အသံပညာနဲ့ အနုပညာမြောက်အောင် ဖန်တီးထားတဲ့ ဝထ္ထုဇာတ်လမ်းတိုလေး တစ်ပုဒ်ကို လွန်ခဲ့တဲ့ (၁၀) နှစ်ကျော် လောက်က နားထောင်ခဲ့ဘူးပါတယ်..။ ဝထ္ထုဇာတ်လမ်းလေးက ကောင်းလွန်းသလို အသံသရုပ်ဆောင်သူရဲ့ ပင်ကိုယ်အသံ ကောင်းမွန်မှု၊ စကားလုံး ရှင်းလင်းပီသမှု၊ အသံနေအသံထား စည်းချက်ညီမှု၊ အဖြတ်အတောက် မှန်ကန်မှုတွေက ဇာတ်လမ်းထဲ တကယ့်ကို လွင့်မြော ပျော်ဝင်သွားစေခဲ့ပါတယ်..။
အခုတော့ အဲ့ဒီ ဝထ္ထုတို အသံဖိုင်လေးကို ရှာတွေ့တာနဲ့ အားလုံး ခံစား နားဆင်နိုင်အောင်လို့ မျှဝေလိုက်ပါတယ်..။ နားထောင်ဖူးသူတွေလည်း အများကြီးရှိမှာပါ..။ နားမထောင်ရသေးသူတွေ၊ ပြန်လည် ခံစားလိုသူတွေလည်း ရှိနိုင်ပါတယ်..။ ဘာပဲဖြစ်ဖြစ် ထပ်နားထောင်ရင်း ဇာတ်လမ်းလေးထဲက လူမှုဘဝလေးတွေ၊ အိမ်ထောင်ရေး ဒဿနလေးတွေ နဲ့ မှတ်သားစရာလေးတွေကို မြင်ယောင်ကြည့်ရအောင်..။ ဝထ္ထုတိုရေးသားသူရဲ့ မြန်မာစာရေးသားဟန်.. အသံရှင်ရဲ့ မြန်မာစာ ဖတ်ဟန်.. မြန်မာစကား ပြောဆိုဟန်လေးတွေ ကလည်း စိတ်ဝင်စားဖွယ် ဆွဲဆောင်မှု ရှိနေတာ သေချာပါတယ်..။
ဝထ္ထုတိုလေးကို ရေးသားသူကတော့ စာရေးဆရာမဂျူး..။
အသံရှင်ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ တေးရေး/တေးဆို (ကို) ထူးအိမ်သင်..။
ဝထ္ထုတိုလေးရဲ့ ခေါင်းစဉ်က မြရဲ့လ..။
ခံစားကြည့်ပါ..။
“မြရဲ့လ” ဝထ္ထုသံလေးလိုပဲ ဘလော့စာမျက်နှာတွေပေါ်က စာတို၊ ကဗျာတိုလေးတွေကိုလည်း ကဗျာရွတ်သံ၊ စာဖတ်သံလေးတွေ အဖြစ် ဖန်တီးကြည့်ကြမယ် ဆိုရင်ဖြင့် ဘယ်လိုနေမလဲလို့ တွေးနေမိပါတယ်..။
ဝထ္ထုစာသားလေးနဲ့ တွဲပြီး ခံစားချင်တယ်ဆိုရင် ဒီမှာ ဖတ်နိုင်ပါတယ်..။
မြရဲ့လ အသံဖိုင်လေးကို နှစ်သက်စွာ သိမ်းထားချင်တယ်ဆိုရင် ဒီမှာ ဒေါင်းနိုင်ပါတယ်..။
(မ) ဟေမာနေဝင်း ဖတ်ထားတဲ့ ဆရာမဂျူးရဲ့ ရေမျောသီး ဝထ္ထုတို အသံဖိုင်လေးကိုလည်း ဒီမှာ ဒေါင်းနိုင် ပါတယ်..။
(Comment မှာ Link လေးတွေ လာပေးသွားတဲ့ မနော် နဲ့ Anonymous တို့ကို ကျေးဇူးတင်ပါတယ်လို့..)
(ကိုရင်နော်)
စကားချပ်။ ။ ကျနော်လည်း စိတ်ကူးပေါက်ရင် စာတွေ၊ ကဗျာတွေကို အသံထွက်ဖတ်လေ့ရှိတယ် (ဘယ်သူမှ မရှိရင်ပေါ့)..။ ကျနော် နှစ်သက်တဲ့ ဘလော့ တော်တော်များများထဲကမှ အမြင့် (မိုးမြင့်တိမ်)၊ မကြီး (မအိန္ဒြာ) နဲ့ မနော် (မနော်ဟရီ) တို့ရဲ့ စာတွေ၊ ကဗျာတွေကိုတော့ အသံထွက်ပြီး ဖတ်ကြည့်ဖူးတယ်.. (ကျနော့် အသံဆိုးဆိုးကြီးနဲ့ပေါ့ :P)..။ ခင်လေးငယ် ရဲ့ ဒီပိုစ့်လေး ကိုတော့ သရော်တော်တော် (ဖျက်လိုဖျက်စီး) ဖတ်ထားတာလေးကို အသံသွင်းထားသေးတယ်.. (အီးမေးနှင့် တောင်းဆိုနိုင်သည်.. ဟီးးး)..။
32 comments:
ကျေးဇူးတင်လိုက်တာ...
ကိုငှက် ကိုလဲလွမ်းသွားလိုက်တာ..
မြ ရဲ့ လ ကို ဖတ်ဖူး ကြိုက်ဖူးတယ်..။ များသောအားဖြင့် ဂျုး စာတော်တော်များများကို နှစ်သက်ပါတယ်...ခုလို အသံလေး နဲ့ တွဲဖတ်လိုက်တော့...တကယ်ကိုပဲ ပိုပြီး ခံစားလို့ ကောင်းသွားတယ်...။
ကျနော် လဲ အသံထွက်ပြီး ဖတ်ရတာကြိုက်တယ်...
အထူးသဖြင့် ဖတ်လို့မရနိုင်တဲ့ စာများကို အဖေတို့ အမေတို့ကို အမြဲဖတ်ပြဖြစ်တယ်...
တခြားလူ တွေကိုလဲ ဖတ်ပြဖူးပါတယ်..
အသံလဲဝဲ ပီလဲမပီဆိုတော့ နားထောင်ကောင်းတယ် ပြောပါတယ်.. အဟီးးး
တိုက်တိုက်ဆိုင်ဆိုင် မကြီးနော် ရဲ့ တစ်ယောက်ယောက်ပို့စ် ကို လူတော်တော်များများကို ဖတ်ပြဖြစ်တယ်... အသံသွင်းထားတာလဲရှိတယ်...
ဦးနော်ရေ.... ဦးနော်အသံသွင်းထားတာကို ပို့ ပေးပါ... အဟ
အိပ်ယာထဲ လှဲရင်းနားထောင်ရတာ ဖီးလ်ပဲ
ခုလဲ ကိုငှက်ကိုသတိရရင်း... ဇိမ်ခံနေတယ်....
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ကိုရင်နော် တကယ် ကျေးဇူးတင်ပါတယ်။
so Good
မြ သေသွားတယ်ဆိုတော့ ရင်ထဲမှာ ဟာတာတာ ဖြစ်ကျန်ခဲ့တယ်.... ကိုငှက်အသံက ကြည်လင်ပီး နားထောင်လို့ကောင်းတယ်...အသံနဲ့ ဇတ်လမ်းကို အပြီးထိ နားထောင်ဖြစ်အောင် ဆွဲဆောင်အား ကောင်းတယ်.... အဲလေး တင်ဆက်ပေးတာ အိုင်ဒီရာ အရမ်းဂွတ်တယ်.... ကျေးဇူးပါ ဦးနော်ရေ
ဒါပေမယ့် နားထောင်ပြိးတော့ ရင်ထဲမှာတော့ ဟာတာတာ ကျန်ခဲ့တယ်။ တောနဲ့မြို့ကို နှိုင်းယှဉ်ထားတာလေးတွေလဲ ပေါ်လွင်တယ်... လူတွေရဲ့စိတ်ခံစားချက်လေးတွေနော်.... အရမ်းကောင်းတယ်..နောက်ရှိရင်လဲ များများတင်ပေးပါ...နားထောင်ချင်လို့
စာဖတ်ရတာနဲ့စာရင် ဒီလို နားထောင်ရတာ ပိုမိုက်တယ်... ဟီးးး
“ရေမျောသီး”ဆိုတဲ့တစ်ပုဒ်ကို ဟေမာနေဝင်းဖတ်ထားတာလည်း ရှိတယ်မဟုတ်လား.. အဲ့ဒါလေးရော ဘယ်မှာရှာလို့ရမလဲ.. အဲ့ ၂ ပုဒ်ကို ကက်ဆက်ခွေနဲ့ နားထောင်ဖူးတာ..
ခုလိုပြန်ရှာဖွေပေးတာ သိပ်ကျေးဇူးတင်မိ.. ဒါလေးကို ဘယ်လိုသိမ်းရမလဲသာ မသိတာ..း)
same as nang nyi.
ကိုရင်နော် ခင်လေးငယ်ရေ
နားထောင်ခံစားသွားပါတယ်
ကျေးဇူးတင်လိုက်တာ
ချစ်ခင်လျက်
woW!!!!!
ကျေးဇူးပဲဗျို့ 
ကျေးဇူးပဲ...
ဒါ အလုပ်လုပ်တာပဲ။
ဒါ နိုင်ရာတာဝန်ထမ်းတာပဲ။
တကယ်အကျိုးကျေးဇူးရှိတယ်ဗျို့ ။
ကျေးဇူးပဲဗျို့ 
ကျေးဇူးပဲ...
အသံတိတ်ဖတ်တတ်၏
ကိုဘပြောလို့ ရောက်လာပါတယ်။ ကျေးဇူးတင်ပါတယ်။
ရေမျောသီး နှင့် မြရဲ့လ mp3 ကို mediafire မှာ တင်ပေးထားပါတယ်။
http://www.mediafire.com/?sharekey=27c3919d0f73f3b6111096d429abd360e04e75f6e8ebb871
တခြားကောင်းတာလေးတွေလဲ တင်ပေးပါဦး ကိုရင်နော်ကြီး။
ကိုရင် ရောက်လာတယ်၊ နားဆင်သွားတယ်၊ သတိရသွားတယ် ကိုငှက်ကြီးကို.........
ကြားဖူးခဲ့ဖူးတယ်... နားတော့ မထောင်ခဲ့ဖူးဘူး...
d-_-p
ကျေးဇူး...နော်..ရင်..ကို
းဝ)
မိနစ် 30 နှင့် 05 စက္ကန့်တိတိ ဂရုတစိုက် နားထောင်သွားပါသည်။
ကျေးဇူး
စာနှင့်တွဲကြည့်ချင်လျင်
http://www.scribd.com/doc/3684121/JUU-Mya-yae-La#
ဒီပိုစ့်လေးအတွက်ကျေးဇူးပါ။
အရင်ကနားထောင်ဖူးပေမယ့် အခုမှ စကားလုံးတိုင်းကို အသေအချာ ပြန်နားထောင်ဖြစ်သွားတယ်။
ဆရာမ ဂျူးက ဘာပြောချင်တာဆိုတာ ပို သဘောပေါက်သွားပါတယ်။
ကျေးဇူးပါကို၇င်နော်..မမခင်လေး
သေချာနားထောင်ရင်းဖတ်ရှုသွားပါတယ်။
ကျေးဇူး
ကျေးဇူး
ကျေးဇူး
ကျေးဇူး
ကျေးဇူး
ကျေးဇူးကျေးဇူး
ကျေးဇူးကျေးဇူးကျေးဇူးကျေးဇူးကျေးဇူးကျေးဇူးကျေးဇူးကျေးဇူးကျေးဇူးကျေးဇူးကျေးဇူးကျေးဇူး........
ရေမျောသီး ဆယ်ပေး.... ဆယ်ပေး....
အဟီး..
ဗြဲ.......................
အကိုရေ ရောက်လာပါတယ်..။
ကျွန်တော်က စာဖတ်အားအရမ်းကောင်းတော့
အရှေ့က ၁၉ ရောက်တောင် ရှိသွားပြီ ဟီးဟီး
လေ့လာမှုအားက အရမ်းကောင်းတော့
အခုမှဘဲ ဖတ်ဖူး၊ နားထောင်ဖူးတော့တယ်..။
.....အမှန်တိုင်းပြောတာ “သစ္စာ”နော်..။
.....ခင်မင်လေးစားစွာဖြင့်
...................စည်သူ.။
စာလာဖတ်ပါသည်။ မကြားရတာကြာပြီဖြစ်သော ကိုငှက်အသံနားထောင်ရတာ
မိုက်တယ်ဗျာ
ကျေးဇူးတင်ပါသည် ကိုရင်နော်ခင်လေးငယ်
ခင်ဗျာ
ကိုငှက်ရဲ့အသံနဲ့နားထောင်ရလို့ထင်တယ်
နားထောင်လို့သိပ်ကောင်းတာပဲဗျာ
ကိုရင်နော်နဲ့ခင်လေးငယ်တို့ကိုလည်း ကျေးဇူးအထူးတင်ပါတယ်
Hello Ko Yin Naw, I love your writings. They are fun, touching and work of a genius. I have been enjoying your posts for these days until the very last one today. Especially, I love the way you presents your thoughts. They are absolutely amazing and cleverly put into action. Bravo, Ko Yin, if I may call you so! I myself have started a blog and learning to write. Your style of writing really inspires me. Please keep up your wonderful passion. God bless.
သီချင်းလေးကို နားထောင်သွားတယ်ဗျ.... သွင်းထားတဲ့ အသံကြားချင်လိုက်တာ...ဟိ
ကျေးဇူး အသကုန်တင်တယ်ဗျာ....
အာဘွား.. မိနော်ရေ... အာဘွား... :D
ဘာမှတော့ ပြောတတ်တော့ဝူး အူးနော် ။ မိုက်တရ် ။ ဒါပဲ ဟီးးးး ။
အကို ကိုရင်နော်
ကျွန်တော် အဲအခွေ ထွက်တုန်းက ထူးဆန်းတယ်ဆိုပြီး ၀ယ်ထားလိုက်မိတယ် ...
တစ်ခါမှ မကြုံဖူးဘူးလေ ...
ခုထိ ကျွန်တော့် အိမ်မှာ ရှိနေတုန်းပါပဲ ... ဒါပေမယ့် Tape Version ဖြစ်နေတယ်
ရေမျောသီးနဲ့ မြရဲ့လကို ဆရာမဂျူးရဲ့ လက်ရာမို့ တအားကို ကြိုက်ပါတယ်၊
ကျွန်တော်က ဆရာမဂျူးရဲ့ ပရိတ်သတ်မို့လို့ပါ ...
ဒီလို အသံထွက်ဝတ္ထုကို အခုလို ပြန်လည် နားဆင်ဖို့ အခွင့်အရေးပေးထားတာမို့
အရမ်းပျော်မိတယ် ... ကိုရင်နော်
နှစ်ပေါင်းများစွာ ခွဲခွာနေရတယ် အသိအကျွမ်းဟောင်းကို အမှတ်မထင် ပြန်ဆုံမိသလိုပါပဲဗျာ
အထူးကျေးဇူးပါဗျာ ... တကယ်ပါ ...
မျှဝေပေးသူတွေကိုလည်း အထူး ကျေးဇူးတင် အသိအမှတ်ပြုလျှက်ပါလို့ ...
ခင်မင်လေးစားစွာဖြင့်
ဝထ္ထုလေးကို အသံဖိုင်လေးနဲ့ နားထောင်ဘူးတာ ဒါပထမဆုံး အကြိမ်ပဲ။ နောက်ပြီး ရောင် ကြိုက်တဲ့ ထူးအိမ်သင် အသံလေးနဲ့ဆိုတော့ အရမ်းနားထောင်လို့ ကောင်းတယ်။ ဂျူးရဲ့ ၀ထ္ထုတွေကလည်း ကောင်းတယ်နော်။ အခုတော့ ဇတ်လမ်းလေး တပုဒ်ကို ၂ ခါ နားထောင်သွားတယ် ဦးနော်။
ကျေးဇူးတင်ပါတယ်။
လေးစားလျှက်
ရောင်
ကိုရင်နော်ကြီးရေ
အော်ဒီယို ဖိုင် ရရင် လိုချင်တယ်
ရေမျောသီးရော မြရဲ့လကော
အိုင်ကျါန်းနဲ့ ဖွင့်လို့ ရတဲ့ ဟာပေးပါ
လင့်ခ်မှာ ဒေါင်းတာ မရဘူးဖြစ်နေလို့
ကျေးဇူးပါ ကြိုတင်ပါတယ်
ကိုရင်နော်ကြီးရေ
အီးမေးလ် က ဒီကိုပို့ပါ
chenaddy@gmail.com
ကျေးဇူး ကြိုတင်ထားမယ်နော်
Post a Comment