Thursday, June 25, 2009

ကိုရင်နော် >> Begins << ခင်လေးငယ်


ကျနော်တို့ နှစ်ယောက်ရဲ့ ရန်ပွဲကို မတွေ့တာကြာတော့ ဒီနှစ်ယောက် ငြိမ်ချမ်းရေး ရနေတယ်လို့ ထင်ရင်လည်း ထင်နေကြမပေါ့..။ တကယ်တော့ မတွေ့ဖြစ်ကြလို့ပါ.. တွေ့လို့ကတော့ သတ်ပြီးသားပဲ..။

အခုတော့ (ကို) ဟန်သစ်ငြိမ် Tag တာနဲ့ ရန်ဖြစ်ချိန် မရှိပါတဲ့ ခင်လေးနဲ့ ကျနော်.. ရန်ဖြစ်ဖို့ အကြောင်းက ဖန်လာပြီပေါ့..။ အခုလို ပွဲသွင်းသူ ရှိလေတော့ နှစ်ယောက်သား တယ်လီဖုန်း ကြိုးဝိုင်းပေါ် တက်ခဲ့ကြတော့တယ်..။

“Hello..!! ဟဲ့.. ခင်လေး..”>>>><<<<“ဘာတုန်း..”

“ဟေ့.. နင့်ကို အလာကားခေါ်တာ မဟုတ်ဘူး.. ကိစ္စရှိလို့..”
“ဘာ ကိစ္စလဲ.. ငါမအားဘူး.. နောက်မှ ပြော..”

“မအားလို့ မရဘူး.. ဟိုမှာ ဆြာဟန် လာတဂ်ထားပြန်ပြီ..”

“ဟမ်..!! ဟုတ်လား.. အေး.. နင်ရေးလိုက်..”

“ဟ ဖြစ်မလားကွ.. ဒါ နှစ်ယောက်လုံးနဲ့ ဆိုင်တယ်.. ငါတို့ နှစ်ယောက်လုံးကို တဂ်ထားတာ..”

“ဘာကို တဂ်တာမို့လို့လဲ.. အရင် သူတဂ်ထားတာ တစ်ခုတောင် အကြွေး မကြေးသေးဘူးမလား..”

“အေးး.. အရင် အကြွေးက အသာထား နောက်မှ အတိုးပေးလိုက်မယ်.. အခုဟာ အရင်ရေးရမယ်..”

“မြန်မြန်ပြော ငါ အချိန်မရဘူး.. ဘာ Tag တာလဲ..”

“သူ့ခေါင်းစဉ်က ĦaN … ŦhIt … ИψΣim ... Begins တဲ့.. ဟ”

“အမ်..!! ဘာရယ်.. ဟန်သစ်ငြိမ် ဘီကနီ.. ဟတ်လား.. ဟုတ်ရဲ့လား ဟဲ့.. ဟန်သစ်ငြိမ် ရေကူးဝတ်စုံ..”

“အာ.. အရူးမ.. နားကလည်း ထိုင်းလိုက်တာ.. ဘီဂင်းစ်စ်စ် ဟဲ့ Begins.. Bikini မဟုတ်ဘူး... ခက်တာပဲ..”

“အော်.. ဘီဂင်းစ်စ်..”
“နင်က ယုံရတာ မဟုတ်ဘူး.. မျက်မှန် အထူကြီး တတ်ပြီး မမြင်မကန်းနဲ့ တလွဲတွေ ဖတ်နေသလားလို့.. နေစမ်း ငါ ဖတ်ကြည့်ပါဦးမယ်..”


ခင်လေးတစ်ယောက် “ချပ်၊ ချပ်၊ ချပ်၊ ထပ်၊ ထပ်၊ ထပ်၊ ထပ်၊ ကျလိ… ကျလိ… ကချက် ကချက်..” နဲ့ ကီးဘုတ်ကို ရိုက်ပြီး ဆြာဟန်ရဲ့ အိမ်ကို ဝင်နေတယ် ထင်ပါတယ်.. (ကိုဟန်သစ်ငြိမ် ရေးသလို လိုက်ရေးထားတာ ဟီးးး )


“ဟေ့ယောင် မြန်မြန်ဖတ် ဖုန်းခ ဈေးကြီးတယ်..”
“အေးပါ.. နေဦး.. ငါက အချိန် မရပါဘူးဆို.. ဒီ.. ဆရာ့ ဘလော့က.. စာလုံးတွေက ဇောက်ထိုးတွေ..”

“အာ.. အဲ့ဒါ ဇောက်မထိုးဘူး Unicode 5.1 နဲ့ ရေးထားတာလေ.. ဇော်ဂျီဝမ်း ပြောင်းလိုက် အပေါ်ဒေါင့်မှာ ပြောင်းတဲ့ဟာ ရှိတယ်..”

“ငါသိပါတယ်... လျှာမရှည်နဲ့ နေဦး ဖတ်အုန်းမယ်..”

ခင်လေးလည်း ဝရူး.. ဝရူး.. ဝရူး.. နဲ့ စာတွေ ဖတ်နေလေရဲ့

“အော်.. ဘလော့ ဘယ်လို စရေးဖြစ်လာသလဲ.. ဆိုတာကို ရေးခိုင်းတာဟ..”

“အေ.. ငါလည်း အဲ့လိုတော့ ထင်သား.. ဒါဆို.. ငါတို့ဘလော့ ဖြစ်တည်မှုပေါ့.. ဟဲဟဲ”

“အေ.. ဟုတ်တယ်.. နင်ရေးလိုက်တော့.. ငါ ဒိုးရတော့မယ်..”

“ဟ.. ဟေ့ယောင်.. မလုပ်နဲ့.. နင်ရေးလိုက်.. ငါလည်း မအားဘူးဟ.. ဒီမှာ တန်းလန်းကြီး..”

“မသိဘူး မသိဘူး.. နင်ရေးလိုက်.. ပြီးရင် တင်လိုက်..”

“ဟ.. ငါက အခု ဒီမှာ ကျနော်လူဆိုး (၇) ရေးလက်စ.. တန်းလန်းကြီးဟ.. နင်ရေး.. ”

“ငါပြောပြီးပြီ ငါမအားဘူးလို့ ဒီလကုန်ထိ ငါအားမှာ မဟုတ်ဘူး.. ဒါဘဲ.. ဒါဘဲ.. နင်.. ရေးလိုက်တော့..”

“ကလုံ” ဆိုပြီး တယ်လီဖုန်းကို ချသွားလေရော..

“သေနာမ..!! ပြောမပြီးသေးဘူး ဖုန်းကိုချသွားပြီ.. နောက်ဆုံးတော့ ငါ့ခေါင်းပဲ..”

အဲ့ဒီလိုပါပဲ ခင်လေးက အလဲ မထိုးနိုင်တော့ အရှုံးပေးပြီး အနိုင်နဲ့ ပိုင်းပိုင်းသွားရော..း)..။
နောက်ဆုံတော့ ဒီကောင်ပဲ ရေးရတာပါပဲ..။ ပြောပြမယ်.. ဒီလို... ဒီလို....

ဘယ်လိုကနေ ဘယ်လို ဘလော့ စရေးဖြစ်တာလဲ ဆိုတော့..!! ဒါက ဒီလိုပါ.. ဘလော့ စရေးတယ်ဆိုတာထက် လက်တည့်စမ်းတာပေါ့ဗျာ..။ ဘလော့တွေ ဖတ်ဖတ်ပြီး သိုင်းတတ်ချင်လာတယ်. ဟီးး.. (ခေတ်ကာလကလည်း တွန်းအားပေးနေတဲ့ အချိန်ပေါ့) အဲ့ဒီမှာတင်.. စာရေးချင်တဲ့ စိတ်တွေ ကလည်း နိုးထထိုးဆွလာတော့.. ရေးမယ်ဟေ့.. ဆိုပြီး.. ဘယ်လို စလုပ်ရမယ်ဆိုတာကို ရှာလိုက်ဖွေလိုက်တာ ဘလော့ဂါ ဘိုးဘိုးကြီးတွေရဲ့ ဘလော့ဂါ သိုင်းကျမ်းကြီးတွေ၊ ကျင့်စဉ်တွေ.. လက်ဝယ်ပိုင်ပိုင် ရလာပါလေရော.. ဒါနဲ့ နေ့ မအား ည မနား.. လေ့လာဆည်းပူးလိုက်တာ အရိုးပြိုင်းပြိုင်းထ မျက်တွင်းတွေ ဟောက်ပက်ကျတဲ့ အထိပါပဲ..။

စရေးတော့ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း စမ်းရေးနေတာ.. စာတိုလေးတွေ၊ ကဗျာတိုလေးတွေ၊ ပေါက်ကရ ဟာသလေးတွေ.. သရော်တော်တော်လေးတွေ.. လျှောက်ရေးတာပေါ့..။ ကျောင်းတုန်းက ရေးခဲ့တာလေးတွေကိုလည်း ဘလော့ စာမျက်နှာပေါ် ပြန်တင်တယ်..။ အသိထဲကဆို ဘယ်သူကိုမှတော့ မပြဖြစ်ဘူး..။ တစ်ရက် ခင်လေးနဲ့ ဖုန်းပြောဖြစ်တော့ ဘလော့အကြောင်း ပြောပြလိုက်တယ်.. (အဲ့လို.. အဲ့လိုပဲ.. ငါတော့ ဘလော့ ရေးနေတယ်ပေါ့.. ဘာညာ..)..။ ကျနော်က သိတာကိုး.. သူလည်း အရူးဆိုတာ.. အဲလေ.. စာရူးဆိုတာ..။ သူလည်း ငယ်ငယ်တုန်းက တောင်ရေး မြောက်ရေး ကဗျာတိုလေးတွေ ရေးရေးနေတာလေ..။ ကျောင်းက ကဗျာ ပြိုင်ပွဲတွေ စာစီစာကုံးပြိုင်ပွဲတွေဆို သူထိပ်ဆုံးက အမြဲပါပေါ့..။ ကြက်ကန်းဆန်အိုးတိုး ဆိုသလို ဆုတွေဘာတွေကလည်း ရတတ်သေးတာ..။ အဲ့ဒီအချိန်ထဲက ကျနော်က သူ့ကဗျာတွေကို လိုက်ဖျက်နေကျ (သတ်ပုံမှားတွေ လုပ်ရေးပြီး ဖျက်တယ်၊ စကားပြေ ပြန်ပြီး ဟာသလုပ်တယ်.. အဲ့လို အဲ့လို..) ပေါ့..။ အခုလို ဘလော့ ပေါ်မှာ ရေးလို့ ရတယ်ဆိုတော့ သူကလည်း စိတ်ဝင်စားတယ်လေ..။ ဒါနဲ့ သူလည်း ရေးမယ်တဲ့.. (အရှည်ကြီး ပြောပြမနေတော့ဘူးနော်..းP..) ဒီလိုနဲ့ ဒါဆိုပြီးရော.. နှစ်ယောက်ပေါင်းပြီး ရေးကြမယ် ဆိုပြီး.. ဘလော့ အသစ်စလုပ်တာ.. (ကိုဟန်သစ်ငြိမ် ကို ကိုသင်္ကာကြီး က “ကချပ် ချပ် ချပ်” နဲ့ လုပ်ပေးလိုက်သလိုမျိုး) ဘလော့ တစ်ခု လုပ်လိုက်တာ တစ်ရက်လောက်ကြာတော့ http://www.koyinnawkhinlaynge.blogspot.com/ ဆိုပြီး ဟိုလိုလို ဒီလိုလိုနဲ့ ဘလော့ တစ်ခု ဖြစ်လာလေရော..။

ဘာလို့ ကိုရင်နော်ခင်လေးငယ် ဆိုပြီး နာမည်နှစ်ခုကို ဆက်ပြီး ပေးထားတာလဲ ဆိုတော့..!! ဒါက ဒီလိုရှိပါတယ်.. ဒါကလည်း တော်တော်ကို ရန်ဖြစ်ပြီးမှ ဖြစ်လာတဲ့ နာမည်ပါ.. သိချင်ရင် ဒီမှာ အလကား ဖတ်..း)..။

ပေါ့ပေါ့ပါးပါးစာအတိုအစလေးများ ဆိုတာကတော့ အနက်ဖွင့်လိုက်ရင်.. ပေါ့ပေါ့ပါးပါး တိုတိုတုတ်တုတ် စာတိုလေးတွေလို့ အဓိပ္ပါယ် ရမယ်ထင်ပါတယ်.. (ဟီးးး ရှင်းနေတာကို ထပ်ရှင်းနေသေးတယ်..) ဆီမပါ၊ ဆားမပါ.. “ပေါ့တီးပေါ့ရွတ်” လို့ ယူဆမယ်ဆိုရင်လည်း ရပါတယ်လေ..။ အခုသာ ရေးလိုက်ရင် စာဖတ်သူ စိတ်ညစ်လောက်အောင် ရှည်လျားတဲ့ ပိုစ့်တွေ ရေးဖြစ်နေပေမယ့်.. စစချင်းရေးတဲ့ ပထမဆုံး ပိုစ့်ဆိုရင် တိုတိုလေးရယ်.. ဘယ်လောက်တောင် တိုသလဲဆို ရင် (၃) လိုင်းပဲ ရှိတယ်..းP ခေါင်းစဉ်က “ရှေ့သို့တိုးရန်” တဲ့..။ ကျနော် ရေးတာပါ..။ ကော်မန့်ကတော့ အားရစရာပါပဲ တစ်ခုတဲ့.. ဟီးးး..။ ပေးတာကလည်း တခြားလူမဟုတ်ပါဘူး.. ဟို မကောင်းဆိုဝါးမ ခင်လေးငယ်..။ အဲ့ဒီ ပထမဆုံး ပိုစ့်မှာကိုက သူရန်လာစတယ်ဆိုတာ ထင်ရှားပါတယ်..။ ပရိတ်သတ်ကြီး မယုံရင် ဒီမှာ ဖတ်ကြည့်ကြပါကုန်..။

အဲဒီလိုနဲ့.. ကျနော်တို့ ဖြေးဖြေးမှန်မှန်ပဲ နားနားပြီး ချီတက်ကြတာပါ..။ သူအားရင် သူရေးတယ်.. ကျနော် အားရင် ကျနော် ရေးတယ်..။ ဘလော့နဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေကတော့ အမျိုးမျိုးပါပဲ... ထူးထူးခြားခြား ရန်ဖြစ်ခဲ့ရတာ တစ်ခု ရှိသေးတယ်.. သူဘယ်လောက် စိတ်ပုပ်လဲဆိုတာ မပြောတော့ဘူး.. သိရအောင်လို့ ဒီမှာ သာဖတ်ကြည့်ကြပါ..။

အဲ့ဒီလို စာရေး ကောင်းနေတုန်း.. “တူး..တူး..တူးးးတူးးး” ဆိုပြီး ဖုန်း မြည်လာလို့ ကိုင်လိုက်တော့ ခင်လေးငယ် ဖြစ်နေတယ်..

“HELLO..!!”
“ဟဲ့.. သေနာ.. ငါနင်ရေးနေတာတွေ Draft ကနေ ဝင် ဖတ်ပြီးပြီ.. နင့်ဟာက Tag ပိုစ့် ရေးနေတာလား ငါ့ မကောင်းကြောင်း ရေးနေတာလား.. ဟမ်..”

“အမယ်.. အမယ်.. ငါ့ကိုများ ရန်လာထောင်နေ.. နင့်ကို ပြောသားပဲ နင်ရေးးးးး..လို့.. ငါရေးရင်တော့ ငါရေးချင်သလို ရေးမှာပဲ.. ငါရေးနေတာ အဖြစ်မှန်တွေ..”
“မသိဘူး.. အဲ့လို မရေးနဲ့.. ရိုးရိုးပဲရေး..”

“ဟ.. နင့်ဟာက ဘာတုန်းဟ.. နင်ရေးဆိုတော့လည်း မရေးဘူး.. ငါရေးနေတော့လည်း ဆရာ လာလုပ်တယ်.. မသိဘူး.. ဘာမှ လာမပြောနဲ့.. ငါအခု ဒီပိုစ့်ကို တင်မှာ..”
“ကလုံ”.. ဆိုပြီး ဖုန်းကိုချပလိုက်တယ်.. (ဟဲဟဲ.. ဘာရမလဲ ကလဲ့စားချေတာလေ..း)

(ဘယ်နားရောက်သွားပါလိမ့်...!! အော်..) အဲ့ဒီလိုနဲ့ အရှိန်လေးရလာတော့ ဘလော့မိတ်ဆွေတွေလည်း များလာပါတယ်..။ နောက်တော့ စာဖတ်သူတွေပါ ရှိလာပါတယ်..။ အင်းးး.. များလာဆို ဘလော့ရွာထဲမှာ မတည့်အတူ ရေးနေကြတဲ့ ကျနော်တို့ နှစ်ယောက်ရဲ့ ရန်ပွဲကို လာလာအားပေးကြတာကိုး..။ အဲ့ဒီလို စာလာဖတ်တဲ့ စာဖတ်သူတွေထဲမှာ “ကလေးလေး” ဆိုတဲ့ နာမည်နဲ့ ဆီပုံးမှာ စာတွေ လာလာရေး.. စာတွေ အမြဲလာလာဖတ်တဲ့ ချစ်ခင်စရာ ကောင်မလေး တစ်ယောက်နဲ့ ခင်သွားကြတယ်..။ သူ့အကြောင်းလေးတွေ သိခွင့်ရလာတော့ ဂရုဏာသက်မိကြတယ်.. ပိုပိုပြီး မေတ္တာထားမိကြတယ်..။

(အတိုချုံ့ပဲ ပြောတော့မယ်..)
အဲ့ဒါနဲ့ ခင်လေးငယ် က ကလေးလေး ကို အရမ်း ချစ်သွားပြီး ဘလော့ပေါ်မှာ ပိုစ့် တစ်ခုရေးပြီး မွေးစားလိုက်ရော..။ ဆိုတော့.. ကလေးလေး က သူ့သမီး ဖြစ်သွားပါလေရော.. (အဲ့ဒီ မွေးစားတဲ့ပိုစ့် လင့် မပေးတော့ဘူး.. လင့်တွေ များနေပြီ..းP)..။ အဲ့ဒါနဲ့ ကျနော်မျိုးကလည်း ဒင်းနဲ့ ငယ်ထဲက မောင်နှမတွေလို ဆိုတော့ ကလေးလေး က အော်တိုမစ်တစ် ကျနော့် တူမ ဖြစ်ရောပေါ့..။ ကျနော်ကလည်း ကျနော့် တူမလေးကို ချစ်ပါတယ်..။ ဒီတော့ ကျနော်တို့ ဘလော့က ကိုရင်နော်၊ ခင်လေးငယ်၊ ကလေးလေး ဆိုပြီး သုံးယောက် ဖြစ်သွားလေရော..။

ကယ်... ပြီးပါပြီ..။

ဆြာဟန်ရေ.. Tag တဲ့ အတွက်ကျေးဇူးဗျာ.. ကျနော်တို့ သုံးယောက် အကြောင်းပါ ရောပြီး ရှင်းလိုက်ပြီ..းP..။

Tag တို့ရဲ့ ထုံးစံ အတိုင်း တဂ်ဆင့်လေးတော့ ကမ်းဦးမှပါလေ.. အများကြီးတော့ မကမ်းတော့ဘူးနော်.. မအားကြမှာ အားနားလို့ပါ.. ချစ်စွာသော အမျိုးတွေအများကြီးထဲက သုံးယောက်ကိုပဲကမ်းမယ်..

သားငယ်လေး Craton celebrate

တူမတော် မက်မက်.. senyumkenyit


အားလုံးအားလုံးကို..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်

nerd ကိုရင်နော်ခင်လေးငယ် gile


32 comments:

Anonymous said...

ဟွန့်.. သားအကြောင်းကျထည့်ရေးဝူး.. ဘက်လိုက်၏.. အလိုမလိုက်ဝူး.. ချစ်တော့ဝူး......း(

WWKM said...

မရောက်တာကြာပြီ..အပျင်းထူနေလို့လေ...း)
စီဘုံလည်းမတွေ့ပါလား ခင်လေးရေ... ဦးနော်ရောင်းစား
လိုက်ပြီ ထင်ရဲ့ ...
ပျော်စရာပို့စ်ကလေး ဖတ်လိုက်ဦးမယ်နော်.. အစပဲဖတ်
ရသေးတယ် ..နေရာဦးမလို့.. ခရေတွန်ပြီးတော့ ၂ ပေါ့.း)

မီယာ said...

ဒီအသံတွေ မကြားရတာ ကြာပြီ

တလနွန် said...

ပျော်ရွင်စရာကောင်းတဲ့ စာလေး လာဖတ်သည် :)

သုံးယောက်ပေါင်း ထူးခြားတဲ့ ဘလော့လေးပါ။

ခင်မင်ခြင်းနှင့်
တလနွန်

ဂျပန်ကောင်လေး said...

:)

မမသီရိ said...

အော.. သူတို့ဘလော့က ဒီလို ဖြစ်လာတာကိုး.

ဒီပို့စ်လေးက အသက်ဝင်လွန်းတယ်..း)

Anonymous said...

Good Hta Good Ha. One of best blog.

KP

Sein Lyan Tun said...

တုတော်နဲ့ တူမတော်ကို တက်တယ်ဆိုတော့

တူမတော်ရေးရင် တူတော်ရေးတာနဲ့တူတူပဲလေ...

အဟိ

ချစ်ချစ်ရေးပေးမယ်တဲ့

ရန်ဖြစ်ပြီးရေးခိုင်းထားတယ်

ဦးဦးရယ်....


ချစ်ချစ်ရေးး မောင်မအားလို့ ချစ်ရေးလိုက်ပါကွားး


ဟီးးဟီးးး ဌဲဌဲ.....

ထွက်ပြေးပြီ... ဦင်္းနော် နဲ့ မခင်လေး မက်မက်လာရင် မသိဘူး မရှိဘူးပြောလိုက်တော့


ချစ်ခင်စွာဖြင့်
ဖိုးစိန် (ဦးနော် ချစ်တဲ့ ချစ်ပူတူးတူးလေး တူတောင်မောင်)

မေဇင် said...

ကိုရင်နော်ခင်လေးငယ် ဆိုတော့ နာမည်က တစ်မျိုးပဲလို့ အစက ထင်နေတာ..ဒီနေ့ ၀င်ဖတ်ကြည့်ပြီး ဒီမှာ တွေကို ဖတ်လိုက်မှ ပဲ ရှင်းတော့ တယ်..ပျော်စရာ သူငယ်ချင်း မောင်နှမ ပဲ..ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့...:).ပျော်စရာကြီး ဒီကြားထဲ ကလေးလေး တစ်ယောက် ရလိုက်တော့..ပိုစည်ကားသွားတာပေါ့နော်.။

Anonymous said...

ဖတ်တာတော့ တစ်ပုဒ်ပဲ ..ဒါပေမယ့် ညွှန်တဲ့လင့်တွေ မဖတ်ဖူးသေးလို့ လိုက်ဖတ်ရင်းနဲ့ ၄ ပုဒ်ဖတ်လိုက်ရတယ် ... ဒါပေမယ့် အားမရသေးဘူး .. နောက်ထပ်လင့်တွေ ပေးဦး .. များများထပ်ဖတ်ချင်သေးတယ် ... :D
ဖတ်ခ ကတော့ တစ်ပို့စ် ၁ မုန့် :D
စတာ ... ဘလော့ရာဇဝင်လေးကို ပို့စ် တစ်ပုဒ်တည်းကနေ ကောင်းကောင်း သိလိုက်ရပြီ ...
ထွေထူးပြီးတော့ ပြောဖို့မလို ... အရေးက ညက်ပြီးသားဆိုတော့ ၄ ပုဒ် ဖတ်ရတာတောင် အာသာမပြေချင်သေးဘူး ... တကယ် :)
နေဒေးသစ်။

Dream said...

အူးအူးဖွတ်ချိန် ..ဘယ်မှာလဲ ..ထွက်လာခဲ့..အခု ထွက်ရာခဲ့.... ကိုယ့်ဖာသာတို မရေးဖဲ တူးညားကို ယန်ဖစ်ပီး ရေးလိုက်တယ်လေးဘာလေးနဲ့..ဟွန့်
တွေ့ကြသေးတာပေါ့ကွာ..

ဂျို့..အူးနော်.... အူးအူးဖွတ်ချိန်ကို အထုထုတ်ပေးပါ....(ကျွတ်ကျွတ်အိတ်နဲ့ မဟုတ်ဘူးနော်..) အဟိ....

မက်မက်ကို ရန်စသွားလို့.... ဟီးးးး :P

ရေးပေးမယ် ဦးနော်...အခု သတင်းကြော်ငြာဖို့ လုပ်နေတာနဲ့ မအားသေးလို့..ဖိုး စိန်ရေး၇င် မက်မက်ရေးသလိုပဲ လို့ သတ်မှတ်လိုက်လေ..သူ့ကို အခု ရန်တွေ့ပြီး ရေးခိုင်းမလို့... အဟတ်... :P

မယ့်ကိုး said...

ကိုရင်နော် က စာရေးတာ သွက်သွက်မြူးမြူးနဲ့  ဖတ်လို့ ကောင်းလွန်းလို့  ပေးတဲ့ လင့်တွေလည်း အကုန်ကြည့်မိ ရယ်လည်း ရယ်မိပါတယ်။

may16 said...

ပျော်စရာ ဘလော့နာမည်လေးနဲ့ စာတွေနဲ့တကယ် လိုက်ဖက်မှုရှိပါတယ်
သုံးယောက်စလုံး ပျော်ရွင်ပါစေ

RePublic said...

ကိုရင် မခင်လေး တို့ရဲ့ ပို့စ်လေးတွေပြန်ဖတ်ကြည့်ပြီး သတိတရ ဖြစ်နေမိတယ်၊၊ ကိုရင်ကြီးနဲ့ မခင်လေး စာတွေပုံမှန် များများ အမြဲဆက်ရေးပါ ၊၊

မေဇင် said...

ဦးနော် နဲ့ တီငယ်....အားပေးတဲ့ အတွက် အားတတ်မိပါတယ်..။ ကျေးဇူးလည်းအထူးတင်ပါတယ် ရှင်..။ ဘလော့ဆိုတာ ဘာလဲ သေချာ မသိပေမယ့် စာဖတ်ဝါ သနာပါတဲ့ အတွက် ... နောင့် အတွက်ကတော့ စိတ်ဝင် စားစရာ တွေ အပြည့်နဲ့ ၀င်လည်လို့ မရိုးနိုင်တဲ့ ရွာကြီးတစ်ရွာ ပါပဲ..။ ရွာသူကြီး ကိုတော့ ဘယ်သူ့ကို ခန့် ရင် ကောင်းမလဲ...:)..အိမ် လာလည်ရင်တော့ ဧည့်စားရင်းတိုင်စရာ မလိုဘူး တူပါတယ်နော်...။

ကျောပိုးအိတ် said...

ဦးနော်နဲ့ အန်တီခင်လေးရဲ့ ဆက်နွယ်ချက်ကို လာစပ်စုသွားပါတယ်။

ပိုးပိုး

Anonymous said...

ပေါ့ပေါ့ပါးပါးလေးကိုလာဖတ်သွားပါတယ်ဗျာ
အဆင်ပြေပျော်နိုင်ကြပါစေဗျာ

Ree Noe Mann said...

“သေနာမ..!! ပြောမပြီးသေးဘူး ဖုန်းကိုချသွားပြီ.. နောက်ဆုံးတော့ ငါ့ခေါင်းပဲ..”

ကိုနော် မနိုင်ဘူး အူတောင်နားတယ် ရယ်ရတာ။
ဖတ်လို့ မပြီးသေးဘူး။ ဒီနားမှာတင်ရပ်ပြီးရယ်နေတာ။

သေနာမ ဆိုတာကို သဘောကျလို့ပါဗျာ။ တကယ် ပြောထွက်လိုက်တာလား။

ဆက်ဖတ်ပြီးရင် ပြန်လာခဲ့မယ်

ရီနိုမာန်

Ree Noe Mann said...

ကိုနော် ညီလေး ထပ်လာတယ်။
ဪ သိလိုက်ရပါပြီ။ ဂလိုကိုး။

ပျော်စရာကြီးပါ။

ညီလေး ရီနို

Unknown said...

အော်....... ဂလိုကိုးးးးးးး

mgnge said...

:)
မှန်သားလောက်ပါတယ်..။။
ရန်ပွဲ ကို
ပြောတာ

ထက်စု said...

စာလုံးပေါင်းလေး ဂရုစိုက်စေချင်ပါတယ်..

ကယ် လို့ မပေါင်းရပါဘူး.. ကဲ လို့ရေးရပါတယ်..
အဲဒီအမှားကို နေရာတော်တော်များများမှာ တွေ့နေရလို့ မနေနိုင်လို့ လက်ရှည်ပြီး ပြောမိပါတယ်.စိတ်မဆိုးပါနဲ့...အဟီးးးး

စည်သူ said...

ကောင်းလိုက်တာဗျာ
ဇာတ်လမ်းတစ်ပုဒ်အလား
ကိုးရီးယားဇာတ်လမ်းတွဲ ကြည်နေရသလိုဘဲ
အခုမှ လေ့လာဆဲပါ ကိုရင် ရေ
blog ဖြစ်ပေါ်လာပုံလေး ရေးပေးတော့
မှတ်သားစရာလေးတွေမှတ်သွားတယ် နော်....
လေးစားစွာဖြင်.
....စည်သူ

ကိုရင်နော်ခင်လေးငယ် said...

ထက်စုရေ.. ကျေးဇူးပါ..
စာလုံးပေါင်းအမှန်.. “ကဲ..” ဆိုတာကို သိပေမယ့်..
“ကယ်..” လို့ ခေါင်းမာမာနဲ့ ဆက်သုံးဖြစ်နေတာက ကျနော် စကားပြောရင် ထွက်တဲ့ အသံထွက်အတိုင်း ရေးထားတာပါ..

အဲ့ဒီလိုပဲ.. ဟုတ်လား ဆိုတာကို ဟတ်လားလို့ ရေးတတ်သလို.. သိလား ဆိုတာမျိုးကိုလည်း သလား လို့ ရေးတတ်ပါသေးတယ်..း)

မြန်မာစာကို တစ်လွဲလုပ်တာမျိုးတော့ မဟုတ်ပါဘူး.. အသံထွက်အတိုင်း ရေးချင်စိတ် ရှိနေလို့ပါ..

အဲ့ဒီအတွက် အမြင်မတူတာမျိုး ရှိရင် ခွင့်လွတ် နားလည်ပေးပါနော်..

ခင်မင်စွာဖြင့်..

MANORHARY said...

အော် .. ဒီလိုကိုး
ခုတော့ ကျွန်မသိပြီ...း)

နွေးနွေးသဲမွန် said...

ချစ်ဖို့ ကောင်းတဲ့စာလေးတွေပဲ...ပျော်စရာကောင်းတယ်... :-)

မေလေး said...

ဟိ ပျော်စရာကြီးနော်။ဦးနော်တို့ မမခင်လေးတို့ အကြောင်းတွေ လာလာဖတ်နေရင် မေလေးလဲ မေလေးငယ်သူငယ်ချင်းနှစ်ယောက်ကိုသွားသွားသတိရမိတယ်။
ဖတ်လို့ကိုမဝဘူး ဦးနော်တို့များရေးတတ်တယ.် တကယ်။ဒါထက် ဆီပုန်းဘယ်ရောက်သတုန်း။ကုန်နေရင်ထပ်ဖြည့်ထားလေနော်

ဟန်သစ်ငြိမ် said...

ရောက်လာတာ နောက်ကျသွားတယ်ဗျာ... ခုတလော အရှုပ်တွေ လုပ်နေလို့... အလုပ်တွေ မရှုပ်နိုင်ဘူး ဖြစ်နေတာ။ Tag တာကို သတ်တယ်လို့ သဘောမထားဘဲ ခုလို ရန်တွေအများကြီးဖြစ်ပြီး တကူတက အကြွေးဆပ်တဲ့ အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်ဗျို့........................။

A ကစာ ကျင့်သလိုလိုနဲ့... A ရာဝတီမြစ်ကမ်းနံဘေးမှာ B ကီနီဝတ်၊ B ယာသောက်ပြီး C တော်သံ တ C C ပေးလို့... D ဇိုင်းတွေနဲ့ ဟန်ရေးပြ... ဘလော့ဂ်စာမျက်နှာပေါ်ကနေ... D လို မင်းမရှိတဲ့ D စင်ဘာညထဲ D ကောင့် ရင်ဘတ်ထဲမှာ D ရေတွေ အလှိမ့်လိုက် တက်လာနေပြီလို့ E ပေါက်သလိုမျိုး E ရော E ရောတွေထိုင်ပြီး ရေးတတ်တဲ့...

ဟန်သစ်ငြိမ်

ကိုလူထွေး said...

လင့်တွေလိုက်ဖတ်တာနဲ့
တဂ်ပိုစ့်ကို မဆက်လိုက်ရတော့ဘူး..းဝ)

အိမ်လာမလည်ဘူးထင်တယ်...
ပွဲကြီးပွဲကောင်းလွတ်တော့မယ်...

သီဟသစ် said...

ကိုရင်နော်ရေ စာလာဖတ်ပါတယ်
ဘလော့သမိုင်းကြောင်းလေးကို သိသွားပြီ

good luck
ခင်မင်စွာဖြင့်
သီဟသစ်

တားမြစ် ထားသော... said...

ဘီဂင်းစ် ကိုဖတ်သွားပါကြောင်း။

သုခမိန်(E-Journal)

Unknown said...

ရောက်တရ် အူးနော် နဲ့ ဒီငယ် ။ အိမ်မလည်ဖြစ်တာကြာပီ ။ စီဘောက်စ်ပြန်ထည့်တော့ဝူးရား ။း( ။ နော် ကျောင်းပီးတေးဝူး ။ ဘယ်မှတွားဖြစ်တေးဝူး ။ ချိတ်ညစ်ဒယ်း( ။ နော်ပြောဒါနော် ။ နော် နော် :P