ဒို့များကတော့ ဒီအကလေးကို ကြည်နူးဝမ်းနည်းဖွယ်ရာ အနုပညာ (သို့) ခြေမဲ့လက်မဲ့ အချစ်မမဲ့ လို့ အမည် တပ်ထားပါတယ်..။ တချို့လည်း ကြည့်ဖူးကြမယ်ထင်ပါတယ်.. မကြည့်ရသေးသူတွေ ကြည့်ရအောင်လို့ ပြန်လည် မျှဝေလိုက်တာပါ..။
ကြည့်ရှုပြီးရင် ရင်ထဲမှာ ဘယ်လို ခံစားရတယ် ဆိုတာလေးကိုလည်း ရေးပေးသွားကြပါနော်..။
ခြေထောက်တဖက် မရှိဘူး..
သူမမှာ
လက်တဖက် မရှိဘူး..
ဒါပေမဲ့..
သူတို့မှာ
အချစ်တွေရှိတယ်..
ဒါကြောင့်..
အချစ်ဆိုတာ..
.....
YouTube မှာ ကြည့်မယ်ဆိုရင် ဒီမှာ ကြည့်လို့ ရပါတယ်..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
(ကိုရင်နော်ခင်လေးငယ်)
20 comments:
လာကြည့်သွားတယ်....
ရုံးမှာမို့  ကြည်လို့ မရလို့  ညနေကျမှ ကြည့်မယ်နော်။
ကလေးပီပီ တစ်လာဦးတာ :P
ပြီးတဲ့အထိ မကြည့်နိုင်တော့ဘူး...
ကြည်နူးဝမ်းနည်းရလို့...
နောင့် ကြည့်နေရင်းနဲ့ ကြက်သီးထတယ်... ဒါပေမယ့် ပရိသတ်ထဲကို ပြတဲ့အချိန်မှာ အဒေါ်ကြီးတစ်ယောက်က မျက်ရည်သုတ်တာမြင်တော့... မျက်ရည်ဝဲတယ်....
တကယ်ကို ကြည်နူးဝမ်းနည်းစရာပါ...
ရင်ထဲမှာ ဆို့နင့် ခံစားလိုက်ရတယ်
မျှဝေပေးတာ ကျေးဇူးပါ
ကြည့်ပြီး ခြေမရှိ လက်မရှိတာတောင် မမြင်တော့ဘူး။ ကတာ ပြောင်မြောက်လွန်းလို့ပါ။
already watched! amazing and encouraging art!
မင်္ဂလာပါ..
ကိုရင်နော် မခင်လေးငယ် နဲ့ကလေးလေး..။
ကျွန်တော်ဟာ.. ငယ်ငယ်လေးကတည်းက လူတကာအပေါ်မှာ သည်းခံခွင့်လွတ်ခြင်းနဲ့ အမြဲတမ်း နေခဲ့သူတစ်ယောက်ပါ..။
မည်သူတစ်ဦးတစ်ယောက်ကိုမှလည်း ရန်မလိုခဲ့ပါဘူး နောက်ဆုံး သည်းမခံနိုင်တော့တဲ့အဆုံးမှာဆိုရင်တော့ လုံးဝကို ဥပက္ခာပြုလိုက်ပါတယ်..။
အချစ်နဲ့ပက်သက်လာလို့လည်း (အရင်ကတော့မဟုတ်ဘူးပေါ့) အခုနောက်ပိုင်းမှာ မခံစားရဘူး..။ ............ ။
ဒါပေမယ့် ခံစားလွယ်တယ်
ခံစားချက်ကြီးတယ် သူတစ်ပါးကို သနားလွယ်တယ်..။
အခုဒါလေးကိုကြည့်ပြီး ရင်ထဲမှာဆို့လာတယ်..
မျက်ရည်တွေမကျအောင် မနည်းကို ထိန်းထားရတယ်..
သူတို့ကနေတဲ့ဟန်တွေ သရုပ်ပြကွပ်တွေက
အရမ်းကိုပီပြင်လွန်းတယ်..။
ဘဝမှာ အမြဲလိုလိုဖြစ်နေကျဖြစ်တဲ့
ပျော်ရွှင်တစ်လှည့် ဝမ်းနည်းတစ်လှည့်
ရန်ဖြစ်တစ်လှည့် ချော့တစ်လှည့် တွေကိုပါ ပြသွားတယ်လို့ ကျွန်တော် ခံစားရတယ်..။
ံပြီးတော့ ကောင်မလေးရဲ့ မျက်နှာကိုသေချာကြည့်လိုက်တယ်.. ခံစားချက်အပြည့် နဲ့ သရုပ်ပြဖျော်ဖြေသွားတာကို တွေ့ရ ခံစားရတယ်..။
အို... အသင်လောကရယ် အဘယ်အငြိုးနဲ့များ ငါတို့ကို
ွှဤကဲ့သို့ ဖြစ်အောင် လုပ်ရက်လိုက်လေသလဲ ....
ရှိပါစေ... လောကကြီးကို အနိုင်မခံ အရှုံးမပေးဘူး ဆိုတဲ့ စိတ်ဓါတ်နဲ့ အဂါင်္စုံလူတွေများထက် စွမ်းဆောင် ပြသွားတယ်...
နောက်ဆုံးမှာတော့ ......
ချစ်ခြင်းမေတ္တာအပြည့်နဲ့
၅၂၈ ပမာ
၁၅၀၀ မပါပဲ
လက်လေးကိုကိုင်
ပုခုံးလေးကိုဖက်ခါ
နှစ်ကိုယ်တူရှေ့ရေး
တွေးလို့မှပူစရာမရှိ
အေးချမ်းလှတဲ့
သူတို့ရဲ့ဘဝအတိ.... လို့
ပြကွပ်ရဲ့အဆုံးမှာ ထင်ဟပ်ပေါ်လွင်စေတယ်လို့
ခံစားသွားရရင်.....
ချစ်ခင်လေးစားရသော
အကို အမနှင့် ကလေးလေး ကို....
ရသောလေးစားချစ်ခင်မှုများနှင့် ပျော်ရွှင်စွာ ခရီးဆက်နေမယ့်
.....................စည်သူ။
ခုမှ ကြည့်ဖူးတာ
အံ့သြဖွယ် ပါပဲ.. သူတို့ရဲ့ တင်ဆက်မှုလေးက
စိတ်ကူးရတာလေးကိုက ချီးကျူးစရာ
ကိုယ်လက် အင်္ဂါ မစုံသော်လည်ူပဲ ဘ၀ ကို အရှုံမပေးပဲ
အချစ်ကို တည်ဆောက်နိုင်တဲ့ အကြောင်း သရုပ်ဖော် သွားတာ တကယ့် လေးစား လောက်စရာပါပဲ
သူတို့ ရဲ့ ကကွက် တကွက်စီတိုင်းမှာ အဓိပါယ်လေးတွေရှိနေသလိုပဲ ကြည့်တဲ့သူတွေ ခံစားလို့ ရနေတာကို က ပြောမြော်ကတဲ့ အနုပညာဖြစ်နေပြန်တယ်
ကျေးဇူးပါ မောင်လေးရေ
ဘ၀ကို အရှုံးမပေးချင်တဲ့ စိတ်ဓါတ်
အချစ်နဲ့ ကမ္ဘာကြီးကို လှပစေမှု
ဒီလောက ကြီးဟာ တကယ်တော့ နေပျော်စရာ လောကကြီး ဆိုတာတွေ လှလှပပ မြင်တွေ့ခဲ့ရတယ်
ဆုံးအောင်ကြည့်သွားတယ်..း)
ကိုရင်နဲ့ ခင်လေးရေ..
ဘ၀ဆိုတာ..မပြည့်စုံခြင်းတွေ ပြည့်ဝနေခဲ့တာပဲ...
ရန်သူမျိုးငါးပါး ဖျက်ဆည်းလို့မရတာ..မေတ္တာပဲရှိတာလေ..
မပြည့်စုံနိုင်ခြင်း...၀ဋ်ဒုက္ခတွေကို
ချစ်ခြင်းနဲ့ ကြံ့ကြံ့ခံပြသွားကြတာ
ချစ်တဲ့
မကြီး
အနုပညာ ချစ်ခြင်းမေတ္တာတွေကို ဂရုဏာသက်ရင်း ခံစားသွားပါတယ် ။
ခုမှကြည့်ဖူးတာပါ။ ကိုလင်းဒီပပြောသလိုပဲ ခံစားသွားပါတယ်။ မျှဝေပေးတာလဲကျေးဇူးပါ။ :)
ဝမ်းနည်းရတယ်ဆိုတော့လဲ မကြည့်ရက်တော့ပါဘူး...
ကိုရင်နော်နဲ့ မခင်လေး...
ရင်ဘတ်ကြီးနဲ့ခံစားသွားပါတယ် ကိုရင်နော်နဲ့ညီမခင်လေးရေ
သိပ်လှသလောက် သိပ်နာကျင်ရတဲ့ ကကွက်ပါဗျာ။
အဲဒီကကွက်လေး ကျွန်တော့် ကြည့်ရတဲ့ညက မျက်လုံးတွေကို မမှိတ်နိုင်ဘူး။ ကကွက်တွေ ပြန်မြင်ပီး နာကျင်ရလို့။
ခုတော့ နာ့အကို နဲ့ အမ က အိပ်မရအောင် လုပ်ပြန်ဘီ။ ;-(
သိပ်လှပြီး အချိုးကျတဲ့ အနုပညာ ပြကွက်လေးပါ။
စကားလုံးပေါင်း မြောက်မြားစွာကို သူတို့ ပြောသွားကြတယ်။
မေတ္တာဖြင့်
တစ်ခါမှ မကြည့်ဘူးတော့ အသက်ရှုဘို့ တောင် မေ့သွားတယ်
တကယ်ပါဘဲ
မျှဝေပေးတာ ကျေးဇူးနော် ဦးနော်ရော အန်တီခင်လေးပါ
း)
ကျရာနေရာ ဖြစ်ရာဘဝမှာ အကောင်းဆုံးကို
လုပ်ဆောင်ပြသွားတဲ့ ကကွက်၊ သူတို့ နှစ်ယောက်
တစ်ယောက်ကိုတစ်ယောက် ဖေးမပြီး အချစ်တွေနှင့်
ထုံမွှန်းသွားတဲ့ ကကွက် ၊ ဒါကိုကြည့်ပြီး အရမ်းကို
ဝမ်းနည်းဖွယ် ကြည်နူးဖွယ်
ရသနှစ်မျိုးစလုံးပေးစွမ်းနိုင်ပါပေတယ်။။။။။။။။
အခုမှ ကြည့်ဖူးတာ။ ဝေမျှတဲ့ ကိုရင်နော်ခင်လေးငယ်
ကလေးလေး တို့ ကို ကျေးဇူး။
ခင်မင်ခြင်းနှင့်
တလနွန်
ဦးနော်နဲ့ အန်တီခင်လေးရေ
ဘယ်နှစ်ကြိမ်မှန်းမသိတော့ပါဘူး။ ကြည့်ဖြစ်တာ။ တော်လိုက်တာနော် ။ ကကွက်တွေမှာ ပျော့ပြောင်းလို့ ။ ပွဲကြည့်ပရိတ်သတ်တွေကလဲ လက်ခုပ်ပေးလို့ ။
အရမ်းဂုဏ်ယူပါတယ်။
ပြောချင်တာ အများကြီးဘဲ။ မပြောတတ်တော့ဘူး။
ခင်တဲ့
ပိုးပိုး
ဒါကိုကြည့်ရတာ.. ကနေတဲ့ လူ၂ယောက်ကို ကြည့်တုန်းက အံ့သြတာလောက်ပဲဖြစ်မိပါတယ်..
ဒါပေမယ့် ငိုနေတဲ့ အမျိုးသမီးကြီးကို တွေ့မှ ခံစားရတယ်... သူ ငိုနေတာက ၀မ်းနည်းလို့ ဆိုတာထက် ဂုဏ်ယူလို့ ၀မ်းသာလို့က ပိုများမလားပဲ......
လူတွေ အဲလိုမျိုး ငိုနိုင်ကြပါစေ.........
မရောက်တာကြလို့ ထင်ပါရဲ့၊ ဒီဗီဒီယိုကလစ်ကလေးကို ခုမှမြင်ဖြစ်တယ်။
ကကွက်တွေက ကြည့်ကောင်းတာအပြင် အားကျအတုယူစရာ အင်မတန်ကောင်းတဲ့ အစီအစဉ်ကလေးပါပဲ။
တရုတ်ပြည်မှာ လူတစ်ဦးစီဟာ သူတို့နိုင်ငံအတွက် ဘာမှတန်ဖိုးမရှိပဲ ဖြစ်နေကြလို ကျနော်တို့လည်း တန်ဖိုးထားပြီး ဂရုစိုက်မိတာတွေ အင်မတန်နည်းခဲ့ရာက ခုလိုတစ်ခါတစ်ရံ တွေ့လိုက်ရချိန်မှာ သူတို့တွေဟာလည်း ကိုယ်တွေလိုပဲ ခံစားချက်နဲ့လူသားတွေပါလား၊ ရှင်သန်အောင်မြင်နိုင်ကြဖို့ ရုန်းကန်ကျိုးစား နေကြတယ်ပါလားဆိုတာ သတိရ၊ သတိတွေဝင်လာမိတယ်။ ကျနော့ရဲ့ သားတစ်ယောက်လည်း သူတို့နဲ့မတူပေမယ့် သူ့ရဲ့အားနည်းချက်တွေကို ထိုးဖေါက်နိုင်ပြီး အတိုင်းအတာတစ်ခုအထိ ဘဝကိုရင်ဆိုင်နိုင်အောင် ကျားကန်ထောက်ပင့်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါရဲ့။
Post a Comment