကြတာနော် ) :P
မမ... စိမ်းစိမ်းလည်း အဲ့လိုလိုက်နေမယ်လေ :)
ကိုရင်နော်
ချုပ်မထားနဲ့လေ
တားလဲမတားနဲ့
ပိတ်ထားတာကိုဖယ်
မငယ်သွားပါစေ
လိုက်လဲမသွားနဲ့အုံးနော်
ဟိဟိဟိ
ကမ္ဘာနှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်းစောင်းတာ
သူ့ဝင်ရိုးပေါ်မှာ လည်ပတ်နေလို့...
ဒီရေ အတက်အကျ ဖြစ်တတ်တာ
လက ဆွဲငင်တတ်လို့...
နေ့နဲ့ည တစ်လှည့်ဆီရောက်ရှိခဲ့တာ
နေမင်းက အနောက်ဂေါယောကျွန်းကိုဝင်တာ
သဘာဝပါဘဲလေ...
အဲဒီ့ သဘာဝကဘဲ သဘာဝကိုထိန်းကျောင်းတယ်
အရာရာကဘဲ အရာရာကို ချည်နှောင်တယ်
စိတ်ကို စိတ်နဲ့ဘဲ ဘောင်ခတ်ရတယ်
ရွေ့လျားခြင်းဆိုတာလည်း
ရပ်တည်နေတဲ့အရာတွေကြောင့်သာပေါ်ပေါက်တယ်။
တကယ်တော့
လွတ်လပ်စွာ ပျံသန်းခြင်းဆိုတာလည်း
ကောင်းကင်ရဲ့ ဘောင်ထဲမှာဘဲမဟုတ်လား။
ကမ္ဘာမြေရဲ့ ဆွဲငင်အားတွေကို
လွတ်မြောက်အောင် မရုန်းနိုင်သရွေ့တော့
ကျွန်တော်တို့တတွေ ဘောင်ထဲမှာဘဲနေပြီး
ဘောင်ထဲမှာ သေကြရဦးမယ် ။
ကဗျာကောင်းလေးကို စီးမြောသွားပါတယ်။ စကားမစပ် ကျွန်တော့်ဆောင်ပုဒ်
မလေး အတွက် လက်ဆောင်ပေးခဲ့တယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
မယ်မယ် ဘာမှ မစဉ်းစားနဲ့.... စိတ်ချမ်းသာသလိုနေ။ ဟီးး... :)
မခင်လေးရေ...
မာနနဲ့ သိက္ခာ
အချစ်နဲ့ဝန်တိုစိတ်
အတိတ်၊ပစ္စုပ္ပန် နဲ့ အနာဂတ်
အတ္တနဲ့လွတ်လပ်မှုကို ကဗျာချည်ကြိုးနဲ့ သီကုံးပြထားတဲ့
အထီးကျန်ငှက်ငယ်ရဲ့ တောင်ပံ့ခတ်သံ သဲ့သဲ့ ကိုကြားမိပါရဲ့.........ကောင်း၏။ ကြိုက်၏။
ညီမလေးရေ..
ပြောနိုင်တုန်း ပြောထားနော်..
နောင်တတော့ မရစေနဲ့...း )....
ချစ်တဲ့
မမသီရိ
Post a Comment