Wednesday, March 18, 2009

သေသွားသူ သေသင့်သူ


သုံးသပ်သော်..

သူသာ သွေးသောက်၊ သူ သွေးသောက်သူ
သူသာ သွတ်သွင်း၊ သူ သွတ်သွင်းသူ
သူသာ သွန်သင်၊ သူ သွန်သင်သူ
သူသာ သုံးသပ်၊ သူ သုံးသပ်သူ
သူသာ သီးသန့်၊ သူသီးသန့်
သူသာ သိုသိပ်၊ သူသိုသိပ်
သူသာ သေသပ်၊ သူသေသပ်
သူသာ သက်သေ၊ သူသက်သေ..။

သို့သော်..
သူသည် သေးသိမ်၊ သူ သေးသိမ်သူ
သူသည် သော့သွမ်း၊ သူ သော့သွမ်းသူ
သူသည် သေသောက်၊ သူ သေသောက်သူ
သူသည် သုတ်သင်၊ သူသုတ်သင်
သူသာ သတ်သူ၊ သူသတ်သူ..။

သူသည်..
သူသည် သေသူ၊ သေသွားသူ..။

သူသို့..
သူသို့ သင့်သူ၊ သေသင့်သူ..။

သေသွားသောသူ၊ သေသွားသူ..။
သေသင့်သောသူ၊ သေသင့်သူ..။

(ကိုရင်နော်)

31 comments:

Anonymous said...

သို့

သေသွားသူ သေသင့်သူ ...

သွေးသောက်သူ
သွတ်သွင်းသူ
သွန်သင်သူ
သီးသန့်သူ
သိုသိပ်သူ
သေသပ်သူ
သက်သေသူ ..
သေးသိမ်သူ...
သော့သွမ်းသူ ...
သေသောက်သူ
သေသွားသူ
သေသင့်သူ ...

သုံးသပ်သော် ... သိသွားသည် ... ။

(သားသား သဲသဲသန်သန် သတ်သွားတယ် ... အဲလေ
ဖတ်သွားတယ် ... )

သင်သင်သေးသားသွာသင့်
:D

ဆောင်းယွန်းလ said...

တော်တော်ရေးနိုင်ပြီး ရေးလည်းရေးတတ်ပါပေတယ်..
သက်သက်သာသာသွားသူ
သက်သက်သာသာသေသည်
သို့သော်...
သုတ်သုတ်သွားသူသည်
သွက်သွက်သေသည်
သေသေသပ်သပ်သောက်သုံးသူ
သေသေသပ်သပ်သေသည်
သွေးသွင်းသောသူသည်
သေသေသပ်သပ်သုံးသပ်သင့်သည်..
အဟီး..ဘာတွေမှန်းမသိဘူး တွေ့ကရာခြောက်သောင်း လျှောက်ရေးသွားပြီ

Anonymous said...

( သင်သည် ... ဆိုတာလေးကျန်သွားလို့ ထပ်မန့်တယ်ဗျာ ပြန်ပြီး :D )

သို့

သေသွားသူ သေသင့်သူ ...

သင်သည် ...

သွေးသောက်သူ
သွတ်သွင်းသူ
သွန်သင်သူ
သီးသန့်သူ
သိုသိပ်သူ
သေသပ်သူ
သက်သေသူ ..
သေးသိမ်သူ...
သော့သွမ်းသူ ...
သေသောက်သူ
သေသွားသူ
သေသင့်သူ ...

သုံးသပ်သော် ... သိသွားသည် ... ။

(သားသား သဲသဲသန်သန် သတ်သွားတယ် ... အဲလေ
ဖတ်သွားတယ် ... )

သင်သင်သေးသားသွာသင့်
:D

Unknown said...

ကြံကြံဖန်ဖန် တွေးတတ်ရေးတတ်ပါ့ဗျ။
သေသေချာချာတွေးပြီး အပင်ပန်းခံရေးထားမှန်း စာသားတွေ ကြည့်တာနဲ့သိသာတယ်ဗျာ။
သေသေသပ်သပ်နဲ့ သပ်သပ်ယပ်ယပ်ကလေး
သုံးသပ်ပြတာ ကောင်းတယ်ဗျာ။
သုံးသပ်ရင်း တွေးစရာလေးတွေ
ဆင်ခြင်စရာလေးတွေ ရသွားတယ်။
လျှော့သောက်မှ.....:D

ကောင်းကင်ပြာ said...

သေသေသပ်သပ် ရေးထားတာကို သေသေချာချာ ဖတ်သွားတယ်နော်

Anonymous said...

သေသွားသူ သေသင့်သူ ကို သီးသန့် သုံးသပ် ဖတ်ရှု့သွားပါသည်။

ကြည်

Phyo Maw said...

ဖတ်မိလို့ တွေးမိပါရဲ့...

MANORHARY said...

သေချင်ပါတယ်ဆိုမှ....သူကသွန်သင်နေသေးတယ်း)

WWKM said...

သေသောသူသည်သုဿန်သို့သွားသည်.....း)

လေသွားသည်. ခွီးး

Anonymous said...

သေသောသူသည် သုတ်သန်သို့သက်သက်သာသာသွားသင့်သည် .........

ဘာမှဆိုင်ဘူး အငယ်တုန်းက ပြောခဲ့တာတွေသတိရလို့း)

အိုင်လွယ်ပန် said...

ရင်ထဲသို့ ....

သေသေသပ်သပ် သိမ်းသွင်းသွားသည် :)

ကြိုက်တယ် ကိုရင်နော်ရေ ...

ကောင်းသောနေ့ပါဗျာ .....

Anonymous said...

တစ်လုံးကဗျာတွေအားလုံး ဖတ်ကြည့်တာ ကြိုက်တယ် ကို၇င်နော်ဆိုတာ စကားလုံး တော်တော်ကြွယ်တဲ့သူဘဲ
လေးစားပါတယ်

ZT said...

သွပ်...သွပ်...သွပ်

သမိန်ပေါသွပ် လက်သုံးစကား

တောင်ပေါ်သား said...

သေသင့်သောသူ သူသာသည် သေသင့်သောသူ သူသူသာ သားသားသူ

Anonymous said...

မိုက်တယ် အတွေးလေးက ..

ကိုရင်ညိန်း said...

ပေါသွပ်လိုပဲရယ်တော့မယ်
သွပ်..သွပ်...သွပ်
:D

:P said...

သေသောသူ သန်းသန်းသည် သုသာန်သို့ သက်သက်သာသာ
သွားသေသည်။

Anonymous said...

သောက်သောသူ
သေသည်....

သောက်..သောက်.. များများသောက်နော်..
ပိုက်ပိုက်လိုရင်ပြော... ၂ဆတိုးနဲ့ ချေးမယ်..
ရေဆေးငမူး.... ရေ

ဒါမှ... မြန်မြန်ကြွမှာ... သွပ်..သွပ်..သွပ်

ပုံ/
ချစ်လှစွာသော ငဘော်..
ခယ်လေးလေးငင် :P

NangNyi said...

သ သာ သိ သီ သု သူ သေ သဲ သော့ သော် သံ သား

Kaung Kin Ko said...

သိသွားသည်။

WWKM said...

ဟဟ.. မခင်လေးရေးထားတာ အကြိုက်ဆုံးပဲ..

သောက်သောသူ
သေသည်။ :P

ပြန်ဖြည့်ပေးခဲ့ဦးမယ်နော်...

“သိုသိုသိပ်သိပ် သောက်သောသူ ၊သိသိသာသာသောက်သောသူသည် သက်သက်သာသာ သေသည်။ သွပ်..သွပ်..သွပ် ”

ပုံ
သံသာသေးသေးသွင်

ဟေးးးး ပြေးပြီး

တားမြစ် ထားသော... said...

စာလာဖတ်ပါတယ်။
မဖတ်ရသေးတာတွေ အတော်များများကို ဖတ်သွားတယ်။ ဒီနေရာမှာပဲ အားလုံးကို မန့်လိုက်မယ်။
စာလာဖတ်ရကြိုး နပ်လေရဲ့။

သုခမိန်(E-Journal)

Moe Myint Tane said...

မိနော် မိနော်

"သ" နဲ့သုံးသပ်ပြသွားတယ်။ သွန်သင်သွားတယ်။ သေသင့်သူတွေ သေသွားကြတယ်။ သွားသင့်သူတွေ သွားကြတယ်။ သေသူနဲ့ သွားသူမှာ သောက်သုံးသူ မဖြစ်ဘို့တော့လိုတယ်။ အတွေးလေးနဲ့ အရေးလေးကို ချီးကြူးပါတယ်။

မြန်မာစကားမှာ ရှိတယ်။ ဏဘယံ ဘေးမရှိတဲ့။ နင်"ဏ" ကို ဘယ်လိုစပ်မလဲ စောင့်ကြည့်မယ်။

မိနော် သိပ်လန့်သွားသလား။ မလန့်ပါနဲ့အေ။ အချွန်နဲ့ မယုံလေးပါ။ ဟဲ ဟဲ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Anonymous said...

သိုသိုသိပ်သိပ် သိပ်သိပ်သည်းသည်း သီးသီးသန့်သန့် သေသေသပ်သပ် သိသိသာသာ သည်းသည်းသန်သန် သုံးသပ်သွားသည်။

GreenGirl said...

အားးးးးးးးးးး လက်ဖျားရော၊ ခြေဖျားရော ခါသွားပြီ ကိုရင်နော်...
ကိုမိုးမြင့်တိမ်ကတော့ မ သွားပြီနော်.. :P

Anonymous said...


ဖတ်မိတဲ့ ကျွန်တော်မျိုး ဘဲ“သေသင့်တယ်”...

ကိုရင် ရေကြည့်လုပ်ဦး.

တစ်လုံးကဗျာဆရာ

တစ်လုံး Blogger မိုက်သေးဘူးနော်...

(တစ်ပိုင်းလောက်ဆိုတော်ရောပေါ့)

(နာမည်ပေးတာ မဟုတ်ဘူးနော်. နာမည် “တပ်တာ”) :P

စတာပါဗျာ...

ရေးလည်းရေးတတ်ပါ့ “ကိုရင်” ရယ်.

မချီးကျူးဘဲ မနေနိုင်ပါဘူးဗျာ...

ကြိတ်လိုက် ကိုရင်ရေ.

မိုးခါး said...

အရမ်း အရမ်း မိုက်တယ်း))) ထပ်ရေးပါဦး .. စောင့်မျှော်နေပါ၏

မမသီရိ said...

သ update လေး လာအားပေးပါတယ် မောင်လေးရေ

ညီအကိုများ said...

သောက်သင့်သည်..
သောက်သွားသည်..

ဟားဟားဟား... ကောင်းတယ်ဗျို့..

မိုးကြယ်

Anonymous said...

ပေါ့ပေါ့ပါးပါးပြုံး၊ ပေါ့ပျက်ပျက်ပြော၊ ပြူးပြူးပြဲပြဲ ပြူးပြူးပြာပြာပါပြုပြီး ပျော်ပျော်ပါးပါးပြန်ပါပြီ။ ပြွတ် ပြွတ် ပြွတ်...။

Anonymous said...

သူတို့ သေသင့်တယ်ဆိုလို့ သေကိုမသေနိုင်သေးဘူး။း))

ဟီး မသိဘူးနော်

လေးစားလျှက်
ရောင်