သူ့ကို မြင်တာနဲ့ ကျွန်တော် အလန့်တကြား သိလိုက်ပြီ.. “ကဝေမ” တစ်ယောက်ဆိုတာ... သူကျွန်တော့်ကို ပညာတွေစပြတယ်.. ၁၂ကြိုး.. ၁၃ကြိုး.. ၆ကြိုး.. ၅ကြိုး... အိုး.. ဟို့..!! အကုန်စုံသွားတာပဲ.. ကျွန်တော် စောင့်ကြည့်ရင်းနဲ့ ကြက်သီးတွေ ထနေတယ်.. သူကြိုးလွဲသွားမှာကိုလေ..။ ဘယ်ရမလဲ ကျွန်တော်လည်း ဒါမျိုး မကြောက်လို့ ဒီလိုအချိန်မှာ ရွာရိုး ထွက်လျှောက်လာတာပဲ မဟုတ်လား..!! ကျွန်တော်လည်း ဒီလောကသား ဆိုတာကို သူသိပုံမရဘူး.. ဒါပေမယ့် သူနဲ့ ကျွန်တော်က လိုင်းတော့မတူဘူး..။ အထီးကျန်ကျန်နဲ့ ထွက်လာတာတော့ တူပုံရတယ်..။
ကျွန်တော်က ၁၇ ကို ဘောင်တက်ထားတဲ့ သေသူဖြစ်နေပြီးသား.. ဒါပေမယ့် သူ့ကို ကျွန်တော် အလစ်မပေးရဲဘူး..။ သူက မျက်လုံးတောက်တောက်တွေနဲ့.. ကျွန်တော့်ဝှက်ဖဲကို စိတ်ဝင်စားနေတယ်.. ကျွန်တော်ကတော့ သူ့ရဲ့မှောက်ထားတဲ့ တစ်ချပ်ကို မှန်းထားပြီးသား..။ မရည်ရွယ်ပါဘူး.. စိန်ခေါ်သလို အကြည့်တွေနဲ့ စလာလို့ ကျွန်တော့်ဝှက်ဖဲကို လှန်ပြလိုက်တယ်ဗျာ..။
သူ စက္ကန့်ဝက်လောက် အသက်ရှူ ရပ်သွားတယ်.. ဘာများဖြစ်နိုင်လဲဆိုပြီးပေါ့..!!
ကျွန်တော် ဝှက်ထားတဲ့ ကျွန်တော့်ရဲ့ Queen ကို ကြည့်ပြီး.. ပထမ သူပြုံးတယ်.. နောက်.. ဟက်ဟက်ပက်ပက် အော်ရယ်ရင်း သူ့ King တစ်ပါးကို ခပ်ကြွားကြွားလေး လှမ်းပြတယ်..။ သေနေသူချင်း အတူတူ နောက်ဆုံး သူကိုယ်တိုင် ဝန်ခံသွားခဲ့တယ်.. Queen ဖြစ်မယ်လို့ သူ.. ထင်မထားခဲ့ပါဘူး တဲ့..!! သူ့ပညာ မြင့်မမြင့် မသေချာပေမယ့် လုံးဝမနိမ့်ဘူးဆိုတာ ကြောက်ခမန်းလိလိ ကျွန်တော်သိနေပြန်တယ်..။
ကျွန်တော့်ကိုလည်း သူ့သားကောင်ဖြစ်အောင် တခြားနည်းတွေပြောင်းပြီး အမျိုးမျိုး ပညာစမ်း ဖမ်းစားနေသေးတာ.!! သူ့ရဲ့ ရာဇဝင်ကို ကျွန်တော့်အာရုံနဲ့ မသိမသာ ခိုးကြည့်တော့.. ဟိုက်ရှားဘားးး.. မနည်းပါလား..!! သူ့စက်ကွင်းမှာ မိလို့ ခစားနေကြတဲ့ သူတွေ.. ကျွန်တော်လည်း ပါမသွားအောင် သတိနဲ့ အသက်တွေရှူပြီး ရင်တလှပ်လှပ် စောင့်ကြည့်နေခဲ့ရတယ်..။ တစ်ချက်မှ အလစ်ပေးလို့မရသလို ခြေချမှားလို့ မဖြစ်ဖူးလေ..။
ဒီလိုနဲ့ ညသန်းခေါင် အချိန်ဟာလည်း နက်သထက် နက်လို့လာပြီ ကျွန်တော်ပြန်ရတော့မယ်.. စကားစကိုဖြတ်.. လက်ပြ နှုတ်ဆက် ပြန်ခဲ့တယ်..။ ဘာလို့ မှန်းမသိဘူး လေတစ်ချက်ချွန်လို့ ကျွန်တော်ပျော်ပြီး ပြန်ခဲ့တယ်..။ အပြန်လမ်းမှာ လွတ်အောင် ရုန်းခဲ့နိုင်တာလား..!! ငြိတွယ်ကျန်ခဲ့တာလား..!! ဝေဝေဝါးဝါးတွေးရင်း ကျွန်တော့်အာရုံမှာ ကဝေမ ကပ်ပါလာတယ်...။ ဘယ်လိုပဲဖြစ်ဖြစ် လွတ်တော့ လွတ်မြောက်လာပြီ ဆိုတဲ့ အသိနဲ့ အသက်ကို တစ်ဝကြီး ရှူရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ချလိုက်တယ်...။
“ဖြတ်” ကနဲ မျက်လုံးကို ဖွင့်လိုက်တော့ ကျွန်တော့် တစ်ကိုယ်လုံး တဆစ်ဆစ်နဲ့ နာကျဉ်ကိုက်ခဲလို့..။ နာရီကို ကြည့်လိုက်တော့ မနက် ၉း၃၀..။ “ဟိုက်..!! သွားပြီ... အလုပ်သွားဖို့ နောက်ကျနေပြီ..” ကျွန်တော် အလန့်တကြား ရေရွတ်ရင်း ပြုံးလိုက်တယ်.. ကျွန်တော် မနေ့ညက ကဝေမ တစ်ယောက် အကိုက်ခံခဲ့ရတာပါလား..!!
သေချာတယ် ကျွန်တော့်စိတ်တွေ တစ်ချက် ပါသွားခဲ့ပြီ...
အဲ့ဒီ က.. ဝေ.. မ.. ဆီ.. ကို....။
(ခင်လေးငယ်)
14 comments:
first
အိမ်အပြန်လမ်းမှာ ပျော်ရွှင်ခဲ့ရတာ ဖြစ်ပါလိမ့်မယ်။ (သားကောင်မဖြစ်အောင် ပြန်ပြီး ပညာပြနိုင်ခဲ့တယ်မလား တီငယ်ရ) ဒီက ကဝေလေးတော့ ရူးနေပြီ ကြိုးတွေ များပြီးတော့ပေါ့ ဟဲဟဲ
လေးစားလျက်
တောင်ပေါ်သား
ခင်လေး
ကဝေတွေချည်းပါပဲလား...
မနော်
အော့ အော်
လက်စသတ်တော့ ကဝေတွေ ချိန်းပြီး ဖဲရိုက်တာကိုးး
ဟားးဟားး
ခင်လို့ဝင်နောက်သွားတယ်ဗျာ။။
ဖဲရိုက်ချင်တဲ့ ကဝေ :P
ခင်လေးရေ...
အချိုးပြောင်း
အောက်အိမ် ခဏခဏ “ဒေါင်း” နေတယ် :-)
Jack, King, Queen
ပါဂနာ(♠.♥.♦.♣)
ခုတလော ကဝေတွေ တစ္ဆေတွေ ဖြစ်နေပါလားဗျို့...။
ကဝေနှစ်ကောင်ကြားမှာ မျက်စိတွေတောင် ဗျာများသွားတယ် ညီမခင်လေးငယ်ရေ
This is a nice post that I ever seen about KA WAE.
Keep writing Ma Khin Lay Nge
ကဝေကိုက်တဲ့ဆောင်းတစ်ည ကို
ကြိုက်တယ်ဗျာ။။။
ထပ်စောင့်နေပါတယ်။
မှတ်ပြီလား..
အလေလိုက်တာနဲ့
ကဝေ ကိုက်ခံရတာပဲ
တိုက်ဆိုင်လိုက်တာ မလေးရေ..
ကျွန်တော်လည်းဟိုတစ်လောက ကဝေအကိုက်ခံရတယ်။
အဲ..သူကဖဲတော့မရိုက်ဘူး။ ပါးရိုက်တမ်းဆော့မယ်ဆိုလို့
ဘယ်ပြောကောင်းမလဲ သူတစ်ချက် ကိုယ်တစ်ချက်ဘဲ။ မနက်လင်းတော့ ပါးတွေရောင်ကိုင်းနေတာနဲ့ ရုံးမသွားနိုင်ဘဲ M.C ယူလိုက်ရတယ်။ ဟီး ဟီး။
(ခင်မင်သဖြင့်စနောက်ခြင်းအား စိတ်မဆိုးသောသူသည် မိတ်ဆွေကောင်းမည်၏ )
အခုအတည်ရေးမယ်နော်..
အရေးအသားသိပ်ကောင်းတယ်။ တိုတိုလေးပေမယ့် ဖတ်လို့အရမ်းကောင်းတယ်။ ထိရှချက်ပြင်းပြတဲ့ ကဝေကိုက်တဲ့ ညလေးတစ်ညအကြောင်းကို ဖွဲ့ထားတာလေး ပီပြင်ပြောင်မြောက်တယ်။ နောက်ထပ်ဘယ်လို ၀ှက်ဖဲတွေထပ်လှန်ပြမယ်ဆိုတာ စောင့်ဖတ်မယ် မလေးရေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကဝေတစ်ကောင်သို့နဲ့
ကဝေကိုက်တဲ့ဆောင်းတစ်ည ...နှစ်ခုပေါင်းပြီး ချယ်လိုက်သင့်တယ်။ ကောင်းတဲ့ ဝတ္ထုတိုတစ်ပုဒ် ဖြစ်လာမှာဗျ။
သုခမိန်(E-Journal)
မမခင်လေး.........
ကဝေနဲ့ပညာစမ်းခဲ့တယ်ပေါ့.....
ဘာတွေဆက်ဖြစ်မလဲ ဖတ်လိုက်ရတာ မောတောင်မောတယ်..
လွတ်အောင်ရုန်းပြီး ငြိတွယ်ကျန်ခဲ့တယ်... :P
Post a Comment